39 ပတ် - ဘာသာပြန်ပါ။

#ဘဲဥသံပုရာ

ဆီမပါတဲ့ဟင်းတစ်ခွက်ပါ။
ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဘဲဥကို တစ်နေ့တစ်လုံးစားသုံးခြင်းဖြင့် ဒူးနာခါးနာရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။
ချဉ်ငံစပ်အရသာလေးနဲ့မို့ ထမင်းမြိန်မှာ သေချာပါတယ်။
ကဲ ဘော်ဒါတွေ ချက်ကြည့်ရအောင်

ဘဲဥသံပုရာအတွက် ပါဝင်ပစ္စည်းများ
ဘဲဥ - ၅ လုံး(ဆားထည့်ပြုတ်ပါ)
သံပုရာသီး - ၃ လုံး(အရည်ညှစ်ထားပါ)
စပါးလင် - ၁ ပင် (ရိတ်ရိတ်လှီး)
ငရုတ်သီးစိမ်းအနီတောင့် - ၁၀ တောင့်(လှီးထားပါ)
ကြက်သွန်ဖြူ - ၁ လုံး(နုတ်နုတ်စင်း)
ဂျင်း - လက် ၂ ဆစ်(နုတ်နုတ်စင်း)
နံနံပင် - အနည်းငယ်
ရှမ်းနံနံ - အနည်းငယ်

ပြုတ်ထားတဲ့ဘဲဥတွေကို ထက်ခြမ်းခြမ်းထားပါ

ဆော့စ်ရည်အတွက်
သံပုရာရည် - စားပွဲတင်ဇွန်း ၄ စွန်း
ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဝက်
သကြား - လက်ဖက်ရည်ဇွန်း ၂ စွန်း
ရေနွေး - ပန်းကန်လုံး ၁ လုံး

ပန်းကန် ၁ ခုထဲသို့ လှီးထားတဲ့အစာတွေထည့် ၊ အပေါ်က ပါဝင်ပစ္စည်းတွေထည့်ပြီး သမအောင်ရောပေးပါ။ အရသာမြည်းပါ။လိုသလိုပြင်ပါ။

ပြီးရင် ဆော့စ်ရည်ကို ဘဲဥပန်းကန်ထဲ လောင်းထည့်ပါ။ သံပုရာသီး ၁ လုံးကို အကွင်းလိုက်လှီးပြီး စီထည့်ပါ။

အခုဆိုရင် ချဉ်ငံစပ်အရသာလေးနဲ့ ဘဲဥသံပုရာကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ 😁😁😁

image
39 ပတ် - ဘာသာပြန်ပါ။

ဘယ်အရာမှ မတည်မြဲဘူးဆိုတာ သိလာတဲ့နောက်ပိုင်း တစ်ယောက်တည်းနေဖြစ်ခဲ့တယ် ။

ချစ်နေရင်း ၊ မချစ်တော့တာတွေ ၊ နွေးထွေးနေရင်းအေးစက်လာတွေ၊ပိုင်ဆိုင်နေရင်း ဆုံးရှုံးလိုက်ရတာတွေမှာ တကယ်ခံနိုင်ရည်မရှိခဲ့ပါဘူး ။

ရုတ်တရက်ဖြစ်ပျက်သွားတက်တဲ့ အရာတွေဟာ သိပ်ကြောက်စရာ ကောင်းမှန်းလည်းနားလည်ခဲ့လို့ ဘယ်တစ်ဦး တစ်ယောက်ကိုမှ ထပ်ပြီးမရှာဖွေဖြစ်တော့တာပါ ၊ ဒါဟာ အထီးကျန်မှု တစ်ခုဆိုရင်တောင် နာကျင်ရတာတွေ မရှိတဲ့အတွက် ကျွန်တော် နေပျော်ပါတယ်.... ။

#crd

image

မဟာအောင်မြေမြို့နယ် တည်းခိုခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ၊ သတ်ဖြတ်သွားသည့် အမျိုးသား လွတ်မြောက်နေ

နေပြည်တော်၊ နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁×၇၂ လမ်းကြားရှိ 36 Golden Dragon အဆင့်မြင့် Aircon တည်းခိုခန်း၊ အခန်းအမှတ်(၃၀၈) တွင် လာရောက်တည်းခိုသည့် အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ (၁၁)ရက် ညနေ (၄)နာရီ (၅၀)မိနစ်အချိန်က အဆိုပါ တည်းခိုခန်းသို့ သေဆုံးသူ အမျိုးသမီးနှင့်အတူ အမည်မသိ အမျိုးသား တစ်ဦးတို့ လာရောက်တည်းခိုပြီး အမည်မသိအမျိုးသားမှာ ညနေ (၆)နာရီ အချိန်ခန့်တွင် Kpay ထုတ်မည်ဟု ပြော၍ ထွက်ခွာသွားရာမှ တည်းခိုခန်းသို့ ပြန်လာခြင်းမရှိသဖြင့် ည (၈)နာရီ (၁၅)မိနစ်အချိန်တွင် အခန်းခ ရှင်းရန်အတွက် မန်နေဂျာဖြစ်သူမှ အခန်းတံခါးခေါက်ရာတွင် ပြန်လည် ဖြေကြားခြင်း မရှိသဖြင့် အခန်းအား တည်းခိုခန်းရှိ သော့အပိုဖြင့် ဖွင့်ကြည့်ရာ မကင်းဟွိုင်နိမ်အား ခုတင်ခြေရင်းတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အခန်းအမှတ်(၃၀၈)အတွင်း၌ ခုတင်ခြေရင်းတွင် အဝတ်အစားမပါ စောင်ဖြင့်အုပ်လျှက် ပက်လက် လဲကျ သေဆုံးနေသည့် မကင်းဟွိုင်နိမ်၏ အလောင်းအား စစ်ဆေးခဲ့ရာ မျက်နှာတွင် ညိုမည်းဒဏ်ရာ၊ ဝဲ-မျက်ခုံး ဖူးရောင်ဒဏ်ရာ၊ မေးစေ့အောက် ညိုမည်းဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့်အတူ လာရောက်တည်းခိုသူ အမည်မသိအမျိုးသားနှင့်ပတ်သက်၍ တည်းခိုခန်း ဧည့်စာရင်း မှတ်တမ်းတွင် ရေးသွင်းထားခြင်းမရှိကြောင်းနှင့် ၎င်းအမျိုးသားအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - News Vision Daily

#သတင်းဟင်းလေးအိုးကြီး

image

How you forget the chair is the filter?

39 ပတ် - ဘာသာပြန်ပါ။

“အစိုးရစွမ်းဆောင်ရည်ပြည့်ဝမှု ဝန်ကြီးဌာန” ကို အီလွန်မတ်နဲ့ ဗိဗက်ရာမာဆွာမိတို့ ဦးဆောင်သွားမှာဖြစ် ကြောင်း ထရမ့်ပြော

နိုဝင်ဘာ ၁၃၊ နိုင်ငံတကာ။

အသစ်ဖွဲ့စည်းလိုက်တဲ့ “အစိုးရစွမ်းဆောင်ရည်ပြည့်ဝမှု ဝန်ကြီးဌာန” ကို အီလွန်မတ်နဲ့ ရီပတ်ဘလီကန်သမ္မတ လောင်းဖြစ်ခဲ့ဖူးသူ ဗိဗက်ရာမာဆွာမိတို့က ဦးဆောင်သွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲနိုင် အမေရိကန်အကြို သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

“အစိုးရဗျူရိုကရေစီကို ပယ်ဖျက်ဖို့၊ လိုတာထက်ပိုတဲ့ စည်းမျဉ်းတွေကို သိသိသာသာလျှော့ချဖို့၊ လိုတာထက်ပို တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်ဖို့နဲ့ ဖက်ဒရယ်အဖွဲ့အစည်းတွေကို ပြန်လည်ဖွဲ့စည်းဖို့အတွက် မတ်နဲ့ ရာမာ ဆွာမီဟာ ကျွန်တော့်အစိုးရအတွက် လမ်းခင်းပေးသွားမှာဖြစ်ပါတယ်။” လို့ ထရမ့်က ထုတ်ပြန်ချက်ထဲမှာ ထည့် သွင်းဖော်ပြထားပါတယ်။

