ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ် အယုံအကြည်မရှိအဆို ရှုံးနိမ့်၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲကျင်းပဖွယ်ရှိ

ဘာလင် ၊ ဒီဇင်ဘာ ၁၇

ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ်ဟာ သူ့အပေါ်လွှတ်တော်ကတင်သွင်းတဲ့ အယုံအကြည်မရှိအဆိုမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၂၃ ရက်မှာ ရွေးကောက်ပွဲကျင်းပပေးရတော့မှာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုကို လွှတ်တော်အမတ် ၇၃၃ ယောကအနက် ၃၉၄ ယောက် ထောက်ခံမဲပေးခဲ့ကြပြီး နိုဝင်ဘာလမှာ သုံးပါတီညွှန့်ပေါင်းအဖွဲ့ ပြိုကွဲပြီးနောက် ဂျာမနီအစိုးရဟာ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်ရိုက်နေခဲ့ပါတယ်။

အယုံအကြည်မရှိသူရှုံးနိမ့်သွားတာဟာ ဝန်ကြီးချုပ် အိုလပ်ရှုဇ်လိုချင်တဲ့ ရလဒ်ဖြစ်ပြီး အကျိုးဆက်အားဖြင့် ရွေးကောက်ပွဲကို မူလစီစဉ်ထားတဲ့အတိုင်း စက်တင်ဘာလမဟုတ်ဘဲ ဖေဖော်ဝါရီလမှာ ကျင်းပနိုင်မှာဖြစ်ပါတယ်။

သုံးပါတီညွှန့်ပေါင်းအစိုးရပြိုကွဲပြီးနောက်မှာ ဝန်ကြီးချုပ်အိုလပ်ရှုဇ်ဟာ ဥပဒေသစ်တွေအတည်ပြုဖို့အတွက် အတိုက်အခံရှေးရိုးစွဲဝါဒီတွေရဲ့ ထောက်ခံမှုအပေါ်မှာသာ မှီခိုနေရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ နိုင်ငံအတွက် လမ်းစသစ်တခုချမှတ်ဖို့ အခွင့်အရေးဖြစ်ကြောင်း အယုံအကြည်မရှိအဆို မတင်းသွင်းမီ သူက လွှတ်တော်မှာ ပြောပါတယ်။

ဂျာမန်သတင်းဌာနတွေရဲ့ ရွေးကောက်ပွဲ သဘောထားစစ်တမ်းတရပ်မှာတော့ ခရစ်ယာန်ဒီမိုကရက်တစ်အစည်းအရုံးနဲ့ ခရစ်ယာန်လူမှုအစည်းအရုံးလို အတိုက်အခံမဟာမိတ်အဖွဲ့က လူထုထောက်ခံမှု ၃၃ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ဝန်ကြီးချုပ်၏ လက်ဝဲယိမ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ၁၅ ရာခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်။

Ref:BBC
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image

ထိုင်းတွင် မြန်မာ့အရေး အစည်းအဝေး ၂ ခုကျင်းပမည်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၇

ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဒေသတွင်း အစည်းအဝေး ၂ ခု ပြုလုပ်မည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုအစည်းအဝေး ၂ ခုအနက် တစ်ခုကို မြန်မာ့တပ်မတော်၏ ကိုယ်စားလှယ်များလည်း တက်ရောက်လိမ့်မည်ဟု ထိုင်းအာဏာပိုင်များက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုအားထုတ် ကြိုးပမ်းမှုများသည် အာဆီယံတွင် မြန်မာ့အရေးကို နောက်တစ်ကြိမ် ဦးစားပေး ဖြေရှင်းရန် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာ ( Maris Sangiampongsa) သည် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး သီးခြား အစည်းအဝေး ၂ ခုကို ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သည့် အကျပ်အတည်းကို အဖြေရှာရန်အတွက် အလွတ်သဘော ဆွေးနွေးပွဲများကို လက်ခံ ကျင်းပပေးမည်ဟု ထိုင်းနိုင်ငံက အောက်တိုဘာလထဲတွင် ကမ်းလှမ်းခဲ့ပြီးနောက် ယခု အစည်းအဝေးများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည့် အစည်းအဝေးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး ထိုအစည်းအဝေး၌ နယ်စပ်ဒေသလုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးညှိနှိုင်းမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နီကွန်းဒက်ဂျ် ဘာလန်ကူရ (Nikorndej Balankura) က ပြောကြားခဲ့သည်။

