ထိုင်းရှိ ရွှေ့ပြောင်းများကို တစ်လလွတ်လပ်စွာ နေထိုင်ခွင့်ပြု

ဒီဇင်ဘာ ၃

ထိုင်းနိုင်ငံတွင် ‌တရားမဝင် အလုပ်လုပ်ကိုင်နေသူများအားလုံးကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃၀ ရက်နေ့အထိ တစ်လတိတိ လွတ်လပ်စွာ နေထိုင်ခွင့်ပြုကြောင်း ထိုင်းအာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။

ထိုကိစ္စသည် ထုတ်ပြန်ချက်အဖြစ် ထွက်ရှိထားပြီးဖြစ်သော်လည်း ထိုင်းတော်ဝင်မိသားစုဘက်မှ အတည်ပြု လက်မှတ် ထိုးပြီးမှသာ အကျုံးဝင်မှာဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်

၎င်းက “မနေ့ကအထိကတော့ အဲဒီဟာက ထုတ်ပြန်ချက်အနေနဲ့ ထွက်ထားတာတော့ ဟုတ်တယ်။ ဒါပေမယ့် အဲဒီဟာကို အတည်ပြုတဲ့ဟာ မပါသေးတော့ အကျုံးမဝင်သေးဘူးလို့ ပြောလို့ရတာပေါ့။ စာထဲမှာကိုပဲ အဲဒီလို ရေးထားတာကို။ ဒီထုတ်ပြန်ချက်ကို တော်ဝင်ဘက်ကနေ အတည်ပြု လက်မှတ်ထိုးပြီးမှ ဒီဟာက အကျုံးဝင်မယ်။ အခု သူတို့အနေနဲ့က ရှုပ်ထွေးနေတဲ့ အခြေအနေ ဖြစ်နေတာကို။ ရှုပ်ထွေးနေတယ်ဆိုတာက အခု လူအဟောင်း ပေါ့နော်။ ရှိပြီးသားလူတွေ သက်တမ်းတိုးရမယ့်ကိစ္စရယ်၊ အထောက်အထားမရှိတဲ့ အုပ်စုရယ်၊ မှီခိုတဲ့ အုပ်စုရယ် ဒါတွေကို တိုးပေးဖို့ ဖြစ်တဲ့အခါကြတော့ သူတို့မှာလည်း အွန်လိုင်းကနေ အီလက်ထရောနစ်စနစ်နဲ့ သွင်းတဲ့အခါ အခက်အခဲရှိတာတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက မြန်မာဘက်နဲ့ ညှိနှိုင်းနေတဲ့ အခြေအနေမျိုး ရှိတာကို။ မြန်မာဘက်က တောင်းဆိုတဲ့ဟာတွေက အတိအကျတော့ မသိရပေမယ့် အကြမ်းဖျင်း သိရသလောက် အထောက်အထား သက်တမ်းတိုးတဲ့ အုပ်စုဆိုရင် လက်မှတ်အသစ်တွေ ပြန်လုပ်ရမယ်၊ အခွန်မဖြစ်မနေ ဆောင်ရ မယ်။ နေရပ်ကို ပြန်ပြီးတော့ ငွေလွှဲရမယ်။ MOU စနစ်အတိုင်း ပြန်သွားရမယ်။ တော်တော်လေး ခက်ခဲတာပေါ့။ တစ်သီးပုဂ္ဂလ အလုပ်ရှင်တွေက အများကြီးကို” ဟု ပြောသည်။

ထိုအမိန့် ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် PV, PJ, CI စသည့် အထောက်အထား စာအုပ်များ ကိုင်ဆောင်၍ အလုပ်လုပ်နေသော်လည်း စာအုပ်သက်တမ်း ကုန်ဆုံးနေသူများနှင့် အထောက်အထား ဘာတစ်ခုမှ လုံးဝမရှိသည့် ရွှေ့ပြောင်းလုပ်သားအားလုံး အကျုံးဝင်မည်ဖြစ်သည်။

ထိုသို့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို လွတ်လပ်စွာ နေထိုင်ခွင့် ပြုထားသော်လည်း အလုပ်ရှင်များ အနေဖြင့် သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားစီမံခန့်ခွဲရေးရုံးသို့ မိမိအလုပ်သမားများ၏ နာမည်၊ နေရပ်လိပ်စာ၊ အသက်၊ မည်သည့်နိုင်ငံသား စသည့် အချက်အလက်များအား ပေးပို့ထားရမည်ဖြစ်ကြောင်း သိရသည်။

