1 နှစ် - ဘာသာပြန်ပါ။

Shopping time

image
1 နှစ် - ဘာသာပြန်ပါ။

Shopping time

image
1 နှစ် - ဘာသာပြန်ပါ။

Shopping time

image
image
image
1 နှစ် - ဘာသာပြန်ပါ။

ကြည်လင်းကို လွမ်းတယ်
ပြီးခဲ့တဲ့ Mitsubishi Electric ပြိုင်ပွဲ အပါအဝင်
မြန်မာအသင်း ကစားတဲ့ ပွဲ အတော်များများကို
ကြည့်ဖြစ်တယ်၊ မောင်မောင်လွင်၊ ဇင်ညီညီ
အောင်၊ သီဟဇော်၊ ဝေလင်းအောင် အစရှိတဲ့
ကစားသမားတွေ ကစားပုံ မဆိုးပေမဲ့ ကျေနပ်
လောက်တဲ့အထိ မခံစားရ၊ နိုင်လို့သာ နိုင်သွား
မယ်၊ တသသ ပြောရလောက်အောင် စွဲနေတဲ့
ကစားဟန်မျိုး မတွေ့၊ မြန်မာပွဲ ကြည့်ရတာ
တခုခု လိုနေသလိုချည်း
ပြန်တွေးကြည့်တော့ ရုန်းကန်အား၊ ပေါက်ကွဲ
အား ကောင်းတဲ့ ကစားသမားမျိုး မြန်မာ အ
သင်း မှာ ပျောက်ဆုံးနေတာလို့ ထင်မိတယ်
ဆက်စပ်တွေးမိတော့ ကြည်လင်း ဆိုတဲ့ အမည်
က မှတ်ဉာဏ်ထဲ ပြန်ပေါ်လာတယ်
မြန်မာ့ လက်ရွေးစင် တောင်ပံ ကစားသမား၊
ပါဝါ ကောင်းတဲ့ အလယ်တန်းလူ၊ Speed ရော
Kick ပါ ကောင်းတဲ့သူ
ကြည်လင်းကို စသိတော့ ရန်ကုန် ယူနိုက်တက်
အသင်းမှာတောင် လိုင်းအပ် မရသေးဘူး၊ ပထ
မ ကစားသမား နေရာအတွက် ရုန်းကန်နေရဆဲ၊
အဲဒိတုန်းက ရန်ကုန် အသင်းမှာ တင်ဝင်းအောင်
က နာမည် အတော်ကြီးတယ်၊ ကြည်လင်းနဲ့ က
စားဟန် မတူပေမဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ဆင်
တယ်၊ ပုပု တောင့်တောင့်တွေချည်းပဲ
ကြည်လင်းက ဘောလုံး မျိုးရိုး ရှိတယ်၊ မင်းနိုင်
ဆိုတဲ့ အစ်ကို တစ်ယောက်က ဂိုးသမား၊ ဇေ
ယျာရွှေမြေမှာ ကစားတာ၊ ညီ တစ်ယောက်က
ရဲမင်းသူ၊ သူလည်း မြန်မာ့ လက်ရွေးစင်ပဲ၊ ဗဟို
နောက်ခံလူ အဖြစ် ကစားတာ၊ ရှမ်းယူနိုက်တက်
အသင်းက
ကြည်လင်း ကစားပုံက ရိုးရှင်းပေမဲ့ ပါဝါကောင်း
တော့ ထိန်းရခက်တယ်၊ ညာတောင်ပံရော၊ ဘယ်
တောင်ပံရော ကစားနိုင်တယ်၊ ပုံမှန် ဘောလုံး ဆွဲ
နေရာကနေ ဝုန်း ဆိုပြီး အမြန်နှုန်းနဲ့ ဆွဲပြေးတာ
မျိုး လုပ်နိုင်တယ်၊ ဘောလုံးကို အစထုတ်ပြီး
ပြေးရင် ပြိုင်ဘက် နောက်ခံလူ လိုက်ရခက်သွား
ရော၊ ပြီးတော့ ကြည်လင်းက Kick Power ရော
ဘောလုံး ထိချက်ပါ ကောင်းတဲ့သူဆိုတော့ ဂိုး
သမားတွေအတွက် အိပ်မက်ဆိုးပဲ
မှတ်မှတ်ရရ သုဝဏ္ဏကွင်းမှာ ဧရာဝတီ ယူနိုက်
တက်နဲ့ ရန်ကုန် အသင်း ကစားတဲ့ပွဲမှာ ကြည်
လင်း ကန်သွားတာ အခုထိ စွဲနေတုန်းပဲ၊ ဧရာ
ဝတီ ဂိုးသမား သီဟစည်သူ ဘယ်လိုမှ မတတ်
နိုင်ဘူး၊ အဲလို ကန်ချက်မျိုးကို ကြည်လင်းက
တစ်လုံး နှစ်လုံး ကန်ပြခဲ့တာ မဟုတ်ဘူး၊ အများ
ကြီး ကန်ပြခဲ့တာ၊ ဗထူးကွင်းမှာ၊ နိုင်ငံခြားကွင်း
တွေမှာ ကွင်းမရွေး၊ ပြိုင်ဘက်မရွေး ကန်ပြခဲ့တာ
သတိရပါတယ်
အခု မြန်မာ့ လက်ရွေးစင် အသင်းမှာရော၊ က
လပ်တွေမှာပါ ကြည်လင်းလို Dynamic ပြင်း
တဲ့ ကစားသမားမျိုး မတွေ့ရတော့ဘူး၊ သတိ
ရပါတယ်၊ ကြည်လင်းလို ကစားဟန်မျိုး၊ ကစား
သမားမျိုး ထပ်တွေ့ရမယ်လို့ မျှော်လင့်တယ်
Credit

