34 w - Translate

အင်ဒို-မြန်မာပွဲစဉ်အတွင်း အခွင့်အရေးကောင်းများရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်သည့်အတွက် ရှူံးနိမ့်ခြင်းဖြစ်ဟု ဦးမျိုးလှိုင်ဝင်းပြော

ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ အင်ဒိုနီးရှား-မြန်မာ အဖွင့်ပွဲစဉ်အတွင်း အခွင့်အရေးကောင်းများရရှိခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်သည့်အတွက် ရှူံးနိမ့်ခြင်းဖြစ်သည်ဟု မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပွဲပြီး သတင်းစာရှင်းလင်းပွဲအတွင်းပြောကြားခဲ့သည်။

ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ၊သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားကြသည့် အင်ဒို-မြန်မာပွဲစဉ်အတွင်း ပထမပိုင်းပွဲချိန် ပြီးဆုံးသည်အထိ နှစ်ဖက်အသင်း ဂိုးသွင်းယူနိုင်ခြင်းမရှိကြဘဲ ၊ ဒုတိယပိုင်းပွဲ့ချိန်အတွင်းမှသာ အင်ဒိုနီးရှားအသင်းက တစ်ဂိုးသွင်းယူ၍ ရမှတ် (၃)မှတ် ရရှိခဲ့ခြင်းဖြစ်သည်။

"ပထမပိုင်းမှာလည်း အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ဘူး။ အသင်းအနေနဲ့ ကံမကောင်းခဲ့ဘဲ ရသင့်တဲ့ဂိုးတွေ မရခဲ့ပါဘူး။ဘောလုံးမှာ ဘယ်အသင်းမဆို ရသင့်တဲ့ဂိုးတွေမရရင် မရှုံးသင့်ဘဲ ရှုံးရတဲ့ပွဲတွေ ရှိပါတယ်။ အရန်လူအင်အားပိုင်းမှာ အင်ဒိုနီးရှားက ကျွန်တော်တို့ထက်သာပါတယ်။ အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ဖိလစ်ပိုင်အသင်းနဲ့ပွဲအတွက် သေချာလေး ပြင်ဆင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကစားသမားများကို နှစ်ရက်အတွင်း Recovery ဖြစ်အောင်ပြန်လုပ်၍ အုပ်စုအဆင့် တက်ရောက်နိုင်ရေးအတွက် လာမယ့် ဖိလစ်ပိုင်ပွဲစဥ်၌ အမှတ်ရရှိအောင် ကစားသွားမည်ဟုဆိုသည်။

ပြိုင်ပွဲအတွင်း ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ကမ္ဘော ဒီးယား၊ လာအိုနှင့် တီမောအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

image

ဟင် ...")

image
34 w - Translate

ရုရှားဘက်ပြောင်းသူတွေပြောတဲ့ နျူကလီးယား စစ်အခြေစိုက်စခန်းအပါအဝင် စစ်ပွဲလျှို့ဝှက်ချက်တွေ

ရုရုားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို အပြည့်ကျူးကျော်တဲ့အခါ သူတာဝန်ထမ်းဆောင်နေခဲ့တဲ့ နျူကလီးယားလက်နက်တွေရှိရာ စစ်အခြေစိုက်စခန်းဟာ တိုက်ခိုက်ရေးသတိ တပ်လှန့်သတိ အနေအထား ရှိနေခဲ့တယ်လို့ အန်တွန်က ပြောပါတယ်။

'' အဲဒီမတိုင်ခင်တုန်းက ကျွန်တော်တို့ လေ့ကျင့်တာတွေပဲ လုပ်ကြတာ။ စစ်ပွဲစတင်တဲ့ ပထမနေ့မှာတော့ လက်နက်တွေကို အပြည့်အဝ နေရာချလိုက်ပြီ'' လို့ ရုရှား နျူကလီးယားတပ်ဖွဲ့တွေမှာ တာဝန်ထမ်းခဲ့သူ အရာရှိဟောင်းက ပြောပါတယ်။