ယခင်ကလည်း ယခုကဲ့သို့ လွတ်လပ်စွာ နေထိုင်ခွင့်ပြုခြင်းများအား ပြုလုပ်ပေးလေ့ရှိကြောင်း၊ ထိုသို့ ပြုလုပ်‌ ပေးသည့် သက်တမ်း ကျော်လွန်သွားပါက အဖမ်းအဆီးများ ရှိလာကြောင်း ထိုင်းတွင် ရွှေ့ပြောင်းလုပ်ကိုင်နေသူ ကိုမိုးလေးက ပြောသည်။

၎င်းက “ဖြစ်မယ့် အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်လထဲမှာ သူတို့က အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား အကုန်လုံးကို ဧည့်စာရင်းတိုင်သလိုပေါ့ ဘယ်အိမ်မှာနေတယ်၊ ဘယ်သူဋ္ဌေးဆီမှာရှိတယ်။ သူတို့ကောက်နေတယ်။ ကောက်တဲ့ဟာကို သူတို့က အထောက်အထား မရှိတဲ့သူတွေက ဘယ်အိမ်မှာနေတယ် ဆိုတာ တင်ထားပြီးပြီဆိုရင် ဒီလူတွေက အထောက်အထားရှိတဲ့ လူတွေလိုဖြစ်သွားသလို ဖမ်းလို့မရဘူး။ နယ်ကျော်တာတို့ ဘာတို့ မိရင်တော့ မိပေါ့လေ။ ဒီလနောက်ပိုင်းကတော့ သူတို့ ဒီတစ်လ ပြည့်သွားရင်တော့ ဖမ်းမယ့် အနေအထားတွေတော့ ရှိတာပေါ့။ သူတို့ ဥပဒေအတိုင်းပဲလေ။ အခုလက်ရှိဖြစ်နေတဲ့ ပြဿနာက လာမယ့်နှစ် ၂ လပိုင်းမှာ အထောက်အထားတွေ၊ ဗီဇာ၊ ဝေ့ါပါမစ်တင်တဲ့လူတွေက အခုလက်ရှိ ဘာတစ်ခုဖြစ်နေလဲ ဆိုတော့ မြန်မာဘက်အခြမ်းက လက်မခံတာက အခွန်လိုချင်တာပေါ့။ ဒီကိစ္စတစ်ခုတော့ ပြဿနာတက်နေတယ်” ဟု ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ အပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် ဘတ်ပန်းရောင်ကဒ်အား ဒီဇင်ဘာလ နောက်ဆုံးထား၍ ပြုလုပ်ကြရန် အလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုကိစ္စအား စက်တင်ဘာလ ၂၄ ရက်နေ့က ထိုင်းဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြုထားပြီးဖြစ်သော် လည်း ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုးရန် တင်သွင်းထားဆဲဖြစ်ကြောင်း သိရသည်။

ပုံ - ထိုင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

#centralnewsnaypyitaw

image

ရန်ကုန်မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေ ဖျက်သိမ်းပြီး မီနီအိုးဝေနဲ့ ပြေးဆွဲခွင့်ပြုမယ်လို့ သတင်းထွက်နေ

ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အနှေးယာဉ်အဖြစ်ခရီးတိုပြေးဆွဲပေးနေတဲ့ ဘေးတွဲဆိုင်ကယ်တွေကိုဖျက်သိမ်းပြီး မီနီအိုးဝေတွေကိုအစားထိုးပြေးဆွဲခွင့်ပြုသွားမယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။

"အခုဘေးတွဲဆိုင်ကယ်တွေကို ပိတ်သိမ်းမယ်လို့ သတင်းတွေထွက်နေတယ်။ ဘယ်ကာလလောက် ဖြစ်မလဲဆိုတာတော့ အတိအကျမသိရ သေးဘူး။ကြားနေရတာကရန်ကုန် တိုင်းကမြို့နယ် ငါးခုလောက်မှာမီနီအိုးဝေလေးတွေကိုပေးသုံးဖို့ရှိတယ်၊ခွင့်ပြုသွားမယ်လို့ကြားနေတယ်။လူကြီးတွေကဒါကိုစီမံချက် တခုအနေနဲ့လုပ်နေတယ်ကြားတယ်။ ဘေးတွဲတွေကိုတော့အကုန်သိမ်းမယ်ပေါ့နော်။ အဲဒီလိုလေးတော့ကြားနေရပါတယ်"လို့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပြပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းက ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ ဒဂုံ(၄)မြို့နယ် အပါအဝင် လှိုင်သာယာ၊ရွှေပြည်သာတို့နဲ့ မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေကို ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။

