ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ချစ်မဝနိုင်ဘူးဆိုတဲ့ စကားလုံးလေးဟာ တကယ်ရှိတယ်။
လူတစ်ယောက်ကိုတကယ်ချစ်မိတဲ့အခါ
သူ့ကိုချစ်တဲ့အချစ်က ယုတ်လျော့သွားခြင်းမရှိဘူး။
တစ်ရက်ပြီးတစ်ရက်၊ တစ်နေ့ပြီးတစ်နေ့၊
အချိန်တွေကြာလာတာနဲ့အမျှ သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဟာ ပိုပိုတိုးလာတတ်တယ်။
အရင်က ချစ်ခဲ့တာထက် အခု ပိုချစ်တယ်။
အခုချစ်တာထက် နောင်ကျရင် ပိုချစ်မယ် ။ ဒီလိုမျိုးလေး။
သူ့အပေါ်ထားတဲ့ ချစ်တဲ့စိတ်ကလေး တစ်ဖြည်းဖြည်း တိုးပွါးလာလေလေ၊ ချစ်လို့မဝနိုင်လေလေပဲ ။ သူ့ရဲ့ အပြုအမူအသေးအဖွဲလေးတွေကအစ ... ဘာမှ သဘောကျစရာမရှိတဲ့အချက်တွေထိ.... ဘာမှမလုပ်ပဲနေရင်တောင် ကိုယ့်မျက်စိထဲ ဘာကိုချစ်လို့ ချစ်နေမိမှန်းမသိတဲ့ အခိုက်အတန့်လေးတွေ။
ချစ်နေရင်းနဲ့ကိုချစ်မဝနိုင်တာပါ။
ဘယ်လောက်ထိချစ်လည်းဆိုတာမပြောပြတတ်တဲ့ထိ....
ဘယ်လောက်ထိ ချစ်နေလည်းဆ်ိုတာ မဖော်ပြတတ်တဲ့ ချစ်လို့ကို မဝနိုင်တာပါ။
ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းမှာ ဒီလိုဖြစ်ခဲ့ရဖူးတဲ့ တစ်ယောက်ယောက်တော့ ရှိခဲ့ဖူးမှာ အသေအချာပဲ။
ဘဝရဲ့ ချစ်မဝလေး ပေါ့
တစ်ယောက်ယောက်က်ို မြင်ယောင်မိပြီဆိုရင်တော့ သေချာပါတယ်။ ခင်ဗျားတွေးနေတဲ့တစ်ယောက်ဟာ ခင်ဗျားရဲ့ ချစ်မဝလေးပါပဲ။
Oak
💭 || 28.11.2024
စုတ်ပြဲပျက်စီးသွားတဲ့အရာတွေကို ပြန်ဖာထေးဖို့
ကျွန်မစိတ်မရှည်ဘူး။
ကောင်းခဲ့ဖူးတာကို မှတ်သားထားမယ်....။
အဲဒီအမာရွတ်ကို
တစ်သက်လုံးတော့ ကြည့်မနေချင်ဘူး....တဲ့... ။
လေရူးသုန်သုန်ဝတ္ထုထဲက ဇာတ်ဆောင်မင်းသမီး
စကားလက်အိုဟာရာကို ကျွန်မ သဘောကျလိုက်တာ..... ။
ဘာကြောင့် စုတ်ပြတ်သတ်နေတဲ့အရာတွေကို
တစ်မက်တစ်မောဖက်တွယ်နေရမှာတဲ့လဲ..... ။
ဘဝဆိုတာ ရှည်လျားတဲ့ပြေးလမ်းလိုပဲမလား........ ။
စိတ်ညစ်စရာတွေကို ဒီနေ့မစဉ်းစားသေးဘူး......။
မနက်ဖြန်မှ…...တဲ့လေ.... ။
ကဲ....