ကျွန်တော် အန်တွန်ကို ရုရှားနိုင်ငံအပြင်ဘက်က နေရာတစ်ခုမှာ တွေခဲ့တာဖြစ်ပါတယ်။ သူ့ခြုံရေးအတွက် ဘယ်နေရာလဲဆိုတာကိုတော့ ဘီဘီစီက ထုတ်မပြောပါဘူး။ သူ့နာလည်ကိုလည်းလွှဲသုံးထားသလို သူ့ မျက်နှာကိုလည်း မပြပါဘူး။

အန်တွန်ဟာ ရုရှားမှာရှိတဲ့ ထိပ်တန်းလျှို့ဝှက် နျူကလီယား လက်နက် အဆောက်အဦတစ်ခုမှာ အရာရှိ လုပ်ခဲ့သူဖြစ်ပါတယ်။

သူ တာဝန်ထမ်းခဲ့တဲ့ တပ်၊ ရာထူးနဲ့ စခန်းတွေကို အတည်ပြုနိုင်ဖို့ စာရွက်စာတမ်းတွေကိုလည်း သူက ကျွန်တော်တို့ကိုပြပါတယ်။

သူ ပြောပြတဲ့ ဖြစ်ရပ်တွေအားလုံးကို ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်ပေမဲ့ အဲဒီဖြစ်ရပ် တွေဟာ အဲဒီအချိန်တုန်းက ရုရှားထုတ်ပြန် ပြောဆိုချက်တွေနဲ့တော့ ထင်ဟပ်နေပါတယ်။

ယူကရိန်းနယ်စပ်ကို တပ်ဖွဲ့တွေ အလုံးအရင်းနဲ့ဝင်ရောက်ပြီး ၃ ရက်အကြာမှာပဲ ဗလာဒီမီယာ ပူတင်ဟာ ရုရှားရဲ့နျူကလီးယား ကြားဖြတ်ဟန့်တားရေးတပ်ဖွဲ့တွေကို ''တိုက်ခိုက်ရေး အထူးအသင့် အနေအထား'' ရှိဖို့ အမိန့်ပေးခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အန်တွန်ကတော့ ဒီတိုက်ခိုက်ရေးတပ်လှန့်မှုဟာ စစ်ပွဲ ပထမနေ့မှာတင်စပြီး သူ့ တပ်ဖွဲ့ဟာ “စစ်စခန်းအပြင်မှာ အသင့်ရှိ”နေခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ မြင်ရ ကြားရတာဆိုလို့ ရုရှားနိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်သမျှပါပဲ” လို့ အရာရှိဟောင်း က ပြောပါတယ်။ “ဘယ်လို အဓိပ္ပါယ်ဆောင်လဲဆိုတာလည်း တကယ်တော့ မသိခဲ့ပါဘူး။ ကျွန်တော့် တာဝန်တွေကို အလိုအလျောက်ထမ်းဆောင်ပြီးဖြစ်သွားတာ။ စစ်ပွဲထဲမှာ ကျွန်တော်တို့ တိုက်မနေဘူး။ ကျွန်တော် တို့က နျူကလီးယားလက်နက်တွေကို လုံခြုံရေးယူရုံပဲ”

တိုက်ပွဲ သီတင်းနှစ်ပတ်၊ သုံးပတ်အကြာပြီးမှာတော့ အဲဒီတပ်လှန့်အနေအထားကို ဖျက်ခဲ့တယ်လို့ သူက ပြောပါတယ်။
အန်တွန်ရဲ့ ပြောဆိုချက်ဟာ ရုရှားက နျူကလီးယားတပ်ဖွဲ့တွေမှာ အလုပ်လုပ်နေတဲ့ အတွင်းစည်းထဲက ထိပ်ပိုင်းသတင်းရင်းမြစ်တွေကို အတွင်းကျကျ မြင်ခွင့်ရစေမှုဖြစ်လာပါတယ်။ ပြီးတော့ အဲဒီတပ်ဖွဲ့က လုပ်သားတွေအများစုဟာလည်း သတင်းထောက်တွေကို စကားပြောဆိုတာမျိုး အလွန်ရှားပါးပါတယ်။

“ လူရွေးတာတောင် အတော်လေး တင်းကျပ်တယ်။ အားလုံးက ပရောက်ဖက်ရှင်နယ် စစ်သားတွေပါပဲ။ စစ်မှုထမ်းကြောင့် ခန့်အပ်သူတွေမဟုတ်ပါဘူး” လို့ သူက ရှင်းပြပါတယ်။