နောက်ပိုင်းကာလတွေမှာတော့ ရန်ကုန်တိုင်းအတွင်းက ဘေးတွဲဆိုင်ကယ်တွေအားလုံးကို ဖျက်သိမ်းပြီး မြောက်ဒဂုံမြို့နယ်မှအပ ကျန်ရှိတဲ့ ဒဂုံတောင်ပိုင်းမြို့နယ်၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊လှိုင်သာယာမြို့နယ်နဲ့ ရွှေပေါက်က္ကံမြို့နယ် အစရှိတဲ့မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်အစားမီနီအိုးဝေတွေကိုပြေးဆွဲဖို့ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ မီနီအိုးဝေတွေကိုအသုံးပြုခွင့်ပေးထားသကဲ့သို့ အခုထွက်ပေါ်နေတဲ့ သတင်းတွေရ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာလည်း မီနီအိုးဝေတွေကိုအသုံးပြုခွင့်ပေးဖို့ရှိနေတာဖြစ်တယ်လို့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

"အခုရန်ကုန်တိုင်းက မြို့နယ်တွေမှာ အိုးဝေတွေကိုပေးသုံးဖို့ လုပ်ဖို့ စီမံချက်ရှိနေတယ်ကြားတယ်။ ဆိုင်ကယ်ဘေးတွဲတွေကိုသိမ်းမယ်၊သိမ်းပြီးလို့ရှိရင်အိုးဝေကိုလိုင်စင်ပြန်ချပေးမယ်လို့ကြားတယ်"လို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ထပ်လောင်းပြောပြပါတယ်။

ယခုလိုဆိုင်ကယ်ဘေးတွဲတွေအစား မီနီအိုးဝေတွေကိုခွင့်ပြုမယ်ဆိုတာက လတ်တလောမှာတော့ဖြစ်နိုင်ချေနည်းပါးနေသေးပြီး မီနီအိုးဝေထက် ဘေးတွဲဆိုင်ကယ်တွေက ခရီးသည်ပိုမိုရရှိပြီးတော့ ဈေးကွက်မှာလည်းအလုပ်ဖြစ်နေကြတယ်လို့ ရန်ကုန်မြို့ရှိ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူတယောက်က သူရဲ့အမြင်ကို အခုလိုပြောပြပါတယ်။

"ဘေးတွဲကပိုပြီးအလုပ်ဖြစ်တယ်ပြောလို့ရပါတယ်။ဘေးတွဲက ခေါက်တိုလည်းလိုက်လို့ရတယ်။၁ဝဝဝ ၊၁၅ဝဝ ခရီးလေးတွေလိုက်လို့ရတယ်။အိုးဝေကျတော့အောက်ထိပ်ကအနည်းဆုံး ၅ဝဝဝ လောက်ရမှလိုက်လို့ရမယ်။ဆွဲရတာလည်းခက်တယ်။အခုအိုးဝေတစီးကို သိန်းရာကျော်သွားပြီ။အရင်ကဆို ဆို ၃၅ သိန်း၊သိန်း ၄ဝ လောက်နဲ့ရတယ်။အခုကသိန်းတစ်ရကျော်သွားပြီ။သူ့တစီးစာက ဘေးတွဲ ၅ စီးစာလောက်ဖြစ်သွားတယ်။ဘေးတွဲဆိုင်ကယ်တစီးရဲ့ဈေးက ဘီးကောင်းရင် သိန်း ၂ဝ ကျော်တယ်။ဘီးမကောင်းရင် ၁ဝ သိန်းပတ်ချာလည်လောက်နဲ့ရတယ်။သူ့ရဲ့အုံနာကြေးက ဘီးကောင်းရင်တနေ့ ၅ဝဝဝ အထိရတယ်။ဘီးမကောင်းရင် တနေ့ ၃၅ဝဝ လောက်ရတယ်။မီနီအိုးဝေကျတော့ ထိန်းသိမ်းရလည်းခက်တယ်။ပြင်ဆင်စရိတ်ပိုများတယ်။နောက်ဆီဖိုးနဲ့ ဆိုအုံနာကြေးရှာဖို့ တောင်မလွယ်ကူဘူးပေါ့။ဘေးတွဲကတိုတိုထွာထွာလေးတွေဆွဲလို့ရတယ်။ ဘေးတွဲက အဲဒါတချက်အားသာတယ်။မီနီအိုးဝေကျခေါက်တိုလိုက်ရင်မကိုက်တော့ပြန်ဘူး။ဘေး တွဲတွေကျအခုမြို့နယ်ကသူ့အမှတ်စဉ်အလိုက်လိုင်စင်သဘောမျိုးအသိအမှတ်ပြုကတ်လေးတွေထုတ်ပေးထားတာရှိတယ်။နောက်ပြီးသူ့သတ်မှတ်အင်္ကျီရပ်ကွက်အုပ်ချုပ် ရေးရုံးမှာထုတ်ပြီးလို့ရှိရင်ဘေးတွဲစမောင်းလို့ရပါပြီ"လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ အနှေးယာဉ်ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ တယောက်က ပြောပြပါတယ်။

