47 w - Translate

ဟီးဟီး

image

ကမ္ဘောဒီးယားဆန်မွှေး ခြောက်ကြိမ်မြောက် “ကမ္ဘာ့အကောင်းဆုံးဆန်” ဆု ရရှိ
………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၈

ကမ္ဘောဒီးယား ဆန်မွှေးကို “ကမ္ဘာ့အကောင်းဆုံးဆန်” အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာ ၇ ရက်နေ့ က ကျင်းပခဲ့တဲ့ ၂၀၂၄ နိုင်ငံတကာကမ္ဘာ့အစည်းအဝေးမှာ ထပ်မံရွေးချယ်လိုက်ပါတယ်။

ကမ္ဘောဒီးယားဆန်ဟာ အခုတစ်ကြိမ်နဲ့ဆို ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရွေးချယ်ခံရတာ ၆ ကြိမ်ရှိပြီဖြစ်ပါ တယ်။

ဒီအစည်းအဝေးကို အမေရိကန်နိုင်ငံက နိုင်ငံတကာထုတ်ကုန်အင်စတီကျု (ICI) နဲ့ ဆန်ကုန်သွယ်ရေးအဖွဲ့ (TRT) တို့က စီစဉ်ကျင်းပတာဖြစ်ပါတယ်။

အခုလို ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရွေးချယ်ခံရတာဟာ နိုင်ငံအတွက်ရော ကမ္ဘောဒီးယားဆန်လုပ်ငန်းအ တွက်ပါ ဂုဏ်ယူစရာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) အထွေထွေအတွင်းရေးမှူး ချုပ် လန်းယောင်က Phnom Penh Post ကို ပြောပါတယ်။

ကမ္ဘောဒီးယားဆန်အရည်အသွေးနဲ့ ရနံ့ကို နိုင်ငံတကာအသိအမှတ်ပြုလာအောင် ထောက်ပံ့ကူညီခဲ့တဲ့ မျိုးစေ့ ရွေးချယ်ထိန်းသိမ်းရေးနဲ့ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းက ပါဝင်ပတ်သက်သူအားလုံးရဲ့ စုပေါင်းကြိုးပမ်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အခုလို အောင်မြင်မှုမျိုးရရှိလာတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဆန်စပါးအသင်းချုပ်အနေနဲ့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်စိုက်ပျိုးခဲ့ဲ့ ကမ္ဘောဒီးယားလယ်သမားတွေအတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနဲ့ ဆန်စပါးကြိတ်ခွဲသန့်စင်ရေးလုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ ဆန်စက်ပိုင်ရှင်တွေ နဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ပြောပါတယ်။

“အခုလို ကမ္ဘာ့အကောင်းဆုံးဆန် အဖြစ် ဆုချီးမြှင့်ခံရတာဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန်စပါးကဏ္ဍအတွက် ထပ်မံဂုဏ်ယူစရာဖြစ်ပါတယ်။ ဒီဂုဏ်ပြုမှုဟာ ကျွန်တော်တို့ဆန် ဈေးကွက်ရှာဖွေရှာမှာ ပိုမိုအဆင်ပြေချောမွေ့ အောင်အထောက်အကူပြုမှာဖြစ်ပြီး စားသုံးသူတွေဆီကို အရည်အသွေးမြင့်တဲ့ ဆန်တွေ တင်ပို့ပေးနိုင်တော့ မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

