39 w - Translate

Part-2

⭐️ 6 , 666 - ကိုယ်တွေးနေတဲ့ အတွေးတွေ၊ ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ပြန်ပြီး Refocus လုပ်ကာ ဒီထက် ပိုကောင်းတဲ့ အတွေးမျိုး၊ ရလဒ်မျိုး ရအောင် Awareness ကောင်းကောင်း ထားရမှာ ဖြစ်ပါတယ်။ မိသားစု အရေး ကံကောင်းတာ၊ မေတ္တာတရား အပြည့်အဝ ရတာ၊ ဂရုစိုက်ခြင်း ခံရတာ စတာတွေနှင့် ပတ်သက်နေကာ ကိုယ်အောင်မြင်ချင်တဲ့ အရာပေါ်မှာ အာရုံစိုက်ပြီး ထူးချွန်အောင်လုပ်နိုင်မည့် Trait တစ်ခုလဲ ဖြစ်ပါတယ်။ အဓိက က ကိုယ့်ရဲ့ အကောင်းမြင်စိတ် Positive Attitude ကို ထိန်းထားကာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး တို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်မည့် အချိန်လဲ ဖြစ်ပါတယ်။ ပြီးတော့ 6 ဂဏန်းက ဘဝအတွက် အခွင့်လမ်း သစ်တွေကို ဆောင်ကျဉ်းပေးလာမှာ ဖြစ်ပါတယ် ... Eg . 066
⭐️ 7 , 777 – Lucky ဂဏန်း ဖြစ်သည့် အပြင် Spiritual နဲ့ ပတ်သက်ပြီး အချိတ်အဆက်တွေ ပိုမိလာတာ၊ အတွင်းပိုင်း စွမ်းအား ပိုကောင်းလာတာ၊ အရာရာ လက်ခံနိုင်စိတ်၊ ခွင့်လွတ်နိုင်စိတ် အားကောင်းလာတာ၊ Intuition မြင့်လာတာ၊ Inner Wisdom မြင့်လာတာ၊ ထူးခြားနက်နဲ့သည့် ယုံကြည်သက်ဝင်မှု ရှိလာတာ၊ ယခင်ကထက် အရာရာ ခွဲခြမ်း စိတ်ဖြာလာနိုင်ခြင်း၊ နက်နက်ရှိုင်းရှိုင်း စဉ်းစား တွေးတောနိုင်ခြင်းတို့ အားကောင်း လာသောကြောင့် လက်ရှိ လျောက်နေသော လမ်းကြောင်း၊ လက်ရှိ လုပ်နေသော အလုပ်တို့ကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဆက်လက်လုပ်ကိုင် လျောက်လှမ်းကာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင် စီသို့ရောက်အောင် မိမိ၏ ကိုယ်ပိုင် စွမ်းရည်နှင့်အတူ ဖော်ဆောင်နိုင်မည့် Message ပဲ ဖြစ်ပါတယ် ... Eg . 077
⭐️ 8 , 888 – ဟန်ချက်ညီခြင်း၊ ပေါကြွယ်ဝခြင်း၊ infinity အဆုံးစမရှိခြင်း၊ ငွေကြေး၊ အာဏာ၊ ပါဝါ စသည်တို့နှင့်လည်း ချိတ်ဆက်နေပါတယ်။ ကံ ကံ၏ အကျိုးနှင့်လဲ ဆက်စပ်နေပြီး ကြိုးစားရင် ကြိုးစားသလို အောင်မြင်မည့် အချိန်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Vibration နဲ့ ကိုယ် ဆန္ဒရှိသည့် ငွေကြေး ပမာဏတို့ ကောင်းကောင်း Align ဖြစ်သည့် အခြေအနေလဲ ဖြစ်ပါတယ်။ မိမိကိုယ် မိမိယုံကြည်မှု၊ အောင်မြင်မှု၊ Energy စီးဆင်းမှု အားကောင်းခြင်းတို့နှင့်လဲ ချိတ်ဆက်နေပါတယ် ... Eg . 088