ဆက်ပြီးတော့ ရန်ကုန်တိုင်းမြို့နယ်တခုရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကလည်း "ဘေးတွဲဆိုင်ကယ်တွေဖျက်သိမ်းဖို့ကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကိုညွှန်ကြားချက်တစုံတရာ ပေးထားတာမျိုး၊စာထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး"လို့ ပြောပြပါတယ်။

"မြောက်ဥက္ကလာပမြို့နယ်ကကြားတာကတော့ ဘေးတွဲလိုင်စင်တွေကိုအကုန်ဖျက်သိမ်းမယ် လို့ကြားတာနှစ်ရက်လောက်ရှိပါပြီ။ အတိအကျတော့အတည်ပြုလို့မရသေးပါဘူး"လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်က ထပ်လောင်း ပြောပြပါတယ်။

ဈေးကွက်အရလည်း ဆိုင်ကယ်ဘေးတွဲတစီးရဲ့ဈေးနှုန်းနဲ့ မီနီအိုးဝေတစီးရဲ့ ဈေးနှုန်းဟာကွာဟမှုတွေများစွာ ရှိနေတဲ့ အတွက်ဘေး တွဲဆိုင်ကယ်တွေဖျက်သိမ်းခံရပါက မီနီအိုးဝေကိုဝယ်ယူပြေးဆွဲနိုင်မယ့်ဦးရေဟာလည်း နည်းပါးသွားမယ်လို့ ဘေးတွဲဆိုင်ကယ်အနှေးယာဉ်လုပ်သားတွေက ဆိုပါတယ်။

စုံစမ်းသိရှိမှုတွေအရမီနီအိုးဝေတွေရဲ့ဈေးနှုန်းဟာ တစီးကိုကာလပေါက်ဈေးသိန်း ၁၈၀ ကနေ သိန်း ၂ဝဝ နီးပါးပတ်ချာလည်အထိဈေးရှိနေပြီး ဘေးတွဲဆိုင်ကယ်တစီးရဲ့ဈေးနှုန်းကလည်းကျပ် ၁ဝ သိန်းဝန်းကျင်ကနေ ဘီးကောင်းရင်ကောင်းသလို ကျပ်သိန်း ၃ဝ နီးပါးအထိဈေးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

နေပြည်တော်မှာ ရဲကားနဲ့အိမ်စီးကားတိုက်မိလို့ ဒုရဲအုပ်အပါအဝင်နှစ်ယောက်သေပြီး ၁၂ယောက် ဒဏ်ရာရ

ဒီဇင်ဘာ ၃

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုံ၊ ရွှေ ပြည်တော်ဝင်လမ်းနှင့် သဇင်လမ်းလမ်းဆုံမှာ ဒီဇင်ဘာလ ၂ ရက်နေ့ညပိုင်းက လုံခြုံ ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားနဲ့အိမ်စီးကားတို့တိုက်မိပြီး ရဲတပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးကာ ဆယ်ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ယာဥ်တိုက်မှုမှာသေဆုံးသူနှစ်ယောက်မှာ ဒုရဲအုပ်တယောက်နဲ့ အခြားရဲတပ်ဖွဲ့ဝင် တယောက်တို့ဖြစ်တယ်လို့သိရပါတယ်။