“မပြတ်စစ်ဆေးတာတွေရှိတယ်။ မုသားပြော မပြော စစ်တပ် စမ်းသပ်မှုတွေကို လူတိုင်းလုပ်ရတယ်။ လစာလည်း ပိုရပါတယ်။ ဒါပေမဲ့ တပ်ဖွဲ့တွေကို စစ်ပွဲထဲကို မလွှတ်ဘူး။ ဒီတပ်ဖွဲ့တွေကို နျူကလီးယား တိုက်ခိုက်မှု လုပ်ဖို့ ဒါမှမဟုတ် တန်ပြန်ဖို့ ဒါမှမဟုတ် စတင်ဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်”

အရာရှိဟောင်းကတော့ ဘဝတွေကို တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။

“နျူကလီးယား အဆောက်အအုံထဲကို ဘယ်စစ်သားမှ ဖုန်းမပါလာအောင် ကျွန်တော် ကြီးကြပ်ရတဲ့ တာဝန်လည်း ယူရတယ်” သူက ပြောပါတယ်။

“လူရင်းတွေနဲ့ချည်း ဖွဲ့ထားတဲ့ရပ်ဝန်းတစ်ခုလို့ ပြောလို့ရတယ်။ လူစိမ်းတွေ မရှိဘူး။ ကိုယ့် မိဘ ကိုယ့် ဆီလာလည်မယ်ဆိုရင်လည်း ရုရှားထောက်လှမ်းရေးအဖွဲ့(FS ကို ၃ လကြိုတင်ပြီး စာတင်ရတယ်”

အန်တွန်ဟာ အဲဒီအခြေစိုက်စခန်း လုံခြုံရေးတပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ နျူကလီးယား လက်နက်တွေကို စောင့်တဲ့ မြန်မြန်တုံ့ပြန်ရေး အင်အားလည်းဖြစ်ပါတယ်။

“ကျွန်တော်တို့ လေ့ကျင့်ရေးမပြတ်ဆင်းရတယ်။ တုံ့ပြန်ဖို့ ကျွန်တော်တို့ကို ပေးတဲ့အချိန်က ၂ မိနစ်အတွင်းပဲ”လို့ သူက ဂုဏ်ယူပြီး ပြောပါတယ်။

ရုရှားမှာ သုံးလို့ရတဲ့ နျူလီးယား ကျည်ထိပ်ဖူး ၄,၃၈၀ အထိ ရှိတယ်လို့ အမေရိကန် သိပ္ပံ ပညာရှင်များအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ၁,၇၀၀ ကို ဖြန့်ကြက်ချထားတာ ဒါမှမဟုတ် အသင့်အနေအထား အသုံးပြုလို့ရတဲ့အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ စုစုပေါင်းဟာလည်း အဲဒီအရေအတွက်အတိုင်း ပိုင်ဆိုင်ထားပါတယ်။

ပူတင်အနေနဲ့ “ဗျူဟာမြောက်မဟုတ်တဲ့” တစ်ခါတလေမှာ တိုက်ပွဲသုံး၊ နျူကလီးယားလက်နက်တွေကို ဖြန့်ကြက် နေရာချထားဖို့ ရွေးချယ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ ဒီလက်နက် တွေဟာ ရေဒီယိုဓာတ်သတ္တိကြွမှု အကျယ်ပြန့်တဲ့ ပိုသေးတဲ့ဒုံးကျည်တွေဖြစ်ပါတယ်။

အဲဒီ ဒုံးကျည်တွေကို အသုံးပြုရုံနဲ့ စစ်ပွဲဟာ အန္တရာယ်မြင့်လောက်တဲ့အထိ တင်းမာမှု တက်သွားတာမျိုးတော့ ရှိလာနိုင်ပါတယ်။

