Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တရုတ်ဇနီးမယားလုပ်ဖို့ စည်းရုံးကာ ရောင်းစားဖို့ စီစဉ်သူ အလုပ်နဲ့ ထောင်ဒဏ် နှစ် (၃၀) ချမှတ်ခံရ
နိုဝင်ဘာ ၉
တရုတ်ဇနီးမယားလုပ်ဖို့အတွက် စည်းရုံးကာ ရောင်းစားဖို့ စီစဉ်သူကို မန္တလေး၊ အောင်မြေသာစည်ခရိုင်တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် နှစ် (၃၀) ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဒေါ်ချိုချိုစန်းဆိုသူဟာ ရန်ကုန်၊ အင်းစိန်းမြို့နယ်ထဲမှာ နေတဲ့ အသက် (၁၅) နှစ်အရွယ် အမျိုးသမီး (၁)ဦး၊ ဧရာဝတီတိုင်း ဇလွန်က အသက် (၃၀)နှစ်အရွယ် အမျိုးသမီး (၁)ဦးနဲ့ နေပြည်တော် တပ်ကုန်းက အသက် (၂၃) နှစ်အရွယ် အမျိုးသမီး (၁)ဦးတို့ကို တရုတ်ဇနီးမယားအဖြစ် ပြုလုပ်ဖို့ စည်းရုံးခဲ့ တယ်လို့ သိရပါတယ်။
သူတို့တွေကို တရုတ်ယောကျ်ားယူပါက ကျပ် သိန်း (၁၀၀) ရရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံသို့ ရောက်ရှိချိန်ကျရင် မိဘတွေဆီကို ငွေလွှဲပေးမယ်လို့ ဒေါ်ချိုချိုစန်းက ပြောဆိုစည်းရုံးခဲ့တာလို့လည်း ဆိုပါတယ်။
အဲ့ဒီလို တရုတ်ဇနီးမယားအဖြစ် စည်းရုံးရောင်းစားဖို့ စီစဉ်ခဲ့မှုကို ပုသိမ်ကြီးမြို့နယ်၊ အုန်းချောနယ်မြေရဲစခန်းက (ပ) ၇၀/၂၀၂၄၊ (ပ)၇၁/၂၀၂၄၊ (ပ)၇၂/၂၀၂၄ - လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဉပဒေပုဒ်မ ၃၅/၄၄ နဲ့ အမှုရေးဖွင့် တရားစွဲဆိုတင်ခဲ့တယ်လို့ သိရပါတယ်။
တရားစွဲဆိုခဲ့ပြီးနောက်ပိုင်းမှာတော့ တရားရုံးကနေ နိုဝင်ဘာ ၅ ရက်နေ့က ဒေါ်ချိုချိုစန်းကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဉပဒေ ၃၅ အရ အမှု တစ်ခုချင်းစီအတွက် အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်စီချမှတ်ခဲ့ပြီး အမှု (၃) မှုအတွက် အလုပ်နဲ့ ထောင်ဒဏ် နှစ် (၃၀) ကျခံရမှာလို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး
ချစ်ခြင်းမေတ္တာ....ဆိုတာ
တစ်ယောက်ယောက်က သေချာပေါက်
ကျန်ရစ်ခဲ့ရခြင်းပါပဲတဲ့ ...။
တစ်ခုတော့ ကွာမှာပေါ့လေ....။
မင်းပဲ ကျန်ရစ်နေမလား...
ကိုယ်ပဲ ကျန်ရစ်လေမလား.....ပေါ့....။
#ညတာရာလင်း