" ဖြစ်တာက ရဲလုံခြုံရေးသွားတဲ့ကားနဲ့အိမ်စီးကားတိုက်တာပါ။နှစ်ယောက်သေ ဆုံးတယ်။ ၁၂ယောက်ဒဏ်ရာရတယ်။ လမ်းဆုံဆိုတော့တိုက်မိတာ။ဖြစ်စဥ်မှာအကြမ်းဖျင်းသိရတာတော့ ကားပေါ်မှာကတပွင့်၊နှစ်ပွင့်၊ ဒုရဲအုပ်၊ရဲအုပ်တွေချည်းပဲ။ကျန်တဲ့ဒဏ်ရာရသူတွေထဲမှာတော့ အသက်စိုးရိမ်ရတာမျိုးမရှိပါဘူး။ကျိုးတာပဲ့တာတွေရှိပါတယ်။ " လို့ နေပြည်တော်က လူမှုကူညီရေးအသင်းအဖွဲ့ဝင်က ပြောပြပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားခဲ့တဲ့ကားက ဒက္ခိဏသီရိမြို့နယ်အတွင်း ညဘက်လုံခြုံရေး ကင်းလှည့်တဲ့ကားဖြစ်ပြီး ကားပေါ်မှာရဲတပ်ဖွဲ့ဝင် ၁၇ ယောက်လောက်လိုက်ပါလာတဲ့အထဲကမှ နှစ်ယောက်သေဆုံးကာ ၁၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံး နေပြည်တော်ကုတင် ၁၀၀၀ မှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းကလည်း ဇမ္ဗူသီရိမြို့နယ် စည်ပင်ဧည့်ရိပ်သာအနီး လမ်းဆုံမီးပွိုင့်မှာ အိမ်စီးကားနဲ့ ရဲကားတိုက်မိလို့ ရဲကားတိမ်းမှောက်ကာ ဒုရဲအုပ်နဲ့ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရမှုရှိခဲ့ ပါတယ်။

အလားတူအဲဒီနှစ် ဇူလိုင်လမှာလည်း သပြေကုန်းအဝိုင်းမှာ လျှပ်စစ်ဝန် ကြီးဌာနဝန်ထမ်းကြို/ပို့ယာဥ် ဘရိတ်ပေါက်လို့ နေပြည်တော်ရဲချုပ်ရုံးက ဆိုင်ကယ်စီးရဲနှစ်ယောက် ကိုဝင်တိုက်မိခဲ့လို့ ရဲတပ်ဖွဲ့ ဝင်တယောက်သေကာ တယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo:CJ

#centralnewsnaypyitaw

image

❝ပြင်ဦးလွင်မှာ (၁၇)ကြိမ်မြောက်ပန်းပွဲတော်ကို ၁ လကြာ ကျင်းပမည်❞

ဒီဇင်ဘာ ၃

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia)ကို ယခု ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ ၁ လကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်၌ MSME အရောင်းပြခန်းများအပြင် ဂီတဖျော်ဖြေပွဲများနှင့် မျက်လှည့်ပွဲများပါ ထည့်သွင်း၍ ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာ ကျင်းပသွားမည်ဟု အမျိုးသားကန်တော်ကြီး ဥယျာဉ်ထိန်းသိမ်းရေးကော်မတီက ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် ပန်းပွဲတော်၌ ပြည်တွင်းနှင့် ပြည်ပ ပန်းမျိုးစိတ်အရေအတွက် ၂ သိန်းနီးပါးကို ဇုန် ၈ ဇုန်ခွဲ၍ ပြသပေးခဲ့သလို ထူးခြားမှုအနေဖြင့် လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ်ကိုပါ ထည့်သွင်းပြသခဲ့ပြီး ဈေးပွဲတော်နှင့် ဒေသထွက်ကုန် အရောင်းပြခန်း ၅၀ လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

#သတင်းဟင်လေးအိုးကြီး

imageimage
+7

ထိုင်းငါးဖမ်းစက်လှေကို မြန်မာပိုင်နက်မှာဖမ်းခြင်းဟု နစကပြော

ဒီဇင်ဘာ ၃

ထိုင်းငါးဖမ်းစက်လှေကို မြန်မာ့ရေပိုင်နက်အတွင်းမှာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လူသေဆုံးမှုလည်း မရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန် ပြော ကြားခဲ့သည်။

