Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
BREAKING: အသက် ၁၅ နှစ်အရွယ်လူငယ်လေးကိုခေါ်ယူလိုက်တဲ့ ချဲလ်ဆီး
♦️ချဲလ်ဆီးအသင်းသည် ဝက်စ်ဖို့ဒ် အသင်းရဲ့ အသက် ၁၅ နှစ်အရွယ် အင်္ဂလန်ယူ -၁၆ လူငယ်ကစားသမားလေး Mathis Eboué ကို ခေါ်ယူဖို့ ကိစ္စရပ်များ အလုံးစုံအပြီးသတ်ခဲ့ပြီဖြစ်သည်။
♦️ဒီလူငယ်ကစားသမားလေးက အရည်အသွေးမြင့် တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး အာဆင်နယ်ကစားသမားဟောင်းတစ်ဦးရဲ့ သားဖြစ်တယ်လို့သိရပါတယ်။
♦️ချဲလ်ဆီး အကယ်ဒမီအတွက် နောက်ထပ်ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။
Via Fabrizio Romano
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဒီဇင်ဘာ ၇
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၃၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၃၀၀၀၀ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၃၅ ကျပ်
ဝယ်ဈေး - ၄၆၁၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၈၇ ကျပ်
ဝယ်ဈေး - ၂၉.၁၀ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၉၂ ကျပ်
ဝယ်ဈေး - ၅၁.၅၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၃ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၁၀ ကျပ်
ဝယ်ဈေး - ၅၅၆၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၅ ကျပ်
ဝယ်ဈေး - ၂၇၉၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ကလေးမြို့ ဖုန်းဆိုင်အများစုမှာ MPT ဖုန်းဆင်းကဒ် ပြတ်လပ်နေ
နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး MPT ဆင်းကဒ် တစ်မျိုးတည်းသာ ဖုန်းလိုင်းနဲ့ အင်တာနက် ရရှိတာကြောင့် ဖုန်းဆိုင်တွေမှာ MPT ဆင်းကဒ် ပြတ်လပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အရင်က MPT ဖုန်းဆင်းကဒ် တစ်ခုကို ၁သောင်း ၀န်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၃ သောင်း၀န်းကျင်အထိ ဈေးတက်နေတယ် လို့ဆိုပါတယ်။
" ဖုန်းလိုင်းက MPT ပဲ ရတယ်ဆိုတော့ ဖုန်းဆိုင်တွေမှာ လိုက်မေးတာ၊ ကုန်ပြီလို့ပဲ ပြောကြတယ်။ တချို့ကျ နှစ်သောင်းခွဲ၊ တချို့ကျ သုံးသောင်းတဲ့။ အဲဒီလိုမျိုးတောင် ရောင်းဖို့ မရှိလို့ ပြန်ခဲ့ရတယ်။ " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
Atom ဖုန်းလိုင်းဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ပြတ်တောက်နေတာ ဖြစ်ပြီး Ooredoo ဖုန်းကတော့ ဒီဇင်ဘာ ၅ ရက်နေ့ မနေ့ညပိုင်းကတည်းက ပြတ်တောက်ခဲ့တာလို့ သိရပါတယ်။
ဖုန်းလိုင်းအပြင် အင်တာနက် WiFi ဖိုင်ဘာလိုင်းတွေပါ ပြတ်တောက်နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။
#centralnewsnaypyitaw
TikTok ကို အမေရိကန်မှာ ပိတ်ပင်ဖို့ နီးစပ်လာ
ဝါရှင်တန်၊ ဒီဇင်ဘာ ၇
TikTok ကို ယခုနှစ် ဇန်နဝါရီ ၁၉ ရက်နောက်ဆုံးထားပြီး အမေရိကန်မှာ ပိတ်သိမ်းမယ့်ကိစ္စ အယူခံကို တရားရုံးက ပယ်ချလိုက်တာကြောင့် TikTok အနေနဲ့ အမေရိကန်ကနေ ထွက်ခွာရဖို့ နီးစပ်လာပြီဖြစ်ပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးတက်ဖို့ ပြင်ဆင်နေချိန်မှာ ဖြစ်နိုင်ခြေရှိတဲ့ ဒီပိတ်ပင်မှုအတွက် အမေရိကန်-တရုတ် ဆက်ဆံရေးအပေါ်လည်း ထိခိုက်လာနိုင်စေပါတယ်။ ဒီကိစ္စကို တရားရုံးချုပ်ထိ အယူခံဆက်ဝင်မယ်လို့ TikTok ကဆိုပါတယ်။
