1 နှစ် - ဘာသာပြန်ပါ။

Nvidia ၏ CEO နှင့် အမေရိကန် တွင် ဆယ်ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် Jensen Huang သည် အခွန်ငွေ ဒေါ်လာ 8 ဘီလီယံကို ရှောင်ရန် ကြိုးပမ်းခဲ့သည်ဟု NYT သတင်းတစ်ပုဒ်အရ ဆိုသည်။

Nvidia (NASDAQ:NVDA) ၏ CEO နှင့် ပူးတွဲတည်ထောင်သူ Jensen Huang သည် AI ချစ်ပ်များတွင် ၎င်း၏ကုမ္ပဏီ၏လွှမ်းမိုးမှုကိစ္စများသာမက အခြားသတင်းခေါင်းကြီးဖန်တီးလျက်ရှိနေသည်။ Huang သည် ဖက်ဒရယ်အိမ်ခြံမြေနှင့် လက်ဆောင်အခွန်များမှ ဒေါ်လာ ၈ ဘီလီယံခန့်ကို ကာကွယ်ရန် တရားဝင်အခွန်မဟာဗျူဟာများကို အသုံးချနေသည်ဟု The New York Times ၏ မကြာသေးမီက စုံစမ်းစစ်ဆေးမှုတစ်ခုအရ သိရသည်။ ဤတုန်လှုပ်ချောက်ချားဖွယ်ရာ နံပါတ်သည် ကြွယ်ဝချမ်းသာသူများသည် ၎င်းတို့၏ငွေကို ကာကွယ်ရန် တရားဥပဒေဆိုင်ရာ ဟာကွက်များကို မည်သို့အသုံးပြုသည်နှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုကို လှုံ့ဆော်ပေးလျက်ပါသည်။

image
1 နှစ် - ဘာသာပြန်ပါ။

လစာထုတ်ပြီးနောက်
I'm rich now hehe 🤣

1 နှစ် - ဘာသာပြန်ပါ။

ထိုင်းနဲ့ အမေရိကန်ကိုတောင် ကျော်တက်နေတဲ့ ဘာမေးရှားနိုင်ငံတော်ကြီးရဲ့ အိမ်ခြံမြေစျေးကွက်
ယခု မြင်တွေ့နေရတာကတော့ ဦးဝိစာရလမ်းပေါ်က ပေ ၁၀၀ ပတ်လည် ၃ ကွက်တွဲ
ထောင့်ကွက်ကိုမှ ဂရမ်အမည်ပေါက်ရမယ့် ပေ၁၀၀x၃၀၀ အကျယ်အဝန်းရှိ အရောင်းကွက်ပဲဖြစ်ပါတယ်။
မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်မှာရှိတဲ့ ဒီမြေကွက်ရဲ့ အရောင်းစျေးနှုန်းကတော့ ၁ ပေပတ်လည်ကို ၆.၃ သိန်းနှုန်းကျသင့်မယ့် ကျပ် သိန်း ၁၈၉၀၀၀ ဖြစ်တယ်လို့ အကျိုးတော်ဆောင်တွေက စျေးဖော်ပြလာပါတယ်။
သင်ဟာ ၁ လကို ကျပ် သိန်း ၁၀၀ ဝင်ငွေရှိသူဆိုရင်တောင် ဒီခြံကြီးကို ဝယ်နိုင်ဖို့ နှစ်ပေါင်း ၁၆၀ လောက် ပေးချေရမှာဖြစ်ပါတယ်။
Credit

image
1 နှစ် - ဘာသာပြန်ပါ။

Game Of The Year 2024 ကို Astro Bot က ရရှိသွားပြီးနောက် ဝူခုန်းဂိမ်းရေးဆွဲသူ တွေ မျက်ရည်ကျတဲ့အထိ စိတ်ထိခိုက်သွားကြတယ်လို့ ဆိုပါတယ်။ Black Myth: Wukong ထုတ်လုပ်သူ ဖုန်ကျီကလည်း The Game Awards ရဲ့ Game of The Year ဆုရွေးချယ်မှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
"ကျွန်တော် (ဒီပွဲကို) အလကားသက်သက် လာခဲ့ သလို ခံစားရတယ်။" လို့ ဖုန်ကျိက သူ့ Weibo လူမှု ကွန်ရက်ပေါ်မှာ ဖွင့်ဟခဲ့ပါတယ်။
fan တချို့ကလည်း Black Myth ဂိမ်း ဆုမရတဲ့ အပေါ် ဒေါသထွက်ခဲ့ပါတယ်။ ဩစတြေးလျက video game အကြောင်း ရေးသူ အာလာနက် ပီးယာ့စ်ကတော့ Game of The Year နဲ့ လွဲချော်လို့ အခုလို ပေါက်ကွဲ တာမျိုး မမြင်ဖူးဘူးလို့ ဆိုပါတယ်။ ဆုမရတဲ့အပေါ် စိတ်ပျက်တာ နားလည်နိုင်ပေမယ့် Game Awards ပွဲမှာ အခုလို ခံစားချက်တွေ ထွက်လာတာက ထူးဆန်းနေတာ ပါ။
Black Myth ကိုဆွဲခဲ့တဲ့ Game Science ရဲ့ CEO ဖုန်းကျိက အရင်နှစ်နှစ်ကတည်းက Game of The Year ဆုယူရင် ပြောမယ့်စကားတွေကို ကြိုရေးထားခဲ့တာ ပါ။ Wukong ဂိမ်းအနေနဲ့ Game Of The Year မရခဲ့ပေ ໑ Player's Choice Best Action Game ဆုတွေရခဲ့သလို ဆု ၅ဆုအတွက်လည်း ဆန်ကာတင် စာရင်းဝင် ခဲ့ပါတယ်။
စီးပွားရေးဘက်ကကြည့်ရင်လည်း Black Myth က အကြီးအကျယ်အောင်မြင်ခဲ့တာပါ။ ၃ ရက်အတွင်း ဂိမ်း ခွေပေါင်း ၁၀ သန်း နဲ့ တစ်လအတွင်း သန်း ၂ဝ ကျော် ရောင်းချနိုင်ခဲ့တာကြောင့် သမိုင်းတစ်လျှောက် အ ရောင်းသွက်ဆုံးဂိမ်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လူကြီးမင်းတို့ကောဘယ်လိုမြင်ကြလဲဗျ။
Credit

