39 w - Translate

#cutetype tattoo

image
39 w - Translate

#cutetype tattoo

image
image
image
39 w - Translate

သရုပ်ဆောင် ပိုင်တံခွန် ရဲ့ စေ့စပ်ကြောင်းလမ်းမဂ်လာပွဲ မှပုံရိပ်များ

PhotoCredit
#updatenews

image
image
image
image
image
39 w - Translate

"နှစ်သစ်မှာ သမီးလေးကိုတွေ့ရဖို့ စိတ်လှုပ်ရှားနေတဲ့ အဆိုတော်ထက်ယံ"

#htetyan
#updatenews
#credit

image

၂၀၂၆ ရောက်မှ အလုပ်တွေကြိုးစားမယ်လို့ တွေးထားသောအခါ ?

image

ပဲခူးမြို့တွင် နေအိမ်ခြံဝန်းထဲ၌ နှစ်သစ်ကူးပွဲကျင်းပပြုလုပ်နေစဉ် အိမ်ရှင်အမျိုးသားနှစ်ဦး သံကတ်ကြေးဖြင့် ထိုးခံရ၍ တစ်ဦးသေဆုံး

ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလိကျေးရွာတွင် မိသားစုဝင်များ နေအိမ်ခြံဝန်းထဲတွင် ဒီဇင်ဘာလ ၃၁ ရက်နေ့၌ နှစ်သစ်ကူးပွဲကျင်းပပြုလုပ်စဉ် အရက်မူးနေသည့် တစ်ရွာထဲနေအမျိုးသားတစ်ဦးမှ ထိုခြံဝန်းထဲသို့ ရောက်ရှိလာပြီး စကားများရန်ဖြစ်၍ အိမ်ရှင်အမျိုးသားနှစ်ဦးကို ထိုအမျိုးသားမှ သံကတ်ကြေးဖြင့်ထိုးရာ တစ်ဦးသေဆုံးသွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့၊ ကြည်တော်ကုန်း (၅) လမ်း၊ နန်းတော်ရာရပ်ကွက်တွင် နေထိုင်သည့် ကိုလင်းတို့ ဇနီးမောင် နှံနှစ်ဦးမှာ မိဘများရှိသည့် ကလိကျေးရွာတွင် နှစ်သစ်ကူးပွဲကျင်းပရန်အတွက် ရောက်ရှိလာပြီး နေအိမ်ခြံ ဝန်းထဲ၌ မိသားစုဝင်များနှင့်အတူနှစ်သစ်ကူးပွဲကျင်းပနေစဉ် တစ်ရွာထဲနေအမျိုးသားတစ်ဦး အရက်မူး ပြီး ခြံဝန်းထဲရောက်ရှိလာပြီး “ကချင်တယ်သီချင်းဖွင့်ပေးရန်” ပြောသောကြောင့် အိမ်ရှင်များမှ ဖွင့်ပေးခဲ့ကြောင်း သိရသည်။

ထိုသီချင်းတစ်ပုဒ်ဖွင့်ပေးပြီးနောက် အိမ်ရှင်များမှ ပြန်ခိုင်းသောကြောင့် “မင်းတို့ကငါ့ကိုနှင်ထုတ်တာလားဟု ပြောဆိုပြီး” နောက် ထိုတစ်ရွာထဲနေအမျိုးသားမှ အရှည် (၁) ပေခန့်ရှိ သံကတ်ကြေးအားကိုင်ပြီး ခြံဝန်းထဲသို့ ပြန်လည်ရောက်ရှိလာပြီး အနီးရှိ အုတ်နီခဲကျိုးအား ကောက်ယူပြီး ကိုလင်း၏ ညီဖြစ်သူကျော်သူရ၏ ဦးခေါင်းကို ထုပြီး ဘယ်ဘက်ကျောကုန်းကိုလည်း ကတ်ကြေးဖြင့်ထိုးပြီးနောက် ကိုလင်း၏ ဆီးခုံအထက်ကိုလည်း ကတ်ကြေးဖြင့် ထိုးသွင်းဒဏ်ရာနှစ်ချက်ဖြင့် ထိုးပြီး ထိုအမျိုးသား ထွက်ပြေးသွားကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်ရရှိသည့် ညီအစ်ကိုနှစ်ဦးကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ညီဖြစ်သူ ကျော်သူရမှာ သေဆုံးပြီး၊ ၎င်း၏အစ်ကိုဖြစ်သူလည်း စိုးရိမ်ရသည့် အခြေနေရှိကြောင်း၊ ကျူးလွန်သူအမျိုးသား နေလင်းအောင်ကို တာဝန်ရှိသူများမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image
39 w - Translate

