တောင်တန်းတွေကို
တောင်ခြေက ကြည့်တာထပ်စာရင်
အဝေးပြေးလမ်းမပေါ်က ကြည့်တာပိုလှတယ်။
ဘာလို့ဆို?
တချို့အရာတွေက တကယ်နီးစပ်ဖို့ မလိုအပ်ပါဘူးလေ။ ‘’(
#စာရယ်ကဗျာရယ်
#as

40 w - Translate

သဲစုငြိမ်းရဲ့အောင်မြင်မှုကို အားကျပြီး ဆရာ့ကျေးဇူးသိတက်လာတဲ့ နီနီလင်းအိမ်
interviwe တခုမှာနီနီလင်းအိမ်ဟာ ဆရာဖြစ်သူထူးအံ့လွင်နဲ့ စိတ်ဆိုးစိတ်ကောက်နေပြီး
ဆရာဟာနီနီရဲ့ဆရာပါဘဲဆိုတာကိုပြောကြားဖြေသွားခဲ့ပါတယ်
#updatenews#myanmarceles #missgrandmyanmar

image
40 w - Translate

Natural Spinal (Mogok)❤️

ကျောက်သားပြောင်ပြောင်လေး ခဲစိမ်းလေးတွေများ
လက်ပတ်လှလှလေးခတ်ဝတ်လည်းလှတယ်
၂တန်းကြိုးလေးခတ်မယ်ဆိုလည်း အဆင်ပြေတယ်

#gems

image
40 w - Translate

Natural Spinal (Mogok)❤️

ကျောက်သားပြောင်ပြောင်လေး ခဲစိမ်းလေးတွေများ
လက်ပတ်လှလှလေးခတ်ဝတ်လည်းလှတယ်
၂တန်းကြိုးလေးခတ်မယ်ဆိုလည်း အဆင်ပြေတယ်

#gems

image
40 w - Translate

Natural Spinal (Mogok)❤️

ကျောက်သားပြောင်ပြောင်လေး ခဲစိမ်းလေးတွေများ
လက်ပတ်လှလှလေးခတ်ဝတ်လည်းလှတယ်
၂တန်းကြိုးလေးခတ်မယ်ဆိုလည်း အဆင်ပြေတယ်

#gems

imageimage
40 w - Translate

လူတွေက သူတို့ "ကြိုက်ရင် ကြိုက်ကြောင်းပြောမယ်"
သူတို့ "မကြိုက်ရင် မကြိုက်ကြောင်း ပြောမယ်"

ကိုယ့်ရဲ့ အလုပ်က ရှေ့ဆက်လျှောက်နေဖို့ဘဲ။
#motivibe
#စာတို

သံတိုသံစ အဟောင်းတွေကြားထဲ ကွယ်ဝှက်တင်ဆောင်လာတဲ့ မူးယစ်ဆေးပါတဲ့ သေတ္တာတွေကို X – Ray ဂိတ်မှာ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၆

သံတိုသံစ အဟောင်းတွေကြားထဲ ကွယ်ဝှက်တင်ဆောင်လာတဲ့ မူးယစ်ဆေး၀ါး သေတ္တာတွေကို ကျွဲတပ်ဆုံ X-Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က တောင်ကြီးဘက်ကနေ သာစည်ဘက်ကို မောင်းနှင်လာတဲ့ Toyota Dyna အမျိုးအစား (၆)ဘီးယာဉ်ဟာ X-Ray စက်မှာ ဖြတ်သန်းစဉ် သံတိုသံစ အဟောင်းတွေကြားထဲမှာ သံသေတ္တာ (၆)လုံးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ သံသေတ္တာတွေကို စစ်ဆေးရာမှာတော့ သေတ္တာ (၁) လုံးခြင်းစီမှာ WY စာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀) စီပါတဲ့ အထုတ်ကြီး (၁၁၂) ထုတ်စီထည့်လာတဲ့ သေတ္တာ (၄)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သံသေတ္တာ (၁)လုံးထဲမှာတော့ WY စာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀) စီပါတဲ့ အထုတ်ကြီး (၇၅)ထုတ်နဲ့ ICE (ဖက်အဖီတမင်း) လို့ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲ့ (၁)ကီလိုဂရမ်လောက်ပါတဲ့ အထုတ် (၃၀) Happy Water လို့ယူဆရတဲ့ အညိုရောင်အမှုန် (၁၀) ဂရမ်လောက်ပါတဲ့ (၂၇)ထုတ်နဲ့ (၁)ထုတ်ကို (၂၅) ဂရမ်ပါတဲ့ (၉၆)ထုတ်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် သံသေတ္တာ (၁)လုံးအတွင်းမှာ‌တော့ ICE (ဖက်အဖီတမင်း)လို့ ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲ (၁) ကီလိုဂရမ်လောက်ပါတဲ့ အထုတ်ကြီး (၁၄၀)ထုတ် ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ယာဥ်မောင်းအပါအဝင် သယ်ဆောင်လာသူ (၄)ဦးကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပြီး ကွင်းဆက်တရားခံတွေ ဆက်လက် ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image

