43 w - Translate

🤎🤎🤎🤎

image
43 w - Translate

🤎🤎🤎🤎

image
43 w - Translate

🤎🤎🤎🤎

image
43 w - Translate

🤎🤎🤎🤎

image
43 w - Translate

🤎🤎🤎🤎

image
43 w - Translate

🤎🤎🤎🤎

image
43 w - Translate

🤎🤎🤎🤎

image
43 w - Translate

🤎🤎🤎🤎

imageimage
+6

ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ

နေပြည်တော်၊ ဒီဇင်ဘာ ၃

ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [Unity and Development Party (UADP)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ACE အိမ်ရာ၊ စိန်ပန်းလမ်း၊ ခြံအမှတ် (၂၆)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [Unity and Development Party (UADP)] ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာထားသည်။

ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ [Unity and Development Party (UADP)] ၏ မှတ်ပုံတင်အမှတ်မှာ (၅၅)ဖြစ်သည်။

#သတင်းဟင်းလေးအိုးကြီး

image

ထိုင်းနိုင်ငံ အကြီးဆုံးကျားဖြန့်ဂိုဏ်းက ထွက်ပြေးနေတဲ့ ခေါင်းဆောင် ကမ္ဘောဒီးယားနယ်စပ်မှာဖမ်းမိ

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃

ကမ္ဘောဒီးယားနယ်စပ်အနီးမှာရှိတဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကျားဖြန့် (အွန်လိုင်းငွေလိမ်ဂိုဏ်း) ရဲ့ ခေါင်းဆောင်လို့ သံသယရှိတဲ့ တရုတ်လူမျိုးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်နေ့ (တနင်္လာနေ့) က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၃၅ နှစ်အရွယ် ဒီမင်းဝန်ဆိုသူ တရုတ်အမျိုးသားကို ဆာကီယိုမြို့နယ် ဖမ်းဆတ်ခရိုင်ခွဲ၊ ဘန်းနန်ဆိုအေကျေး ရွာမှာရှိတဲ့ ကမ္ဘောဒီးယားဘက်ကို သွားတဲ့လမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ရာဇဝတ်မှုနှိမ်နှင်းရေးတပ်ဖွဲ့အကြီး အကဲ ရဲချုပ် မွန်ထရီထက်စ်ခန်းက ပြောပါတယ်။

မစ္စတာဒီမင်းကို ချင်းမိုင်ပြည်နယ်က အငှားအိမ်အများအပြားမှာ တပ်ဆင်ထားတဲ့ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ဆင်းကတ်ထည့်တဲ့သေတ္တာတွေ၊ ဆင်းကက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး သံသယ ရှိနေတာဖြစ်ကြောင်း ရဲချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့လက ချင်းမိုင်ပြည်နယ်က အငှားအိမ်အများအပြားကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ဖုန်းဆင်းကတ် ၅၉၀,၀၀၀ ပါ ဆင်းကတ်ဘူး ၆၄၂ ဘူး၊ ကွန် ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅ လုံး၊ ဆင်းကတ် Reader ၄၇ ခု သိမ်းဆည်းရရှိခဲ့ကြောင်း ဗဟိုစုံစမ်းစစ် ဆေးရေးဗျူရို (CIB ) က နိုဝင်ဘာ ၂၇ ရက်နေ့ကကျင်းပခဲ့တဲ့ သတင်း စာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းစဉ်အတွင်း အဆိုပါတရုတ်အမျိုးသားဟာ ချင်းမိုင်ကနေ နခုန်ဆာဝန်ကို ကားမောင်းထွက် ပြေးသွားပါတယ်။

နခုန်ဆာဝန်ရောက်တဲ့အချိန်မှာ ၎င်းရဲ့ကားကို စွန့်ပစ်ခဲ့ပြီး ဘန်ကောက်ကို လိုင်းကားစီးသွားတယ်လို့ ဆိုပါတယ်။

၎င်းရဲ့ တရုတ်လူမျိုးဇနီးသည်ဖြစ်သူ ယင်ရှောင်းယင်က မစ္စတာဒီမင်း ထွက်ပြေးနိုင်ဖို့အတွက် ဘန်ကောက်ကနေ ကမ္ဘောဒီးယားနယ်စပ်နဲ့ ထိစပ်နေတဲ့ ဆာကီယိုမြို့နယ်ထဲကို သွားရောက်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။

မစ္စတာဒီမင်းက ၎င်းရဲ့ ထိုင်းလူမျိုးဇနီးသည် အဖမ်းခံနေရတာကို မသိခဲ့ဘဲ ဆာကီယိုမြို့မှာရှိတဲ့ ရောင်းကလူယာဈေး ကို သွားရောက်လည်ပတ်ဖို့သာ စီစဉ်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောပါတယ်။

မစ္စတာဒီမင်းရဲ့ အသက် ၃၇ နှစ်အရွယ် တရုတ်လူမျိုးဇနီးသည်ကိုလည်း တနင်္ဂနွေနေ့က သုဝဏ္ဏဘူမိလေဆိပ်မှာ ရဲ တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Ref: Thailand's biggest call scam centre boss arrested near Cambodia

#centralnewsnaypyitaw

image
image
image