မိန်ကလေး သူငယ်ချင်းတွေနဲ့
ခရီးသွားဖူးတဲ့ သူတွေဆိုသိကိုသိတယ်😣
အိတ်လွယ်ပေးရုံတင်မကဘူးနော်
ပုံပါရို၊က်ပေးရတယ် မလှရင်စေတနာကိုမပါဘူး ပြန်ရို-က်ပေးဆိုတာပါသေးတယ်🤧
#popular Paoh Stars
📷-Bagn Lover
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မိန်ကလေး သူငယ်ချင်းတွေနဲ့
ခရီးသွားဖူးတဲ့ သူတွေဆိုသိကိုသိတယ်😣
အိတ်လွယ်ပေးရုံတင်မကဘူးနော်
ပုံပါရို၊က်ပေးရတယ် မလှရင်စေတနာကိုမပါဘူး ပြန်ရို-က်ပေးဆိုတာပါသေးတယ်🤧
#popular Paoh Stars
📷-Bagn Lover
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၁၄ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၀၀၀၀၀ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၆၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၆၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၀၅ ကျပ်
ဝယ်ဈေး - ၄၅၈၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၅ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၁၃ ကျပ်
ဝယ်ဈေး - ၂၈.၄၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၈၂ ကျပ်
ဝယ်ဈေး - ၅၁.၄၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၅၅ ကျပ်
ဝယ်ဈေး - ၅၅၁၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၅ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
ကိုးရီးယားကြာဇံကြော် ♡
Fried Sweet Potato Noodles >> Glass Noodles
❀ ❀ ❀ ❀ ❀ ❀
ကန်ဇွန်းဥကထုတ်ထားတဲ့ကန်ဇွန်းဥကြာဇံကိုသုံးပြီးကြော်ထားတာပါ။ပဲကြာဇံကဖြူပြီးကန်ဇွန်းဥကြာဇံကအနည်းငယ်ညိုပါတယ်။ကိုးရီးယားကုန်စုံဆိုင်များမှာရနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
ကန်ဇွန်းဥကြာဇံ - ၂၀၀ ဂရမ်
ကြက်သား/အမဲသား/ပုဇွန်
ကြက်သွန်နီ - တစ်ခြမ်း
မုန်လာဥနီ - တစ်စိတ်
ရှီတာခီမှို - ၅ပွင့်
ငရုပ်ပွနီ/စိမ်း- တလုံး
ကြက်ဥအနှစ် - နှစ်လုံး
ဟင်းနုနွယ်ရွက်/မုန်ညင်းစိမ်း- တစ်စည်း
ပဲငံပြာရည်အကြည် - ၅ဇွန်း
နှမ်းဆီမွေး - ၅ဇွန်း
နှမ်းလှော် - ၂ဇွန်း စားပွဲဇွန်း
ဆား-အနည်းငယ်
သကြား - နှစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြာဇံကိုရေနွေးပွက်ပွက်ဆူတွင်၇မိနစ်ပြုတ်ပြီးရေအေးလောင်းကာရေစစ်ထားပါ။
(၂)နှစ်သက်ရာအသားငါးပုဇွန်ကိုပြင်ဆင်ထားပါ။
(၃)မုန်လာဥနီကိုအမျှင်ချောင်းလေးများစိတ်ထားပါ။ရှီတာခီမှိုခြောက်ကိုရေစိမ်ပြီး ပါးပါးလှီးထားပါ။ငရုပ်ပွကိုအချောင်းေ လးများစိတ်ထားပါ။ကြက်သွန်နီအမြော င်းစိတ်ထားပါ။
(၄)ကြက်ဥအနှစ်ကိုခေါက်ပြီးအိုးအပူရှိန်အနည်းငယ်ဖြင့်ပါးပါးလေးအချပ်လိုက်ရအောင်ကြော်ပြီးအမျှင်လေးများစိတ်ထားပါ။
(၅)ဟင်းနုနွယ်ရွက်သို့မဟုတ်မုန်ညင်းစိမ်းကိုရေနွေးဖျောပြီးရေစစ်ထားပါ။ပုဇွန်ကိုလည်းရေနွေးဖျောထားပါ။အသားထည့်လိုပါကအရသာထည့်ပြီးကြော်ပေးပါ။
(၆)အားလုံးအသင့်ဖြစ်ပါကဇလုံတခုတွင်ပြုတ်ထားပြီးသောကြာဇံကိုထည့်ပြီးကပ်ေ ကြးဖြင့့်အနည်းငယ်ညပ်ပြီးဖြတ်ပေးပါ။ဆားအနည်းငယ်ပဲငံပြာရည်တစ်ဇွန်းနှင့်နှမ်းဆီမွေးထည့်ပြီးသမအောင်မွေထားပါ။
(၇)ရေနွေးဖျောထားသောမုန်ညင်းရွက်ကိုလည်းပဲငံပြာရည်၊ဆီမွေးဖြင့်နယ်ပြီး ကြာဇံထဲထည့်ပါ။ပုဇွန်ထည့်ပါ။
(၈)ဒယ်အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာမှိုပါးပါးစိတ်ထားသည်ကိုထည့်ကြော်ပါ။ဆားအနည်းငယ်ထည့်ပါ။ပြီးလျှင်ဆယ်ယူပြီးကြာဇံဇလုံတွင်ထည့်ပါ။အထက်ပါနည်းအတိုင်းမုန်လာဥနီ၊ကြက်သွန်နီငရုပ်ပွတို့ကိုတမျိုးဆီကြော်ပြီးကြာဇံထဲသို့ထည့်ပါ။ကြက်ဥကြော်အမျှင်စိတ်ထားသည်ကိုထည့်ပါ။