မုံရွာမြို့မှာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသူတွေက သေနတ်ဖြင့် ပစ်သတ်ခဲ့

ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မိုးကောင်းလမ်း မှာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်မနက် ပြန်ပေးဆွဲဖို့ ကြိုးစားတာကို ငြင်းဆန်ခဲ့တာကြောင့် သေနတ်နဲ့ ပစ်သတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ခံ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။

မိုးကောင်းလမ်းပေါ်က ပစ္စည်းအဟောင်းဝယ်ယူတဲ့ဆိုင် တစ်ဆိုင်ထဲကို ပြန်ပေးဆွဲအဖွဲ့လို့ယူဆရသူတချို့က ဝင်ရောက်ခဲ့ပြီး ဆိုင်အတွင်းက အမျိုးသမီးကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဆိုင်အတွင်းက အမျိုးသမီးက မလိုက်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ဆိုပါတယ်။ ပစ်ခတ်ခံရတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးဟာ ဆေးရုံပို့နေချိန်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

ပြန်ပေးဆွဲခံရသူက အဟောင်းပစ္စည်းတွေကို အရောင်းအဝယ်လုပ်နေတဲ့သူဖြစ်ပြီး ပြန်ပေးဆွဲသူတွေဟာ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

“ဆိုင်က ဂိုထောင်ပုံစံမျိုး၊ ကားထုတ်ခိုင်းပြီး ကားနဲ့လူနဲ့ခေါ်တာ လူက မလိုက်ဘူးပေါ့၊ လူက ပြေးမယ်လုပ်တော့ ပစ်သတ်ခဲ့တာ။ပစ်ခံရတာကြားလို့ ကြည့်ကြတော့ သူတို့ထွက်သွားတာ တွေ့ရတာ” လို့ မုံရွာမြို့ခံတစ်ဦး က ပြောပါတယ်။

ကားကိုလည်း ပြန်ပေးဆွဲသူတွေက မောင်းယူသွားပြီး ကံမမြို့ဘက်ကို ဦးတည်မောင်းသွားတယ်လို့လည်း သိရပြီး ပြန်ပေးဆွဲသူတွေက ဘယ်သူဖြစ်တယ်၊ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာတော့ မသိကြရသေးပါဘူး။