image
image
image
34 w - Translate

Fashion
လိုက်ဖက်မှုရှိတယ့် ဖက်ရှင်လေးတွေ 😍

34 w - Translate

~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
ကျွန်မ မှတ်မိသလောက် ရာပြည့်ကွင်းတွင် ကျင်းပသည့် မူးယစ်ဆေးဝါးပြပွဲရှိဆေးတက္ကသိုလ် ပြခန်းတွင် ကျွန်မတို့ တာ၀န်ကျသည့် ည၏ နောက်တစ်ပတ် တိတိ အကြာတွင် ဖြစ်သည်။ ထိုနေ့ညတွင် ညနေ ငါးနာရီမှ ည ၁၁ နာရီ အထိ မောင်နှင့် ကျွန်မ နီးကပ်စွာ ရှိနေခဲ့ပါသည်။ ကွယ်ရင်မေ့ပြီး တွေ့ရင်သေအောင် လွမ်းပြတတ်သူဟု (ပထမဆုံး အကြိမ်) ကျွန်မ နာမည်ပေးမိသော ညလည်း ဖြစ်ပါသည်။
မောင်သည် စာရေးမညံ့ပါ။ သို့သော် စာရေးကောင်းသူတစ်ဦးလည်း မဟုတ်။ မောင့်စာကို ဖတ်ပြီး ထိုညက ကျွန်မ အိပ်မပျော်ပါ။ အရမ်းပျော်နေသောကြောင့် ဖြစ်သည်။ စာက တစ်မျက်နှာပင် မပြည့်တတ်ပါ။ ကျွန်မကို ချစ်မြတ်နိုးမိသည့် အကြောင်းကို ရိုးစင်းစွာပင် ရေးသားထား၏။
မောင့်လက်မှတ်ကို ကျွန်မကျောင်းခေါ်ချိန်စာရွက် လက်မှတ်များတွင် မှတ်မိနေလို့သာပေါ့။ မောင်က စာအောက်ခြေတွင် နာမည်လေးမျှပင် ရေးဖော်မရချေ။
သူငယ်ချင်းများကို မောင့် ပထမဆုံးစာရလျှင် အအေးတိုက်မည်ဟု ကတိခံပြီး ဖြစ်သော်လည်း ထိုအချိန်က ဖေဖော်ဝါရီလကြီး ဖြစ်သဖြင့် အခြေအနေအရ ဆီချက်ခေါက်ဆွဲတစ်ပွဲစီ ကျွေးလိုက်ရပါသည်။ မောင့်စာရကတည်းက ကျွန်မ စာပြန်ချင်လှပြီ။
(ကျွန်မက လုံး၀ မမူတတ်သူ ဖြစ်ပါလိမ့်မည်။) သူငယ်ချင်းများက တားထား၏။
“အခုချက်ချင်း စာရ ၊ အခုချက်ချင်း စာပြန်လို့ ဘယ်ဖြစ်မလဲ။ နင်ကလဲ မိန်းကလေးဆိုတာ မူရတယ်ဟဲ့” ဘာညာ အကြံဉာဏ်ပေးကြ၏။
ကျွန်မ စိတ်ကို ကွေးကောက်နေအောင် ထိန်းချုပ်၍ သူငယ်ချင်းများ၏ အမိန့်အရ ဒုတိယအမ်ဘီ အတန်းတင် စာမေးပွဲကြီးအပြီး အောင်စာရင်းထွက်သောနေ့က စာပြန်လိုက်လေသည်။ စာပြန်တော့လည်း မောင့်အခန်းနံပါတ်ကို ကျွန်မ မသိ။ အောင်ဆန်းဆောင်မှန်းသာ သိသည်။(အဲသည်တုန်းက မောင် အဆောင်နေသေးသည်) မောင်စာထည့်သလို မောင့်နာမည်ရဲ့ နောက် က ကွင်းစ ၊ ကွင်းပိတ်ထဲမှာ မောင့်မြို့နာမည် နှင့် မောင့်အတန်းတို့ကို ရေးပေးလိုက်သည်။
နောက်တစ်နေ့ ဇီဇဝါဆောင်သို့ မောင်ရောက်လာပါသည်။ ကျွန်မ အဲသည်နေ့က မောင့်ကို ဆင်းတွေ့ဖို့ မိနစ် ၂၀လောက် စဉ်းစားယူရသည်။ ကျွန်မ မောင့်ကို မျက်နှာချင်း မဆိုင်ရဲလောက်အောင် ရှက်နေခဲ့ပါသည်။ အချစ်ဟူသည် ရှက်စရာဟု ကျွန်မ မထင်ခဲ့ဖူးသော်လည်း မောင့်ကို ချစ်တယ် .. ဟူသော စာကလေးတစ်ကြောင်း ရေးလိုက်မိသောကြောင့် ကျွန်မ မျက်နှာ ပူနွေးခဲ့ရသည်။ အဆောင်ရှေ့က ဗာဒံပင်အောက်မှာ မောင် အကြာကြီး ရပ်စောင့်နေသည်ကို ကျွန်မ အခန်းပြတင်းနောက်ကွယ်မှ ချောင်းကြည့်ရင်း ရင်ခုန်မောပန်းနေ၏။
