43 ပတ် - ဘာသာပြန်ပါ။

NECK TATTOO IDEAS 🔥🔥🔥

image
43 ပတ် - ဘာသာပြန်ပါ။

NECK TATTOO IDEAS 🔥🔥🔥

image
43 ပတ် - ဘာသာပြန်ပါ။

NECK TATTOO IDEAS 🔥🔥🔥

image
43 ပတ် - ဘာသာပြန်ပါ။

NECK TATTOO IDEAS 🔥🔥🔥

image
43 ပတ် - ဘာသာပြန်ပါ။

NECK TATTOO IDEAS 🔥🔥🔥

imageimage
+7

သူငယ်ချင်း မောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
(၃)
ကျွန်တော်တို့ မောင်စွမ်းရည် တို့တသိုက်က အညာသား တောသားတွေပါ။ ကိုသာနိုးကို လူထုသတင်းစာ၊ လူထုဂျာနယ်တွေမှာ ပါဝင်နေကျ သူ့စာတွေကိုဖတ်ပြီး အထက်တန်းကျောင်းသားဘဝကတည်းက သူ့နာမည်ကို ရင်းနှီးကြပြီးသားပါ။ ၁၉၅၇ ခုနှစ်မှာ တင်မိုးတို့ ကျွန်တော်တို့က မန္တလေးတက္ကသိုလ်ကို ကျောင်းသားအဖြစ် ရောက်လာကြပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက ကိုသာနိုးကို မမြင်ဖူးကြသေးပါဘူး။ မန္တလေးတက္ကသိုလ်က ကျောင်းသားတစ်ယောက်လို့တော့ သိထားနှင့်ကြပါတယ်။ ကိုသာနိုးကို မြင်ဖူးချင်လို့ စုံစမ်းကြရပါတယ်။ သူ ရွှေပြည်အေးကျောင်းဆောင် အပေါ်ထပ် အရှေ့ဘက်မျက်နှာပြုတဲ့ အခန်းတစ်ခန်းမှာ ကိုသာနိုးနေတယ်လို့ သိကြရပါပြီ။ အဲ့ဒီ ရွှေပြည်အေးကျောင်းဆောင်မှာပဲ သူ့ကို ပထမဆုံး မြင်ဖူးခဲ့ကြခြင်း ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်းကလည်း စာတွေအများကြီး ရေးနေပါပြီ။ “ရှေ့သို ့ “ဆိုတဲ့ လုံးချင်းဝတ္ထုတစ်အုပ်တောင် ထုတ်ဝေပြီးခဲ့ပါပြီ။ ကျွန်တော်တို့နှစ်ယောက်ကတော့ သူတို့ကို ကိုယ်တိုင်သွားပြီး မိတ်ဆက်ဖို ့သင့်ပေမဲ့ တောသားပီပီ မလုပ်နိုင်ခဲ့ကြ ပါဘူး။ အလေးစားလွန်တဲ့ သဘောပါပဲ။ ၁၉၅၇ ခုနှစ် ဇူလိုင်လထဲမှာပဲ ကိုသာနိုး က လွှတ်လိုက်လို့ ဆိုပြီးတော့ တက္ကသိုလ်ဝင်းက ကျွန်တော့်အခန်း ရွှေပြည်အေး ကျောင်းဆောင် အခန်းနံပါတ် ၅၄ ကို ရောက်လာပါတယ်။ “အဲဒီခေတ်တုန်းက မြန်မာစာဂုဏ်ထူးက အလွန်ရှားပါတယ်။ ကျွန်တော် တက္ကသိုလ်ဝင်တန်းအောင်တဲ့ ၁၉၅၅ တုန်းကတော့ တစ်နိုင်ငံလုံးမှာမှ ကျွန်တော်တစ်ယောက်တည်းပဲ ရခဲ့တာပါ။ တင်မိုး တက္ကသိုလ်ဝင်တန်းအောင်တဲ့ ၁၉၅၇ ခုနှစ်မှာတော့ တင်မိုးနဲ့ ကျောက်မဲက ကိုလူတင်တို့ နှစ်ယောက်တည်းသာ မြန်မာစာဂုဏ်ထူးနဲ့ ရခဲ့ကြတာပါ။ တင်မိုးနဲ့ ကျွန်တော့်ကို ကလောင်ရှင်အသင်း တာဝန်ယူကြဖို့ လာပြောတာပါ။