image

image

image
1 နှစ် - ဘာသာပြန်ပါ။

Apyin kana 😻

image

"ဒူးက စကားပြောနေပြီ။ ငါဆက်မရိုက်နိုင်လောက်တော့ဘူး" - Keanu Reeves အနေဖြင့် "John Wick 5" အတွက် ပြန်ရိုက်ဖြစ်မလား မသေချာ။

Keanu Reeves သည် နောက်ထပ် "John Wick" ဇာတ်ကားအတွက် ၎င်း၏ ဖြစ်နိုင်ခြေရှိသော ပြန်လည်ပါဝင်လာရေးအတွက် တွေဝေနေသည်။

image

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သည်တွေ အများအပြားကျဆုံးနေကြောင်း အိမ်ဖြူတော်ပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသတစ်ခုတည်းမှာတင် ပြီးခဲ့တဲ့အပတ်က ထောင်နဲ့ချီ ကျဆုံး နေတဲ့အတွက် ယူကရိန်းစစ်ပွဲအတွင်း အများအပြားထိခိုက်ကျဆုံးလျက်ရှိကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျွန် ကာဘီက ဒီဇင်ဘာ ၂၇ ရက်နေ့ (သောကြာနေ့) က ပြောပါတယ်။

ဂျွန်ကာဘီပြောတဲ့အရေအတွက်ဟာ အမေရိကန်အာဏာပိုင်တွေ အရင်ပြောထားတဲ့အရေအတွက်ထက် ပိုမိုများပြား နေပါတယ်။

“ရုရှားနဲ့ မြောက်ကိုရီးယား စစ်ခေါင်းဆောင်တွေဟာ အဲဒီတပ်ဖွဲ့ဝင်တွေကို ကြိုက်သလိုသတ်ဖြတ်လို့တဲ့ပစ္စည်း တွေလို သဘောထားပြီး ယူကရိန်းတပ်တွေကို မျှော်လင့်ချက်မဲ့စွာ တိုက်ခိုက်ခိုင်းနေတာဖြစ်ပါတယ်။” လို့ ဂျွန်ကာဘီက ပြောပါတယ်။

နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားမစ်ရှင်အဖွဲ့နဲ့ ရုရှားရဲ့ ကုလသမဂ္ဂဆိုင်ရာမစ်ရှင်အဖွဲ့ တို့ကတော့ ရိုက်တာသတင်းဌာနရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ အထိအခိုက်အကျအဆုံးများနေတာကို မနည်းတောင့်ခံထားနေရပြီး အကာအကွယ် အလွန်နည်းပါးစွာနဲ့ စစ်မြေပြင်ကို စေလွှတ်ခံနေရကြောင်း ယူကရိန်းသမ္မတဗလာဒီမာ ဇီလန်စကီးက ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောပါတယ်။

“အဲဒီမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ အသက်ရှင်သန်ကျန်ရစ်ရေးအတွက် ရုရှားစစ်တပ်ကရော ဟိုးမြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းတွေကရော ဘယ်သူမှ စိတ်မဝင်စားတာ တွေ့ရပါတယ်။” လို့ ၎င်းက ပြောပါတယ်။

“သူတို့ကို ကျွန်တော်တို့ ဖမ်းဆီးဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတယ်။ သူတို့တပ်တွေကပဲ သူတို့ကို ပြန်သတ် နေကြတာဖြစ်တယ်။ ရုရှားတွေက အဲဒီမြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို အကာအကွယ်ဘာတစ်ခုမှ မပါသလောက်နီး ပါးအခြေအနေမျိုးနဲ့ တိုက်ခိုက်ခိုင်းနေတာပါ။” လို့ ၎င်းက ပြောပါတယ်။

မြောက်ကိုရီးယားစစ်သည်တချို့ကို ဖမ်းမိခဲ့ပေမဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားတဲ့အတွက် အသက်ရှင်နိုင်ဖွယ်ရာ မမြင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။

