Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရွှေစည်းခုံဘုရားသို့ (၁၀)လအတွင်း ဘုရားဖူးဧည့်သည် (၂) သန်းကျော် လာရောက်လည်ပတ်ခဲ့
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရားသို့ ယခုနှစ် (၁၀)လတာကာလအတွင်း ဘုရားဖူးဧည့်သည် (၂) သန်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံ)ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်၏ ပြောကြားချက်အရ သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ (၁၀) လတာကာလအတွင်း ဘုရားဖူးဧည့်သည် ၂ ဒသမ ၂ သန်းလာရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ၁ ဒသမ ၉ သန်း လာရောက်မှုရှိခဲ့ကာ ယခင်နှစ်ထက် ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပုဂံတွင် အဓိကအားဖြင့် လည်ပတ်စရာ (၁၉) နေရာ ရှိပြီး ထိုနေရာများမှာ (၁) ရွှေစည်းခုံဘုရား (ဆံတော်)၊ (၂) ငှက်ပစ်တောင်၊ (၃) အရှင်အဇ္ဇဂေါဏ၊ (၄) ဓမ္မရာဇက၊ (၅) လောကနန္ဒာ (ဆံတော်)၊ (၆) မနူဟာ၊ (၇) မြစေတီ (ကျောက်စာ)၊ (၈) ပြတိုက် ၊ (၉) ကန်တော့ပလင်ဘုရား၊ (၁၀) ဗူးဘုရား၊ (၁၁) မဟာဗောဓိ၊ (၁၂) ရွှေနန်းတော်၊ (၁၃) ရွှေဂူကြီး၊ (၁၄) သဗ္ဗေညုဘုရား၊ (၁၅) အာနန္ဒာဘုရား၊ (၁၆) ဓမ္မရံကြီး၊ (၁၇) စူဠာမဏိ၊ (၁၈) ထီးလိုမင်းလိုဘုရား၊ (၁၉) အလိုတော်ပြည့်ဘုရားတို့ဖြစ်ကြောင်း သိရသည်။
Photo Credit - Ministry of Hotels and Tourism