သဘောမကျတာ သေချာရင်
ကျွန်တော် ပြေးမလိုက်တော့ပါဘူး...
အချစ်မခံရဲတဲ့ ရပ်ဝန်းကပဲ
ကိုယ် မင်းကိုငေးကြည့်ပါ့မယ်။
#စာရယ်ကဗျာရယ်
#as

အိန္ဒိယ၏ ဆန်တင်ပို့ခွင့် မူဝါဒက မြန်မာကို မထိခိုက်နိုင်သေး

ဒီဇင်ဘာ ၂၆

အိန္ဒိယ၏ ဆန်မူဝါဒ အပြောင်းအလဲကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်း ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်အပေါ် သက်ရောက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များထံမှ သိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်က ပြည်ပသို့ ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ဆန်ဖြူတင်ပို့မှုအား ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခဲ့သော်လည်း လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ခွင့် အလုံးစုံကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။

အိန္ဒိယက ဆန်ဖြူရောင်းဈေးကို ၁ တန်လျင် အမေရိကန်ဒေါ်လာ ၄၉၀ ဖြင့် ရောင်းချခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာ ၄၃၀ ကျော်ဖြင့်သာ ရောင်းချလျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုးရအချင်းချင်း G to G စနစ်ဖြင့် ဆန်တန်ချိန် ၁ သိန်းကို ရောင်းချ ထားခြင်းကြောင့် လက်ရှိတွင် အိန္ဒိယ၏ ဆန်မူဝါဒကြောင့် မြန်မာ့ဆန်ဈေးကွက်ကို သက်ရောက်မှု မရှိခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “အိန္ဒိယကတော့ သူတို့ ဈေးနည်းနည်းလေး သူတို့ ပြန်ရောင်းတာ ဈေးနည်းနည်းလေး ချရောင်းမယ်လို့ ကြားတယ်။ ကမ္ဘာ့ဈေးကွက် ကျရင်တော့ Export ဆန်တွေ ကျမှာပေါ့လေ။ Export ဆန်ကျရင်တော့ ပြည်တွင်း စားဆန်တွေပါ ကျနိုင်ပါတယ်။ နောက် ငွေလဲနှုန်းရဲ့ ပေါ်လစီလည်း ကြည့်ရတာပေါ့။ ပြည်ပဆန်ကတော့ အခု ဒီနှစ် ဘင်္ဂလားဒေ့ရှ်ကိုလည်း ကျနော်တို့က G to G တန် ၁ သိန်း ရောင်းထားတော့လေ အခု ဒီ တန် ၁ သိန်း ထွက်တာနဲ့ ကျနော်တို့တွေက ဒီလောက်ကြီး မထိခိုက်သေးဘူး ဈေးကွက်ကို။ အဲဒီအတွက် နွေစပါး မထွက်ခင် အထိတော့ သူ့ဟာနဲ့သူ ဈေးကွက် သွားနေတယ်ပေါ့။ နောက်ပြီး ဒီနှစ်ပို့တဲ့ ဆန်ကလည်း ပို့တာလည်း ခါတိုင်းနှစ် တွေ လောက်ပါပဲ။ ပို့အားက သိပ်မကျဘူး” ဟု ပြောသည်။

အိန္ဒိယ၏ ဆန်မူဝါဒ အပြောင်းအလဲကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ၁၀ ရာခိုင်နှုန်းခန့် ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်ပဆန်ဈေးနှုန်းများ ကျဆင်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သုံးသပ်မှုများ ရှိနေသည်။

ထို့ကြောင့် ဆန်တင်ပို့မှုနှင့် ပတ်သက်၍ သင့်လျော်သည့် ပို့ကုန်မူဝါဒများ ချမှတ်၍ ဆောင်ရွက်ရန် လိုအပ်သည်။

အစိုးရအနေဖြင့်လည်း အစိုးရအချင်းချင်း ချိတ်ဆက်၍ ဆန်ဝယ်ယူရောင်းချမှုများကို ဆောင်ရွက်ပေးခြင်းဖြင့် ဈေးကွက်ကို ထိန်းပေးရန် လိုအပ်သည်ဟု ဆန်ကုန်သည် ဦးသန်းအောင်က ပြောသည်။

