Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လန်ဒန်ကနေ နယူးယောက်ကိုသွားဖို့ မိနစ် ၃၀ ပဲ အချိန်ကြာမယ်
Musk ရဲ့ SpaceX ဂျက်လေယာဉ်တွေကို သုံးပြီး မိနစ် ၃၀ အချိန်ပေးရုံနဲ့ လန်ဒန်ကနေ နယူးယောက်ကို ပျံသန်းနိုင်မယ့် အစီအစဉ်ကို မိတ်ဆက်လာပါတယ်။ Musk ဟာ SpaceX ရဲ့ flagship rocket Starship သုံးပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ခရီးသည်များနှင့် လုပ်ငန်းရှင်များကို အချိန်တိုတိုအတွင်း သွားလာနိုင်ရန်အတွက် အစီအစဉ်တစ်ခုကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ချပြသွားမယ်လို့ ဆိုလာတာပါ။
အခုလို မြန်နှုန်းမြင့်လမ်းကြောင်းများနဲ့ အစီအစဉ်တွေကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပြင်ဆင်နေခဲ့တာဖြစ်ပြီး ဒီအစီအစဉ်မှာ ခရီးသည်ပေါင်း ၁၀၀၀ ကို ပို့ဆောင်နိုင်မယ်လို့ သိရပါတယ်။ Starship ဒုံးပျံဟာ ဂြိုဟ်ပတ်လမ်း (orbit) သို့ ပထမဦးစွာ အရှိန်မြင့်အောင် ပစ်လွှတ်ပြီးနောက် ကမ္ဘာမြေရဲ့ မျက်နှာပြင်နှင့် ထောင့်ဖြတ်မဟုတ်ဘဲ အပြိုင်ပျံသန်းပြီးနောက် နောက်ဆုံးမှာ တော်တော်ဝေးတဲ့မြို့တစ်မြို့မှာ ဆင်းသက်မှာဖြစ်ပြီး ခရီးအားတစ်နာရီအတွင်းသာ ပြီးဆုံးနိုင်မှာပါ။
Musk ဟာ ဒီနည်းပညာကိုသုံးပြိး ဝေးလံတဲ့မြို့များကို အချိန်တိုတိုအတွင်း မြန်နှုန်းအလွန်လျင်မြန်စွာ သွားရောက်နိုင်အောင်ဖြင့် မျက်မှောက်ခေတ်အတွက် ကြီးမားသော အရွေ့တစ်ခုဖြစ်အောင် စီစဉ်နေတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါယာဉ်ဟာ ဇူးရစ်မြို့ကနေ ဆစ်ဒနီမြို့ကို မိနစ် ၅၀ အတွင်း ခရီးသည်များကို ပို့ဆောင်နိုင်ပြီးတော့ နယူးယောက်မှ ရှန်ဟိုင်းကိုဆိုရင် ၃၉ မိနစ်အတွင်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း SpaceX မှ ကြေငြာထားပါတယ်။
လက်ရှိ air line တွေမှာဆိုရင် လန်ဒန်မှ နယူးယောက်ကို ပျံသန်းရင် ခုနစ်နာရီကြာချိန်ရှိပြီး 7392 မိုင်အကွာအဝေးရှိတဲ့ နယူးယောက်ကနေ ရှန်ဟိုင်းကို ပျံသန်းမယ်ဆိုရင်တော့ 15 နာရီအောက်သာ ကြာချိန်ရှိပါတယ်။
#akhayar #akhayartech
#crd
၁၀ နှစ်အတွင်း NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူ (၂၇၀၀၀)ကျော်ရှိ
၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၁၀)နှစ်အတွင်း မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူ (၂၇၅၅၃)ဦးရှိကြောင်း သိရသည်။
NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူ (၆၅၄)ဦးအား လက်မှတ်ပေးအပ်ပွဲကို ယနေ့ ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း) ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းရှိန်တက်ရောက်ခဲ့သည်။
ဒု-ဝန်ကြီးမှ NSSA ၏ အမျိုးသားအဆင့် အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက် မှတ်ရရှိရန် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ (၃၀၃၃၅)ဦးဝင်ရောက်ဖြေဆိုခဲ့ရာ သတ်မှတ်အရည်အချင်းကိုက်ညီသူ (၂၇၈၉၉)ဦးရှိခဲ့သည်ဟု ပြောသည်။
အဆိုပါ သတ်မှတ်အရည်အချင်းကိုက်ညီသူများထဲမှ လုပ်သား(၂၆၈၉၉)ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာအသိအမှတ်ပြုလက် မှတ်များထုတ်ပေးပြီးဖြစ်ကာ ယခုတွင်လည်း ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူ (၆၅၄)ဦးကိုထပ်မံထုတ်ပေးခြင်းဖြစ်ပြီး ကျန်လုပ်သား(၃၄၆)ဦးကိုလည်း လက်မှတ်များဆက် လက်ထုတ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
ထိူ့နောက် ဒု-ဝန်ကြီးနှင့်တာဝန်ရှိသူများက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိသူ (၆၅၄)ဦးအား လက်မှတ်များနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ကြသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီများကို စိစစ်မည်
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် နိုင်ငံအလိုက် စေလွှတ်ထားသည့် အလုပ်သမားများထံမှ ပြည်တွင်းသို့ ငွေပြန်လွှဲခြင်း၊ မရှိကို အလုပ်သမားဝန်ကြီးဌာနက စစ်ဆေးမည်ဖြစ်ကြောင်း အေဂျင်စီများက ပြောသည်။
ယင်းသိူ့စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ကစတင်ပြီး စစ်ဆေးမည် ဖြစ်ကာ ဒီဇင်ဘာ ၂၇ ရက်အထိ တရက်လျှင် အေဂျင်စီ ငါးဆယ်နှုန်းကို ခေါ်ယူစစ်ဆေးမည်ဟု သိရသည်။
စာရင်းများအရ ၂၀၂၄ ခုနှစ် မေလ မှ သြဂုတ်အထိ လေးလအတွင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၂၉ ခုမှ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအိုနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတချို့ကို အလုပ်သမား ၅၆,၈၆၀ ဦး စေလွှတ်ထားကြောင်းလည်း သိရသည်။
ထိုကဲ့သို့ နိုင်ငံပြင်ပကို တရားဝင် သွားရောက်အလုပ်လုပ်ကိုင်
သူများအနေဖြင့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်း သို့သုံးလစာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲစနစ်ဖြင့် ငွေလွှဲရန်လည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထို့အပြင် ပြည်ပရောက် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်ထားများကို အထောက်အထား ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လကုန်ပြီး ၅ ရက်အတွင်း မပျက်မကွက် ပုံမှန်ပေးပို့ရန် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိတွင် စေလွှတ်လချုပ်စာရင်းများ ပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီ နှစ်ရာကျော်ခန့်ရှိနေဆဲ ဖြစ်ပြီး ပေးပို့ရန် ကျန်ရှိနေသည့် အေဂျင်စီများအနေဖြင့်လည်း အမြန်ဆုံးပေးပိူ့ရန်လည်း ဆိုသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အရေးယူနေကာ အချိန်မီ ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့် ဆိုင်းငံ့ခံရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။