(၉)အားလုံးကြော်ပြီးပါကလက်ကျန်ပဲငံပြာရည်နှင့့်ဆီမွေးသကြားတို့ကိုထည့်ပြီးသမအောင်မွေပေးကာနှမ်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀သီးနှံနှင့်ကြာဇံတို့ကိုအားလုံးပေါင်းမကြော်ဘဲတခုဆီကြော်ထားတဲ့အတွက်အသီးအနှံများရဲ့အရောင်များဝါသွားခြင်းမရှိဘဲလှလှပပအရောင်စုံလေးရရှိမှာဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း နစက ဥက္က ဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီး ပွားရေးတက္ကသိုလ်နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာရပ်များကို ဖြန့်ဖြူးရာတစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အဖြစ်ရပ်တည်ခဲ့သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ သမိုင်းကြောင်းကိုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့အတူ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရည်ရွယ်၍ စီးပွားရေးတက္ကသိုလ်များအား နှစ်အလိုက်တိုးချဲ့ဖွင့်လှစ်ခဲ့မှု၊ ပါရဂူဘွဲ့(Ph.D)ဘွဲ့သင်တန်းများအပါအဝင် နှစ်အလိုက်ဘာသာရပ်သင်တန်းများတိုးချဲ့ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် မွေးထုတ်ပေးနိုင်ခဲ့သော သက်ဆိုင်ရာဘာသာရပ်များအလိုက် ဘွဲ့ရဦးရေများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
" နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ စီး ပွားရေးပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ဖြန့်ဖြူးပေးနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့စီးပွားရေးဦးတည်ချက်တွေနဲ့အညီ နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားတိုးတက်လာစေဖို့ရည်ရွယ်ပြီး MSME လုပ်ငန်းတွေကတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေးကိုဆောင်ရွက်နေပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှဦးဆောင်၍ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်(၃၉)ခုတွင် B.A (Economics)ဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ပေးခဲ့သဖြင့် အနာဂတ်ကာလတွင် B.A (Economics)ဘွဲ့ရများအနေဖြင့် တတ်သိထားသည့် စီးပွားရေးအသိအမြင်၊ အတွေးအမြင်မျကိုအသုံးချကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်လာနိုင်တော့မည်ဟု ပြောသည်။
စီးပွားရေးတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် MBA ဘွဲ့ရများအနေဖြင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင်ကျွမ်းကျင်သော စီးပွားရေးလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုပိုင်းတွင် အဆင့်မြင့်အရာထမ်းများ၊ MDevS ဘွဲ့ရများ သည် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် NGO/INGO အဖွဲ့အစည်းများ၊ MBF ဘွဲ့ရများသည် ဗဟိုဘဏ်၊ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၌ ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲသူများအဖြစ် အဆင့်မြင့်ရာထူးများကို တာဝန်ယူနေကြသည်ဟု ပြောသည်။
ထို့အတူတူ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ် ပယ်အသီးသီး၌ ထင်ရှားကျော်ကြားသူများအ ဖြစ်ပါဝင်နေကာ နိုင်ငံတော်သမ္မတမှစ၍ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ် ချုပ်များ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ဒု-ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များစသည့် နိုင်ငံတော်၏အဆင့်မြင့်တာဝန်အသီးသီးကိုထမ်းဆောင်နေကြခြင်းအားဂုဏ်ယူဖွယ်တွေ့မြင်ရသည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။
ရန်ကုန် ခရေပင်လမ်းခွဲတွင် စက်ရုံကြို/ပို့ကားတိမ်းမှော-က် ၄ ဦးဒဏ်ရာရ
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ခရေပင်လမ်းခွဲအနီး၌ ယနေ့ ဒီဇင်ဘာ ၁၄ ရက်ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က စက်ရုံကြို/ပို့ကား တိမ်းမှော-က်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် TRUCK အမျိုးအစား စက်ရုံဝန်ထမ်းကြို/ပို့ကားသည် ခရေပင်လမ်းခွဲအနီးအရောက် တိမ်းမှော-က်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိမ်းမှော-က်ခဲ့သဖြင့် စက်ရုံဝန်ထမ်း အ မျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦးတို့တွင် ထိ ခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် စမ်းကြီးဝမူစလင်လူငယ်များလူမှုကူညီရေးအသင်း၊ မာတာလူမှုကူညီရေးအသင်း၊ မြသီတာလူမှုကူညီရေးအသင်း၊ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။
ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား မြေ ပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။