ပရိတ်သတ် တွေသာအသက်ကြီးသွားတယ် သရုပ်ဆောင် ပပဝင်းခင် ကတော့ အသက်မကြီးဘူးနော်

image
image
image

ဒူးနာ၊ ခါးနာ ၊ အဆစ်အမြစ်ကိုက်ခဲ သူများ သိထားသင့်သော ဗဟုသုတများ ( Osteoarthritis) (Degenerative arthritis)
မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်ပြောပြပေးချင်တဲ့ အကြောင်းကတော့ ဒူးတွေနာတယ် ၊ ခါးတွေနာတယ် ၊ အဆစ်အမြစ်တွေ ဆံ့မရဘူး ၊ ကိုက်ခဲနေတယ် ၊ လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး ၊ ဘာလုပ်ရမလဲ ???
အကြံပေးပါဦးဆိုတာ အတွက် နည်းလမ်းတစ်ချို့နဲ့ ရောဂါ အကြောင်း အခြေခံလေးတွေပြောပြပေးချင်ပါတယ်
အဆစ်အမြစ်တွေ ကိုက်တာ ဘာလို့လဲ
ခန္ဓာကိုယ်ရဲ့ အရိုးတစ်ခုနဲ့တစ်ခု အဆစ်အမြစ်တွေကြားမှာ အရိုးနု ( hyaline cartilage ) တွေ က လှုပ်ရှားမှုတစ်ခုပြုတဲ့အခါအရိုးတစ်ခုနဲ့ တစ်ခုကြား မှာ ကူရှင် ( cushion ) သဖွယ် အကာအကွယ်ပေးကာ အရိုးတွေ မပွတ်တိုက်မိအောင် ၊ မနာကျင်အောင် ကာကွယ်ပေးပါတယ်။
ဒါ့အပြင် လှုပ်ရှားရလွယ်ကူအောင်လည်း ချောဆီ သဖွယ် ဆောင်ရွက်ပေးပါသေးတယ်
သို့သော်
အချိန်ကြာလာတာနဲ့အမျှ အဆိုပါ အရိုးနု ဟာလည်း ပါးလာတတ်ပါတယ်
ထိုအခါ အရိုးချင်း ပွတ်တိုက်မှုတွေဖြစ်ပြီး နာမယ် ၊ ထုံကျင်နေမယ် ၊ အရင်လို လှုပ်လှုပ်ရှားရှား လုပ်ရတာ ခက်ခဲလာတာ မလွဲမသွေပါပဲ ။
အသက် ၆၀ အထက်ရှိသူ (old age)
ထိခိုက်ဒဏ်ရာ ရတဲ့သူ (traumatic history)
ဟော်မုန်းဆိုင်ရာ ရောဂါရှိတဲ့သူ( Endocrine diseases)
အဝလွန်သူများ ( obesity)
ကိုယ်လက်လှုပ်ရှားနည်းသူများ ( lack of physically activities)
ဗီဇပိုင်းဆိုင်ရာ ရောဂါရှိသူ ( genetic disorders ) တွေကတော့ အဆိုပါ ရောဂါ ခံစားရနိုင်ချေ သူများ ဖြစ်ပါတယ် ။
ကာကွယ် ၊ ကုသ နည်းလမ်းများ
Prevention is better than Cure ( ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမို ကောင်းမွန်ခြင်း) ဟာ ရောဂါတိုင်းအတွက် အခြေခံ အချက်ပါ ။
ကိုယ်လက် လှုပ်ရှားမှုအားကစားပြုလုပ်မယ်
အဝမလွန်အောင် မျှတတဲ့ အစားအစာတွေ စားသုံးမယ်
နီသော အသား ၊ သစ်ဥ သစ်ဖုများ ၊ မြေအောက်ထွက် သီးနှံများ အား ရှောင်ကြဉ်ခြင်း
ဆေးလိပ် နှင့် အရက်မသောက်ဘူး
ရောဂါအခံရှိလာလျှင်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဆေးတွေ အချိန်မှန်မှန်သောက်သုံးမယ်
အဆိုပါ အချက်များဟာ ကာကွယ်ခြင်းပါပဲ
အကယ်၍ ဒူးနာ ၊ ခါးနာ ၊ အဆစ်အမြစ်ကိုက်ခဲခြင်းတွေခံစားရပြီဆိုပါကလည်း ဆရာဝန်နှင့်တိုင်ပင်ကာ
- အကိုက်အခဲပျောက်ဆေး ( NSAIDs) များသောက်သုံးခြင်း
- လူးဆေး ၊လိမ်းဆေး ( Topical cream ) များ အသုံးပြုခြင်း
- အဆစ်အမြစ်အတွင်းများသို့ စတီးရွိုက်များ တိုက်ရိုက် ထိုးထည့်ခြင်း ( Steroid injection )
- ရေခဲ ၊ ရေနွေးအိတ်များအလျင်းသင့်သလို ကပ်ထားနိုင်ခြင်း ( using hot and cold packs )
- အစားထိုးခွဲစိတ်ကုသခြင်း ( hips or knee replacement surgery) များကို မိမိ၏ သက်ဆိုင်ရာ ဆရာဝန်နှင့်ပြသကာ တိုင်ပင် ဆွေးနွေးသင့်ပါကြောင်း ကျန်းမာရေး အသိပညာပေးတင်ဆက်လိုက်ရပါတယ် ခင်ဗျာ
အားလုံးကျန်းမာချမ်းသာကြပါစေ

image

ကိုဗစ်ရောဂါစတင်ဖြစ်ပွားမှုအပြီး ငါးနှစ်အကြာတွင် တရုတ်နိုင်ငံ၌ ဗိုင်းရပ်ပိုးအသစ်များ ပျံ့နှံ့မှုကို‌ ထပ်မံကြုံတွေ့နေရ

ဇန်နဝါရီ ၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ကိုဗစ်ရောဂါဗိုင်းရပ်ပိုးစတင်ပျံ့နှံ့မှုဖြစ်ပွားတာ ငါးနှစ်ခန့်အကြာ အခုအခါမှာတော့ တုပ်ကွေးရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလက္ခဏာတွေနဲ့လည်း ဆင်တူတယ်ဆိုတဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်ပိုးက လျင်မြန်စွာပျံ့နှံ့နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

သတင်းတွေနဲ့ လူမှုကွန်ရက် ဖော်ပြချက်တွေမှာ တရုတ်နိုင်ငံအတွင်း HMPV ဗိုင်းရပ် လျင်မြန်စွာပျံ့နှံ့နေမှုကြောင့် ဆေးရုံတွေနဲ့ မီးသင်္ဂြိုဟ်စက်တွေမှာ ပိုမိုပြီးလူတွေများနေရတယ်လို့တောင် အချို့က ဆိုလာကြပါတယ်။ အွန်လိုင်းဗီဒီယိုတွေမှာလည်း ဆေးရုံတွေမှာ လူတွေပြည့်ကျပ်နေတာတွေ့လာရပါတယ်။ တချို့က တုပ်ကွေးရောဂါ A၊ HMPV၊ အသက်ရှုလမ်းကြောင်း ပိုးဝင်စေတဲ့ Mycoplasma pneumoniae အဆုတ်ရောင်ရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါပေါင်းစုံတို့ ကူးစက်ဖြစ်ပွားနေတယ်လို့ ပြောလာကြပါတယ်။

တရုတ်အစိုးရက ရောဂါဖြစ်ပွားမှုတွေကြောင့် နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီလို့တောင် တချို့က ပြောကြပါတယ်။ ဒါပေမယ့် တရားဝင် အတည်မပြုနိုင်သေးပါဘူး။ HMPV ဗိုင်းရပ်ကူးစက်မှုကြောင့် တုပ်ကွေးနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေရော၊ ကိုဗစ်-၁၉ နဲ့ ဆင်တူတဲ့လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ ဒါကြောင့်လည်း အခုအခါ ကျန်းမာရေးအရာရှိတွေအနေနဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေရတယ်လို့လည်း ဆိုပါတယ်။ လူမှုကွန်ရက် X ကတော့ အခုဆိုရင် တရုတ်နိုင်ငံမှာ ကလေးဆေးရုံတွေဟာ အဓိကအားဖြင့် အဆုတ်ယောင်ရောဂါ ခံစားရသူ ကလေးတွေနဲ့ ပြည့်ကျပ်နေပြီလို့ ဖော်ပြထားပါတယ်။

အမျိုးသားရောဂါထိန်းချုပ်ရေးနဲ့တားဆီးရေးစီမံကွပ်ကဲမှုအဖွဲ့ က ဓာတ်ခွဲခန်းတွေကို ရောဂါနဲ့ပတ်သက်လို့ အစီရင်ခံတင်ပြဖို့နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ စစ်ဆေးရေးအေဂျင်စီတွေကို ရောဂါစစ်ဆေးဖို့နဲ့ ကိုင်တွယ်ဖို့ လုပ်ထုံးလုပ်နည်းတစ်ရပ် ချမှတ်ပေးသွားမယ်လို့ သတင်းစာရှင်းပွဲတစ်ရပ်မှာ ပြောခဲ့ပါတယ်။ ဇန်နဝါရီလ ၂ ရက်က တရားဝင်ထုတ်ပြန်ကြေညာချက်တစ်ခုအရ ဒီဇင်ဘာလ ၁၆ ရက်မှ ၂၂ ရက်အတွင်း ရက်သတ္တပတ်မှာ ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ တရုတ်နိုင်ငံမှာ ကူးစက်ဖြစ်ပွားမှုဟာ လုံးဝမြင့်တက်နေတယ်လို့ သိရပါတယ်။

အခြားသောတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Kan Biao ကလည်း တရုတ်နိုင်ငံမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဟာ ဆောင်းကာလနဲ့ နွေဦးကာလတို့မှာဖြစ်တတ်ပြီး ဒီနှစ်ဖြစ်ပွားမှုက မနှစ်ကထက်လျော့နည်းမှာဖြစ်ပါတယ်လို့ သတင်းစာရှင်းပွဲမှာပြောခဲ့ပါတယ်။ ဒါပေမယ့် သူကအချက်အလက်အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားမှုမရှိခဲ့ပါဘူး။

မကြာမီက စစ်ဆေးတွေ့ရှိရတဲ့အထိ Rhinovirus နဲ့ HMPV ဗိုင်းရပ်တို့အပါအဝင် ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်နဲ့ ဘက်တီးရီးယားပိုးတွေကို တရုတ်နိုင်ံမှာတွေ့ခဲ့ရပါတယ်။ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေအကြား HMPV ဗိုင်းရပ်ကူးစက်မှုကနိုင်ငံမြောက်ပိုင်း ပြည်နယ်တွေမှာ အထူးသဖြင့် လျင်မြန်စွာဖြစ်ပွားနေရပါတယ်။

Ref- NDTV

Credit - သတင်းဟင်းလေးအိုးကြီး

#သတင်းဟင်းလေးအိုးကြီး

image

"မင်းပိုက်ဆံဘယ်လောက်ကျန်သေးလဲ"

မိမိ :.

image