၎င်းက “အရမ်းကြီး မထိခိုက်ပါဘူး အခုလက်ရှိပေါ့နော်။ ဒါပေမယ့် နောက် ၁ လ၊ ၂ မှာတော့ ပြောလို့မရသေးဘူး။ နောက်ပိုင်းကျရင်တော့ ကျနော်တို့က ထပ်ရောင်းထားတာ မရှိရင်၊ သင်္ဘော မတင်နိုင်ဘူးဆိုရင် ဈေးကွက်က နည်းနည်း အေးသွားနိုင်တယ်။ အခုဆိုလည်း G to G ရောင်းတာလေ ဘင်္ဂလားဒေ့ရှ်ကို၊ အဲဒီလိုမျိုးတွေ ရောင်းပေး ထားရင်တော့ သူ့ဟာသူ ဈေးကွက်လေး ထွက်နေတယ်။ ဈေးထိန်းထားတာပေါ့။ ကျနော်တို့က ဈေးအရမ်းတက် လို့လည်း မရဘူး၊ ဈေးအရမ်းကျလို့လည်း မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှု နည်းပါးသော အာဖရိကနိုင်ငံအချို့နှင့် အရှေ့အလယ်ပိုင်း နိုင်ငံအချို့သို့သော်လည်းကောင်း၊ ဆန်ဝယ်ယူမှုများသည့် တူရကီနှင့် ဘင်္ဂလားဒေ့ရှ် ဈေးကွက်သို့လည်းကောင်း ဈေးကွက်ချဲ့ထွင်ရန် ဈေးကွက်လေ့လာသူများက အကြံပြုထားသည်။

၂၀၂၃- ၂၄ ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် အဆင့် ၈ တွင်ရှိနေပြီး ဆန်တန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့ခဲ့ကြောင်း သိရသည်။

ပုံ - ဆန်တင်ပို့ရန် ပြင်ဆင်နေစဉ်

#centralnewsnaypyitaw

image

၂၀၂၅ ခုနှစ် ဘဏ်ပိတ်ရက်များ

#သတင်းဟင်းလေးအိုးကြီး

image
32 w - Translate

မိသားစုတွေထဲမှာ အပြစ်တင်ခြင်းဟာ
စိတ်ပိုင်းဆိုင်ရာကြမ်းဖက်မှုပါ။
ကိုယ့်ကို အပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ
မဟုတ်ဘူးလေ။ ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း နေပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။
သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိအပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။

ဒီအချိန်မှာ အပြောခံရတာများလာတဲ့
လူဟာလည်း တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပီ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင်
သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော
သူဘာလုပ်လုပ် အပြစ်တင်ခံနေရတာလေ။
သူ့အတွေးထဲမှာ ဘယ်တော့များအပြောခံရဦး
မလဲဆိုတဲ့ အတွေးတွေနဲ့။ အဲ့လူနားရောက်ရင် တင်းကျပ်နေပြီး မလုပ်ရဲမကိုင်ရဲနဲ့ကို ဘာအရည် အသွေးမှ ထွက်မလာတာ။

ဒါကို လောင်းရိပ်မိတယ်လို့လည်း
သုံးနှုန်းတတ်ကြတယ်။
အမှန်ပါပဲ.. လောင်းရိပ်မိနေတဲ့သစ်ပင်ဟာ
ကြီးထွားဖွံ့ဖြိုးဖို့ နှေးကွေးသလို
အပြစ်တင်ခံနေရတဲ့ ပတ်ဝန်းကျင်မှာ
ကြီးပြင်းလာတဲ့ကလေး တွေဟာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်း
တတ်ပါတယ်။ တခြားအရာတွေအပေါ်
အကောင်းမြင်စိတ်လည်း ပျောက်ကွယ်
နေတတ်တယ်။
သူကိုယ်တိုင်က အဆိုးမြင်ခံနေရတော့
အကောင်းမြင်တယ်ဆိုတာ ဘာမှန်းမသိတော့ဘူး။ တခြားသူတွေကိုလည်း အဲ့လိုပဲ ဆက်ဆံ
သွားတော့တာ။ ပညာမတတ်...မျက်စိပွင့်နားပွင့်လည်းမရှိ... စာလည်းမဖတ်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုဟာ အပြောအဆိုတွေ ရုန့်ရင်းကြမ်းတမ်းပြီး နောက်ဖြစ်လာတဲ့ မျိုးဆက်တွေကလည်း
မုန့်လုံးစက္ကူကပ်နေတော့တာ။