ဘယ်လောက်တောင် မိုက်ပြီး စတိုင်လ်ကျလိုက်တဲ့
အတွေးအခေါ်မျိုးလဲ..... ။
လေရူးသုန်သုန်စာအုပ်ကို ကျွန်မ စဖတ်ဖူးတော့
အသက် ဆယ့်ခြောက်နှစ်.... ။
စာအုပ်အထူကြီးတွေကို
စာအုပ်အငှားဆိုင်လေးကနေ ငှားဖတ်ခဲ့ရတာ။
ဒါတောင်..အဲဒီအချိန်တုန်းကဆို
ထားဝယ်ကစာအုပ်အငှားဆိုင်တွေမှာ
ဒီလိုစာအုပ်အကောင်းစားတွေသိပ်မရှိသေးတဲ့ခေတ်..... ။
အင်းစိန်ဖော့ကန်လမ်းထိပ်က
ပန်းမြိုင်လယ်စာအုပ်ဆိုင်လေးမှာ ကျွန်မငှားဖတ်ခဲ့ရတာ။
တစ်ရက်ကိုငှားရမ်းခ ၁၀၀ ကျပ်တဲ့... ။
စာအုပ်တွေကြားမှာပဲ
မူလတန်းအရွယ်လောက်တည်းကကျင်လည်လာခဲ့တာဆိုတော့
အဲဒီအချိန်တုန်းက
ကျွန်မစာဖတ်အားသိပ်ကောင်းသည်။
တစ်ရက်ကို ဝတ္ထုလေးငါးအုပ်လောက်ကတော့အသာလေး.... ။
လေရူးသုန်သုန်ကို အချိန်သိပ်မကြာပဲ
ဖတ်ပြီးသွားခဲ့ပေမယ့် သုံးရက်
လောက်ထိ ပြန်မအပ်သေးပဲ
ထပ်ခါထပ်ခါပြန်ဖတ်မိခဲ့ဖူးသည်။
အဲဒီ စကားလက်အိုဟာရာအကြောင်းကို
ကျွန်မထပ်ခါထပ်ခါပြန်ပြောပြမိတိုင်း
ဝေက ငေါက်ငမ်းတတ်သည်။
စကားလက်ဆိုတာ..... လေရူးလိုပဲ
ဖြစ်ချင်ရာဖြစ်ပြီးလွင့်ချင်ရာလွင့်တဲ့ မိန်းမဆိုပါလား.... ။
သူက မိလာနီကိုပဲ မြတ်နိုးသတဲ့..... ။
သစ္စာတရားကြီးမြတ်သောမိန်းမ...
ဖြောင့်မတ်တည်ကြည်သောမိန်းမ....
အားကိုးယုံကြည်ထိုက်သောမိန်းမ....
တစ်ယောက်ဆိုတစ်ယောက်ကိုပဲ....
အဲဒီတစ်ယောက်ကလည်း
အခြားအမျိုးသမီးတစ်ယောက်နဲ့သို့လော.. သို့လော
ဆိုတာကိုတောင်မှပဲ ကြည်ဖြူသေးသော မိန်းမကိုတဲ့လေ.... ။
စကားလက်ဆိုတာက သူ့အမြင်အရဆိုရင်
တစ်ဦးတစ်ယောက်ကိုချစ်ခင်မြတ်နိုးတယ်ဆိုပေမယ့်
နောက်ထပ်သောတစ်ဦးတစ်ယောက်
တွေကိုလည်း နေရာထပ်ပေးနိုင်သေးသော
ပေါ့ပျက်ပျက်အမျိုးအစားဆိုပဲ..... ။
အဲဒီတုန်းကတော့ ကျွန်မက သူနဲ့အငြင်းအခုန်သိပ်မလုပ်ချင်တော့
သူ့ရဲ့ စကားလက်မုန်းတမ်းတွေကို တော်ရုံသင့်ရုံလောက်တော့
နားထောင်ပေးလိုက်ဖူးသည်။
ယောက်ျားတွေ.... ။ယောက်ျားတွေ.... ။
သူတို့ကသာရင်ဘတ်ထဲမှာတစ်ယောက်ကိုသိမ်းပြီး ဦးနှောက်နဲ့
တစ်ယောက်ယောက်ကို ထပ်ရွေးရင်ရွေးကြမည်။
မိန်းမတွေကိုကျ လက်တွေ့လောကထဲမှာမဆိုနဲ့ဦး... ။
စာအုပ်ထဲကဇာတ်ကောင်အမျိုးသမီးကိုတောင်မှပဲ ဖြူစင်သန့်ရှင်းပြီး
သူတို့အလိုကျဖြစ်စေချင်ကြတာ.... ။
သူဆိုသူမှ တစ်ယောက်တည်းကိုပဲ စောင့်စားနေစေချင်ကြသည်။
သူဆိုမှသူကိုပဲ နေရာပေးစေချင်ကြသတဲ့.... ။
မိန်းမတွေကကော..... ခန္ဓာကိုယ်တည်ဆောက်ပုံချင်းမတူတာကလွဲပြီး
သူတို့နဲ့ဘာမတူတာများရှိလို့လဲ.... ။
ချစ်တတ်တယ်.... ။
မုန်းတတ်တယ်... ။
ဖက်တွယ်တတ်တယ်.... ။
စွန့်လွှတ်တတ်တယ်.....။
တစ်ယောက်ယောက်ကိုချစ်ခင်မြတ်နိုးနေတယ်ဆိုပေမယ့်....
