32 w - Translate

Salquila
ငါ့သူငယ်ချင်းတွေတောင်သတိရသွားတယ်။ ချဉ်ချဉ်လေးနဲ့ ငံငံလေးဆိုပြီးတော့ ဖင်ထောင်ကုန်တာ 🤣

ကမ္မမြို့မှာ စစ်ရေးတင်းမာနေလို့ ပြည်သူ သောင်းနဲ့ချီ တိမ်းရှောင်

ဒီဇင်ဘာ ၂၆

မကွေးတိုင်း၊ ကမ္မမြို့မှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် မြို့ပေါ်က ပြည်သူ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းကစပြီး နစကစစ်ကြောင်း ရောက်ရှိလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် ကမ္မမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုနဲ့ အနီးအနားဝန်းကျင်ရှိ ကျေးရွာ ၁၈ ရွာမှသောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“နစကတပ်တွေက ညောင်ဂျစ်ပင်နဲ့ ရေလာလေးရွာမှာရှိတဲ့ စခန်းတွေကနေ ဒီဘက်ကိုရောက်လာတာ။ နယ်မြေရှင်းလင်းရေးလုပ်ရင်း ရောက်လာတာပေါ့။ ဒီနေ့မနက်ဆို ကမ္မအရှေ့ဘက် နတ်စဉ်ခွက်ကို ကျော်နေပြီ။ တိုက်ပွဲတွေဖြစ်လာမှာစိုးရိမ်လို့ မြို့ပေါ်မှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ တော်တော်များများ စစ်ရှောင်ကုန်ကြတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ကမ္မမြို့နဲ့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ ရေလာလေးကျေးရွာကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

အဲဒီနောက် နစက ပူးပေါင်းတပ်တွေဟာ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး ကမ္မမြို့ကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိ စစ်ရေးအခြေအနေကတော့ တင်းမာနေတဲ့ သဘောပါ။ နေအိမ် မီးလောင် ပျက်စီးသွားတာတွေလည်း ရှိတယ်။ ဝါးကျွန်းတွင်းရွာက စာသင်ကျောင်းလည်း ပါသွားတယ်။ ပစ်ခတ်မှုတွေလည်း ရှိတယ်။ ဒေသတွင်း လက်နက်ကိုင်တပ်တွေကလည်း ဒေသခံတွေကို ကမ္မမြိုင်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်ထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ကမ္မမြို့ဟာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ထဲမှာ ပါဝင်ပြီး ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်ရှိကာ လူဦးရေ တသိန်းကျော်ဝန်းကျင် နေထိုင်တဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
32 w - Translate

လေယာဉ်လက်မှတ်ခ ၄၅ ကျပ်နှင့် မိုးရွာလျှင် ထီးဆောင်းရတဲ့ တချိန်က သံစုံလေယာဉ်
ပုံကတော့ ၁၉၅၅ ခုနှစ်ဝန်းကျင် ဟဲဟိုးလေယာဉ်ကွင်းမှ မြန်မာအမျိုးသမီးလေးများကို Dakota လေယာဉ်နှင့်အတူ တွေ့ရတဲ့ပုံ ဖြစ်ပါတယ်။
ထိုခေတ်ကာလက မန္တလေး ဟဲဟိုး ခရီးစဉ်ကို လေယာဉ်လက်မှတ်ခ ၄၅ ကျပ်ပေးရသည်။ လေယာဉ်ပေါ်တွင် ရှားမီးသကြားလုံးနှင့် ငှက်ပျောသီးပဲ ရပါသည်။
လေယာဉ်သံဆူလွန်း၍ နားကို ဝါဂွမ်းဆို့ စီးရသောကြောင့် သံစုံလေယာဉ်ဟု ခေါ်သေးသည်။ မိုးရွာသည့်အခါ မိုးယို၍ ထီးဆောင်းရသေးသည်။
Dal Shan Mung
#သံစုံလေယာဉ်
#crd_photo

image
32 w - Translate

Fan Match မကစားချင်တော့လို့ နှုတ်ဆက်သွားခဲ့ပြီဖြစ်တဲ့ Lina Ying နဲ့ Rexx
စတာပါ
တကယ်ကတော့ Player တွေဟာ အားမလို အားမရဖြစ်တာတွေများတာရော Fan Base ကြီးတဲ့ Pressure ကို မခံချင်တော့တာကြောင့်ရောဖြစ်ပါတယ်
Falcon Mythic Seals က လူပြည့်နေတာမို့ လူလိုနေတဲ့ BG ပဲရောက်သွားဖို့များပါတယ် မရောက်ရင်တော့ Player တွေအနေနဲ့ Silent တို့ Gumi တို့လိုဖြစ်သွားနိုင်တယ်
R2D2