ကိုရီးယားတွေအနေနဲ့ ဥရောပက စစ်ပွဲတစ်ခုမှာ ၎င်းတို့အသက်တွေကို အချည်းနှီးလာရောက်အဆုံးရှုံးမခံ သင့်သလို တရုတ်နိုင်ငံအနေနဲ့လည်း စစ်ပွဲကို ဒီ့ထက်ပိုမိုကျယ်ပြန့်မလာစေချင်ဘူးဆိုရင် မြောက်ကိုရီးယားနိုင်ငံကို သြဇာအာဏာ သုံးပြီး နားချဖျောင်းဖျသင့်ကြောင်း ၎င်းက ပြောပါတယ်။

ကာ့စ်ခ်ဒေသမှာ မြောက်ကိုရီးတပ်ဖွဲ့ဝင် ကျဆုံး/ဒဏ်ရာရအင်အား ၃၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ဇီလန်စကီးက တနင်္လာနေ့က ပြောပါတယ်။

ကာ့စ်ခ်ဒေသမှာ မြောက်ကိုရီးယားစစ်သည်တွေ အများအပြား ထိခိုက်ကျဆုံးနေပြီဖြစ်ကြောင်း အမေရိကန်အရာရှိတစ် ဦးကလည်း ဒီဇင်ဘာ ၁၇ ရက်နေ့က ပြောပါတယ်။

Ref: North Korean troops experience mass casualties on Ukraine front lines, White House says: Reuters

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

ရဲ(၃)ရဲအတိုင်း ရန်သူကို ချေမှုန်းရမည်ဟု ဒုတပ်ချုပ်ပြော

ဒီဇင်ဘာ ၂၈

ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းဆိုသည့် ရဲ(၃)ရဲအတိုင်း ရန်သူကို ချေမှုန်းတိုက်ခိုက်ရမည်ဟု နစကဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ ပြည်သူ့စစ် မှုထမ်း သင်တန်းမှ သင်တန်းသားများအား သွားရောက်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ တပ်မတော်သား တစ်ဦးဖြစ်သည်နှင့်အညီ ပေးအပ်လာသည့် တာဝန်များအပေါ် ကျေပွန်အောင် ထမ်းဆောင်သွားကြရန် လိုကြောင်း၊ ထို့ပြင် လေ့ကျင့် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာ များကိုလည်း အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေး သတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်ရမည် ဆိုသည့် မြဲ(၃)မြဲနှင့်အညီ အမြဲမပြတ်လေ့လာ လေ့ကျင့်လိုက်နာသွားကြရန်နှင့် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှု-န်း ဆိုသည့် ရဲ(၃)ရဲအတိုင်း ရန်သူကို ချေမှု-န်းတို-က်ခို-က်ရမည်”ဟု ပြောသည်။

စစ်သည်များသည် နိုင်ငံတော်အလံကို မိမိလက်ဖြင့် ကိုယ်တိုင် ထိတွေ့ပြီး သစ္စာ ၃ ချက်ကို ရွတ်ဆိုထားသည့် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန်၊ မိမိရဲဘော်ရဲဘက် များအပေါ် သစ္စာစောင့်သိရန်၊ မိမိမိသားစုအပေါ် သစ္စာစောင့်သိရန်လိုကြောင်း ၎င်းက ပြောသည်။

တပ်မတော်သားအဖြစ် ခံယူထားပြီးဖြစ်သည့်သူများသည် နိုင်ငံတော်နှင့် တပ်မတော် တာဝန်များကို ၂၄ နာရီ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံသားကောင်းရတနာများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတစ်ဦးချင်း ရရှိပိုင်ဆိုင် ထားသည့် ဂုဏ်သိက္ခာများကို မကျဆင်းအောင်၊ မဆုံးရှုံးအောင် တပ်မတော်သားတစ်ဦး၏ ကျင့်ဝတ်စည်းကမ်းများ ကို အမြဲထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြန်မာ့တပ်မတော်နှင့် လ-က်န-က်ကိုင် အင်အားစုများကြား တို-က်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။

အဆိုပါ တို-က်ပွဲများအတွင်း မြန်မာ့တပ်မတော်သည် တိုင်းစစ်ဌာနချုပ် ၂ ခု ဖြစ်သည့် ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တို့ကို လက်လွတ် ဆုံးရှုံးထားရသည်။

အလားတူ မြို့ပေါင်း ၃၀ အထက်ကိုလည်း လက်လွတ်ဆုံးရှုံးထားရသလို စစ်အခြေစိုက် စခန်းပေါင်း ရာချီ လက်လွတ် ဆုံးရှုံးထားရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများသို့ လက်နက်ကိုင် အင်အားစုများ တို-က်ပွဲများ ဖန်တီးလာမည့် အခြေအနေအတွက် မြန်မာ့တပ်မတော်က စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image