အပြစ်တင်ခံနေရတာများတဲ့
လူတစ်ယောက်ဟာလည်း
နဂိုစိတ်အခံလေးကောင်းနေရင်တောင်
ပြောနေသူနဲ့ဆက်ဆံတဲ့အခါ... အဆိုးဘက်ကို ရောက်ဖို့များနေမှာပဲ။ အဲ့လိုနဲ့ပဲ မိသားစုအတွင်းမှာ ရန်တွေဖြစ် ပြဿနာတွေများနဲ့
စိတ်ချမ်းသာစရာကို မကောင်းတော့တာ။
ကိုယ့်ကို အပြစ်မတင်တဲ့သူနဲ့ဆို ကောင်းကောင်းမွန်မွန်ဆက်ဆံနေတော့တာ။
ဒီလိုနဲ့ပဲ အိမ်သားတွေနဲ့ဆို မကောင်းဘူး။
အပြင်လူနဲ့ပဲ ကောင်းတယ်ဆိုတာတွေဖြစ်လာတာ။

ဒါကြောင့် မိသားစုအတွင်း...
သူငယ်ချင်းတွေကြား ပေါင်းသင်းဆက်ဆံရေးအဆင်ပြေချင်တယ်ဆိုရင် အပြစ်တင်တာတွေ လျော့ကြပါလို့။ ဖြစ်လာတဲ့ကိစ္စတွေကို အပြစ်တင်နေတာထက် အတူရင်ဆိုင်ဖြေရှင်းပေးလိုက်ရင် ကောင်းမွန်တဲ့ဆက်ဆံရေးလေးတည်ဆောက်နိုင်ပြီး.... အေးချမ်းမှုကိုခံစားရတဲ့ပတ်ဝန်းကျင်ကနေ ဘယ်သူမှထွက်သွားတော့မှာ မဟုတ်တော့ပါဘူး။ မိသားစုအတွင်းမှာလည်း အချင်းချင်း နားလည်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...

image
32 w - Translate

ယခုခါမှာတော့ Sawရုပ်ရှင်ကြီးရဲ့ ၁၀ကားမြောက်ဖြစ်တဲ့ Saw Xဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်နော်။
Sawရုပ်ရှင်တွေဟာအထူးတလည်မိတ်ဆက်ပေးစရာမလိုအောင်ပင် ရုပ်ရှင်လောကာမှာ အများနဲ့မတူတဲ့ ဇာတ်အိမ်တခုဖြင့် ထိုးဖောက်အောင်မြင်နေတာ ယနေ့ထိတိုင်ပါဘဲ။
ယခုအခါမှာလဲ Saw Xဟာဆိုရင် Saw 2004 နဲ့ 2005 ကြား ကာလကို ပြသထားပြီး နာမည်ကျော်ဂျပ်ဆော လူသတ်သမားကြီးဂျွန်ခရာမာကို ဇာတ်လိုက်အဖြစ် ပထမဆုံးမြင်တွေ့ရမှာဘဲဖြစ်ပါတယ်။
ကဲဒါဆို ဇာတ်လမ်းလေးအကြောင်းညွှန်းပေးလိုက်တော့မယ်…..

ဇာတ်လမ်းအကျဉ်း… ဂျစ်ဆောလူသတ်သမားကြီး ဂျွန်ခရာမာဟာ ပန်ကရိယကင်ဆာ အဆင့်-၄ ကြောင့် ဆရာဝန်တွေပါလက်လျှော့လိုက်ရပါတယ်, ဒါပေမဲ့ မက္ကဆီကိုမှာ ရှိနေတဲ့ ဆရာဝန်တစ်စုက နောက်ဆုံးပေါ်ကုထုံးနဲ့ ကုပေးမယ်ဆိုပြီးလိမ်ခေါ်ကာသူ့ငွေတွေကို လိမ်သွားပါတယ်။ ဂျစ်ဆောကိုမှ လှည်းစားမိတဲ့ ဆရာဝန်လူလိမ်တစ်သိုက်လည်း ဂျစ်ဆောနဲ့သူ့လက်ထောက် အမန်ဒါတို ပညာပြန်ပေးတာကို ခံရပါတော့တာဘဲ။ Saw ဇာတ်ကားတွေအရသွေးသံတရဲရဲနဲ့ဘယ်လို ထောက်ချောက်တွေဆင်ပြီး ဘယ်လိုgame မျိုးတွေဆော့ခိုင်းမလဲဆိုတာ ကြည့်ရှူ့ကြည့်ပါအုံးနော်
#horrormovie
#as

image
32 w - Translate

Beautiful Golden nails to say goodbye to Christmas with style💛👏

image
32 w - Translate

Beautiful Golden nails to say goodbye to Christmas with style💛👏

image
32 w - Translate

Beautiful Golden nails to say goodbye to Christmas with style💛👏

image
32 w - Translate

Beautiful Golden nails to say goodbye to Christmas with style💛👏

image
32 w - Translate

Beautiful Golden nails to say goodbye to Christmas with style💛👏

image
//