image
32 w - Translate

အော်စကာ ဆော်ပေါ်လိုအသင်း ပြောင်းရွှေ့
-----------------------
အသက်(၃၃)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်း အော်စကာဟာ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းကို တရားဝင်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အော်စကာဟာ သူ့ရဲ့ကစားသမားဘဝအစကို ဆော်ပေါ်လိုအသင်းမှာကစားရင်း စတင်ခဲ့တာဖြစ်သလို အခုအချိန်မှာ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အော်စကာဟာ ချယ်လ်ဆီးအသင်းမှာ ကစားခဲ့သူတစ်ယောက်ဖြစ်ပြီး တရုတ်ကလပ် ရှန်ဟိုင်း ပေါ့အသင်းကို (၂၀၁၇)ခုနှစ်မှာ ပြောင်းရွှေ့ကာ (၈)ရာသီကြာ ကစားနေခဲ့တာဖြစ်ပါတယ်။

ကစားသမားဘဝ စတင်ခဲ့ရာ ဆော်ပေါ်လိုအသင်းမှာ ပြန်ကစားရမှာဖြစ်သလို ဘရာဇီးမြေပေါ် ပြန်ရောက်လာ ခဲ့တဲ့အတွက် ပျော်ရွှင် မိတယ်လို့ အော်စကာက ပြောပါတယ်။ အော်စကာဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီး ယားလိဂ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်တာကြောင့် လည်း အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ဆော်ပေါ်လိုအသင်းက ယုံကြည်နေ ပါတယ်။ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းဟာ အော်စကာကို (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့တာြဖစ်ပါတယ်။

image
32 w - Translate

“လိင်ပြောင်းလဲခြင်း” ကို ထိပ်တန်းဦးစားပေးအဖြစ် တားမြစ်သွားမယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့် ကတိပြု
AFP
ကွန်ဂရက်လွှတ်တော်နှင့် အိမ်ဖြူတော်နှစ်ရပ်လုံးကို ထိန်းချုပ်သွားနိုင်မယ့် အနေအထားရှိတဲ့ ရီပတ်ဘလီကန် အမတ်တွေက LGBTQ အခွင့်အရေး ဆန့်ကျင်မှု တွေကို ဆက်လက် လုပ်ဆောင်လျက် ရှိပြီး ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က ၎င်း ရဲ့ သမ္မတသက်တမ်း အတွင်း “လိင်ပြောင်းလဲခြင်းကို တားမြစ်သွား” မယ် လို့ ဒီဇင်ဘာ ၂၂ မှာ ကတိပြုခဲ့ပါတယ်။
“ကလေးငယ်တွေမှာ လိင်ပိုင်းဆိုင်ရာ ဖြတ်တောက်ကုသမှုတွေကို အဆုံးသတ်ဖို့၊ လိင်အင်္ဂါ ပြောင်းလဲထားသူတွေကို စစ်တပ်၊ မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေနဲ့ အထက်တန်းကျောင်းတွေ က နေ ထုတ်ပယ်သွားဖို့ အုပ်ချုပ်ရေးအမိန့်တွေ လက်မှတ်ရေးထိုးသွားမယ်” လို့ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ရှိ ကွန်ဆာဗေးတစ်လူငယ်တွေအတွက် ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ရွေးကောက်ခံသမ္မတက ပြောကြားပါတယ်။
အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးသာ အမေရိကန်မှာ ရှိရမယ်ဆိုတဲ့ မူဝါဒ က အမေရိကန် အစိုးရ ရဲ့ တရားဝင် မူဝါဒ ဖြစ်လာစေရမယ်လို့ ၎င်း က ကတိပြုခဲ့ပါတယ်။
Credit

image

ဆော်ပေါ်လိုထံ ၃ နှစ်စာချုပ်နဲ့ အော်စကာပြောင်းရွှေ့

ဒီဇင်ဘာ ၂၆

ချယ်လ်ဆီးအသင်း ကစားသမားဟောင်း အော်စကာဟာ အသင်းဟောင်း ဆော်ပေါ်လိုအသင်းထံ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ ဘရာဇီးလ် စီးရီးအေကလပ်က အတည်ပြုခဲ့ပါတယ်။

