Natural Spinal (Mogok)❤️
မိုးစက်cutting လေး ကျောက်သားကောင်း
ပွင့်စူသန့် ကာလာအစီးစပ်လေး
အရင်တည်းက စုထားတဲ့ စုကျောက်လေးမို
ပြောစရာမလိုအောင် လှပါတယ်နော်
#gems


Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Natural Spinal (Mogok)❤️
မိုးစက်cutting လေး ကျောက်သားကောင်း
ပွင့်စူသန့် ကာလာအစီးစပ်လေး
အရင်တည်းက စုထားတဲ့ စုကျောက်လေးမို
ပြောစရာမလိုအောင် လှပါတယ်နော်
#gems
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ကန်သမ္မတဟောင်း ဂျင်မီကာတာ ကွယ်လွန်
............
အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဖြစ်တဲ့ ဂျင်မီကာတာဟာ အသက် ၁၀၀ ပြည့်နှစ်မှာ ကွယ်လွန်သွားပါတယ်။
ဂျင်မီကာတာ ဟာ ဂျော်ဂျီယာနိုင်ငံ ပလိန်းစ်မြို့ရှိနေအိမ်မှာကွယ်လွန်တာဖြစ်ပါတယ်။
ဂျော်ဂျီယာအုပ်ချုပ်ရေးမှူးအဖြစ်ကနေ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
သမ္မတဟောင်းကာတာဟာ သူ့လက်ထက်မှာ အီဂျစ်နဲ့ အစ္စရေးအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် ဆောင်ရွက်ခဲ့တဲ့အပြင် အမေရိကန်ပြည်ထောင်စုမှာ အကြီးမြတ်ဆုံးသမ္မတဟောင်းလို့ တင်စားခေါ်ဝေါ်ခံရပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ လေးစားရတဲ့စံပြ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။
ပဋိပက္ခတွေအတွက် ငြိမ်းချမ်းရေးဖြေရှင်းမှုတွေ၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ လူမှုရေးတရားမျှတမှုတို့ကို မြှင့်တင်ပေးတဲ့ အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်သလို အမေရိကန်ပြည်ထောင်စုသမိုင်းဟာ သက်တမ်းအရှည်ဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီးဖြစ်သူ ရိုဆလင်းကာတာဟာလည်း အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
Myanmar Countdown 2025 တွင် ဖျော်ဖြေနေသည့် ချမ်းမြေ့မောင်ချို
#centralnewsnaypyitaw
နေပြည်တော်မှာ ပြုလုပ်နေသည့် နှစ်သစ်ကိုကြိုဆိုမည့် Myanmar Count Down 2025 ပွဲတွင် ဖျော်ဖြေနေသည့် Bobby Soxer
#သတင်းဟင်းလေးအိုးကြီး
မျက်မှေးယောင်ခြင်း (Conjunctivitis)
=====================
မျက်လုံးရဲ့ မျက်ဖြူသားအကုန်လုံးနဲ့ မျက်ခွံအောက်ပိုင်းတွေမှာ ဖုံးအုပ်ထားတဲ့ အမှေးပါးအလွှာ မျက်မှေးမှာ ပိုးဝင်တာကြောင့်ဖြစ်ဖြစ်၊ အခြားယောင်စေတဲ့ရောဂါတွေကြောင့်ဖြစ်ဖြစ် မျက်မှေးနီတာ၊ ရဲတာဖြစ်လာတာကို မျက်မှေးယောင်ခြင်း (Conjunctivitis) လို့ ခေါ်ပါတယ်။ မျက်မှေးမှာရှိတဲ့ သွေးကြောတွေက ယောင်လာတာကြောင့် ပိုပြီး မြင်လာရတာဖြစ်တယ်။
အဓိက မျက်မှေးယောင်စေတဲ့ အကြောင်းအရင်းက ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်နဲ့ ဓါတ်မတည့်သည့် လက္ခဏာတွေကြောင့် ဖြစ်တယ်။ကလေးငယ်လေးတွေမှာတော့ မျက်ရည်လမ်းကြောင်း မပွင့်တဲ့အတွက်ကြောင့် အဖြစ်များတယ်။ မျက်မှေးယောင်တာက အနေရခက်ပေမယ့် အမြင်အားကို ထိခိုက်စေတဲ့အထိ ဖြစ်တာ ရှားတယ်။ ကုသမှု ယူလိုက်ရင် အနေရခက်တာတွေ သက်သာလာမှာဖြစ်တယ်။ ပိုးကြောင့် မျက်မှေးယောင်တာတွေက ကူးစက်တတ်တယ်။ ဒါကြောင့် ကုသမှု စောစောခံယူမှ ကူးစက်ပြန့်ပွားမှုကို တားနိုင်ပါမယ်။
.