အဆိုပါ ထိုင်းငါးဖမ်း စက်လှေကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ မြန်မာ့ရေပိုင်နက်အတွင်းမှာ နိုဝင်ဘာ ၃၀ ရက်နေ့ က မြန်မာ့စစ်ရေယာဉ်တစ်စင်းက စစ်ဆေးတွေ့ရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစက်လှေအတွင်းမှာ မြန်မာ နိုင်ငံသား ကျား ၂၇ ဦးနှင့် ထိုင်းနိုင်ငံသား ကျား ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာ့တပ်မတော်က ထိုင်းနိုင်ငံ ရေပိုင်နက်ထဲ ဝင်ရောက်ပြီးဖမ်းဆီးခဲ့တာ မဟုတ် ပါဘူး။ မြန်မာနိုင်ငံ ရေပိုင်နက်အတွင်းမှာ ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံး လုပ်နည်းနဲ့အညီ ဖမ်းဆီးခဲ့တာဖြစ် ကြောင်း ပြောချင်ပါတယ်။ ထိခိုက်သေဆုံးမှုများ မရှိခဲ့ပါဘူး”ဟု ပြောသည်။

လက်ရှိတွင် ထိုင်းငါးဖမ်းစက်လှေပေါ်ကနေ ဖမ်းဆီးထားသူများကို စစ်‌ဆေးနေသလို ထိုင်းအစိုးရဘက်ကိုလည်း တရားဝင် အသိပေး အကြောင်းကြားထားကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ငါးဖမ်းစက်လှေသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ နေထိုင်သည့် ထိုင်းနိုင်ငံသား တစ်ဦးပိုင်ဆိုင်ကြောင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီက ထွက်ခွာလာပြီး မြန်မာ့ရေပိုင်နက်အတွင်းသို့ ည ၉ နာရီမှာ ရောက်ရှိ၍ ငါးဖမ်းဆီးခဲ့ကြောင်း စစ်ဆေးတွေ့ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့နောက် ထိုင်းငါးဖမ်းစက်လှေတွင် လုပ်ကိုင်ကြသူများအနက် ထိုင်းလူမျိုး တစ်ဦးလျှင် တစ်လ လုပ်ခလစာ ထိုင်းဘတ်ငွေ ၁၅၀၀၀ ရပြီး မြန်မာနိုင်ငံသား တစ်ဦးလျှင် တစ်လလုပ်ခလစာ ထိုင်းဘတ်ငွေ ၁၂၀၀၀ ရရှိကြောင်း သိရသည်။

ထိုင်းသတင်းမီဒီယာများကတော့ ထိုင်းငါးဖမ်းစက်လှေ ဖမ်းဆီးခံရမှုတွင် တစ်ဦးသေဆုံးခဲ့ကြောင်း၊ ထိုင်းပိုင်နက် အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြလျက်ရှိသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကလည်း ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောကြားလျက် ရှိသည်ဟု ဖော်ပြထားကြသည်။

ပုံ - ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

#centralnewsnaypyitaw

image
43 w - Translate

ဒီကြော်ငြာလေးကြည့်ဖူးရင် အနဲဆုံးတော့အိမ်ထောင်ကျ‌သင့်ပြီ

image

သီးစုံ တုံယမ်းလေးပါ
—————————
ကြက်ရိုးပြုပ်ရည်လေးထဲကို စပါးလင် ဂျင်းပြားနဲ့ငြုပ်သီးစိမ်းကို ထည့်ပြုတ်တယ် ဆားနဲ့ အရသာ ထည့်တယ် နှစ်သက်ရာ ပင်လယ်စာနဲ့ အသားထည့်တယ် ရှမ်းနံနံ ထည့်တယ်
တုံယမ်းခဲလေး ၂ခဲထည့်တယ်ဆူလာရင် ကြိုက်ရာ
အသီးရွက်တွေထည့်တယ် အချဉ် အငံ အစပ် ကတော့ လိုရင်လိုသလို ထပ်ဖြည့်ပါ