image
1 နှစ် - ဘာသာပြန်ပါ။

That kick sounds like a whip-crack
ပြင်းလိုက်တဲ့ kick..အသံကိုက ဖျောင်းခနဲပဲ

1 နှစ် - ဘာသာပြန်ပါ။

တန်ဖိုးမြင့် EV လူစီးယာဉ်များကို အကောက်ခွန်သိုလှောင်ရုံအတွင်း ထည့်သွင်းခွင့်မပြုတော့
ရန်ကုန်၊ ဒီဇင်ဘာ ၂၈
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီရဲ့ သတ်မှတ်ချက်အထက် တန်ဖိုးမြင့်မားတဲ့ လျှပ်စစ်သုံး လူစီးယာဉ်တွေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး အကောက်ခွန်သိုလှောင်ရုံအတွင်း ထည့်သွင်းခွင့်မပြုတော့ကြောင်း အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။
ထည့်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိသာ ခွင့်ပြုပေးမှာဖြစ်ပြီး ကျန် Taxi ၊ အများသုံးယာဉ်နဲ့ လုပ်ငန်းသုံးယာဉ်တွေကိုတော့ ယခင်အတိုင်း ဆက်လက်ခွင့်ပြုမယ်လို့ အသိပေးကြေညာထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း တင်သွင်းခွင့်ရထားတဲ့ EV ယာဉ်တွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ မြန်မာ့ဆိပ်ကမ်းကို နောက်ထားပြီး ရောက်ရှိရမှာဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်ရောက်ရှိပါက သိမ်းဆည်းခံရမှာဖြစ်ကြောင်းလည်း မြန်မာမော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လမှာ နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲကြောင့် EV အမှတ်တံဆိပ်အချို့ကို အဆမတန် ဈေးတင်ရောင်းချမှုတွေ ရှိခဲ့ပေမယ့် လက်ရှိမှာ ဈေးချပြီး ပုံမှန်ဈေးအတိုင်း ရောင်းချလာကြတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ EV ယာဉ်နဲ့ ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကုမ္ပဏီ(၈၀)ကျော်ကို လုပ်ကိုင်ခွင့်ပြုပေးထားပေမယ့် အမှန်တကယ် လုပ်ငန်းလည်ပတ်နေတာကတော့ ကုမ္ပဏီ (၄၀)ကျော်ပဲ ရှိသေးတယ်လို့ ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