⭐️ 9 , 999 – Trusting Your Higher Self ဖြစ်ပြီး၊ ကိုယ့်ရဲ့ Talent ကိုယ်ပိုင်အရည်အသွေးတွေ၊ ကိုယ့်ရဲ့ စွမ်းရည်တွေ၊ ကိုယ့်ရဲ့ Inner Wisdom ဉာဏ်ပညာတွေကို ကောင်းကောင်း အသုံးချပြီး လုပ်စရာရှိတာတွေကို၊ ဖြေရှင်းစရာရှိတာတွေကို ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Soul Mission ကို အကောင်ထည်ဖော်ဖို့ တိုက်တွန်းနေတာလဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရား၊ ကြင်နာတရား၊ မေတ္တာတရားတို့ဖြင့် အကောင်းဆုံး တောက်ပပြီး လောကကို အလှဆင်ပေးဖို့၊ ကမ္ဘာကြီးကို ကူညီပေးဖို့ Remind ပေးနေတာလဲ ဖြစ်ပါတယ် ... Eg . 099
⭐️ 12:12 or 12:21 - ကာလရှည်ကြာ မျှော်မှန်းထားတဲ့အရာတွေ၊ ရည်ရွယ်ချက်တွေအတွက် မမျှော်လင့်ပဲ အခွင့်အလမ်းတွေ ပေါ်လာနိုင်ပါတယ်။ ဒီအချိန်မှာ Angel က သင့်ကို Positive Energy တွေနဲ့ Support လုပ်ပေးနေလို့ ကိုယ်ရဲ့ Passion တွေ၊ ဆန္ဒတွေ အပေါ်မှာပဲ အာရုံစိုက်ထားပါ။ Negative Thought တွေ မဝင်လာအောင် ထိန်းထားပါ။ အခွင့်အလမ်းတွေက သူ့အလိုလို ပေါ်လာမှာမို့ ကိုယ်က အမိအရ ဖမ်းဆုပ်နိုင်ဖို့ပဲ လိုတာပါ။ ဒီကာလက အလုပ်ကို ပင်ပင်ပန်းပန်း ကြိုးစားနေတာထက်၊ Work Smart ဉာဏ်နဲ့ ယှဉ်ပြီး ပါးပါးနပ်နပ်ကြိုးစားရမဲ့ အချိန်ပါ။ ပြီးတော့ နတ်ဖက်တဲ့ ဖူးစာ Right Partner လို့ ဆိုနိုင်တဲ့ သူမျိုး ကိုယ့်ဘဝမှာ ပေါ်လာနိုင်ပါတယ်။ ကိုယ့်အပေါ်မှာ Romantic, Sexual, Chemistry တစ်ခုခု ကောင်းကောင်းဖြစ်တဲ့ သူမျိုးကို အပြန်လှန် Attract လုပ်မိတဲ့ အချိန်ပါ။ အဲဒါကြောင့် 12:12 or 12:21 မိနစ်ရောက်အောင် ထိုင်စောင့်မနေကြနဲ့ ဦးနော့်။ စတာပါဗျ ... တကယ်လို့ မဆုံတွေ့သေးဘူးဆိုရင်လည်း ဝမ်းမနည်းပါနဲ့ ကိုယ်က Ready မဖြစ် အချိန် မတန်သေး လို့ပါ …
Have A Nice Day! ♥️♥️♥️
#မျိုးသီဟကျော် ~ #randy
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentor

#crd

image

ထိုင်းနိုင်ငံထုတ် လျှပ်စစ်ဝိုင်ယာကြိုးအများစု နိုင်ငံတကာစံနှုန်းမမီကြောင်း ထိုင်းစက်မှုဝန်ကြီးပြော

နိုဝင်ဘာ ၁၂

ထိုင်းနိုင်ငံတွင်းမှာ ထုတ်လုပ်တဲ့ လျှပ်စစ်ဝိုင်ယာကြိုး အမှတ်တံဆိပ် ၇၈ ခုအနက် အများစုဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံမှု စံချိန်မမီကြောင်း ထိုင်းစက်မှုဝန်ကြီး အကာနတ်ပရုမ်ဖန်က နိုဝင်ဘာလ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံက အမှတ်တံဆိပ်အများအပြားဟား အပူလွန်ကဲမှုဒဏ်မခံနိုင်ဘဲ မီးလောင်စေတဲ့ ဒါမှမဟုတ် ဆား ကစ်တွေပြတ်တောက်စေနိုင်တဲ့ သေးငယ်တဲ့ ကြေးနီနန်းမျှင်ဝိုင်ယာကြိုးတွေကို အသုံးပြုနေကြတယ်လု့ိ ပြည် သူတွေက တိုင်တန်းကြကြောင်း အကာနတ်က ပြောပါတယ်။

ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ ပြည်တွင်း ကုမ္ပဏီအမှတ်တံဆိပ်ရော ပြည်ပကတင်သွင်းလာတဲ့အမှတ်တံဆိပ်ရော တံဆိပ် ၇၈ ခုကို စစ်ဆေးရာမှာ နိုင်ငံတကာစံနှုန်း ISO (International Organization for Standardization) အမှတ် ၂၀ သာ ရရှိကြောင်း ၎င်းက ပြောပါတယ်။

“ဒါဟာ အလွန်စိုးရိမ်စရာကောင်းပါတယ်။ ဒါ့ကြောင့် ISO standards နဲ့ အညီထုတ်လုပ်ဖို့ ပျက်ကွက်တဲ့ ပြည် တွင်း/ပြည်ပ အမှတ်တံဆိပ်တွေကို အရေးယူဖို့ TISI (ထိုင်းစက်မှုထုတ်ကုန်စံနှုန်းအင်စတီကျူ) ကို ကျွန်တော် ညွှန်ကြားထားပါတယ်။” လို့ အကာနတ်က ပြောပါတယ်။

အခုလို အရည်အသွေးညံ့ဖျင်းတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေကို ရောင်းချနေတာဟာ လူ့အသက်တွေနဲ့ အိုးအိမ် အဆောက်အဦတွေကို ထိခိုက်ဆုံးရှုံးစေနိုင်ကြောင်း ၎င်းက ပြောပါတယ်။

ဒါ့ကြောင့် စံနှုန်းမမီတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေ ထုတ်လုပ်ရောင်းချခဲ့တဲ့ ကုမ္ပဏီတွေကို ရဲစခန်းမှာ အမှုဖွင့်တိုင် ကြားပြီး သွင်းကုန်လိုင်စင်နဲ့ ထုတ်လုပ်မှုလိုင်စင်တွေ ပြန်လည်ရုပ်သိမ်းဖို့ TISI နဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့အ စည်းတွေကို ဝန်ကြီးအကာနတ်က ညွှန်ကြားခဲ့ပါတယ်။

Ref: Most Thai electric cables fail global safe standards: minister

#centralnewsmyanmar

image
image
image
image
39 w - Translate

စကားတွေဟာ မတော်တဆ ပြောမိလိုက်တာမျိုး
မရှိဘူး
သူ့စိတ်ထဲမှာ အမြဲရှိနေတဲ့ အစိုင်ခဲတစ်ခုကို
ပြဿနာနဲ့ရောပြီး ဖွင့်ချမိလိုက်တာပဲ ရှိတယ် ။

ဒါကို မတော်တဆ ပြောမိတာပါလို့ တောင်းပန်လည်း
ကြားလိုက်ရတဲ့သူဘက်ကတော့ စိတ်ထိခိုက်သွားရမှာ
အမှန်ပဲ ။

သူက ငါ့ကို အမြဲ အဲ့ဒီလို ထင်နေခဲ့တာလား
အမြဲတမ်း အဲ့ဒီ့စိတ်နဲ့ ငါ့ကို ပတ်သက်နေခဲ့တာပေါ့
ဆိုတဲ့ အသိက ဖျောက်မရတော့ဘူး ။