တရားရုံးချုပ်ဟာ အမေရိကန်တွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ကာကွယ်တဲ့ သမိုင်းဝင်မှတ်တမ်းတွေရှိပြီး ဒီလိုအရေးကြီးတဲ့ ဥပဒေဆိုင်ရာကိစ္စမှာ ယခင်လိုလုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း TikTok ဘက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့တဲ့ ဒီဥပဒေအရ TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ကုမ္ပဏီအနေနဲ့ ဇန်နဝါရီ ၁၉ ရက်မတိုင်ခင် ဒီအက်ပလီကေးရှင်းကို မရောင်းချဘူးဆိုရင် အမေရိကန်ရှိ အက်ပလီကေးရှင်းစတိုးတွေနဲ့ ဝက်ဘ်ဆိုက်တွေကနေ သုံးလို့မရအောင် ပိတ်ပင်မှာဖြစ်ပါတယ်။
ဒါဟာ TikTok ကို တရုတ်အစိုးရက ထိန်းချုပ်ထားပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်သည်ဟု အမေရိကန်အာဏာပိုင်များက ပြောဆိုထားသော်လည်း ကုမ္ပဏီကမူ ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ လက်ရှိမှာတော့ အမေရိကန်မှာ TikTok သုံးစွဲသူ သန် ၁၇၀ ကျော်ရှိနေပါတယ်။
Ref:CNA
Photo:AP
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
တပ်မတော်၏ ကျေးဇူးကို မမေ့ရန် ဗိုလ်ချုပ်မှူးကြီးပြော
ဒီဇင်ဘာ ၇
တပ်မတော် ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိ စစ်တက္ကသိုလ်၏ ကျေးဇူးကို မမေ့ရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆) သင်တန်း ဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ယခုကဲ့သို့ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရေး ငယ်စဉ်ကတည်းက ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးများ၊ အသိပညာများရရှိစေရေး သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများ၏ ကျေးဇူးများကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ် လောင်း သင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့် မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်း မမေ့ရန်လိုကြောင်း” ပြောကြားခဲ့သည်။
မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေး စောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကို ဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သား ကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ရ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
တာဝန်ထမ်းဆောင်ရာတွင်လည်း စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး နိုင်ငံတော် နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် နောင်တော်ကျောင်းဆင်း အရာရှိများ၊ စစ်သည် များထံမှလည်း ကောင်းမွန်သည့် အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်း သင်ယူကြရန်လိုကြောင်း၊ တပ်မတော်သားများသည် ပြည်သူကြားမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် မိမိကိုယ်ကို မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ ပေးအပ်သည့် တာဝန်များကို အောင်မြင်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ၎င်းက ပြောသည်။
#centralnewsnaypyitaw



အပျိုလေးလို မိန်းမကိုယ်ကျန်းမာ ကျဥ်းပြီး အနံ့ဆိုးလည်း ကင်းနေတာ Daily Need သောက်ဆေးကြောင့်ပါ 💗
အိမ်ထောင်သည်တိုင်းအတွက် နံပါတ်တစ် အရွေးချယ်သင့်ဆုံး
- ရာသီမှန် ကျန်းမာစေတယ်
- အဖြူဆင်းသက်သာစေတယ်
- မိန်းမကိုယ်ကျဥ်းစေတယ်
- အနံ့ဆိုးကင်းစေတယ်
- အသားအရေလှစေတယ်
- ခန္ဓာကိုယ် လှစေတယ် စသဖြင့် အကျိုးကျေးဇူးတွေများစွာရရှိနိုင်တာကြောင့် အပျိုမလေးလို ကျန်းမာပြီး လှချင်ရင် Daily Need သောက်ဆေးကိုသာ ဆောင်ထားလိုက်တော့နော်။
မှာယူလိုပါက Message Box မှာသာ အမြန်ဆက်သွယ်လိုက်ပါ။
#dailyneed #သောက်ဆေး