အောမေတို့ဆိုသည်မှာလည်း....🤣

image
1 နှစ် - ဘာသာပြန်ပါ။

🇸🇬စင်ကာပူမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဌာနခွဲအတွင်းရေးမှူးရာထူး အတွက်အလုပ်ကြော်ငြာကို LinkedIn မှာတွေ့ရမှုနဲ့ပတ်သက်ပြီး စင်ကာပူပြည်ထဲရေးက စုံစမ်းစစ်ဆေးနေပါတယ်။
Ngee Ann Polytechnic အတွက် တရုတ်ကွန်မြူနစ်ပါတီ CCP ရဲ့ ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်ဌာနခွဲအတွက် အတွင်းရေးမှူးရာထူးရယ်၊ လက်ထောက်အတွင်းရေးမှူးရာထူးနေရာတွေအတွက် LinkedIn မှာ အလုပ်ကြော်ငြာတင်ထားတယ်လို့ ဆိုပါတယ်။
စင်ကာပူအနေနဲ့ အခြားနိုင်ငံတစ်နိုင်ငံက နိုင်ငံရေးလွှမ်းမိုးပက်သက်မှုမျိုးလာလုပ်တာကို လုံးဝလက်ခံမှာမဟုတ်ပါ။
“The Ministry of Home Affairs is aware of job offers on LinkedIn supposedly related to a branch of the Communist Party of China and its Communist Youth League, in Ngee Ann Polytechnic. Police reports have been received, and MHA is looking into the case,”
ပြည်ထဲရေးဝန်ကြီးဌာနက တရုတ်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တဲ့ အလုပ်ကြော်ငြာထားတာကို သိတယ်။ ရဲကိုတိုင်ကြားထားတာကိုလည်း လက်ခံရရှိပြီးပြီ။ ပြည်ထဲရေးက ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
စင်ကာပူက အခြားနိုင်ငံကနိုင်ငံရေးပြဿနာကို သူ့နိုင်ငံအတွင်းသွင်းလာခြင်းကို လုံးဝခွင့်မပြုပါ။
စင်ကာပူကျွန်းဟာ သေးငယ်တဲ့နိုင်ငံဖြစ်ပြီး သူ့ရဲ့မြေနေရာအနေအထား၊ ပထဝီနိုင်ငံရေးအနေအထားအရလည်း ဒါမျိုးကို လုံးဝလက်ခံလို့မဖြစ်တာကို တွေ့ရပါတယ်။
တရုတ်ပြည်တွင်းက ကွန်မြူနစ်ပါတီရဲ့လှုပ်ရှားမှုကို လက်ခံရင်၊ ဖိလစ်ပိုင်ကလှုပ်ရှားမှုလည်း ရောက်လာမယ်၊ အိန္ဒိယကပါတီစုံလှုပ်ရှားမှုလည်း ရောက်လာမယ်၊ မလေးရှားက နိုင်ငံရေးပြဿနာပေါင်းစုံရောက်လာမယ်၊ အင်ဒိုနီးရှားကပြဿနာစုံရောက်လာမယ်၊ ထိုင်ဝမ်အဖွဲ့အစည်းတွေရောက်လာမယ်၊ ယူကရိန်းနဲ့ရုရှားလှုပ်ရှားမှုတွေ ရောက်လာမယ်။
လက်တစ်ဆုပ်စာပဲ လူဦးရေဆန့်တဲ့ ကျွန်းနိုင်ငံလေးမှာ၊ မလေးရှား/အင်ဒိုနီးရှားတို့နဲ့ ပထဝီနိုင်ငံရေးသမိုင်းကြောင်းရှိခဲ့တဲ့အနေအထားမှာ၊ ၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားမရိန်းစစ်သားအချို့ Orchard လမ်းပေါ်က မက်ဒေါ်နယ်ကို ဗုံးခွဲခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့တဲ့ အနေအထားမှာ စင်ကာပူဟာ ပြည်ပနိုင်ငံတွေက မည်သည့်ပြဿနာကိုမှ သူ့နိုင်ငံအတွင်းလာရောက်လှုပ်ရှားတာကို လုံးဝလက်မခံတော့တာ ဖြစ်ပါတယ်။
စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီကွမ်ယုက အမေရိကန်ရဲ့လွှမ်းမိုးမှုကိုလည်း ဆတ်ဆတ်ထိမခံတုန့်ပြန်ခဲ့သလို၊ တရုတ်ကွန်မြူနစ်တွေရဲ့လွှမ်းမိုးရန်ကြိုးစားမှုကိုလည်း ပြင်းပြင်းထန်ထန်တိုက်ဖျက်ခဲ့ရပါတယ်။
ဒါတောင် ပြည်ပနိုင်ငံအချို့က အခုထိ နိုင်ငံရေးအရလွှမ်းမိုးဖို့ ကြိုးစားမှုတွေ ရှိနေဆဲပါ။
စင်ကာပူနိုင်ငံသား စီးပွားရေးသမား Philip Chan ကို ပြည်ပနိုင်ငံရေးလွှမ်းမိုးခံရသူ PSP အဖြစ်သတ်မှတ်ခဲ့တာရှိပါတယ်။
အခုဖြစ်ရပ်မှာ ဘယ်သူက LinkedIn မှာ အဲ့ဒီအလုပ်ကြော်ငြာတင်ခဲ့တာလဲ? နောက်ခံကဘယ်သူတွေနဲ့ဆက်နွယ်နေသလဲဆိုတာကို ဆက်လက်စုံစမ်းအရေးယူသွားမယ့်ပုံ ရှိပါတယ်။
ကမ္ဘာ့နိုင်ငံအချို့မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးရန်ကြိုးပမ်းမှု၊ သွေးတိုးစမ်းမှုသတင်းတွေကအခုနောက်ပိုင်းမှာ ပိုကြားလာရပါတယ်။
Credit

image

1 နှစ် - ဘာသာပြန်ပါ။

28 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,380
USD Sell - MMK 4,450
EUR Buy - MMK 4,550
EUR Sell - MMK 4,640
SGD Buy - MMK 3,255
SGD Sell - MMK 3,315
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 27.65
JPY Sell - MMK 28.20
MYR Buy - MMK 976
MYR Sell - MMK 995
CNY Buy - MMK 598
CNY Sell - MMK 610

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,760,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,120,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image