စကားတွေဟာ မတော်တဆ မဟုတ်ဘူး ဆိုတဲ့
အဓိပ္ပာယ်ကို ပိုသိလာလေ ပိုနာကျင်ရလေပဲ ။

ဘယ်လောက်ချစ်ချစ် / ခင်ခင်
စကားတစ်ခွန်းကြောင့် ကမ္ဘာတွေခြားအောင်
ဝေးသွားကြရတယ်ဆိုတာ တကယ်ရှိတယ် . ။
Crd
#zzm

image
39 w - Translate

🖤

image
39 w - Translate

လူတစ်ယောက်
ပြောင်းလဲသွားရင်လေ

အံ့လည်း မအံံ့သြပါနဲ့! ဝမ်းလည်း
မနည်းပါနဲ့ ! စိတ်လည်းမနာပါနဲ့ !
အပြစ်လည်းမတင်ပါနဲ့ !

အရာရာဟာ စက္ကန့်နဲ့အမျှပြောင်းလဲနေတယ်
ပြောင်းလဲနေတဲ့ သဘောကို သိလည်း သိတယ်
နားလည်း နားလည်တယ်။

ပြောင်းလဲသွားတဲ့သူရဲ့ အပြစ်မဟုတ်ဘဲ
ပြောင်းလဲခြင်းသဘောကို သိပြီး မပြောင်းလဲတတ်တဲ့ သင်ကသာ အပြစ်ရှိတာပါ။

ဘဝမှာ တန်ဖိုးထားရမဲ့သူ တချို့ရှိတယ်
မေ့ပစ်ရမဲ့သူ တချို့ရှိတယ်။

တန်ဖိုးထားရမဲ့သူကို မေ့နေပြီး
မေ့ပစ်ရမဲ့သူအတွက် တန်ဖိုးရှိတဲ့
ကိုယ်ရဲ့ အချိန်တွေ အကုန်မခံပါနဲ့။

တစ်သက်လုံး အထီးကျန်ခြင်းက
သင့်ကိုဒဏ်ခတ်သွားလိမ့်မယ်။

တစ်ချို့လူတွေက
သင်ချစ်တာကိုခံချင်ကြတယ်
သူတို့ကိုယ်တိုင်က
တစ်ခြားတစ်ယောက်ကို ချစ်နေကြတယ်။

တစ်ချို့လူတွေက
သင့်ဆီက ဂရုစိုက်မှု့တွေလိုချင်ကြတယ်
သူတို့ကိုယ်တိုင်က သင့်ကိုဂရုမစိုက်ချင်ကြဘူး။

တစ်ချို့လူတွေက
သင့်ဆီက ယုယမှု့တွေတောင့်တကြတယ်
သူတို့ကိုယ်တိုင်က ယုယတတ်ဖို့ စိတ်မပါဘူး။

တစ်ချို့လူတွေက
သင့်ဆီကအပြုံးကိုလိုချင်ကြတယ်
သူတို့ကတော့ ပြုံးပြဖို့ ဝန်လေးတတ်ကြသူတွေ။

တစ်ချို့လူတွေက
သူတို့ပြောတာကိုပဲနားထောင်စေချင်တယ်
သင်ပြောတာကိုတော့.... အကုန်ပယ်ချတယ်။

တစ်ချို့လူတွေက သင့်ဆီက အလိုက်သိမှုတွေကို လိုချင်ကြတယ် သူတို့ကိုယ်တိုင်ကတော့
မသိသလိုနေတတ်တယ်။

စိတ်ချမ်းသာချင်တယ် ဆိုရင်တော့
ဆုံးဖြ တ်ချက်တွေ ပြ တ်သားရပါလိမ့်မယ်။

ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်း ဆိုတာက
လူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့်အရာပါ

