2 yrs - Translate

လာအိုအသင်းဖြင့် တတိယအကျော့ အုပ်စုအဆင့် ယှဉ်ပြိုင်ကစားရမည့် မြန်မာအသင်း

ယခုလ ဒီဇင်ဘာ (၁၈)ရက်နေ့တွင် လာအို-မြန်မာ ပွဲစဉ်အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း လက်ခံကျင်းပသွားမည်ဖြစ်သည်။

မြန်မာအသင်းဖြင့် ယှဉ်ပြိုင်ကစားရမည့် လာအိုအသင်းအနေဖြင့် အင်ဒိုနီးရှားအသင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်သုံးဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ထားသည်။

လက်ရှိတွင် အာဆီယံချန်ပီယံရှစ်မစ်ဆူဘီရှီဖလားပြိုင်ပွဲ ၂၀၂၄ အုပ်စု(ဘီ)တွင် ပါဝင်နေသည့် အင်ဒိုနီးရှားအသင်းက ရမှတ်(၄)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ရပ်တည်နေပြီး၊ ဗီယက်နမ်အသင်းက ရမှတ် (၃)မှတ်၊ ဖိလစ်ပိုင်၊ လာအိုနှင့် မြန်မာအသင်းတို့က ရမှတ်(၁)မှတ်စီဖြင့် အသီးသီးရပ်တည်နေသည်။

အာဆီယံချန်ပီယံရှစ်မစ်ဆူဘီရှီဖလားပြိုင်ပွဲ အုပ်စုအဆင့်ယှဉ်ပြိုင်ကစားမှုတွင် မြန်မာအသင်းအနေဖြင့် အင်ဒိုအသင်းအား ရှုံးနိမ့်ထားပြီး၊ ဖိလစ်ပိုင်အသင်းအား တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။

image
2 yrs - Translate

လွယ်လွယ်ကူကူ Phrases လေးတွေ သုံးကြမယ် 🤗

#englisheverywhere

image
2 yrs - Translate

လွယ်လွယ်ကူကူ Phrases လေးတွေ သုံးကြမယ် 🤗

#englisheverywhere

image
2 yrs - Translate

လွယ်လွယ်ကူကူ Phrases လေးတွေ သုံးကြမယ် 🤗

#englisheverywhere

image
2 yrs - Translate

လွယ်လွယ်ကူကူ Phrases လေးတွေ သုံးကြမယ် 🤗

#englisheverywhere

image
2 yrs - Translate

လွယ်လွယ်ကူကူ Phrases လေးတွေ သုံးကြမယ် 🤗

#englisheverywhere

image
2 yrs - Translate

လွယ်လွယ်ကူကူ Phrases လေးတွေ သုံးကြမယ် 🤗

#englisheverywhere

image
image
image
image
image
2 yrs - Translate

အိန္ဒိယနိုင်ငံတမီနာဒူးလ်၌ ဆေးရုံမီးလောင်၍ လူ ၇ ဦး‌သေဆုံး

နူးဒေလီ၊ဒီဇင်ဘာ ၁၄

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးလ်ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ မီးလောင်ခဲ့သဖြင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင်ပြောကြားခဲ့သည်။

တမီနာဒူးလ်ပြည်နယ် မြို့တော်ချန်နိုင်းအနောက်ဘက် ၄၃၀ ကီလိုမီတာအကွာရှိ ဒင်ဒီဂယ်ဒေသ ထရစ်ချီလမ်းမှ အရိုးဆေးရုံ၌ မီးလောင်ကျွမ်းခဲ့ပြီး ဆေးရုံ၏ လေးထပ်တွင် ဝါယာရှော့ခ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

မီးလောင်စဉ်အတွင်း ဓါတ်လှေကားထဲ၌ပိတ်မိနေသူ ၆ ဦးကို အချိန်မီကယ်တင်နိုင်ခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ အသက်ရှူကြပ်သည့်လက္ခဏာများ ကို ခံစားခဲ့ကြရသော်လည်း ဆေးရုံသို့ပို့ဆောင်လိုက်ပြီးနောက် အခြေအနေတည်ငြိမ်သွားကြောင်း သိရသည်။

မီးသတ်သမားများအနေဖြင့် မီးငြှိမ်းနိုင်ရန် အချိန်အတော်ကြာယူခဲ့ရပြီး မီးကိုထိန်းချုပ်နိုင်ခဲ့သည်ဟုလည်းသိရသည်။ အိန္ဒိယ၌ လူအများသည် လုံခြုံရေးစံချိန်စံညွှန်းများကို လျစ်လျူရှုထားမှုများကြောင့် အဆောက်အုံများသည် မကြာခဏဆိုသလို မီးလောင်ကျွမ်းလေ့ရှိသည်။

2 yrs - Translate

တရုတ်နှင့်အမေရိက သိပ္ပံ၊နည်းပညာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ၅ နှစ်သက်တမ်းတိုး

ပေကျင်း၊ဒီဇင်ဘာ ၁၄

အမေရိကနှင့်တရုတ်တို့သည် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ပြင်ဆင်ရန်နှင့်သက်တမ်းတိုးရန်အတွက် နှစ်ဖက်တာဝန်ရှိသူများ သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။

ဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က စတင်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို နောက်ထပ် ၅ နှစ်ထပ်မံသက်တမ်းတိုးခဲ့ကြကြောင်းသိရသည်။

အဆိုပါသဘောတူညီချက်စာချုပ်ကို ၁၉၇၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တရုတ်သမ္မတ တိန့်ရှောင်ဖိန်နှင့် ၃၉ ယောက်မြောက်အမေရိကန်သမ္မတ ဂျင်မီကာတာတို့လက်ထက်၌ စတင်သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးစတင်ပြီး ပထမဆုံး လက်မှတ်ရေးထိုးခဲ့သောစာချုပ်လည်းဖြစ်ကြောင်းသိရသည်။

ထိုအချိန်မှစ၍ အဆိုပါသဘောတူညီချက်ကို ငါးနှစ်တစ်ကြိမ်သက်တမ်းတိုးခဲ့ပြီး နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဖလှယ်မှုများအတွက် လမ်းခင်းပေးနိုင်ခဲ့သည့်သဘောတူညီချက်လည်းဖြစ်လာခဲ့သည်။

2 yrs - Translate

သူ့ ပစ္စည်းတွေချည်းပဲ 😅

image