ဘယ်လိုမှ ကြိုးစားအားတင်း၍ မရသောအခါ သူငယ်ချင်းကို စာတိုလေးရေး၍ သွားပေးခိုင်းလိုက်ရ၏။
“မောင် ၊ သိပ်စပ်စုတဲ့ မျက်လုံးတွေ အောက်မှာ မောင့်ကို ကျွန်မ လာမတွေ့ရဲဘူး ၊ မနက်ဖြန် ညနေ ၄ နာရီ ကျွန်မ ပြန်မှာ ၊ ခေတ္တရာ မန်းကားဂိတ်ကို ၂ နာရီလောက် လာခဲ့လေ။ အဲဒီကျမှပဲ တွေ့ရအောင်နော် ၊ ကျွန်မ ရှက်တယ်”
ဟု ရေးလိုက်သော စာတိုကလေးကို မောင်ဖတ်နေသည်ကို ကျွန်မ ရင်ခုန်ကြည်နူးစွာ ချောင်းကြည့်နေမိသည်။ မောင်နှုတ်ဆက်၍ ထွက်သွားမှ ကျွန်မ ငိုချင်သလို ခံစားလိုက်ရသည်။
“ငါ မှားသွားပြီလား” ဟု အထပ်ထပ်အခါခါ စဉ်းစားပြီး ကျွန်မ စိတ်ဆင်းရဲနေသည်မှာ တစ်ညနှင့် တစ်နေ့ ဖြစ်သည်။ မောင်စိတ်ဆိုးမှာကို အဲသည်ကတည်းက စိုးရိမ်ပူပန်တတ်သူပါကွယ်။
မောင့်ကို ကျွန်မ ချစ်သူအဖြစ် သတ်မှတ်သည့်နေ့သည်ပင် ကျွန်မနှင့် မောင် တစ်နယ်စီ ခွဲရမည့် နေ့ဖြစ်ခဲ့၏။ ဤသည်မှာ ကျွန်မတို့ နှစ်ဦးအတွက် မကောင်းသောနိမိတ်ဆိုး ဖြစ်ဟန်တူပါသည်။ မောင့်အနေနှင့်တော့ မသိ။
ကျွန်မ အနေနှင့်တော့ မောင့်ကို ခွဲခွာရသည့် ဝေဒနာနှင့် ပထမဆုံး ကြုံမိစေသော ကိုယ့်ကိုကိုယ်သာ ထပ်တလဲလဲ အပြစ်တင်လျှင် ရင်နာမဆုံး ဖြစ်ရသည်။ ဘာကြောင့်များ ကျောင်းပြန်ဖွင့်ပြီး ပြန်ဆုံရတဲ့နေ့ကို မရွေးမိလေသလဲနော်။
ကျွန်မ ပြန်မည့်နေ့က ချိန်းသည့်အတိုင်း မောင် နေ့လယ် နှစ်နာရီ ကတည်းက စောင့်နေပါသည်။ ကားဂိတ်ကလူရှုပ်သဖြင့် ပစ္စည်းများနေရာချပြီး နောက် စျေးချိုနားက လက်ဖက်ရည်ဆိုင် တစ်ခုမှာ ကျွန်မတို့ နှစ်ယောက် တွေ့ကြသည်။ နှစ်ယောက်တည်း တွေ့ရတော့လည်း ရှက်နေခဲ့တာပါပဲ။ မောင်ကလည်း ရှက်နေပြီး ကျွန်မကို တည့်တည့်မကြည့်။ ကျွန်မကလည်း ရှက်နေပြီး မောင့်မျက်နှာကို တည့်တည့်မကြည့်။ လက်ဖက်ရည်ပန်းကန်များ ကိုသာ ငုံ့စိုက်ကြည့်ပြီး သောက်လည်းမသောက်ကြပါ။
“စာရေးနော်”
ကျွန်မ ခေါင်းညိတ်ပြလိုက်ပါသည်။ ခေါင်းညိတ်ပြသော်လည်း ကျွန်မမောင့်လိပ်စာကို မသိ။မေးဖို့ သတိရသော်လည်း စကားမဆိုရဲပါ။ မောင်ကလည်း မေ့သေးသည် တော်တော်ကြီးကြာမှ
“ကျောင်းဖွင့်ရင် ချက်ချင်း ပြန်လာနော် သိလား” ဟု ဆိုပြန်သည်။