မျက်မှေးယောင်ခြင်းလက္ခဏာများ
◾ မျက်စိတစ်ဖက် (သို့) နှစ်ဖက်လုံး ရဲခြင်း
◾ မျက်စိတစ်ဖက် (သို့) နှစ်ဖက်လုံး ယားခြင်း
◾ မျက်စိတစ်ဖက် (သို့) နှစ်ဖက်လုံး ခိုးလို့ခုလုဖြစ်ခြင်း
◾ မျက်စိတစ်ဖက် (သို့) နှစ်ဖက်လုံးတွင် မျက်ဝတ်ထွက်ခြင်း
◾ မနက်အိပ်ယာထတွင် မျက်ခွံများက မျက်ဝတ်များနှင့် ကပ်နေခြင်း
◾ မျက်ရည်ကျခြင်း
.
ဖြစ်ရတဲ့အကြောင်းအရင်းများ
◾ ဗိုင်းရပ်စ်ရောဂါ
◾ ဘက်တီးရီးယားပိုး
◾ ဓာတ်မတည့်ခြင်း(Allergy)
◾ ဓာတုဗေဒပစ္စည်းများ မျက်စိထဲဝင်ခြင်း
◾ ဖုန်၊ အမှုန်များ မျက်စိထဲဝင်ခြင်း
◾ လသားကလေးတွေမှာ မျက်ရည်လမ်းကြောင်း ကောင်းစွာ မပွင့်ခြင်း
.
မျက်မှေးယောင်ခြင်း ဖြစ်နိုင်ချေရှိသူများ
◾ ဓာတ်မတည့်စေသောအရာများနှင့် ထိတွေ့မိသူများ
◾ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုးရှိသူများနှင့် ထိတွေ့မိသူများ
◾ မျက်ကပ်မှန်ကို သတ်မှတ်ချိန်ထက် ကျော်၍ တပ်သူများ၊ မျက်ကပ်မှန်မဖြုတ်ဘဲ ညအိပ်သူများ
.
မျက်မှေးယောင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုး
◾ မျက်ကြည်လွှာပါ ယောင်လာပါက အမြင်အားပါ ထိခိုက်နိုင်ခြင်း
.
ဘယ်အချိန် ကုသမှုခံယူသင့်လဲ?
တစ်ချို့သော မျက်မှေးယောင်ခြင်းတွေရဲ့ နောက်ကွယ်မှာ အရေးကြီးတဲ့ ရောဂါအချို့ရှိနေတယ်။ ဒါကြောင့် မျက်စိရဲတာနဲ့အတူ မျက်စိနာခြင်း၊ တစ်ခုခုဝင်နေသယောင် ခံစားရခြင်း၊ အမြင်ဝါးခြင်းနှင့် အလင်းစူးခြင်းတွေ ရှိလာရင် ကုသမှုခံယူဖို့ လိုပါတယ်။
မျက်ကပ်မှန် အသုံးပြုနေသူများမှာ မျက်မှေးယောင်ပါက မျက်ကပ်မှန်သုံးတာကို ချက်ချင်းရပ်ပြီး မျက်မှန်နဲ့ နေဖို့ လိုအပ်ပါတယ်။ အကယ်လို့ မျက်မှေးယောင်တဲ့ လက္ခဏာက ၂၄နာရီအတွင်း မသက်သာဘဲ ပိုဆိုးလာခဲ့ရင် ကုသမှုခံယူသင့်ပါတယ်။
.
ကာကွယ်ခြင်း
◾ မျက်မှေးယောင်ရောဂါ ကူးစက်ခံရခြင်း၊ ပြန့်ပွားခြင်းတွေ လျော့နည်းအောင် တစ်ကိုယ်ရေ သန့်ရှင်းရေး အလေးထားဖို့ လိုအပ်ပါတယ်။
◾ မျက်လုံးကို လက်နဲ့ကိုင်တာကို ရှောင်ကြဉ်ပါ။
◾ လက်ကို မကြာခဏ ဆေးကြောပါ။
◾ သန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါကို အသုံးပြုပါ။
◾ မျက်နှာသုတ်ပဝါများ ဝေမျှသုံးစွဲခြင်း မပြုရပါ။
◾ ခေါင်းအုံးဖုံးကို ပုံမှန်လဲပါ။
◾ ရက်လွန်မိတ်ကပ်နှင့် အသားအရည်ထိန်း ပစ္စည်းများ မသုံးသင့်ပါ။
◾ မိတ်ကပ်ပစ္စည်းများကို မျှဝေမသုံးသင့်ပါ။
ရောဂါလက္ခဏာများ လျော့နည်းလာပြီဆိုရင် ကူးစက်နိုင်ခြေ နည်းသွားသည့်အတွက် အလုပ်၊ ကျောင်းစသည့်တို့ ပုံမှန်လုပ်ငန်းများ လုပ်နိုင်ပါတယ်။ သန့်ရှင်းရေး ဂရုစိုက်ရန်သာ အရေးကြီးပါတယ်။
မျက်မှေးယောင်တာက မဖြစ်ဘူးသူရယ်လို့ ခပ်ရှားရှားပါ။ အရမ်းအဖြစ်များတဲ့ ပြဿနာမို့ ကြိုတင်ကာကွယ်နိုင်ဖို့ ဒီဆောင်းပါလေးကို share ပေးပြီး မိတ်ဆွေတွေ သိရအောင် မျှဝေပေးလိုက်ပါဦးနော်။
#ကျန်းမာရေးဆိုင်ရာဗဟုသုတ
#credit