ထို့ပြင် ထိုအစည်းအဝေးများကို မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက်တွင်မူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို ပြုလုပ် မည်ဖြစ်ကြောင်း နီကွန်းဒက်ဂျ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို လွှဲပြောင်း ရယူခဲ့ပြီးကတည်းက အာဆီယံသည် ဒေသတွင်း ထိပ်သီး ခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ၌ တပ်မတော် ခေါင်းဆောင်များကို ဖိတ်ကြား ခြင်းမရှိဘဲ နိုင်ငံရေးနှင့်မနွယ်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမည့် မလေးရှား ဝန်ကြီးချုပ် အီဘရာဟင် ကမူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ပေါ်လာရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

"မြန်မာကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့အတွက် ရာထူးအဆင့်အလိုက် အလွတ်သဘော ဆွေးနွေးညှိနှိုင်းမှုတွေ ကတဆင့် မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံက ဦးစားပေး လုပ်ဆောင်နေပါတယ်"ဟု အန်ဝါက ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်သို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra) နှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်

ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image

မြိတ်မြို့ မီးပွိုင့်လမ်းဆုံတွင် ဖုန်းဆိုင်မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့သစ်ရပ်ကွက်၊ ကောင်းဆုရွှေဆိုင်ဘေး၊ မြို့သစ်ကောင်းရှေ့၊ မီးပွိုင့်လမ်းဆုံတွင် ဖုန်းဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ဒီဇင်ဘာလ ၇ နာရီ ၃၀ အချိန်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ ဒေသခံလူမှုကူညီရေးအသင်း၊ မြိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ရာ ၈ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသတ်သွားကြောင်း သိရသည်။

“ဖုန်းဆိုင်လောင်တာ။ အဲ့အပေါ်ထပ်မှာ လူနေတယ်။ ဘယ်လိုဖြစ်ပြီး လောင်လည်းတော့ မသိဘူး” လို့ ဒေသခံတစ်ဦးမှ ပြောသည်။

ထိုမီးလောင်မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် စစ်ဆေးနေကြောင်းလည်း သိရသည်။

Photo - Credit

#သတင်းဟင်းလေးအိုးကြီး

image
image
image

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၈ သန်းကျော်၊ ထိုင်းဘတ် ၁ သန်းနှင့် တရုတ်ယွမ် ၇ သိန်းကျော် ထုတ်ရောင်း

ဒီဇင်ဘာ ၁၇

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၈ သန်းကျော်၊ ထိုင်းဘတ် ၁ သန်းနှင့် တရုတ်ယွမ် ၇ သိန်းကျော် ထပ်မံထုတ်ရောင်း၍ ယခုဒီဇင်ဘာလ နှစ်ပတ်ကျော်အတွင်း ‌ဒေါ်လာ ၁၀၉ သန်းခွဲအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီဇင်ဘာလ ၁၆ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

နှစ်သစ်ကူးရုံးပိတ်ရက်များကြောင့် သွင်းကုန်တင်သွင်းမှုများပြီး နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလေ့ရှိသည့် ဒီဇင်ဘာလအတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များ အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံး အရင်းဖြင့် ထုတ်ရောင်းပေးနေခြင်းဖြစ်သည်။

ဗဟိုဘဏ်မှ ယခုထုတ်ရောင်းပေးခဲ့သည့် ဒေါ်လာ ၂၈ သန်းကျော်၊ ထိုင်းဘတ် ၁ သန်းနှင့် တရုတ်ယွမ် ၇ သိန်းကျော်အပြင် ဒီဇင်ဘာလ ၁၃ ရက်ကလည်း ထိုင်းဘတ် ၄ သိန်းကျော်နှင့် တရုတ်ယွမ် ၃ သိန်းခွဲခန့်ကိုလည်း ထပ်မံထုတ်ရောင်းပေးထားသည်။