“Malis Angkor” အမှတ်တံဆိပ်ဟာ အဆင့်မြင့်ပြီး ယုံကြည်စိတ်ချရတဲ့ ကမ္ဘောဒီးယားအကောင်းဆုံးဆန်မွှေးကို ကိုယ်စားပြုကြောင်း ဆန်စပါးအသင်းချုပ် (CRF) က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ၂၀၁၂၊ ၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ်တို့မှာလည်း ကမ္ဘာ့အကောင်းဆုံးဆန် ဆုတံဆိပ်ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်းဝန်ကြီးဌာ န ပြောခွင့်ရပုဂ္ဂိုလ် အမ်ရာချာနာက ၎င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒေသတွင်းမှာရော ကမ္ဘာတစ်ဝန်းမှာပါ အကောင်းဆုံးဂုဏ်သတင်းရရှိ ထားပြီး အရသာကောင်းမွန်ကျော်ကြား ပြီး ဈေးကွက်ဝယ်လိုအားကောင်းတဲ့ “Phka Rumduol” နဲ့ “Sen Kra’op” ဆန်စပါးမျိုးတွေကို စိုက်ပျိုးကြဖို့ ရာ ချာနာက ကမ္ဘောဒီးယားလယ်သမားတွေကို တိုက်တွန်းအားပေးပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံပေါင်း ၆၆ နိုင်ငံကို ပြည်ပပို့ကုန် ကုမ္ပဏီ ၅၅ ခုကတစ်ဆင့် ဆန်တန်ချိန် ၅၀၇၀၂၉ တန် တင်ပို့ခဲ့ပြီး ဒေါ်လာ ၃၇၆.၆ သန်း ရရှိခဲ့ကြောင်း ဆန်စပါးအသင်းချုပ် (CRF) က ပြောပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားဟာ စပါးတန်ချိန် ၄.၀၃၆ ကိုလည်း အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ခဲ့ရာ ဒေါ်လာ ၁.၁၈၅ ဘီလျံ ရရှိခဲ့ပါတယ်။

Ref: Cambodian fragrant rice wins "World’s Best Rice" award for sixth time: The Phnom Penh Post

#သတင်းဟင်းလေးအိုးကြီး

image
image
image
47 w - Translate

ရှေ့ကို‌တော့ ခပ်ဖြေးဖြေးလေး
သွားနေတာပါပဲ ၊ နောက်ကိုလည်း ပြန်လှည့်မကြည့်ချင်တော့သလို ဘယ်နေရာကို ရောက်ရမယ်လို့လည်း မမျှော်လင့်ဖြစ်တော့ဘူး ။ ထပ်ပြီး လဲမကျဖို့ ၊ အနာတရ တွေ ထပ်ပြီး မရဖို့ ၊ ဆွဲထူမယ်လို့ ထင်ထားခဲ့ပေမယ့် တွန်းထုတ်ပစ်တဲ့လက် တွေကိုလည်း မဆွဲမိဖို့၊ဝမ်းနည်းစရာကြုံလာတိုင်း မျက်ရည်မကျမိဖို့ပဲ တွေးပါတယ် ။
- ခက်နှောင်

image
47 w - Translate

ဂျပန်စာသင်နေတဲ့သမီးလေးပေးတဲ့လစာနဲ့အိမ်ဆောက်ထားတာတဲ့

image
47 w - Translate

မသိရင် ရှယ်ဝင်လုံးတော့မဲ့ ဘောလုံးသမားတွေလိုလိုနဲ့...😒😒

image
47 w - Translate

နင်ဟာ

#အကိုမေ

image

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် မီးပုံးပျံများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်မှုများဖြင့် ကျင်းပမည်
………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၈

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌လည်း ယခင်နှစ်ကဲ့သို့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ၊ ဝတ်ရွတ်အသင်းအဖွဲ့များက အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မီးပုံးပျံကြီးများ ယှဉ်ပြိုင်လွှတ်တင်ပူဇော်ပွဲနှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်မှု၊ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်မှု၊ LED မီးများဖြင့် အလှဆင်ပူဇော်မှုများ စီစဉ်ကျင်းပမည့် အပြင် ဇာတ်သဘင်ပွဲထည့်သွင်းပြီး ကပြဖျော်ဖြေ တင်ဆက်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ဒေသထွက်ကုန်၊ စားသောက် ကုန်နှင့် လူသုံးကုန် ပစ္စည်းအရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာအစားအစာအရောင်းဆိုင်များ ထည့်သွင်းခင်းကျင်းပြသ၊ ရောင်းချကြမည်ဖြစ်ကြောင်း၊ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုတွင် မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏စီစဉ်မှုဖြင့် ဇာတ်မင်းသား ဖိုးချစ်တို့အဖွဲ့နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ အနုပညာရှင်ဝန်ထမ်းများက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက် အထိ ညစဉ် ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
47 w - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၈-၁၁-၂၀၂၄)

ဓာတ်ဆီစျေး ၈၀ ကျပ် ဝန်းကျင် ဈေးကျပြီး ဒီဇယ်စျေး ၈၅ ကျပ် ဝန်းကျင် စျေးတက်သွားတဲ့ စက်သုံးဆီစျေးနှုန်းများ

image
47 w - Translate

#englisheverywhere

image
47 w - Translate

#englisheverywhere

image