31 w - Translate

So Cool....

image
31 w - Translate

နယ်စပ်လုံခြုံရေးအတွက် လိုအပ်သည့်အစီအမံမှန်သမျှ လုပ်ဆောင်မည်ဟု ဘင်္ဂလားဒေ့ရှ်ပြော
မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက် လုံခြုံရေးအတွက် လိုအပ်သည့်လုပ်ငန်းအစီအစဉ်မှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်၌ မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြားလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေစဉ် နယ်စပ်လုံခြုံရေးအတွက် လိုအပ်သည့်လုပ်ငန်း အစီအစဉ်မှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြောလာခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် နယ်စပ်ချင်း အရှည် ၂၇၁ ကီလိုမီတာအထိ ထိစပ်နေသော နိုင်ငံများဖြစ်ကြသည်။
မိမိတို့အနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် လုံခြုံရေးအတွက် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၄ ရက် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်ခြမ်း စစ်ရေးပဋိပက္ခများကြောင့် နယ်စပ်တစ်လျှောက် စစ်ရေးအရ နေရာယူထားမှု မြှင့်တင်ရေးအတွက်လည်း စဉ်းစားနေဖွယ်ရှိကြောင်း သိရသည်။
မိမိတို့အနေဖြင့် မြန်မာနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်၌ စစ်အင်အား မြှင့်တင်ရေး ဆုံးဖြတ်ချက်အတွက် ရက်အနည်းငယ် အချိန်ယူ စောင့်ဆိုင်းမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
သတင်း - ဗျည်းနွဲ့
ကိုးကား
#updatenews

image

♨ ♨ ♨ ရုံးပတီသီး ရခိုင်ချက် ♨ ♨ ♨

အသားဟင်းတေချည်း အမြဲစားနေကျမို. အသီးအရွက် လေး ကိုပြောင်းစားချင်ပါတယ်ဆိုရင်တော.
ငွေကုန်သက်သာ စားလို.လဲကောင်း
ချက်ရတာလဲမြန်တဲ. ရုံးပတီသီး ရခိုင်ချက်လေး
လုပ်စားကြည်.ရအောင် ♨ ♨ ♨

ရုံးပတီသီး လေးတွေကို အလယ်ကနေ အရှည်လိုက်
ထက်ခြမ်းခွဲထားပါ ။

ကွကျသှနျဖွူ ၊ ငရုတျသီး အစိမျး တို.ကို ဆုံမှာ ရောထောငျးပွီး ဆီသတျပေးပါ ။

ဆီသတ်ပြီးရင် စောစောက ရုံးပတီသီး လေးတွေထည်. ။ မျှင်ငါးပိ လေးထည်. ။ ပုဇွန်ခြောက်မှုန် လေးထည်. အရသာလေးမြည်းကြည်.ပါ ။
အနေတော်ဆိုရင်တော. စားလို.ရပါပြီ။

၇ုံးပတီသီးကို ထည်.ချိန်မှာ အဖုံးဖုံးဖို.မလိုသလိူ
အကြာကြီး တည်ထားဖို.မလိုပါဖူး။

အဖုံးဖုံးလိုက်ရင် အစိမ်းရောင် ပျောက်သွားပြီး
အကြာကြီးတည်ထားရင် အရမ်းပျော.သွားပြီး
စားမကောင်းတတ်တာမို. ခနသာ တည်ပေးပါ ။

စားလို.ကောင်းတဲ. ရခိုင်ရုံးပတီသီး အစပ်လေးပါ ♨
Crd

image
31 w - Translate

ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း အသက်(၉၂)နှစ်တွင် ကွယ်လွန်
-------------------------
အိန္ဒိယစီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ ဗိသုကာဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဟာ အသက်(၉၂)နှစ် အရွယ်မှာ ကြာသပတေးနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဆင်းဟာ ဝန်ကြီး ချုပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ ၂၀၀၄ -၂၀၁၄ ကာလအတွင်း စီးပွားရေး ဖြေလျှော့မှုတွေများစွာနဲ့အတူ ပြုပြင်ပြောင်းလဲရေးကို ပဲ့ကိုင်ခဲ့တဲ့ ဗိသုကာအဖြစ် သတ်မှတ်ခံထားရသူပါ။

ဝန်ကြီးချုပ်မဖြစ်ခင်က ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဝန်ကြီး စတဲ့ ရာထူး တွေကိုလည်း တာဝန်ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးချုပ်မိုဒီကလည်း ဆင်းနဲ့ သိကျွမ်းဆက်ဆံခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ ဆင်းရဲ့ ဉာဏ်ပညာနဲ့ နှိမ့်ချမှုကို အမြဲတမ်း ထင်ရှားစွာတွေ့ခဲ့ရပြီး ပြည်သူ့ဘ၀ တိုးတက်ရေးအတွက် စွမ်းစွမ်းတမံ အားထုတ်လုပ်ဆောင်ခဲ့သူလို့ မှတ်ချက်ပြု ပြောဆိုပါတယ်။