တင်မိုးနဲ့ကျွန်တော်လည်း တိုင်ပင်ပြီးတော့ တက္ကသိုလ်ဝင်းကိုယ်တိုင်ပဲ တာဝန် ယူပေးပါဦး။ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပေးပါဦးလို့ တောင်းဆိုကြရပါတယ်။ ကိုသာနိုး၊ မောင်စွမ်းရည်၊ မောင်ပေါက်စည်၊ ဝင်းကြွယ်၊ မောင်မိုးသူ စတဲ့ စာပေ သမားတွေက “ကျောင်းသားတပ်ဦး”နဲ့ “ကျောင်းသားသမဂ္ဂ”မှာ ရှိနေကြပါမယ်လို့ ဆိုပါတယ်။ တင်မိုးနဲ့ကျွန်တော် နှစ်ယောက်စလုံးက ကဗျာတွေ၊ စာတွေ အတော် များများ ရေးနေခဲ့ကြပါပြီ။ ကလောင်ရှင်အသင်းရဲ့ အတွင်းရေးမှူးနေရာမှာတော့ တင်မိုးပဲ တာဝန်ယူဖို့ အကြိမ်ပေါင်းများစွာ တိုက်တွန်းပေမဲ့ သူက ငြင်းပါတယ်။ ဒါကြောင့်သာ ကျွန်တော်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ဖို့ ဖြစ်လာရတာပါ။ကလောင်ရှင်သင်း ဖွဲ့စည်းရေး အစည်းဝေးမှာကျတော့ ဒုတိယဥက္ကဋ္ဌအဖြစ် တင်မိုးကို အများက အဆိုတင်ကြ၊ ထောက်ခံကြနဲ ့ဆိုတော့ တင်မိုးလည်း မငြင်းသာတော့ ပါဘူး။ ဒီလိုနဲ့ပဲ ကလောင်ရှင်အသင်းလည်း ရှင်သန်လာခဲ့ပါပြီ။
ကိုသာနိုးကတော့ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနေရာကို တစ်ကြိမ်တစ်ခါမှ သူ မထမ်းဆောင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းသားတပ်ဦးတို့၊ ကလောင်ရှင်အသင်းတို့ကို နောက်ကွယ်ကနေပြီး ဦးဆောင်ခဲ့တဲ့သူပါ။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတိုင်းကလည်း ကိုသာနိုးကို အလွန်လေးစားကြပါတယ်။ ကိုသာနိုးကို မန္တလေးတက္ကသိုလ် ကျောင်း သား၊ ကျောင်းသူတိုင်းက လေးလည်းလေးစား၊ ခင်လည်း ခင်မင်ကြပါတယ်။
#ဆက်ရန်ရှိ

43 ပတ် - ဘာသာပြန်ပါ။

Tea Master

image

image
43 ပတ် - ဘာသာပြန်ပါ။

Notre Dame ဘုရားကျောင်းမီးလောင်မှုဖြစ်ပွားပြီး ၅ နှစ်အကြာတွင် ၎င်း၏ပြန်လည်မွမ်းမံထားသောအတွင်းပိုင်းကို ထုတ်ဖော်ပြသခဲ့သည်။

image
43 ပတ် - ဘာသာပြန်ပါ။

Notre Dame ဘုရားကျောင်းမီးလောင်မှုဖြစ်ပွားပြီး ၅ နှစ်အကြာတွင် ၎င်း၏ပြန်လည်မွမ်းမံထားသောအတွင်းပိုင်းကို ထုတ်ဖော်ပြသခဲ့သည်။

image
image
image