ယခုဒီဇင်ဘာလ ၂ ရက်မှ ၁၆ ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေရောင်းချပေးထားမှုမှာ ဒေါ်လာ ၁၀၉ သန်းခွဲ၊ ထိုင်းဘတ် ၃၀၉ ဒသမ ၄၇၅ သန်းနှင့် တရုတ်ယွမ် ၈ ဒသမ ၇၄၆ သန်းအထိ ရောင်းချပေးထားပြီးဖြစ်သည်။

ယင်းကဲ့သို့ ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးခဲ့မှုကြောင့် ဒေါ်လာဈေး ဆွဲတင်မှုများရှိနေသော် လည်း ယနေ့တွင် တစ်ဒေါ်လာ ၄,၄၂၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ် ၁၃၁ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၁၆ ကျပ် ဖြစ်ပေါ်ခဲ့ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေးနှုန်း အကျဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။

#centralnewsnaypyitaw

imageimage
2 yrs - Translate

😍😍

image

ဆူးခတ်နှင်းဆီ အပိုင်း (၁)

ပြည်တွင်း ဖရဲ၊ သခွားမွှေး တောင်သူများ အရှုံးပေါ် နေ

ဒီဇင်ဘာ ၁၇

ဖရဲသီးနှင့်သခွားမွှေးလုပ်ငန်းများ ရာသီချိန်ရောက်နေပြီဖြစ်သော်လည်း ရှမ်းပြည်နယ်အရှေ့ ပိုင်းလမ်းကြောင်းမှတစ်ဆင့်သာ တင်ပို့နိုင်သဖြင့် အရည်အသွေးကျဆင်းပြီး ဈေးကောင်းမရကြကြောင်း ဖရဲ၊ သခွားလုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်တွင်း၌ ဖရဲသီးနှင့် သခွားမွှေးများ ထွက်ပေါ်ချိန်ရောက်သော်လည်း ပြည်တွင်း၌ ဈေးကောင်းမရသည့်အပြင် ပြည်ပသို့တင်ပို့ရာတွင်လည်း သယ်ယူပို့ဆောင်ချိန်ကြာမြင့်နေကာ အရည်အသွေးကျဆင်းနေပြီး တရုတ်ဘက်မှ ဈေးနှိမ်ဝယ်ယူနေကြောင်းသိရသည်။

ယခင် မူဆယ်-ချင်းရွှေဟော် လမ်းကြောင်းအစား မိုင်းလားဘက်မှ တင်သွင်းရောင်းချနေရာ ယခုဒီဇင်ဘာလမှစတင်ကာ ဖရဲ၊ သခွားသီး တစ်စီး၊ နှစ်စီးခန့် စတင်ရောင်းချနေကြောင်း တစ်တန်လျှင် တရုတ် ယွမ်ငွေ (၂၅၀ဝ) ခန့်ရရှိနေကြောင်း သိရသည်။

"တိုက်ပွဲတွေမဖြစ်ခင် နယ်စပ်ဂိတ်တွေ ဖွင့်တဲ့အချိန်က တရုတ်ဘက်ကို ဖရဲသီးတင်ရတာ အခုလောက်စရိတ်မကုန်ဘူး။ အခုက မိုင်းလားဂိတ်တစ်ခုကပဲ ဖရဲသီးပို့ရတော့ ကားခပိုပေးရသလို လမ်းမှာလည်း ခရီးကြန့်ကြာတော့ ဖရဲသီးအရည်အသွေးက လျော့လာတယ်။ လမ်းမှာပေးရတဲ့ဂိတ်ကြေးတွေက များသလို တရုတ်ကလည်း ဖရဲသီးမကောင်းရင် ဈေးနှိမ်တယ်"ဟုနယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

လတ်တလော ငွေလဲနှုန်းအရ ဖရဲသီးတစ်တန်လျှင် (၁၅)သိန်းကျပ်ဝန်းကျင်ရရှိနေသော်လည်း ဖရဲသီးတင်ပို့ရာတွင် ကားတစ်စီးစာ စိုက်ခင်း ကုန်ကျငွေနှင့် တင်ပို့စရိတ်မှာ ငွေကျပ်သိန်း(၂၆၀) နီးပါး ကုန်ကျခြင်းကြောင့် လတ်တလောတင်ပို့ရာ၌ နယ်စပ်ဒေသများမှစိုက်ပျိုးထားသည့် ရှမ်းဖရဲသီးများကိုသာ တင်ပို့နေကြောင်း အောင်ပန်းမြို့ရှိ သီးနှံပွဲရုံတစ်ခုမှ သိရသည်။