ကွန်ဂရက်စ်ပါတီ ခေါင်းဆောင် ရာအူးလ် ဂန္ဒီကလည်း သူ့အနေနဲ့ အကြံပေး လမ်းပြပေးမဲ့သူတစ်ယောက် ဆုံးရှုံး လိုက်ရပြီလို့ ဆင်း ကွယ်လွန်ခြင်းအပေါ်မှာ မှတ်ချက်ပြု ပါတယ်။ ဆင်းဟာ ဂျဝါဟာလာနေရူး နောက်ပိုင်း ဒုတိယ အကြိမ် ဝန်ကြီးချုပ် သက်တမ်း ပြန်အရွေးခံရတဲ့ ပထမဆုံး အိန္ဒိယခေါင်းဆောင်ဖြစ်ခဲ့သလို နိုင်ငံ့အမြင့်ဆုံး ရာထူး ကို ပထမဆုံး ထမ်း ဆောင်ခဲ့တဲ့ ဆစ်ခ်အမျိးသား တစ်ယောက်လည်း ဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း ဆစ်ခ်(၃၀၀၀) သေဆုံးခဲ့ရမှုအပေါ် ပါလီမန်ကနေတစ်ဆင့် လူထု ကို တရားဝင် တောင်းပန်ခဲ့ဖူးသလို သူ့ရဲ့ ဒုတိယ အကြိမ် သက်တမ်းအတွင်းမှာလည်း ခြစားမှုစွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်ကနေ (Dphil)ဘွဲ့ ရရှိခဲ့သူ ဆင်းဟာ ၁၉၉၁ ခုနှစ် အိန္ဒိယနိုင်ငံ ဒေဝါ လီခံရမှုနဲ့ ရင်ဆိုင်နေရချိန် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့နောက် နိုင်ငံရေးလောကမှာ ထင်ပေါ်ကျော် ကြား လာခဲ့သူဖြစ်ပါတယ်။

image
31 w - Translate

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
31 w - Translate

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
31 w - Translate

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
31 w - Translate

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
31 w - Translate

ရုတ်တရက် ပြောတတ်ဖို့ တိုတိုနဲ့လိုရင်း စကားတွဲလေးတွေပါ။

#englisheverywhere

image
image
image
image

အဂတိမှုဖြင့် တရုတ်ဗိုလ်ချုပ်ကြီးနှစ်ဦး လွှတ်တော်မှ ဖယ်ရှားခံရ

ဘေကျင်း၊ ဒီဇင်ဘာ ၂၇

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်ဗိုလ်ချုပ်ကြီး ၂ ဦးသည် အဂတိလိုက်စားမှု စွဲချက်များ ဖြင့် လွှတ်တော်အမတ် နေရာများမှ ဖ-ယ်ရှားခံခဲ့ရကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုသည် စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်တွင် ဗိုလ်ချုပ်ကြီးနှစ်ဦးသည် လွှတ်တော်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

တရုတ်၏ အမျိုးသားပြည်သူ့လွှတ်တော်(NPC)၏ အမြဲတမ်းကော်မတီက ဒုတိယဗိုလ်ချုပ်ကြီး ယူဟိုင်တောင် ( You Haitao) နှင့် ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး လီပန်ချန်း (Li Pengcheng) တို့ကို လွှတ်တော်မှ ဖ-ယ်ရှားကြောင်း ဒီဇင်ဘာ ၂၅ ရက်က အတည်ပြုခဲ့သည်။

ယူသည် တရုတ်စစ်တပ်၏ ဒုတပ်မှူးဟောင်းဖြစ်ပြီး လီသည် PLA ၏ အရှေ့ပိုင်းစစ်ဌာနတွင် ရေတပ် တပ်မှူးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ယူနှင့် လီတို့သည် တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကြီးလေးစွာ ချိုးဖောက်ခဲ့သည့် သံသယဖြင့် လွှတ်တော်မှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်ကြောင်း NPC က သီးခြား အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

တရုတ်တွင် တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကြီးလေးစွာ ချိုးဖောက်မှုဆိုသည့် စကားစုသည် အဂတိလိုက်စားမှုအား သွယ်ဝိုက်ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။

PLA အတွင်း ထိပ်သီးအရာရှိများသည် အဂတိလိုက်စားမှု စွဲချက်များနှင့် ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီးနောက် ယခုဖြစ်စဉ် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

ယူ(၆၆ နှစ်)သည် ၂၀၁၆ ခုနှစ်က တရုတ်ကြည်းတပ်၏ ဒုတပ်မှူး ဖြစ်လာခဲ့သူဖြစ်သည်။

ယခင်က သူသည် နန်ကျင်း စစ်ဒေသကြီး၏ ဒုတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၄ ခုနှစ်က ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခံခဲ့ရသည်။

လီ(၆၁ နှစ်)သည် ယခင်က PLA ရေတပ်၏ မြောက်ပင်လယ် စစ်သင်္ဘောအုပ်စုတွင် လက်ထောက်အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေတပ်ပစ္စည်းကိရိယာ သုတေသနဌာန၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

တရုတ်၏ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်ဖြစ်သည့် မော်ဟွာ (Miao Hua) သည်လည်း နိုဝင်ဘာလကအတွင်းက အဂတိလိုက်စားမှု သံသယဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရသည်။

Source: South China Morning Post

ပုံ - ဒုတိယဗိုလ်ချုပ်ကြီး ယူဟိုင်တောင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
//