#ဆက်ရန်ရှိ

image

အမဲနှပ် သက်ရှည်ခေါက်ဆွဲ

#ပါဝင်ပစ္စည်းများ
အမဲသား (၂၅) ကျပ်သား၊ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ ကြက်သွန်မြိတ်၊ စပါးလင်၊ တရုတ်ပဲငပိအနှစ် (Chu Hou Paste)၊ အညိုရောင်ဟင်းချက်ဆော့စ်၊ ဆန်ဝိုင်၊ နှမ်းဆီ၊ ပဲငံပြာရည် (အနောက်)၊ ငရုပ်ကောင်းမှုန့်၊ ဆား၊ ကြံသကာအနှစ်၊ Chinese Five Spices (တရုတ်ဟင်းခတ် ငါးမျိုး) အထုပ်၊ တရုတ်ခေါက်ဆွဲခြောက်၊ မုန်ညင်းရွက်၊ သကြားနည်းနည်း၊ နံနံပင်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး အစိတ်သားခန့်ရှိတဲ့ အမဲသားတုံးကြီးကို ရေလုံပြုတ်ပေးရပါမယ်။ ရလာတဲ့ အမဲသားရေလုံပြုတ်ကိုမှ အမဲသားပြား ခပ်ကြီးကြီးတွေရအောင် လှီးဖြတ်ပေးလိုက်ပါ။ ပြီးရင် အမဲသားပြားတွေကို ဘေးခနဖယ်ထားလိုက်ပါ။

ဒယ်အိုးတစ်လုံးထဲမှာ ဟင်းချက်ဆီနည်းနည်းထည့်ပြီး အပူပေးလိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူရယ်၊ ငရုပ်သီးခြောက်ရယ်၊ ကြက်သွန်မြိတ်ရယ်၊ စပါးလင်ရယ်ကို ပါးပါးလှီးထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ခနကြာရင် ဒယ်အိုးထဲကို Chu Hou paste လို့ခေါ်တဲ့ တရုတ်ပဲငပိအနှစ် (၂) ဇွန်းခန့်ကို ထည့်ပေးလိုက်ပါ။ ပြီးရင် အညိုရောင်ဟင်းချက်ဆော့စ်နဲ့ ဆန်ဝိုင်ကိုလည်း ရောထည့်ပေးလိုက်ပါ။ ပြီးရင် ယောက်ချိုဇွန်းကြီးနဲ့ မွှေပေးလိုက်ပါ။

ခုနကလှီးထားတဲ့ အမဲသားတုံးတွေကို ဒယ်အိုးထဲကို ပြောင်းထည့်ပေးလိုက်ပါ။ အမဲသားတွေ အရောင်ပြောင်းလာသည်အထိ ကြော်ပေးပြီးမှ ဒယ်အိုးထဲကို ရေ (၁) ခွက် ထည့်လိုက်ပါ။ ရေထည့်ပြီးရင် နှမ်းဆီနည်းနည်းနဲ့ ပဲငံပြာရည် (အနောက်) ကို ထည့်ပေးလိုက်ပါ။ ပြီးရင် ငရုပ်ကောင်းမှုန့်၊ ဆားနဲ့ ကြံသကာအနှစ်ကို ထည့်ပေးလိုက်ပါ။

