ကိုင်စီဒိုက ဒီကလန်ရိုက်စ်၊ ရိုဒရီတို့နဲ့တူညီတဲ့ အဆင့်ရှိတယ်လို့ မာရက်စ်ကာပြော

ဒီဇင်ဘာ ၈

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကွင်းလယ်လူ ကိုင်စီဒိုဟာ အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်၊ မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီတို့နဲ့ တူညီတဲ့အဆင့်မှာရှိတယ်လို့ ပြောခဲ့ပါတယ်။

မာရက်စ်ကာက “ကိုင်စီဒိုက ဒီအဆင့်မှာ ရှိတယ်ဆိုတာ သေချာပြီး သံသယဖြစ်စရာ မရှိပါဘူး။ အခုအချိန်မှာ ရိုဒရီက ဒဏ်ရာရရှိနေပြီး ဒီကလန်ရိုက်စ်က ကစားနေပါတယ်။ ကိုင်စီဒိုဟာ ဒီလိုကွင်းလယ် ကစားသမားမျိုးနဲ့ စားပွဲတစ်ခုမှာ အတူထိုင်နိုင်မယ်”လို့ ထင်ကြောင်းပြောခဲ့တာပါ။

၂၀၂၃ နွေရာသီ အပြောင်းအရွှေ့က ဘရိုက်တန်အသင်းကနေ ပေါင် ၁၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကိုင်စီဒိုဟာ နည်းပြ ပိုချက်တီနို လက်အောက်မှာ ခြေစွမ်းပုံမှန်ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုင်စီဒိုဟာ နည်းပြ မာရက်စ်ကာ လက်ထက်မှာတော့ အကောင်းဆုံး ခြေစွမ်းပြသနေပြီး ချယ်လ်ဆီး အသင်းရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိနေတာပါ။

အဲဒါကြောင့် မာရက်စ်ကာက ကိုင်စီဒိုဟာ အသူင်နယ်နဲ့ မန်စီးတီးအသင်းတွေမှာ အရေးပါတဲ့ သူတွေအဖြစ် ရှိနေတဲ့ ဒီကလန်ရိုက်စ်၊ ရိုဒရီတို့နဲ့ တူညီတဲ့အဆင့်မှာ ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ အီကွေဒေါ ကစားသမားဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၆၄ ပွဲ ပါဝင် ကစား ထားပြီး ၂ ဂိုး သွင်းယူထားတာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိထားပေမယ့် နည်းပြ မာရက်စ်ကာကတော့ သူ့ရဲ့အသင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုပြိုင်ပွဲမှာ မပါဝင်ဘူးလို့ ပြောထားပါတယ်။

ဒါပေမယ့် မာရက်စ်ကာက ချယ်လ်ဆီးအသင်းဟာ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ပရီးမီးယားလိဂ်ကို ကြီးစိုးမယ်လို့ ပြောထားတာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာ ၈ ရက်မှာ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပုံ - ကိုင်စီဒိုကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

#သတင်းဟင်းလေးအိုးကြီး

image

အိန္ဒိယက ချင်း၊ စစ်ကိုင်းနဲ့ နာဂ ဒေသတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ (၂၅)သန်း ထပ်မံကူညီဖို့ လုပ် ဆောင်နေတယ်လို့ဆို

ဒီဇင်ဘာ ၇

အိန္ဒိယ - မြန်မာ နယ်စပ် တစ်လျှောက် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အိန္ဒိယက ဒေါ်လာ (၂၅)သန်း ထပ်မံကူညီဖို့ လုပ်ဆောင်နေတယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာနကနေ သိရပါတယ်။

အဲ့ဒီ စီမံကိန်းတွေအတွက် ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး လမ်း၊ တံတား ဆောက်လုပ်တာတွေ၊ လမ်းအဆင့်မြှင့်တာတွေ၊ ပညာရေး၊ ကျန်းမာရေးတွေအတွက် တစ်နှစ်ကို ဒေါ်လာ (၅)သန်းနှုန်းနဲ့ ငါးနှစ်အတွက် ဒေါ်လာ (၂၅)သန်းကို ကူညီပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပဥ္စမ အကြိမ် စီမံကိန်းတွေထဲမှာ လုပ်ငန်း (၃၈) ခုကို ရာနှုန်းပြည့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့ ပြီးစီးမှု အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်က နယ်စပ်ရေးရာဝန်ကြီးဌာနရုံးမှာ ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယ က ဒုတိယ အကြိမ် အနေနဲ့ ပဥ္စမ အကြိမ်တုန်းက အတိုင်း အကူအညီ ပေးဖို့အတွက်ကို နှစ်နိုင်ငံ နားလည်းမှုစာချွန်လွှာ (MoU) အသစ် လက်မှတ် ရေးထိုးနိုင်ဖို့ကို စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ပဥ္စမအကြိမ် အကူညီနဲ့ စီမံကိန်းလုပ်ငန်းတွေ ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနား

#centralnewsnaypyiyaw

image

ဒီဇင်ဘာ ၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၈ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
2 yrs - Translate

အမှတ်တရဖစ်အောင်လို့😊

image
2 yrs - Translate

အချစ်ဆိုတာ
တကယ်တော့ စေတနာပါပဲ။

တစ်ဦးနဲ့တစ်ဦးချစ်ပြီဆို စေတနာက
အလိုလိုထားပြီးသား ဖြစ်နေတယ်။

ကိုယ့်ချစ်သူ ကောင်းတာလေးတွေ
သုံးနေရင် မုဒိတာ ဖြစ်တယ်။
ကိုယ့်ချစ်သူ လိုအပ်တာမှန်သမျှ
အကုန်ဖြည့်ဆည်းပေးချင်တယ်။

အစားကောင်း စားရရင်
သူ့ကို သတိရတယ်။
ပစ္စည်းအသစ်လေး သုံးရရင်
သူ့ကိုလည်း သုံးစေချင်တယ်။

အရာရာ စေတနာက ဖြစ်နေတော့
ကိုယ်ကောင်းတာ တွေ့ကြုံနေရသ၍
သူ့ကိုလဲ ကိုယ်နဲ့ထပ်တူ ရရှိခံစားစေချင်တယ်။

ဒါကို ပြန်ကြည့်မယ်ဆိုရင်
အချစ်ဆိုတာ
ရယူခြင်းလည်း မဟုတ်
ပေးဆပ်ခြင်းလည်း မဟုတ်

တကယ်တော့ အချစ်ဆိုတာ
တစ်ဦးအပေါ်တစ်ဦးထားတဲ့ စေတနာပါပဲ

image
2 yrs - Translate

Cute Tattoo Ideas✨

image
2 yrs - Translate

Cute Tattoo Ideas✨

image
2 yrs - Translate

Cute Tattoo Ideas✨

image
2 yrs - Translate

Cute Tattoo Ideas✨

image