"နယ်စပ်ဂိတ်တွေက ပိတ်ထားတော့ ဖရဲသီးက တရုတ်ကိုပို့ရင်လည်း ရှုံး ၊ ဒီမှာရောင်းလည်းရှုံး ဖြစ်နေတယ်။ ဖရဲသီးပို့ရတာ လမ်းမှာကြာလို့ ပျက်စီးရင် အပုပ်အလျော့က (၃)တန်ကနေ (၁၅) တန်အထိရှိတယ်"ဟု ဖရဲကုန်သည်တစ်ဦးက ပြောသည်။

တောင်ကြီး-ကျိုင်းတုံ-မိုင်းလားလမ်းမှလာသော ဖရဲသီးကားများ နည်းပါးသွားသော်လည်း ရှမ်းမြောက်ရှိ ဖရဲသီးကားများက ကွတ်ခိုင်ရှိ MNDAA ရုံးတွင် ထောက်ခံချက်ယူပြီး သိန္နီ-ကွမ်းလုံ-နမ့်တစ်မှတစ်ဆင့် ပန်ဆန်းလမ်းကြောင်းအတိုင်း တရုတ်ပြည်သို့ တင်ပို့နေကြောင်းသိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image

အာဏာရှင်အာဆတ်ထွက်ပြေးသွားပြီးနောက် ဆီးရီးယားဗဟိုဘဏ်မှာ အရန်ရွှေ ၂၆ တန် ကျန်ရှိဆဲဖြစ်

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇

ဆီးရီးယားအာဏာရှင် ဘရှားအယ်လ်အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် ဆီးရီးယား ဗဟိုဘဏ်ထဲမှာ ၂၀၁၁ ခုနှစ် ပြည်တွင်းစစ် စဖြစ်ချိန်ကအတိုင်း ရွှေတန်ချိန် ၂၆ တန်ကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဗဟိုဘဏ်နဲ့ရင်းနှီးတဲ့ သတင်း ရင်းမြစ် ၄ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေကတော့ ငွေသားအနေနဲ့ မဆိုစလောက်ပမာဏသာ ကျန်တော့ကြောင်း အဆိုပါ သ တင်းရင်းမြစ်တွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ အရန်ရွှေပမာဏဟာ ၂၀၁၁ ခုနှစ် ဇွန်လမှာ ၂၅.၈ တန်ရှိကြောင်း ဆီးရီးယားဗဟိုဘဏ်ကို ကိုးကားပြီး ကမ္ဘာ့ရွှေကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီရွှေပမာဏဟာ လက်ရှိပေါက်ဈေးနဲ့တွက်ရင် ဒေါ်လာ ၂.၂ ဘီလျံနဲ့ ညီမျှပါ တယ်။

ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေပမာဏကတော့ ငွေသား ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်သာကျန်ရှိတော့ ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပေမဲ့ တခြားသတင်းရင်းမြစ်တစ်ဦးကတော့ ဒေါ်လာအရန်ငွေ သန်းပေါင်းများစွာကျန်သေး တယ်လို့လည်း ပြောပါတယ်။

အရန်ငွေအားလုံးကို ငွေသားနဲ့ချည်း ထိန်းသိမ်းထားတာမဟုတ်ပေမဲ့ အရန်ငွေပမာဏကတော့ စစ်မဖြစ်ခင်က ထက် သိသိသာသာ လျော့နည်းသွားပါတယ်။

၂၀၁၀ ခုနှစ်မှာ ဆီးရီးယား ဆီးရီးယားဗဟိုဘဏ်မှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁၈.၅ ဘီလျံရှိပြီး ၂၀၁၁ ခုနှစ် နှစ်ကုန် ပိုင်းလောက်မှာ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁၄ ဘီလျံရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ပြောပါတယ်။

ဆီးရီးယားအာဆတ်အစိုးရဟာ စားနပ်ရိက္ခာ၊ လောင်စာတီ၊ စစ်ပွဲအတွက် ငွေကြေးအမြောက်အမြားသုံးစွဲရတဲ့ အတွက် အဲဒီနိုင်ငံခြားအရန်ငွေတွေ ကုန်သလောက်နီးပါးဖြစ်သွားတာဖြစ်ကြောင်း ဆီးရီးယားအရာရှိဟောင်း တွေရော လက်ရှိ အရာရှိတွေကပါ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