ပုံစာ - မုံရွာမြို့တွင်းတစ်နေရာမြင်ကွင်း

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image

Part-3
ဒီမိုကရေစီ ဟူသည် (၂)
အဲသည် ဥပဒေများ စည်းကမ်းများဟူသည် အများဆုံးဖြတ်ထားချက် သို့မဟုတ် မိမိ လူ့အဖွဲ့အစည်းအတွင်း ယခင်က ဆုံးဖြတ်နိုင်သူတို့ ဆုံးဖြတ် ထားချက်များ ဖြစ်သည်။
အဲဒါတွေကို မိမိ မကြိုက်။
သို့ဖြစ်လျှင် ဘယ်သို့ ဆုံးဖြတ်လျှင် ကြိုက်မည်လဲ။
မိမိ အကြိုက်အတိုင်း ဆုံးဖြတ်လျှင် ကြိုက်မည်။
သို့သော် အများနှင့်ဆိုင်သော ကိစ္စမှာ မိမိ သဘောချည်း မဖြစ်နိုင်။ ဖြစ်သည် ဆိုလျှင်လည်း တရားမျှတမည် မဟုတ်။
အဲသည်တော့ တရားမျှတအောင် ဘယ်သို့ ဆုံးဖြတ်မည်လဲ။ စောစောက မိမိကိစ္စမှာ ဝင်ရောက် ပတ်သက် (ဟန့်တား) လာသော ဥပဒေ စည်းမျဉ်းစည်းကမ်းများနည်းတူ အများ၏ ဘဝများအပေါ် သက်ရောက်မှုရှိသော ကိစ္စရပ်များ၌ သက်ရောက်ခြင်းခံရနိုင်သူ အားလုံးပါဝင် ဆုံးဖြတ်သင့်သည်ဟု စဉ်းစား၍ရသည်။
နိုင်ငံရေးသိပ္ပံသမားတို့က အဲသည်အချက်ကိုယူကာ အစုအသင်းတစ်ရပ် သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ပါဝင်သူ အားလုံးတို့က မိမိတို့နှင့် သက်ဆိုင်သော သို့မဟုတ် မိမိတို့အပေါ်သက်ရောက်မှု ရှိနိုင်သော ကိစ္စရပ် အားလုံးနှင့် စပ်လျဉ်း၍ စဉ်းစား ဆုံးဖြတ်ရာတွင် တန်းတူညီမျှ ပါဝင်ခွင့်ရှိခြင်းသည် ... ဒီမိုကရေစီ၏ ... အခြေခံသဘောဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီ စိတ်ဓာတ်ဟုလည်း ဆိုနိုင်သည့် အဲသည် သဘောကို အနည်းငယ် ဖွင့်၍ ပြောရသော်
ဒီမိုကရေစီက ကိုင်စွဲသည့် အခြေခံ သဘောထားများ
၁။ အများနှင့်ဆိုင်သော ဆုံးဖြတ်ချက်များကိုယင်းတို့ကြောင့် သက်ရောက်မှု ရှိနိုင် သူ အားလုံး စိတ်ဝင်စားကြမည် ဖြစ်သည်။
၂။ အရွယ်ရောက်၍ အသိဉာဏ် တင်းပြည့်ကျပ်ပြည့်ရှိသူမှန်လျှင် မိမိအရေးကိစ္စ၊ မိမိ ပါဝင်သော လူအစုအသင်း၏ အရေးကိစ္စများနှင့် စပ်လျဉ်းသည့် ကောင်းကျိုး ဆိုးပြစ်တို့ကို ချင့်တွက် ဝေဖန်နိုင်စွမ်းရှိ၍ ယင်းပေါ်တွင် အခြေခံသည့် ကိုယ်ပိုင် အမြင်လည်း ရှိကြသည်။
၃။ ထို့ကြောင့် အစုအသင်းတွင် ပါဝင်သူ လူအသီးသီးတို့၏ အမြင်များကို အများကြားသိအောင် တင်ပြခွင့်ရကြပြီး ယင်းတို့အပေါ် ငြင်းခုံ ဝေဖန်ခြင်း သုံးသပ် ညှိနှိုင်းခြင်းများ ပြုပြီးနောက်မှ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် တို့သည်သာ ရေရှည်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်များ ဖြစ်နိုင်သည်။
၄။ ဆွေးနွေးခြင်း၊ ငြင်းခုံခြင်းတို့မှနေ၍ အားလုံး သဘောတူညီသည့် တစ်ခုတည်းသော ဆုံးဖြတ်ချက် ထွက်မလာသည့်အခါမျိုးတွင် ပါဝင်သူ အားလုံးက ဆန္ဒမဲပေးသောနည်းဖြင့် ဆုံးဖြတ်ချက်ကို ရွေးချယ်ရမည်။
၅။ အဲသည်အခါမျိုးတွင် လူတစ်ယောက် မဲတစ်မဲ၊ ဘယ်သူ့မဲမှ တန်ဖိုး မပိုဟူသော စနစ်သည် အားလုံး တန်းတူညီမျှဟူသော မူဝါဒကိုထင်ဟပ်သည့် သင့်မြတ်သော စနစ်ဖြစ်သည်။
စသဖြင့် ဒီမိုကရေစီသမားတို့ ခံယူပေသည်။
#ဆက်ရန်ရှိ

40 w - Translate

To The Forest Of Firefly Lights (2011)

ဂျပန်စာရေးဆရာYuki Midorikiwaကရေးခဲ့ပြီး 2011မှာanimeအဖြစ်အသက်သွင်းခဲ့ပါတယ်
ရိုမန်တစ်ဆန်တဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရည်းစားမရှိတဲ့လူတွေဖီးလ်စေမယ့် ကားမျိုးပဲဖြစ်ပါတယ်
ဟိုတာရုရဲ့အသက်ခြောက်နှစ်အရွယ်လောက်က ကျေးလတ်မှာရှိတဲ့ သူ့အဖိုးရဲ့ရွာနားကတောအုပ်ထဲလမ်းပျောက်ပြီး
ဂင်လိုခေါ်တဲ့မျက်နှာဖုံးနဲ့ လူထူးဆန်းလေးနဲ့စတင်တွေ့ဆုံခဲ့ပြီး
နွေရာသီရောက်တိုင်း သူတိုနှစ်ယောက်က အတူဆုံလေ့ရှိပါတယ်
ဂင်ရဲ့ထူးခြားမှုက သူ့အသားကိုလူတစ်ယောက်ထိတာနဲ့ ဂင်ဟာထာဝရပျောက်ကွယ် သွားရမှာပါ
သူတိုရဲ့ဆက်ဆံရေးတွေကဘယ်လိုရှုပ်ထွေးလာပြီးတော့ ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကို
ဒါရိုက်တာ Takahiro Omoriကသေချာရိုက်ပြထားပါတယ်ဗျ
ဇာတ်လမ်းကိုစ စတင်ချင်းမှာပဲ
တစ်ဟုန်ထိုးအောင်မြင်မှုတွေ ရပြီးတော့
International Film Festival, Anime Contents Expo နဲ့ Anime Expo conventionတွေမှာပြသခွင့်ရခဲ့ပါတယ်
66th Annual Mainichi Film Awardsဆုပေးပွဲမှanimation flim awardကိုလည်းရရှိထားတဲ့ကားကောင်းလေးပါ
#credit

image