၎င်းတို့ရဲ့လုပ်ငန်းတာဝန်တွေကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မတိုင်ခင် အပြီးဆောင်ရွက်မှာဖြစ်တဲ့အတွက် သေးငယ်ပြီး ပိုပြီးအရည်အချင်းပြည့်ဝစွာ စွမ်းဆောင်နိုင်တဲ့ အစိုးရတစ်ရပ်ဟာ လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် ၂၅၀ ပြည့် နေ့ရက်မှာ နိုင်ငံအတွက် လက်ဆောင်တစ်ခုဖြစ်လာမှာဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။

အခုရာထူးခန့်အပ်မှုဟာ ပုဂ္ဂလိကအခန်းကဏ္ဍကနေ ထရမ့်ကို အားတက်သရောထောက်ခံခဲ့သူ နှစ်ဦးကို ဆု ဘာလ်ချီးမြှင့်တာဖြစ်ပါတယ်။

အီလွန်မတ်ဟာ Tesla လျှပ်စစ်ကား ကုမ္ပဏီ၊ လူမှုကွန်ရက်ပလက်ဖောင်း X နဲ့ ရော့ကက်ကုမ္ပဏီ SpaceX တို့ရဲ့ ပိုင်ရှင် သူဌေးကြီးဖြစ်ပြီး ဗိဗက်ရာမာဆွာမိကတော့ ကနဦးက ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ထရမ့်နဲ့ ယှဉ်ပြိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ထရမ့်ကို အားပေး ထောက်ခံခဲ့သူဖြစ်ပါတယ်။

အီလွန်မတ်ဟာ ထရမ့်မဲဆွယ်ပွဲအတွက် ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ခဲ့ပြီး မဲဆွယ်ပွဲတွေမှာ ထရမ့်နဲ့ အတူ ကိုယ်တိုင် ပါဝင် စည်းရုံးမဲဆွယ်ခဲ့ပါတယ်။

ထရမ့်ကလည်း ၎င်းရဲ့ အစိုးရအဖွဲ့ စွမ်းဆောင်ရည်ပြည့်ဝစေရေး မြှင့်တင်ဖို့အတွက် ကမ္ဘာ့အချမ်းသာဆုံး သူ ဌေးကြီးအီလွန်မတ်ကို အစိုးရအဖွဲ့မှာ ရာထူးတစ်နေရာပေးဖို့ ကမ်းလှမ်းသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“ဒီသတင်းဟာ အစိုးရအဖွဲ့အတွင်း ဖြုန်းတီးနေတဲ့လူတွေဆီကို ပြင်းထန်တဲ့ဂယက်ရိုက်ခတ်မှုတွေ ရောက်ရှိသွား မှာဖြစ်ပါတယ်။” လို့ မတ်က ပြောပါတယ်။

ထရမ့်ရဲ့ အစိုးရသစ်ပြုပြင်ပြောင်းလဲမှုကို ဒုတိယကမ္ဘာစစ်အဆုံးသတ်သွားဖို့ အနုမြူဗုံးထုတ်လုပ်ရေး စီစဉ် ဆောင်ရွက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ဆောင်ရွက်ချက်ကို ကိုးကားပြီး “မင်ဟက်တန်စီမံချက်” လို့ ထရမ့်က ပြောဆိုခဲ့တာကို မတ်က ပြန်လည်ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

Ref: Trump names Musk to co-lead newly formed Department of Government Efficiency

#centralmewsnaypyitaw

image
image
image
39 ပတ် - ဘာသာပြန်ပါ။

ကိုယ့်ကမ္ဘာနဲ့ ကိုယ်နေထိုင်ကြတဲ့ ဘဝတွေထဲ
သူ့ကမ္ဘာကို ချောင်းချောင်းငေးရခြင်းက
ချစ်ခြင်းမေတ္တာပါပဲ။

လိုအပ်တဲ့အခါ ကူညီပေးခွင့်ရသူက ကိုယ်ဖြစ်ချင်ပြီး
အဆင်မပြေတဲ့အခါ ပြေးကပ်လို့ ရတဲ့
သူ့ရဲ့ ချောင်ကလေးဟာလည်း
ကိုယ်ပဲ ဖြစ်ချင်နေတာ
ဒါဟာ ချစ်ခြင်းမေတ္တာပါပဲ။

နေဗလ်-အချစ်ရဲ့Cafè

image

အာဏာအပျော့ကို မြှင့်တင်ရန် ထိုင်းသံအမတ်များကို ပေတုန်တန်ပြော

နိုဝင်ဘာ ၁၃

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ကနေဒါ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ဘရာဇီးလ်နှင့် ချီလီနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်များနှင့် အစည်းအဝေး ပြုလုပ်ချိန်အတွင်း ထိုင်း၏ အာဏာအပျော့ (Soft Power) ကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ကနေဒါ-ထိုင်း တိုက်ရိုက်လေကြောင်း ခရီးစဉ်များအတွက် ကနေဒါ ခရီးသွားများထံမှ တောင်းဆိုမှုများ မြင့်တက် နေကြောင်း ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ကလာယာန(Kallayana Vipattipumiprates) က ပေတုန်တန် ကို တင်ပြခဲ့သည်။

တောင်အမေရိကနိုင်ငံများတွင် ထိုင်းရုပ်ရှင်များနှင့် အစားအစာများလည်း ရေပန်းစားနေကြောင်း သံတမန်တစ်ဦး ဖြစ်သည့် ဝိမွန်ပချာရ ရက်ဆကီယက် (Vimonpachara Raksakiat) က ပြောကြားခဲ့သည်။

အမေရိကန်ဆိုင်ရာ ထိုင်းသံအမတ် သူရိယ ဂျင်ဒါဝေါင် (Suriya Jindawong) ကလည်း ထိုင်းစီးပွားရေး လုပ်ငန်း များသည် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုကြီးမားလာလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

ထိုင်းနိုင်ငံ၏ အမေရိကန်ဆိုင်ရာ အထူးလုပ်ငန်း တာဝန်များကို ပေတုန်တန်က "ထိုင်း အသင်း" (Team Thailand)ဟု အမည်တပ်ခဲ့ပြီး ထိုင်း၏ စီးပွားရေးကို ခိုင်မာစေရန် နိုင်ငံတကာ မိတ်ဖက်ဆက်ဆံမှုများ တည်ဆောက်ရန် ညွှန်ကြားခဲ့သည်။

ထို့ပြင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် ပါရမီရှိသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံကို ပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို မြှင့်တင်ရန်လည်း ပေတုန်တန်က ပြောကြားခဲ့သည်။

မိမိတို့ အစိုးရအဖွဲ့သည် ဖျော်ဖြေရေးကဏ္ဍ စီးပွားရေး လုပ်ငန်းများကဲ့သို့ နယ်ပယ်ကဏ္ဍများကို ကမ္ဘာအထိ ပျံ့နှံ့စေရန် အာဏာအပျော့ကို ကျင့်သုံးရေး အာရုံစိုက်ထားကြောင်း ပေတုန်တန်က အတည်ပြုခဲ့သည်။

ဆောင်းရာသီသည် ထိုင်းသို့ ခရီးသွားများ အများအပြား လာရောက်သည့် ရာသီဖြစ်သဖြင့် တာဝန်ရှိသူများ အနေဖြင့် ခရီးသွားများ ဝင်ရောက်လာမည့် အခြေအနေအတွက် အသင့်ပြင်ထားရန်လည်း ၎င်းက တိုက်တွန်းခဲ့ သည်။

Source: The Nation

ပုံ - ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
39 ပတ် - ဘာသာပြန်ပါ။

ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် ဆီဘောက်ဆာယာဉ် (၁) စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသား ၁ ဦး သေဆုံး

နိုဝင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာအနီး ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၉၄/၂)နှင့်(၉၄/၃)ကြားတွင် နိုဝင်ဘာလ ၁၂ရက်နေ့၊ မွန်းလွဲ ၃နာရီ ၃၀ အချိန်ခန့်၊ ဆီဘောက်ဆာယာဉ်(၁)စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသား ၁ဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံခါးမြို့နယ်မီးသတ်စခန်း၊ ညောင်လေးပင်မြို့နယ် မီးသတ်စခန်း၊ ပိန်းဇလုပ်နယ်မြေမီးသတ်စခန်း၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်း၊ ဖဒိုနယ်မြေမီးသတ်စခန်းနှင့် ပဲနွယ်ကုန်းနယ်မြေမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရ သည်။

အဆိုပါမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး သေဆုံးအား ကျောက်တံခါးသွေးလှူရှင် ပရဟိတ အသင်းယာဉ်ဖြင့် ကျောက်တံခါးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image

မန္တလေးနဲ့ မြိတ်မြို့တွေမှာ ဝမ်းပျက်ဝမ်းလျှောအဖြစ်များ

နိုဝင်ဘာ ၁၃

မန္တလေးနဲ့ မြိတ်မြို့မှာ အခုလထဲ ဝမ်းပျက်ဝမ်းလျှော အဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြင်းထန်တဲ့ အခြေအနေမဟုတ်ပေမယ့် အစားအသောက်ကနေတဆင့် အဖြစ်များနေကြလို့ ရာသီအကူးအပြောင်းမှာ သတိပြုကြဖို့ကိုလည်း ပရဟိတဆောင်ရွက်သူတွေက ပြောပါတယ်။

မန္တလေးမြို့မှာ အခု နိုဝင်ဘာလထဲ ဝမ်းပျက်ဝမ်းလျှောဖြစ်သူ များပြီး၊ လူနာတွေကို ပြင်ပဆေးရုံ၊ ဆေးခန်းတွေက လက်မခံဘဲ မန္တလေးပြည်သူ့ ဆေးရုံကြီးမှာပဲ ကုသပေးနေတယ်လို့ ပြောပါတယ်။ မန္တလေးအခြေစိုက် ပရဟိတအဖွဲ့တခုက ဒီလထဲမှာတင် ဝမ်းပျက်ဝမ်းလျှော လူနာပို့ရတဲ့လမ်းကြောင်းက များလာတယ်လို့ ပြောပါတယ်။

"ဝမ်းပျက်ဝမ်းလျှောက ဆေးရုံပို့ပေးရတာ ၇ ဦး၊ ၈ ဦးလောက်ရှိပြီ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရပ်တွေက ပိုပြီးတော့ဖြစ်တာ များနေတယ်။ ဖြစ်လေ့ဖြစ်ထဆိုတာ ဒီရပ်ကွက်မှာ တဦးပို့ထားတယ်ဆိုရင် အဲဒီရပ်ကွက်က နောက်တဦး၊ နောက်တဦး အဲလိုဆက်ပို့ရတာ။ ရပ်ကွက်အသစ်တွေကတော့ ကျနော်တို့တွေ မတွေ့ဘူးပေါ့။ အသက်သေဆုံးတဲ့ အထိတော့ မတွေ့ရသေးဘူး။ ဝမ်းပျက်ဝမ်းလျှော လူနာတယောက်ကို ဆေးရုံကြီးပို့ပြီးပြီ ဆိုတာနဲ့ တပြိုင်နက်တည်း ဒေသန္တရ ကျန်းမာရေးဌာနကို သတင်းပို့တယ်။ သူတို့က ဆက်စပ်ပြီးတော့ အဲဒီမှာဆောင်ရန်၊ ရှောင်ရန်တို့၊ ဝမ်းပျက်ဝမ်းလျှော ကာကွယ်ရေးအတွက် ဆေးဖြန်းတာတို့၊ ဆေးခတ်တာတို့၊ အဲဒါတွေ လုပ်ကြတယ်ပေါ့။"

ရာသီအကူးအပြောင်း ဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်တွေတုန်းက အခုလိုအချိန် ဝမ်းပျက်ဝမ်းလျှောလူနာ မတွေ့ရဘူးလို့ ပြောပါတယ်။ အစားအသောက်ကနေ တဆင့် ဖြစ်ပွားနိုင်လို့ သတိပြုစားသောက် နေထိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

"ကျနော်တို့ များသောအားဖြင့် ခန့်မှန်းကြည့်တာတော့ ဒီအစားအသောက်၊ အနေအထိုင်ပေါ့လေ။ အဲဒီအပိုင်းတွေက ဖြစ်ဖို့များနိုင်ပါတယ်။ အစားအသောက်ကလည်း ဘာဖြစ်လို့လဲဆိုတော့ ခေတ်အခြေအနေအရ ကြုံရာကျပန်းစားကြ သောက်ကြတာတွေက များတယ်လေ။ နောက်ပြီးတော့ လက်လုပ်ချဉ်တို့၊ ဆော့စ်အချဉ်တို့ ဒါတွေက များသောအားဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်တဲ့ အစားအသောက်တွေလေ။ အဲဒါတွေ ရှောင်ကြဉ်ဖို့ရာ ပြောချင်တာပါပဲ။"

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာလည်း အခုလထဲ ဝမ်းပျက်ဝမ်းလျှောကြောင့် ဆေးရုံပို့ရတဲ့လူနာဦးရေ များလာတယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဝမ်းပျက်ဝမ်းလျှော လူနာတွေကို သီးသန့်အဆောင်နဲ့ထားတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

"အခုတလောကတော့ ဝမ်းပျက်ဝမ်းလျှောက နည်းနည်းတော့ အဖြစ်များလာတယ်။ ဒီ ၁၀ ရက်ဝန်းကျင်လောက်မှာ ဖြစ်လာတာပေါ့။ ငွေကြေးတတ်နိုင်တဲ့ သူတွေကတော့ အပြင်ဆေးခန်းသွားတာပေါ့။ သာမန်လူတွေကတော့ ဆေးရုံကြီးပဲ သွားတာများတယ်။ လူဦးရေကတော့ အခုဖြစ်သလောက် ဆိုရင်တော့ ၃၀ ဝန်းကျင်လောက်တော့ ရှိပြီပေါ့နော်။ အခြေအနေကတော့ မဆိုးပါဘူး။ ဆေးရုံရောက်သွားရင်တော့ အဆင်ပြေသွားတာများတယ်၊ အခုလောလောဆယ်တော့"

ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ရပ်ကွက်တွေထဲ လိုက်လံသတိပေးတာမျိုး ရှိတယ်လို့ ပြောပါတယ်။ ဝမ်းလျှောသူအများစုက အစားအသောက်ကြောင့် ဖြစ်တာများပြီး၊ ကာလဝမ်းရောဂါလို ကူးစက်ပျံ့နှံ့နေတဲ့ အနေအထားမျိုးတော့ မတွေ့ရသေးဘူးလို့ ပြောပါတယ်။

"ဆေးရုံရောက်လာတဲ့ လူနာတွေကို ဘာတွေစားလဲ မေးတယ်။ တချို့ကလည်းပဲ ကြံရည်နဲ့ ဘာနဲ့စားလိုက်တယ်ပေါ့။ အစားကနေပြီးတော့ ဖြစ်သွားတဲ့ပုံစံမျိုးပဲ တွေ့ရတယ်။ ဝမ်းနူးစာလိုမျိုး စားတယ်။ အခု ကျနော်တို့ဘက်မှာ ရာသီစာဘာရှိလဲဆို ဓနိရည်ချိုရှိတယ်။ တချို့ကလည်း ဓနိရည်ချိုသောက်လိုက်တယ်၊ ဘာနဲ့စားလိုက်တယ်။ တွဲဖက်ပြီးစားလိုက်တဲ့ အစာကြောင့်ပေါ့၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်။ အဲလိုမျိုးပဲ နည်းနည်းများတယ်။ တအိမ်ထဲမှာပဲ ကူးစက်ပြီးတော့ ကူးစက်ရောဂါ တခုလိုမျိုးတော့ ဖြစ်တာမရှိသေးတာပေါ့။ လောလောဆယ် ကျနော်တို့မြိတ်မှာ"

မြိတ်မြို့မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ ငါးဖမ်းလှေလုပ်သား ၂ဦး ဝမ်းလျှောပြီး သေဆုံးခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းကစပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ ရေလုပ်သားဦးရေ ၅၀ ဝန်းကျင်အထိ ရှိနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Credit - VOA

#သတင်းဟင်းလေးအိုးကြီး

image