အော်စကာဟာ ၈ ရာသီကြာ ကစားခဲ့တဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပေါ့အသင်းကနေ ထွက်ခွာပြီးနောက် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဆော်ပေါ်လိုအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။

အသက် ၃၃ နှစ်အရွယ်ရှိ အော်စကာဟာ ရှန်ဟိုင်းပေါ့အသင်းအတွက် ပွဲပေါင်း ၂၄၈ ပွဲ ကစားခဲ့ပြီး ၇၇ ဂိုး သွင်းယူ ကာ တရုတ်စူပါလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အော်စကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ရှန်ဟိုင်းပေါ့အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ တာပါ။

အော်စကာက “ကျနော်ဟာ ဘရာဇီးလ်ကိုပြန်လာပြီး ကစားသမားဘဝ စတင်ခဲ့တဲ့ ဆော်ပေါ်လိုအသင်းမှာ ကစားခွင့်ရမှာဖြစ်လို့ ပျော်ရွှင်ပါတယ်။ ဆော်ပေါ်လိုဟာ ကျနော်အခြေချခဲ့တဲ့ နေရာနဲ့ ကြီးပြင်းလာခဲ့တဲ့ နေရာ”လို့ ပြောခဲ့ပါတယ်။

အော်စကာဟာ ရှန်ဟိုင်းပေါ့အသင်းထံ မပြောင်းရွှေ့ခင် ချယ်လ်ဆီးအသင်းမှာ ၄ ရာသီခွဲကြာ ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ရရှိခဲ့တာပါ။

ဆော်ပေါ်လိုအသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ အော်စကာဟာ ဆော်ပေါ်လို အသင်းကြီးအတွက် ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၁၄ ပွဲကစားကာ ၂၀၁၀ ခုနှစ်မှာ အင်တာနေစီယွန်နယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။

အော်စကာဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အထိ ၄၈ ပွဲပါဝင်ကစားပြီး ၁၂ ဂိုးသွင်းယူကာ ဖီဖာကွန်ဖက်ဒရေးရှင်းဆုဖလား တစ်ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source: ESPN

ပုံ - အော်စကာကို တွေ့ရစဉ်

#centtalnewsnaypyitaw

image
32 w - Translate

တရုတ်လုပ်ငန်းများတွင် လူသားပုံတူစက်ရုပ် စတင်အသုံးပြု
------------------------------
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာရှိတဲ့ လုပ်ငန်းတွေမှာ လူသားပုံတူစက်ရုပ်တွေ စတင်လည်ပတ်နေပြီဖြစ်ကြောင်း Discover သတင်းမှာ ရေးသားထားပါတယ်။ တရုတ် စက်မှုလုပ်ငန်းကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ လုပ်ငန်း တွေမှာ လုပ်သားအင်အားတွေထက် စက်ရုပ်တွေကို ပိုမိုအသုံးပြုမှာဖြစ်ပါတယ်။ တရုတ်ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ လုပ်သားတွေနေရာမှာ စက်ရုပ်တွေကို အစားထိုးအသုံးပြုနေတာ တွေ့ရပါတယ်။

တရုတ်စက်ရုပ်ကုမ္ပဏီတွေဟာ နိုင်ငံတကာနဲ့ရင်ပေါင်တန်းဖို့ ထိပ်တန်းအဆင့်ကို ရောက်ရှိအောင် ကြိုးပမ်းနေပြီး လုပ်ခလစာမြင့်မားမှုတွေအပြင် လုပ်သားရှားပါးမှုတွေကို ဖြေရှင်းဖို့အတွက် လုပ်ငန်းခွင်တွေမှာ စက်ရုပ်တွေ ထိုးဖောက်ဝင်ရောက်မှုနှုန်းကိုလည်း အရှိန်မြှင့်နေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကြီးပွားတိုးတက်နေတဲ့ စက်ရုပ်ဈေးကွက်က ပြည်တွင်းဝယ်လိုအား အားကောင်းပြီး ခိုင်မာတဲ့ မူဝါဒ ပံ့ပိုးမှုဆီကို လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပြောကြားထားပါတယ်။

imageimage
//