နိုင်ငံခြားအရန်ငွေနဲ့ ပတ်သက်ပြီး လက်ရှိသူပုန်အဖွဲ့ကဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့နဲ့ ဆီးရီးယားဗဟိုဘဏ်တို့ကို ရိုက်တာ က မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို အာဆတ်အစိုးရက အကြမ်းဖက်နှိမ်နှင်းပြီးနောက် ပြည်တွင်းစစ်ဘဝကို ကူးပြောင်းသွားတဲ့အချိန်ကစပြီး ဆီးရီးယားအစိုးရဟာ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့သတင်း အချက်အလက်တွေ IMF၊ ကမ္ဘာ့ဘဏ်နဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေထံ သတင်းမျှဝေနေတာတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

ဆီးရီးယားသူပုန်တွေကဖွဲ့စည်းထားတဲ့အစိုးရကတော့ ဒီဇင်ဘာ ၈ ရက်နေ့ အာဆတ် ရုရှားကို ထွက်ပြေး သွားပြီးနောက် နိုင်ငံပိုင် ငွေကြေး/ပစ္စည်းတွေကို စာရင်းကောက်ယူနေဆဲဖြစ်ပါတယ်။

ခေတ်ပျက်ခုတ်ခွာတွေက ဗဟိုဘဏ်က ပစ္စည်းတချို့နဲ့ ဆီးရီးယားငွေကြေးတချို့ကို ခိုးယူသွားကြပေမဲ့ ပင်မမြေအောက် ခန်းဘဏ်တိုက်ကိုတော့ ချိုးဖော်ကဝင်ရောက်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

ခိုးယူသွားတဲ့ ဥစ္စာပစ္စည်း/ငွေကြေး တချို့ကို ဆီးရီးယားအစိုးရသစ်အာဏာပိုင်တွေက ပြန်လည်သိမ်း ဆည်းနိုင်ခဲ့တယ် လို့လည်း အဲဒီအရာရှိတွေက ရိုက်တာကို ပြောပါတယ်။

ပင်မမြေအောက်ခန်းဘဏ်တိုက် (ငွေတိုက်) ဟာ ဗုံးဒဏ်ခံတည်ဆောက်ထားတာဖြစ်ပြီး အဲဒီငွေတိုက်ကို ဖွင့်ဖို့အတွက် သော့သုံးချောင်းလိုအပ်ပါတယ်။ အဲဒီသော့သုံးချောင်းကိုလည်း တာဝန်ရှိလူ ၃ ဦးဆီမှာ အပ်နှံထားတာဖြစ်ပြီး လူ ၃ ဦး ပေါင်းပြီး စကားဝှက်တစ်ခုရမှာသာ ငွေတိုက်ကို ဖွင့်လို့ရမှာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Ref: Exclusive-Syria retains 26 tons of gold reserves after Assad's fall – sources

#centralnewsnaypyitaw

image
image
image
2 yrs - Translate

အရမ်းချမ်းသာတဲ့သူတွေသုံးဖို့အတွက်
မြန်မာငွေသိန်းပေါင်း ၉ သောင်းတန် ရွှေအိမ်သာ

ဘိုထိုင်အိမ်သာနဲ့ ကမုတ်ခုံတွေကို ၂၄ ကာရတ် ရွှေသားနဲ့ ပြုလုပ်ထားတာပါ။ တကယ့် အိမ်သာအစစ်အတိုင်း ဖြစ်အောင် အိမ်သာစက္ကူဟာလည်း တန်ဖိုး ဒေါ်လာ ၁ ဒသမ ၃ သန်း ရှိတဲ့ ရွှေစက္ကူလိပ်ဖြစ်ပြီး ပြုလုပ်တဲ့ ဩစတြေးလျကုမ္ပဏီကတော့ ဒီ ရွှေအိမ်သာကို ‘The toilet paper man’ လို့ နာမည်ပေးထားပါတယ်။

image
Apu Lay shared a post  
2 yrs

2 yrs

မာန်အောင်ကျွန်းရဲ့ လှပတယ့် နေရာလေးတွေ 😍

#crd_photo

imageimage
+4