image

"Squid Game" ဒုတိယပိုင်း ဇာတ်လမ်းတွဲသစ် အမြည်းကြော်ငြာ

ဒီဇင်ဘာ ၃

နာမည်ကြီး ကိုးရီးယားဇာတ်လမ်းတွဲ "Squid Game" စကွိစ်ဂိမ်းရဲ့ ဒုတိယရာသီ ရုပ်သံဇာတ်လမ်းတွဲ အမြည်းကြော်ငြာကို Netflix က ဒီဇာတ်လမ်းတွဲသစ် ထွက်ဖို့ တလအလို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်လိုက်ပါတယ်။ ဒီ တခေါက် ဇာတ်လမ်းတွဲမှာက လက်စားချေတာတွေ၊ ပထမတခေါက်ထက် ပိုစိတ်ဝင်စားစရာ စိန်ခေါ်မှုတွေပါလာမယ်လို့ ဒီဇာတ်လမ်းတွဲဖန်တီးတင်ဆက်သူ Hwang Dong-hyuk က ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ ထွက်တဲ့ မူရင်း "Squid Game" ရုပ်သံဇာတ်လမ်းတွဲဟာ Netflix ရဲ့ သမိုင်းမှာ ကြည့်ရှုသူ အများဆုံး ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ Emmy ဆုတွေလည်း ရရှိခဲ့ပြီး ဟွမ်ဒေါင်ဟြွတ်က ဒရမ်မာဇာတ်လမ်းတွဲ ထူးချွန်ဒါရိုက်တာဆု၊ မင်းသား Lee Jung-jae ကလည်း အကောင်းဆုံး ဒရမ်မာမင်းသား သရုပ်ဆောင်ဆုတို့ ရခဲ့တာပါ။

သူတို့ ၂ ဦးလုံး ဒီလိုဆုမျိုးရတဲ့ ပထမဆုံး အာရှနွယ်ဖွားတွေ ဖြစ်ပါတယ်။ ပထမ ဇာတ်လမ်းတွဲတုန်းက အထူးအောင်မြင်ခဲ့တာမို့ အခုလို အပိုင်း ၂ ဆက်ရိုက်တာကတော့ ကျိန်းသေ တွက်ထားပြီးသားကိစ္စပါ။ အခု ဒုတိယပိုင်း ဇာတ်လမ်းတွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာ စတင်ပြသမှာ ဖြစ်ပါတယ်။ နောက်ဆုံးတခေါက်အဖြစ် တတိယပိုင်း ဇာတ်လမ်းတွဲကိုလည်း ၂၀၂၅ မှာ ဆက်လက်ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

အခုဒုတိယပိုင်း ဇာတ်လမ်းတွဲမှာတော့ မင်းသားအီဂျွန်းဂျေး သရုပ်ဆောင်တဲ့ ဇာတ်ရုပ် Seong Gi-hun က အသက်နဲ့လောင်းကြေးထပ်ရတဲ့ ကစားပွဲထဲပြန်ဝင်လာပြီး ယှဉ်ပြိုင်သူ အသစ်တွေနဲ့ တွေ့မှာ ဖြစ်ပါတယ်။

📷 ဇာတ်လမ်းတွဲဒါရိုက်တာ Hwang Dong-hyukနဲ့ မင်းသား Lee Jung-jae တို့ကို Squid Game 2 ဇာတ်ကားမိတ်ဆက်ပွဲမှာတွေ့ရစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၄)

Credit - Voice of American

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

တန့်ယန်းမှာ ကျားဖျန့်သမားတွေ ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြိုနယ်၊ နောင်ဟီးကျေးရွာတွင် တရားမဝင် ကျားဖြန့်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦး တိုအား ဒီဇင်ဘာ ၂ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် တရုတ်နိုင်ငံသား ၁၈ဦး၊ မြန်မာနိုင်ငံသား ၂၇ ဦးတိုနှင့်အတူ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ကွန်ပျူတာ ၂၆ လုံး၊ စတားလင့် ၁ စုံ၊ ဘန်း ၁ ခု၊ ပစ္စတို ၂ လက်၊ Type-81 ၂ လက်၊ ၄၀ မမ လောင်ချာတွဲ ၁ ခု၊ ခဲယမ်းမျိုးစုံ၊ စကားပြောစက် ၆ လုံး၊ ဆိုင်ကယ် ၂ စီး၊ မီးစက် ၁ လုံး၊ wifi စက် ၃ လုံး၊ ဖုန်းမျိုးစုံ ၁၃၀ လုံး၊ လိုင်စင်မဲ့ ၆ ဘီးယာဉ် ၁ စီးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage

အိန္ဒိယ၏ K-4 ဒုံးကျည်က တရုတ်အတွက် သတိပေးချက် ဖြစ်လာ

ဒီဇင်ဘာည ၃

အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သော အိန္ဒိယ၏ K-4 ဒုံးကျည်က တရုတ်အတွက် သတိပေးချက် ဖြစ်လာခဲ့ သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

အိန္ဒိယ၏ မဟာဗျူဟာမြောက် နျူကလီးယား လက်နက်အင်အားသည် ပိုမိုခေတ်မီ တိုးတးက်လာပြီး ရေငုပ် သင်္ဘောမှ ပဲ့ထိန်းဒုံးကျည်သစ်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုနှင့်အတူ အိန္ဒိယသမုဒ္ဒရာတွင် တရုတ်၊ ပါကစ္စတန်တို့ နှင့် အားပြိုင်မှုကို မြင့်တက်လာစေခဲ့သည်။

NS Arighat အမည်ရှိ အိန္ဒိယ၏ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းစနစ်တပ် ရေငုပ်သင်္ဘော (SSBN) သည် K-4 SLBM ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပြီးခဲ့သည့်လက အိန္ဒိယ သုတေသန ကာကွယ်ရေးဌာန (IDRW) က ထုတ်ပြန်ခဲ့သည်။

K-4 SLBM သည် ကီလိုမီတာ ၃၅၀၀ အကွာအဝေးအထိ ပျံသန်းနိုင်ပြီး ကီလိုမီတာ ၇၅၀ အထိသာ ပျံသန်းနိုင်သည့် K-15 ဒုံးကျည်ကို အဆင့်မြှင့်တင်မွမ်းမံပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည် အိန္ဒိယ၏ နျူကလီးယား တိုက်ခိုက်ရေး စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး ရေအောက် မဟာဗျူဟာတပ်ဖွဲ့များအား SLBM အမျိုးအစား တာဝေးပစ် ဒုံးကျည်များ တပ်ဆင်ပေးနိုင်ရေးအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု IDRW က ထုတ်ပြန်ခဲ့သည်။

K-4 ဒုံးကျည် စမ်းသပ်မှုများကို ရေပေါ် ပလက်ဖောင်းများတွင် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး နောက်ဆုံး စမ်းသပ်မှု၌ ရေငုပ် သင်္ဘောမှတဆင့် ပစ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

K-5 SLBM ဒုံးကျည်ကိုမူ ထုတ်လုပ်နေဆဲဖြစ်ပြီး ထိုဒုံးကျည်သည် ကီလိုမီတာ ၅၀၀၀ ကျော်အထိ ပျံသန်းနိုင် သဖြင့် အိန္ဒိယ၏ မဟာဗျူဟာမြောက် စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု ပြောကြားခဲ့သည်။

လက်ရှိ K-4 ဒုံးကျည်၏ စွမ်းဆောင်ရည်များသည် Agni-III တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM) အမျိုးအစားနှင့် ဆင်တူနေကြောင်း Bulletin of Atomic Scientists အဖွဲ့၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထုတ် ဆောင်းပါးတစ်ပုဒ် တွင် ကျွမ်းကျင်သူ ဟန်းစ် ကရစ်တန်ဆန် (Hans Kristensen) နှင့် အခြားစာရေးဆရာများက ရေးသားခဲ့သည်။

အိန္ဒိယ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတးက်ရေးအဖွဲ့ (DRDO) သည် K-4 ဒုံးကျည်ကို ချွတ်ယွင်းချက် အနည်းဆုံး ဖြစ်စေရန် ဖန်တီးထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ကရစ်တန်ဆန်က ပြောကြားခဲ့သည်။

ထိုဒုံးကျည်သည် ဘင်္ဂလားပင်လယ်အော် မြောက်ဘက်ရှိ ပါကစ္စတန်နှင့် တရုတ်ခံတပ်များကို ပစ်ခတ်တိုက်ခိုက် နိုင်စွမ်းရှိသည်ဟုလည်း ကရစ်တန်ဆန်နှင့် ကျွမ်းကျင်သူများက ခန့်မှန်းပြောကြားခဲ့သည်။

Source: Asia Times

ပုံ - အိန္ဒိယ၏ K-4 ဒုံးကျည် ပစ်လွှတ်နေပုံကို သရုပ်ဖော်ပြထားစဉ်

#သတင်းဟင်းလေးအိုးကြီး

image