ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Tianlong Mountain Highway
ကိုယ်တွေဆီကတောင်ပေါ်လမ်းတွေကတော့ ကားလေးမပြောနဲ့ ကားကြီးတောင် သွားဘို့မလွယ်ဘူး
တရုတ်နိုင်ငံ မြောက်ပိုင်း၊ Shanxi ပြည်နယ်၊ Taiyuan မြို့က Tianlong တောင်ပတ်အမြန်လမ်းမကြီးဟာ တောင်တန်းများကို ကွေ့ကောက်ဖြတ်သန်းပြီး ဖောက်လုပ်ထားတဲ့အပြင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သဘာ၀ရှုခင်းကြောင့် နာမည်ကျော်ကြားလှပါတယ်။ ၁၁၆ထပ်ရှိတဲ့ အဆောက်အအုံနဲ့ အမြင့်ပေချင်း တူညီနေတဲ့ ဒီအမြန်လမ်းမကြီးဟာ အံ့မခန်း ဗိသုကာလက်ရာပါပဲ။ Tianlong Mountain Highway (Tian Longshan) in North China's Taiyuan City, Shanxi Province is known for its spectacular scenery winding through mountains. The highway with its height equivalent to that of a towering 116 storey building is proof of amazing engineering!
Credit
12 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,420
USD Sell - MMK 4,520
EUR Buy - MMK 4,705
EUR Sell - MMK 4,830
SGD Buy - MMK 3,320
SGD Sell - MMK 3,390
THB Buy - MMK 127.39
THB Sell - MMK 130.72
JPY Buy - MMK 28.54
JPY Sell - MMK 29.28
MYR Buy - MMK 995
MYR Sell - MMK 1,025
CNY Buy - MMK 610
CNY Sell - MMK 630
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,790,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,150,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
လက်ထောက်နည်းပြနစ္စတယ်ရွိုင်းနှင့် လမ်းခွဲကြောင်း မန်ယူအသင်း ထုတ်ပြန်
လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းဟာ အသင်းကနေ ထွက်ခွါမှာဖြစ်ကြောင်း မန်ယူနိုက်တက်အသင်းက အတည်ပြုသွားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ယာယီနည်းပြ နစ္စတယ်ရွိုင်း ကိုယ်တိုင်က နည်းပြသစ်အာမိုရင် လက်အောက်မှာ အသင်းကို တထောင့်တနေရာကနေ ကူညီ သွားချင်ကြောင်း ပြောခဲ့ပေမဲ့ အဆုံးသတ်မှာ အသင်းကနေ ထွက်ခွါဖို့ ဖြစ်လာခဲ့တာပါ။
နည်းပြသစ် အာမိုရင်ဟာလည်း စပို့တင်းမှာလက်တွဲလာတဲ့ နည်းပြအဖွဲ့ဝင် ၅ ယောက်ကို မန်ယူအသင်းဆီခေါ်ဆောင်လာခဲ့ပြီး နစ္စတယ်ရွိုင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
နစ္စတယ်ရွိုင်းဟာ ယာယီနည်းပြအဖြစ် ၄ ပွဲကိုင်တွယ်ခဲ့တာမှာ ရှုံးပွဲမရှိပဲ အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ခဲ့တာပါ။
နစ္စတယ်ရွိုင်း အသင်းကနေ ထွက်ခွါတော့မှာဖြစ်ပေမဲ့ အသင်းဂန္ထဝင်ကစားသမား တယောက်အဖြစ် အမြဲတမ်းရှိနေမှာ ဖြစ်ကြောင်း မန်ယူအသင်းရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
နစ္စတယ်ရွိုင်းအပါအဝင် တခြားနည်းပြ အဖွဲ့ဝင် ၃ ယောက်ဟာလည်း အသင်းကနေ ထွက်ခွါမှာဖြစ်ကြောင်း မန်ယူအသင်းက ထုတ်ပြန်သွားပါတယ်။
DVB