အဲဒီတစ်ယောက်ဆီက ဥပေက္ခာတရားကိုပဲ လက်သင့်ခံရတဲ့အခါ
နောက်ထပ်သော ကိုယ့်ကိုအမြတ်တနိုးရှိပါတယ်ဆိုသော သူဆီ
ခိုဝင်တတ်တယ်.... ။
မှီခိုလို့ရလောက်မယ်......
နာကျင်မှုတွေကိုသက်သာစေလောက်မယ်.... ဆိုတဲ့သူဆီကနေ
ကြင်နာခြင်းတွေကို လက်ခံနိုင်ခွင့်ရှိတယ်မလား.... ။
ဘာကြောင့်.... ပျက်စီးစုတ်ပြဲနေတဲ့အရာကိုပဲ ပြန်ဖာထေးပြီးအသုံးပြု
နေရမှာတဲ့လဲ.... ။
အမှတ်တရတွေကို အမှတ်တရအဖြစ်ပဲ သိမ်းထားလိုက်ရင်း
ဒီနေ့ကို ဒီနေ့မှာပဲဖြတ်သန်းခွင့် မိန်းမတွေမှာလည်းအပြည့်အဝအခွင့်
အရေးရှိကြောင်း အခွင့်အရေးရှိသေးရင်တော့ ဝေ့ကို ကျွန်မ
ပြောပြချင်သေးတာ... ။
ဒီနေ့ လေရူးသုန်သုန်စာအုပ်ကိုပြန်ဖတ်ဖြစ်တော့
စကားလက်အိုဟာရာ ကို ကျွန်မလွမ်းရပြန်သည်။
ဝေ့ကိုတော့ဖြင့် ကျွန်မ မလွမ်းလိုတော့.... ။
လွမ်းခွင့်လည်းမသာတော့.... ။
ဝေက သူ့ရဲ့ မိလာနီလေးနဲ့အတူတူ
သူ့ပြေးလမ်းပေါ်မှာသူပဲမလားလေ.....။
💖💖💖💖💖
ဝေ....
ညတာရာလင်း(ထားဝယ်)
19.6.2024
12:25pm
#ညတာရာလင်း
ကျွန်တော်ကလေ ကိုယ် သဘောကျရတဲ့
လူ တစ်ယောက်ကို ကိုယ့်ဘက်က
အရင် စခေါ်လေ့ရှိပါတယ်၊
အဲ့ဒီလူကို ကိုယ့်ဘက်က စပြီးခေါ်ရပြောရလို့
ဘယ်တုန်းကမှ အောက်ကျတယ်လို့မခံယူခဲ့ဘူး၊
တစ်ကယ်တော့ ကျွန်တော်က လူတိုင်းကို
ကိုယ့်ဘက်က စကားစပြီး ပြောတတ်တဲ့
သူမျိုးမဟုတ်ပါဘူး ကျွန်တော့်ဘက်ကစပြီး
စကားပြောပြီဆို အဲ့လူကို ကိုယ့်စိတ်ထဲမှာ
တော်တော်လေး ရင်းနှီးနေလို့ပါ၊
ဒါပေမယ့် ...
ကိုယ်က အဲ့ဒီလူအတွက် အနှောင့်အယှက်
ဖြစ်နေမလားဆိုတဲ့ အတွေးဝင်သွားရင်တော့
အတတ်နိုင်ဆုံး စကားသွားမပြောပဲနေပြီး
ကိုယ့်ဘာသာ ကြိတ်ခံစားတော့တာပါပဲ။
ကျွန်တော့်ဘက်က စပြီး စကားပြောဖူးရင်
အဲ့ဒီလူက ကျွန်တော့်ဘဝထဲမှာ တော်တော်
အရေးပါတယ်လို့ သတ်မှတ်ထားတဲ့ သူမို့ပါ
ကျွန်တော့်ဘက်က စကား စပြောလေ့ရှိပြီး
နောက်ပိုင်း တိတ်ဆိတ်သွားခဲ့ပြီ ဆိုတာလဲ
အဲ့လူကို.....
