ဗဟန်းမြို့နယ်ရှိ AK Cosmetic စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးကို လူတစ်ဦးက ဆွဲကြိုးဝင်လုယက်ရင်း ဓားဖြင့်ထိုးသတ်မှု ယနေ့နံနက် ဖြစ်ပွား

ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ကို အမည်မသိလူတစ်ဦးဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကို ဓားဖြင့်ထိုးသတ်သွား‌သောကြောင့် ဆိုင်ရှင်သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ယနေ့ ဒီဇင်ဘာလ၂၆ ရက်နံနက် ၈ နာရီခွဲခန့်က အသက် ၃၅ နှစ်ခန့်အရွယ် အဆိုပါဆိုင်ရှင် ဒေါ်အေးအိခိုင် ဆိုင်ဖွင့်နေစဥ် အမျိုးသားတစ်ဦးက ဒေါ်အေးအိခိုင်ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို ဝင်ရောက်လုယက်ခဲ့ရာ ဒေါ်အေးအိခိုင်က ပြန်လည်ခုခံသဖြင့် လုယက်သူက ချွန်ထက်သည့်အရာ(ဓားဟုယူဆရ)ဖြင့်ထိုးကာ ထွက်‌ပြေးသွားကြောင်းသိရသည်။

ဒေါ်အေးအိခိုင်မှာ ရရှိသော ဒဏ်ရာများကြောင့် အခင်းဖြစ်နေရာ၌ပင် လဲကျသေဆုံးသွားကြောင်း၊ ယခုအခါ ကျူးလွန်သူမှာ ထွက်ပြေးသွားသောကြောင့် သက်ဆိုင်ရာကအပူတပြင်းရှာဖွေနေပြီး လတ်တလောတွင် ဗဟန်းမြို့မရဲစခန်းက ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

“တရားခံကို မသိရသေးဘူး။ အခုတော့ ဖမ်းမိနိုင်ဖို့ လုပ်နေကြတယ်။ မကြာခင်ဖမ်းမိနိုင်မှာပါ”ဟု သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Credit - Myanmar Ttansparency News Agency

#သတင်းဟင်လေးအိုးကြီး

image

နှစ်သစ်ကူးကာလအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ဝင်ငွေ ဒေါ်လာ ၁.၈ ဘီလျံရရှိမယ်လို့ ထိုင်းနိုင်ငံ မျှော်လင့်ထား

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆

အရှေ့တောင်အာရှမှာ ဒုတိယစီးပွားရေးအကောင်းဆုံးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ လာမယ့်နှစ်သစ်ကူးပွဲတော် တွေအ တွင်း ကမ္ဘာလှည့်ခရီးသွား ထပ်ကိန်းတိုးဝင်ရောက်လာပြီး တိုင်းပြည်အတွက် ဘတ်ငွေ ၆၂ ဘီလျံ (ဒေါ်လာ ၁.၈ ဘီလျံ) ရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

၂၀၂၅ ခုနှစ် နှစ်သစ်ကူးကာလမှာ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဦးရေ ၁.၅၆ သန်း ရောက်ရှိလာနိုင်ပြီး ဘတ်ငွေ ၄၅ ဘီလျံ ရရှိနိုင်တယ်လို့ ခန့်မှန်းထားကြောင်း၊ ဒီပမာဏဟာ အရင်နှစ်တွေထက် ၁၆% ကနေ ၂၀% အထိ မြင့်တက်ဖွယ်ရှိ ကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ TAT အုပ်ချုပ်ရေးမှူး ထာပနီးကီယတ်ဖိုင်ဘိုးလ်က ပြောပါတယ်။

ဒါ့အပြင် အဆိုပါကာလအတွင်း နိုင်ငံတွင်းက ထိုင်းလူမျိုးခရီးသွား ၄.၄၁ သန်းလည်း ခရီးသွားလာဖို့ ခန့်မှန်းထားပြီး ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ထက် ၂၉% မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းခရီးသွားတွေဆီကလည်း ဘတ်ငွေ ၁၇ ဘီလျံရရှိနိုင်ပြီး အဲဒီပမာဏာဟာ ပြီးခဲ့တဲနှစ်ထက် ၃၀% မြင့်တက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၉၃ နိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်နဲ့ ပြည်ဝင်ခွင့် လုပ်ထုံးလုပ်နည်းများ ပိုမိုအဆင်ပြေချော မွေ့အောင် ဆောင်ရွက်ပေးခြင်းအပါအဝင် “ခရီးသွားလာခွင့် ဖြေလျှော့မှုအစီအစဉ်” အရလည်း ကမ္ဘာလှည့် ခရီးသွားတွေ ပိုမိုဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် တရုတ်ပြည်မကြီး၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယ၊ စကင်န်ဒီနေဗီယာနိုင်ငံများနဲ့ ပြင်သစ်နိုင်ငံတို့လို အဓိက ဈေးကွက်တွေအတွက်လည်း လေကြောင်းလိုင်းအသစ် ၃၀ ထက်မနည်း တိုးချဲ့ပြေးဆွဲနေတဲ့အတွက် ကမ္ဘာလှည့်ခရီး သွားဝင်ရောက်မှုနှုန်း ထပ်မံတိုးမြင့်လာမယ်လို့ မျှော်လင့်ထားကြောင်း TAT အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နှစ်သစ်ကူးပွဲတော်ကာလအတွင်း သွားရောက်လည်ပတ်ဖို့ ထိုင်းနိုင်ငံရဲ့နာမည်ကျော်ကြားမှုကလည်း ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုဝင်ရောက်လာဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်က နှစ်သစ်ကူးကာလအတွင်း သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနိုင်ငံ ၂၀ ထဲမှာပါဝင်ကြောင်း ခရီးသွားမဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ Condé Nast Traveler မဂ္ဂဇင်းလို နိုင်ငံတကာ မီဒီယာတွေမှာ အသိအမှတ် ပြုဖော်ပြထားပါတယ်။

ထိုင်းအစိုးရဟာ ခရီးသွားဖို့ အားပေးချီးမြှင့်တဲ့အနေနဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ အစိုးရ ရုံးပိတ်ရက် ငါးရက်အဖြစ် သတ်မှတ်ကြောင်း ကြေညာထားပါတယ်။

နှစ်သစ်ကူးကာလအတွင်း လေယာဉ်ခနှုန်းထားမြင့်တက်မှာ စိုးရိမ်မှုတွေအတွက် ချင်းမိုင်၊ ချင်းရိုင်၊ ကရာဘီ၊ ဖူးခက်၊ ဆာမွိုင်၊ ဥဒါန်းဌာနီ၊ ဥူဘွန်ရတ်ချာဌာနီနဲ့ ခုန်ခီယန်တို့အပါအဝင် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေအ တွက် လေယာဉ်ခ ၃၀% လျှော့ချရေး လေကြောင်းလိုင်း ၆ ခုနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်နေပါတယ်။

Ref: Southeast Asia's second largest economy expects to earn $1.8B New Year tourism revenues

#centralnewsnaypyitaw

image

အာဝုတို့ကတော့နော်

တောင်တန်းတွေကို
တောင်ခြေက ကြည့်တာထပ်စာရင်
အဝေးပြေးလမ်းမပေါ်က ကြည့်တာပိုလှတယ်။
ဘာလို့ဆို?
တချို့အရာတွေက တကယ်နီးစပ်ဖို့ မလိုအပ်ပါဘူးလေ။ ‘’(
#စာရယ်ကဗျာရယ်
#as

1 y - Translate

သဲစုငြိမ်းရဲ့အောင်မြင်မှုကို အားကျပြီး ဆရာ့ကျေးဇူးသိတက်လာတဲ့ နီနီလင်းအိမ်
interviwe တခုမှာနီနီလင်းအိမ်ဟာ ဆရာဖြစ်သူထူးအံ့လွင်နဲ့ စိတ်ဆိုးစိတ်ကောက်နေပြီး
ဆရာဟာနီနီရဲ့ဆရာပါဘဲဆိုတာကိုပြောကြားဖြေသွားခဲ့ပါတယ်
#updatenews#myanmarceles #missgrandmyanmar

image
1 y - Translate

Natural Spinal (Mogok)❤️

ကျောက်သားပြောင်ပြောင်လေး ခဲစိမ်းလေးတွေများ
လက်ပတ်လှလှလေးခတ်ဝတ်လည်းလှတယ်
၂တန်းကြိုးလေးခတ်မယ်ဆိုလည်း အဆင်ပြေတယ်

#gems

image
1 y - Translate

Natural Spinal (Mogok)❤️

ကျောက်သားပြောင်ပြောင်လေး ခဲစိမ်းလေးတွေများ
လက်ပတ်လှလှလေးခတ်ဝတ်လည်းလှတယ်
၂တန်းကြိုးလေးခတ်မယ်ဆိုလည်း အဆင်ပြေတယ်

#gems

image
1 y - Translate

Natural Spinal (Mogok)❤️

ကျောက်သားပြောင်ပြောင်လေး ခဲစိမ်းလေးတွေများ
လက်ပတ်လှလှလေးခတ်ဝတ်လည်းလှတယ်
၂တန်းကြိုးလေးခတ်မယ်ဆိုလည်း အဆင်ပြေတယ်

#gems

imageimage
1 y - Translate

လူတွေက သူတို့ "ကြိုက်ရင် ကြိုက်ကြောင်းပြောမယ်"
သူတို့ "မကြိုက်ရင် မကြိုက်ကြောင်း ပြောမယ်"

ကိုယ့်ရဲ့ အလုပ်က ရှေ့ဆက်လျှောက်နေဖို့ဘဲ။
#motivibe
#စာတို

သံတိုသံစ အဟောင်းတွေကြားထဲ ကွယ်ဝှက်တင်ဆောင်လာတဲ့ မူးယစ်ဆေးပါတဲ့ သေတ္တာတွေကို X – Ray ဂိတ်မှာ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၆

သံတိုသံစ အဟောင်းတွေကြားထဲ ကွယ်ဝှက်တင်ဆောင်လာတဲ့ မူးယစ်ဆေး၀ါး သေတ္တာတွေကို ကျွဲတပ်ဆုံ X-Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က တောင်ကြီးဘက်ကနေ သာစည်ဘက်ကို မောင်းနှင်လာတဲ့ Toyota Dyna အမျိုးအစား (၆)ဘီးယာဉ်ဟာ X-Ray စက်မှာ ဖြတ်သန်းစဉ် သံတိုသံစ အဟောင်းတွေကြားထဲမှာ သံသေတ္တာ (၆)လုံးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ သံသေတ္တာတွေကို စစ်ဆေးရာမှာတော့ သေတ္တာ (၁) လုံးခြင်းစီမှာ WY စာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀) စီပါတဲ့ အထုတ်ကြီး (၁၁၂) ထုတ်စီထည့်လာတဲ့ သေတ္တာ (၄)လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သံသေတ္တာ (၁)လုံးထဲမှာတော့ WY စာတန်းပါ ပန်းရောင်ဆေးပြား (၁၀၀၀၀) စီပါတဲ့ အထုတ်ကြီး (၇၅)ထုတ်နဲ့ ICE (ဖက်အဖီတမင်း) လို့ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲ့ (၁)ကီလိုဂရမ်လောက်ပါတဲ့ အထုတ် (၃၀) Happy Water လို့ယူဆရတဲ့ အညိုရောင်အမှုန် (၁၀) ဂရမ်လောက်ပါတဲ့ (၂၇)ထုတ်နဲ့ (၁)ထုတ်ကို (၂၅) ဂရမ်ပါတဲ့ (၉၆)ထုတ်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် သံသေတ္တာ (၁)လုံးအတွင်းမှာ‌တော့ ICE (ဖက်အဖီတမင်း)လို့ ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲ (၁) ကီလိုဂရမ်လောက်ပါတဲ့ အထုတ်ကြီး (၁၄၀)ထုတ် ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ယာဥ်မောင်းအပါအဝင် သယ်ဆောင်လာသူ (၄)ဦးကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပြီး ကွင်းဆက်တရားခံတွေ ဆက်လက် ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image