(၃) မိနစ်ခန့် ချက်ပြုတ်ပြီးရင်တော့ အမဲသားနဲ့ စွပ်ပြုတ်ရည်ကို ဇောက်နက်တဲ့ အဝကျဉ်းအိုးရှည် တစ်လုံးထဲကို ပြောင်းထည့်လိုက်ပါ။ Chinese Five Spices (တရုတ်ဟင်းခတ် ငါးမျိုး) အထုပ်လေးကိုလည်း အိုးထဲထည့်လိုက်ပါဦး။ ပြီးရင်တော့ တစ်နာရီခန့် ချက်ပြုတ်ပေးလိုက်ပါ။

တစ်နာရီပြည့်ရင်တော့ အမဲသားတုံးလေးတွေ နူးအိပြီး စားချင့်စဖွယ် ဖြစ်နေပါပြီ။ အမဲသားတုံးလေးတွေနဲ့ ဟင်းရည်ကို ပန်းကန်တစ်လုံးထဲမှာ ဆယ်ထည့်လိုက်ပါ။ တရုတ်ခေါက်ဆွဲခြောက်ကိုတော့ ခုနက အမဲသားပြုတ်တဲ့ ဒယ်အိုးထဲမှာပဲ ထည့်ပြုတ်ပေးလိုက်ပါ။ ခေါက်ဆွဲခြောက်နဲ့အတူ မုန်ညင်းရွက်လေးတွေကိုလည်း ထည့်ပြုတ်ပေးလိုက်ပါ။ ပြီးရင် ပန်းကန်လုံးအကြီး တစ်လုံးထဲမှာ ခေါက်ဆွဲပြုတ်ဖတ်တွေနဲ့ မုန်ညင်းဖတ်တွေကို ဆယ်ထည့်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ အမဲသားဖတ်တွေနဲ့ စွပ်ပြုတ်ရည်ကို ဆမ်းပေးလိုက်ပါ။

ဒယ်အိုးထဲမှာ ရေ (၁) ခွက်ရယ်၊ ဆားနည်းနည်း၊ သကြားနည်းနည်း၊ ငရုပ်ကောင်းမှုန့် နည်းနည်းရယ်ကိုထည့်ပြီး စွပ်ပြုတ်တည်ပေးလိုက်ပါ။ ရလာတဲ့စွပ်ပြုတ်ရည်ကို အမဲသားခေါက်ဆွဲ ပန်းကန်ထဲ လောင်းထည့်ပေးလိုက်ပါ။ ပြီးရင် အပေါ်ကနေ နံနံပင်နည်းနည်းနဲ့ ကြက်သွန်မြိတ်နည်းနည်းကို ကပ်ကြေးနဲ့ကိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ မွှေးကြိုင်ပြီး စားလို့ကောင်းတဲ့ အမဲသားနှပ် သက်ရှည်ခေါက်ဆွဲကို ရရှိပါပြီနော်။

image
34 w - Translate

ရှမ်း/မြောက် မြို့နယ်(၃)မြို့နယ်တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွား

ရှမ်း/မြောက် မူဆယ် ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တို့တွင် ယနေ့ ဒီဇင်ဘာ (၉)ရက် နံနက် အစောပိုင်းချိန်မှစတင်၍ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၃) နာရီခွဲဝန်းကျင်မှ (၄)နာရီအထိကို (၆)ကြိမ်၊ (၈)နာရီခွဲဝန်းကျင်အချိန်၌ (၁)ကြိမ် စုစုပေါင်း (၇)ကြိမ်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

" ငလျင်လှုပ်သွားတာ အရမ်းသိသာတယ်။ အိမ်က ထွန်းထားတဲ့ မီးချောင်းတွေ ခါသွားပြီး၊ လူလည်း မိုက်ခနဲ့ဖြစ်သွားတယ်။"ဟု မူဆယ်ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ နမ့်ခမ်း နှင့် ကွတ်ခိုင်မြို့နယ်တို့တွင်လည်း ငလျင်ပြင်းထန်စွာလှုပ်ခတ်ခြင်းကြောင့် နေအိမ်အချို့ ပျက်စီးသွားရပြီးဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ကြရကြောင်း သိရသည်။

မြေငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် (၃)နာရီ၊ (၂၈)မိနစ်၊ (၃)စက္ကန့် အချိန်တွင် သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သိန္နီမြို့၏ အရှေ့မြောက်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၃၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၀၃) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု မိုး/ဇလက အသိပေး သတင်းထုတ်ပြန်ထားသည်။