မရင်းနှီးတော့လို့ မဟုတ်ပဲ ကိုယ့်ကြောင့်
အနှောင့်အယှက် ဖြစ်နေတယ်ထင်မိလို့ပါ။
#crd_to_owner
#minyellthuzar
ဒီအချိန်မှာ
ဘာမှ မဟုတ်တာလေးနဲ့ကအစ
ကိုယ်က ထိလွယ်ရှလွယ်နေတယ်ထင်တယ်
ဒီအရပ်မှာ
နေလို့ ပျော်မနေဘူးဆိုရင်
အရင်လို သည်းခံပြီး နေလို့
အဆင်မပြေနေတော့ဘူး
ပြေးထွက်ဖို့ပဲတွေးတယ် ။
စကားတွေပြောလို့မှ
အဆင်မပြေဘူးဆိုရင်
အရင်လို ငြင်းခုန်မနေချင်တော့ဘူး
တိတ်ဆိတ်လိုက်ဖို့ပဲ ရွေးတယ် ။
တစ်စုံတစ်ယောက်ရှိဖို့ လိုအပ်တယ်ဆိုပေမယ့်
အဲ့ဒီလူက
ကိုယ့်ကို နားမလည်ဘူးဆိုရင်
တစ်ယောက်တည်းနေလိုက်တာပဲ များတယ် ။
အများကြီး ရှင်းပြမနေချင်တော့ဘူး
ပြီးတော့ ...
စိတ်တွေက
နောက်ထပ် အဆင်မပြေမှုဆိုတာ
မကြုံချင်လောက်အောင်
ပင်ပန်းနေတာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ် ။
ကိုယ်ဟာ ...
ပုံမှန်ထက်ပိုပြီး
လေဖြည့်ထားခံရတဲ့
မိုးပျံ ပူပေါင်းလေးတစ်လုံးလိုပါပဲ
အပ်တစ်ပေါက်စာ
ဒါမှမဟုတ်
တစ်ခုခု ထိမှန်လာတာနဲ့
ပေါက်ကွဲဖြစ်ဖို့ များတယ်
ဒါကြောင့်ပဲ ...
ဘယ်သူမှ ရှိမနေတဲ့အရပ်မှာ
တစ်ယောက်တည်း တိတ်ဆိတ်နေတာမျိုးက
ပိုပြီးတော့ အဆင်ပြေတယ်
အခုချိန်မှာလေ
ဘယ်သူ့ကိုမှ
ဘာအကြောင်းမှ မပြောချင်လောက်အောင်
စိတ်တွေက ပင်ပန်းလို့ ။
#ကျေးကို
ရွာငံမှာ အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရ
နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာမှာ နိုဝင်ဘာလ ၂၆ရက်၊ ညပိုင်းအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားတယောက်တို့ သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဘုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးနိုင်နဲ့ ဦးဆန်းဦးတို့ဟာ ဦးဇော်မျိုးနိုင်ရဲ့ နေအိမ် ဧည့်ခန်းမှာ စကားထိုင်ပြောနေစဉ် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ယောက်က ဝင်ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
“ည ၆နာရီလောက်မှာ ယောက်ကျားလေးနှစ်ယောက်ဝင်လာပြီး သေနတ်နဲ့ ပစ်သွားတာ။ အဲဒီနေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်။ လာပစ်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်။ အခုထိတော့ ဖမ်းဆီးရမိတာ မရှိသေးဘူး။ ဘယ်အဖွဲ့ကလာပစ်တာ၊ ဘာကြောင့်လာပစ်တယ်ဆိုတာလည်း မသိရသေးဘူး”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် နစကတပ်ဖွဲ့က ကျေးရွာတွင်းကို လာရောက်တပ်စွဲထားကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး လုံခြုံရေးအခြေအနေ တင်းကြပ်ထားတာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၁)ရက်ကလည်း ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ကာ ပစ်ခတ်သွားသူတွေကို လက်ရှိအချိန်ထိတော့ ဖမ်းဆီးရမိတာမရှိသေးဘူးလို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး