Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သူများတွေက လူကြားထဲသွားလို့
လူတွေကြည့်တာခံရရင် ငါလှလို့ကြည့်တာဆိုပြီး
confidence ရှိရှိတွေးလိုက်ကြတာဆိုပေမယ့်
အိုင်ကြ လူတွေ ကြည့်တာခံရရင်
ငါ့ဘောင်းဘီဖင်များ ပေါက်နေလို့လား၊
ဇစ်များပြုတ်နေလို့လား၊
မိတ်ကပ်က သရဲနဲ့တူနေလို့များလား၊
ငါ့ရုပ်ကြီးကထူးဆန်းနေလို့လားဆိုပြီး လန့်တာဟေး 🥹
ဘယ်သူမှကြည့်မနေရင် confidence ရှိသေးတယ်။
၁ယောက် ၂ယောက်လောက် ကြည့်တာခံလိုက်ရတာနဲ့
အကြီးစား မနေတတ်တွေဖြစ်တာ။
ဝက်ခြံအတွက် ဒါတွေရှောင်ပါ..
(၁) whitening emulsion(နို့ရည်) ကို ဝက်ခြံထွက်နေစဉ် မသုံးသင့်ပါ။
(၂) ဝက်ခြံထွက်နေစဉ် ရွှံ့စေးမျက်နှာဖုံးတွေ မသုံးပါနဲ့။
(၃) အဆီပြန်တဲ့ မျက်နှာမှာ vaseline အဆီတွေ မလိမ်းသင့်ပါ။ ဝက်ခြံပိုထွက်တတ်တယ်။
(၄) မိတ်ကပ်ရွေးရာတွင် အဆီနဲ့သိပ်ထားတဲ့ pressed powder ထက် loose powder ကိုသာ ရွေးချယ်သင့်ပါတယ်။
(၅) ဝက်ခြံပေါက်သူမိန်းကလေးများရဲ့ (၄၅)ရာခိုင်နှုန်းဟာ အသားဖြူစေတဲ့ emulsion သို့မဟုတ် foundation များကြောင့်ဖြစ်ကြောင်း တွေ့ရှိရ။
ဝက်ခြံကပေါက်သေး၊ ဒီကြားထဲ အသားကလည်း ဖြူချင်သေးတော့ မလုပ်ကြနဲ့ ..
ဒေါက်တာအေးမင်းထူး
လယ်ဝေးမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့
နေပြည်တော်၊ လယ်ဝေးမြို့ကိုဗဟိုပြု၍ ယနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
လယ်ဝေးမြို့၏ အနောက်-အနောက်တောင်ဘက်(၁၄)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၉ ဒသမ ၅၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၉၁)ဒီဂရီ၊ အနက်(၂၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ နံနက် ၁၁ နာရီ ၃၂ မိနစ် ၅၈ စကစက္ကန့်က အင်အား ရစ်(ခ်)တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်ခဲ့ခြင်းကို နေပြည်တော်မြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးဇလထံမှ သိရသည်။