လူတိုင်းမှာ
ချို့ယွင်းချက်ဆိုတာ ရှိပြီသားမို့
ခွင့်လွှတ်နားလည်ပေးနိုင်ပါစေ။

အဆုံးရှုံးမခံနိုင်ရင်
ခွင့်လွှတ်နားလည်ပေးနိုင်အောင် ကြိုးစားပါ
သံသယတွေနဲ့တော့မဆက်ပါနဲ့
ပိုပြီး နာကျင်ရလိမ့်မယ်။

ခွင့်လွှတ်နားလည်ပေးနိုင်စွမ်း
မရှိတော့ဘူးဆိုရင်တော့
စွန့်လွှတ် နိုင်အောင် ကြိုးစားပါ
ဆုပ်ကိုင်ထားနေသမျှ ခံစားရလိမ့်မယ်။

ကိုယ့်ဆီမှာ မနေချင်တော့တဲ့သူတစ်ယောက်ကို ဘယ်တော့မှ တားဆီး ချု ပ်ကိုင်လို့မရနိုင်သလို ကိုယ့်စေတနာကို နားမလည်တဲ့သူဟာလည်း ဘယ်တော့မှ နားလည်လာမှာ မဟုတ်ပါဘူး။

ပေါင်းသင်းဆက်ဆံရေးဆိုတာ
ခွင့်လွှတ်နားလည်ပေးနိုင်စွမ်းရှိမှ ခိုင်မြဲနိုင်တာပါ။

#credit.

image

Nov 12 ရက်နေ့ နေ့ခင်း ကမ္ဘာ့ရွှေဈေး 2600 အောက်သို့ စတင်ရောက်ရှိ

ပြီးခဲ့တဲ့ အပတ် US ရွေးကောက်ပွဲအပြီး ထဲက
ကမ္ဘာ့ရွှေဈေးဆက်တိုက်ထိုးကျပြီး ပြန်တက်မလိုနဲ့ အခု ဒီနေ့ Nov 12 ရက်နေ့ မှာတော့ 1 အောင်စကို $2600 အောက်သို့ စတင်ရောက်ရှိခဲပြီပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကျလာသလို ပြည်တွင်း ရွှေဈေးလဲ အထိုက်အလျောက် လိုက်ကျလာကာ အခုဒီနေ့နေ့လယ်မှာတော့ ၁၆ ပဲရည် တစ်ကျပ်သားကို သိန်း ၆၀ ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာတာပဲဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ ဘယ်လောက်ထိ ဆက်လက်ပြုတ်ဆင်းနေအုန်းမလဲကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်
ဒီထက်ထပ်ပြုတ်ဆင်းအုန်းမယ်ဆိုရင် မကြာခင်မှာ ပြည်တွင်းရွှေဈေး သိန်း ၆၀ အောက်ကို စတင်ရောက်ရှိတော့မှာဖြစ်ပါတယ်။

ဒေါ်လာဈေးကတော့ 4400 - 4500 ဝန်းကျင်မှာရှိနေပါတယ်

Credit - Myanmar market Price

#သတင်းဟင်းလေးအိုးကြီး

image
39 w - Translate

အရာရာတိုင်းဟာ ကံပါသလောက်ပဲပေါ့။

ရယူလိုစိတ်နည်းပါးတဲ့လူအဖြစ်ပဲနဲ့ပဲရှင်သန်ချင်တယ်။

လုံးဝစိတ်အပင်ပန်းမခံနိုင်တာမို့
ပစ္စုပ္ပန်မှာဘဲ ကိုယ့်စိတ်ကိုထိန်းချုပ်ထားတယ်။

ဖြစ်ချင်တာတွေ ဖြစ်ချင်တဲ့အချိန်မှာ
ဖြစ်ခွင့်မရရင် ဘာကိုမှမဖြစ်ချင်တော့ဘူး။

အများအမြင်မှာ အသုံးမကျတဲ့လူဖြစ်နေပါစေ
ဘယ်သူ့ကိုမှထိခိုက်လိုစိတ်မရှိတာမို့ ဘာကိုမှလည်းဂရုစိုက်စရာမလိုဘူး။

