42 ပတ် - ဘာသာပြန်ပါ။

ရှမ်းမြောက်၊ သိန္နီမြို့ကို ဗဟိုပြုပြီးငလျင်လှုပ်ခတ်

ဒီဇင်ဘာ ၉

ဒီကနေ့ မနက် ၃ နာရီ ခွဲက ရှမ်းမြောက်၊ သိန္နီမြို့ရဲ့ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိတဲ့ အင်အားသင့်ငလျင်လှုပ်ခတ်သွားပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ချက်အရ အဲဒီငလျင်ဟာ မြေပြင်အောက် အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ဆိုပါတယ်။

ငလျင်ဗဟိုပြုတဲ့နေရာဟာ ရှမ်းမြောက် ၊ ကွတ်ခိုင်နဲ့ ကောင်းခါးမြို့‌တွေနဲ့ ပိုနီးတာကြောင့် အဲဒီမှာနေထိုင်တဲ့ ဒေသခံ တွေက ငလျင်လှုပ်တာကို သိသိသာသာပိုခံစားခဲ့ရတယ်လို့လည်း သိန္နီမြို့ခံတစ်ဦးက ပြောပါတယ်။ အင်အားသင့်ငလျင်ဖြစ်တာကြောင့်ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါအပြင် အခုလှုပ်တဲ့ငလျင်ဟာ လူဆယ်နဲ့ချီသေဆုံးခဲ့တဲ့ ၂၀၁၁ တာလေငလျင်ပြတ်ရွေ့ကြောနဲ့ ဆက်စပ်မှုရှိ မရှိဘူးဆိုတာကိုတော့ လတ်တလော ထုတ်ပြန်ထားတာမရှိသေးပါဘူး။

#centralnewsnaypyitaw

image
42 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)❤️

1ကိုက်နီးနီး / 1ကိုက်အရွယ်လေးတွေ ပန်းစပ်လေး
ကာလာစပ်လှလှ ကျောက်သားတင်းပြောင်
အသန့်နီးပါး ဘလင်းဘလင်း ပွင့်ပွင့်လှလှလေးတွေကြီးပဲ

#crd_photo

image
42 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)❤️

1ကိုက်နီးနီး / 1ကိုက်အရွယ်လေးတွေ ပန်းစပ်လေး
ကာလာစပ်လှလှ ကျောက်သားတင်းပြောင်
အသန့်နီးပါး ဘလင်းဘလင်း ပွင့်ပွင့်လှလှလေးတွေကြီးပဲ

#crd_photo

image
42 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)❤️

1ကိုက်နီးနီး / 1ကိုက်အရွယ်လေးတွေ ပန်းစပ်လေး
ကာလာစပ်လှလှ ကျောက်သားတင်းပြောင်
အသန့်နီးပါး ဘလင်းဘလင်း ပွင့်ပွင့်လှလှလေးတွေကြီးပဲ

#crd_photo

imageimage

၉.၁၁.၂၀၂၄ တွင်ခေါ်ယူသော သတင်းစာပါတင်ဒါများ

#crd

image

၉.၁၁.၂၀၂၄ တွင်ခေါ်ယူသော သတင်းစာပါတင်ဒါများ

#crd

image

၉.၁၁.၂၀၂၄ တွင်ခေါ်ယူသော သတင်းစာပါတင်ဒါများ

#crd

image

၉.၁၁.၂၀၂၄ တွင်ခေါ်ယူသော သတင်းစာပါတင်ဒါများ

#crd

image

၉.၁၁.၂၀၂၄ တွင်ခေါ်ယူသော သတင်းစာပါတင်ဒါများ

#crd

image
image
image
image

ဆီးရီးယားစစ်ပွဲက ကျနော်တို့ တိုက်ပွဲမဟုတ်ဘူးဟု ထရမ့်ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ ၉

ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေသော စ-စ်ပွဲက ကျနော်တို့ တိုက်ပွဲမဟုတ်ဘူးဟု အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ထရမ့်သည် ဆီးရီးယားသူပုန်များ၏ ထိုးစစ်နှင့် ဆီးရီးယား ပဋိပက္ခနှင့်ပတ်သက်ပြီး လူမှုမီဒီယာတွင် ၎င်း၏ သဘောထားကို ရေးသားဖော်ပြခဲ့သည်။

"ဆီးရီးယားအရေးက ရှုပ်ထွေးနေပါတယ်။ ဒါပေမယ့် ဆီးရီးယားက ကျ‌နော်တို့ရဲ့ မိတ်ဆွေ မဟုတ်ပါဘူး။ အမေရိကန်အနေနဲ့ ဒီအရေးကို ဘာမှဝင်မစွက်ဖက်သင့်ပါဘူး။ ဒါကျနော်တို့တိုက်ပွဲ မဟုတ်ပါဘူး။ ဒီအတိုင်း လွှတ်ထားလိုက်ပါ။ ဝင်မပါပါနဲ့" ဟု ထရမ့်က ရေးသားခဲ့သည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်းဖွဲ့စည်းမည့် အစိုးရအဖွဲ့သည် ဆီးရီးယား၏ နှစ်ရှည်လများ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစ-စ်တွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ထို့ပြင် ထရမ့်က လက်ရှိ အမေရိကန်က ထောက်ပံ့ပေးထားသည့် အရှေ့အလယ်ပိုင်းဒေသရှိ ကာ့ဒ်ဦးဆောင်သော တပ်ဖွဲ့များကိုလည်း ထောက်ပံ့မှုများ ရပ်တန့်တော့မည့် အရိပ်အယောင်ကို ပြသခဲ့သည်။

ထရမ့်သည် နိုဝင်ဘာလက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးချိန် ကတည်းက အမေရိကန်ပထမ မူဝါဒကိုသာ ကျင့်သုံးမည်ဟု ပြောကြားခဲ့သဖြင့် အမေရိကန်၏ ပြည်ပမဟာမိတ်များနှင့် ဆက်ဆံရေးများ ပျက်ယွင်းမည့်အရေးကို ဝေဖန်သူများက စိုးရိမ်ခဲ့ကြသည်။

အမေရိကန်သည် ဆီးရီးယားမှ ထွက်ပြေးသွားခဲ့သည့် သမ္မတအာဆတ် (Bashar al-Assad) ၏ အစိုးရအဖွဲ့နှင့် တရားဝင် သံတမန်ဆက်ဆံရေးမရှိပေ။

ထို့ပြင် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အိုင်အက်စ် စ-စ်သွေး-ကြွများကို တိုက်ခိုက်သည့် စ-စ်ဆင်ရေးတွင် ကာ့ဒ်ဦးဆောင်သည့် ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့များ (SDF) အမည်ရှိ ညွန့်ပေါင်း လက်နက်ကိုင်တပ်ဖွဲ့ကို အမေရိကန်က ထောက်ပံ့ပေးထားသည်။

လက်ရှိ ဆီးရီးယားတွင် ဖြစ်ပျက်နေသည့် ပဋိပက္ခ၏ သဘောသဘာဝသည် လျင်မြန်စွာ ပြောင်းလဲနေသဖြင့် မခန့်မှန်းနိုင်လောက်သော အခြေအနေမျိုးဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် ဆီးရီးယားတွင် ဖြန့်ကြက်ချထားသည့် အမေရိကန် တပ်ဖွဲ့ဝင်များနှင့်ပတ်သက်ပြီး ထရမ့်က မှတ်ချက် တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိပေ။

Source: အယ်လ်ဂျာဇီးယား

ပုံ - ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image