ချစ်တဲ့စိတ်နဲ့ကြည့်ရင် ငါကအပြစ်အနာဆာကင်းလိမ့်မယ် မုန်းတဲ့စိတ်နဲ့ကြည့်ရင်တော့ ငါဘယ်တော့မှ လူကောင်းဖြစ်မှာမဟုတ်ဘူး။

🌻🤍
#ဖားစည်ရည်ကျော်

image
39 w - Translate

ကျရှုံးနေချိန်မှာ အတူရှိနေနိုင်တာဟာ
ချစ်ခြင်းမေတ္တာဖြစ်ပြီး

နာမကျန်းချိန်မှာ အနားရှိနေပေးတာက
မေတ္တာ ဖြစ်သလို

တတိယလူအတွက် ပူစရာမလိုတာဟာ
သစ္စာဖြစ်ပါတယ် ။

💭 || 9.11.2024

image

ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူ ၁၀ ဦး ထက်မနည်း ပျောက်ဆုံးနေ

နိုဝင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာက ကျောက်တူးဖော်တဲ့လုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျခဲ့တာကြောင့် ‌လူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတချို့အပြောအရ ဘီဘီစီက ကနဦး သိရပါတယ်။

မြေစာပုံ ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်တူးဖော်တဲ့နေရာမှာသုံးတဲ့ စက်ယန္တရား ၂ စီးလည်း ပြိုကျတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပျောက်ဆုံးနေတဲ့သူတွေကို အဲဒီလုပ်ကွက်တာဝန်ရှိသူတွေက တာဝန်ယူရှာဖွေပေးနေတာလည်း မရှိသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကူအညီတောင်းပြီး ရှာဖွေခိုင်းတာလည်းမရှိဘူးလို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးကတော့ “လုပ်ကွက်တာဝန်ရှိသူတွေက သတင်းတွေကို ဖုံးထားတဲ့သဘော၊ လူမှုကွန်ရက်မှာလည်း လူတွေပျောက်ဆုံးတဲ့သတင်း မတင်ဖို့ တားမြစ် ထား မြစ်ထားတယ်လို့ သိရပါတယ်။ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီတောင်းတာလည်း မရှိသေးဘူး” လို့ သူက ပြောပါတယ်။

ဖားကန့်မြို့ထဲက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေမှာ မြေစာပုံပြိုကျမှုတွေဖြစ်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

#centralnewsnaypyitaw

image

ဗိုလ်ချုပ်မှူးကြီး တရုတ်ခရီးစဉ်အပြန် ကထိန်သင်္ကန်းကပ်လှူပွဲလုပ်

နိုဝင်ဘာ ၁၂

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ခရီးစဉ်ကနေ ပြန်လည်ရောက်ရှိလာပြီနောက်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှာ ကထိန်သင်္ကန်းကပ်လှူဒါန်းပွဲ လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဝဇိရာနန္ဒ သုဗောဓာရုံကျောင်းတိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်နေ့အထိ သွားရောက်ခဲ့ပြီး စီးပွားရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးများကို တက်ရောက် ဆွေးနွေးခဲ့သည်။
ထို့နောက် တရုတ်ဝန်ကြီးချုပ် လီချန်၊ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်၊ လာအိုဝန်ကြီးချုပ် ဆီဖန်ဒုံ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်စ်တို့နှင့် သီးခြားစီ တွေ့ဆုံ၍ မြန်မာ့အရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ကုန်သွယ်ရေး ကိစ္စ များကို ဆွေးနွေးခဲ့သည်။

တရုတ်ခရီးစဉ်ကနေ နိုဝင်ဘာ ၁၀ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီးနောက် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကထိန် သင်္ကန်းကပ်လှူဒါန်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Credit - Central News Independence

#သတင်းဟင်းလေးအိုးကြီး

image