1 နှစ် - ဘာသာပြန်ပါ။

The Villainess (2017)
ဇာတ်လမ်းအကျဉ်းကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေးပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်
သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကိုဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ ကတိပဲဖြစ်ပါတယ်
ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး
အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့
ဒီကားက ဟိုးအရင်က ဂျက်မတို့လို အမျိုးသမီးအက်ရှင်ကားတွေကို ပြန်သတိရသွားစေတယ်
ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျုးသံတွေကိုလဲ အများကြီး ရထားတဲ့ ကားလေးပါ
#credit

image
1 နှစ် - ဘာသာပြန်ပါ။

အပျင်းပြေသရေစာအဖြစ်ကိုယ်တိုင်လုပ်စားလို့လဲလွယ်တဲ့နာနတ်သီးယိုထိုးနည်းလေး

အသီးတွေထဲမှာ ယိုထိုးဖိုအလွယ်ဆုံးက နာနတ်သီးပဲလိုထင်ပါတယ် နာနတ်ယိုထိုးဖိုအတွက်ဆို နာနတ်သီး သကြား ဆားအနည်းငယ်ပဲလိုပါတယ် ပထမဆုံး နာနတ်သီးကိုအခွံခွာ အမြှောင်းသေးသေးလေးတွေလှီးပြီးတော့ သကြားကို အဆင်ပြေသလို အချိုကြိုက်ရင်ပိုထည့် အချိုမကြိုက်ရင်လျော့ထည့် ကိုယ့်အ​ကြိုက်ကွက်တိကျမကျမြည်းပြီးထည့်ပါတယ် နောက်ပြီး ဆားအနည်းငယ်ထည့် ရေမြုပ်အောင်ထည့်ပြီး နာနတ်သီးတွေမကြေမချင်း မီးအေးအေးနဲ့တည်ထားလိုက်ရုံပါပဲ ။ နာနတ်သီးတွေကြေသွားတဲ့အခါမှ ရေခမ်းပြီးသကြားအစေးပေါက်တဲ့အထိထားလိုက်ရင် ချဥ်ချဥ်ချိုချို နာနတ်သီးယိုလေးရပြီပေါ့။
#မြိန်မြိန်

image

ဆီးချို ရောဂါ သတိပြုစရာ
ဆီးချို ရောဂါ သည် လူကြီး ပိုင်းတွင် သာမက လူလတ်ပိုင်း အသက် ငယ် သူများ တွင်လည်း ဖြစ််တတ်ပါသည် ။
ကိုယ်ဝန်ဆောင် များတွင်လည်း တွေ့ရတတ်ပါသည် ။
ဆီးချို ရောဂါသည် အသက်ကြီး ပိုင်းတွင် အဖြစ်များတတ်သည်၊၊အသက်ငယ် စဉ်တည်းကလည်း ဖြစ်ပွါးတတ်ပါသည် ။
ရောဂါ လက္ခဏာ များမှာ
(၁) မောပန်းလွယ် ခြင်း
(၂) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၃) ဆီးမကြာခဏ သွားခြင်း
(၄) အနာမကျက်ခြင်း
(၅) အမြင်ဝေဝါးခြင်း
(၆) ခြေလက်ထုံကျင် ခြင်း
များဖြစ်တတ်ပါသည် ။
#crdphoto
#ကျန်းမာရေး

image
1 နှစ် - ဘာသာပြန်ပါ။

စျေးမှာတွေ့ရမဲ့ ဟင်းသီးဟင်းရွက် ဝေါဟာရ 🥬🫛🫑

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

စျေးမှာတွေ့ရမဲ့ ဟင်းသီးဟင်းရွက် ဝေါဟာရ 🥬🫛🫑

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

စျေးမှာတွေ့ရမဲ့ ဟင်းသီးဟင်းရွက် ဝေါဟာရ 🥬🫛🫑

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

စျေးမှာတွေ့ရမဲ့ ဟင်းသီးဟင်းရွက် ဝေါဟာရ 🥬🫛🫑

#englisheverywhere

image
1 နှစ် - ဘာသာပြန်ပါ။

စျေးမှာတွေ့ရမဲ့ ဟင်းသီးဟင်းရွက် ဝေါဟာရ 🥬🫛🫑

#englisheverywhere

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာ့လယ်ယာထွက်ကုန်စည်များ ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုစေမည့် စုစုပေါင်းဒေါ်လာ (၆၁) သန်းတန် MoU များ လက်မှတ်ရေးထိုး

ဇန်နဝါရီ ၃

မြန်မာ့လယ်ယာထွက် ကုန်စည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုစေမည့် ကနဦးရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁ သန်းတန်ဖိုးရှိ သဘောတူညီမှုစာချွန်လွှာ (Memorandum Of Agreement) များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီ ၂ ရက်၊ နံနက်ပိုင်းတွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါ MoU များကို မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO)၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MAGDPL)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) တို့က Myanmar China Harbour Engineering (MCHEC) ကုမ္ပဏီနှင့် လက်မှတ်‌ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယခုလို လက်မှတ်ရေးထိုးလိုက်သော MoU အရ သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၇)၊ (၂၈)နှင့် (၂၉)တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီ တင်၊ ချ ဆိပ်ကမ်းတံတားသစ်များ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သလို ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃၊ ၄) တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းများအနက် သီလဝါအကွက်အမှတ် (၂၇) ၌ စားသုံးဆီ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းကို မြန်မာအက်ဒီဘယ်(လ်)အွိုင်း(လ်) အင်ဒတ်စထရီရယ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEICO) နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)နှင့် MCHEC တို့က သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၈) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်သည်။

ထို့အတူ သီလဝါဆိပ်ကမ်း အကွက်အမှတ် (၂၉) ၌ ကောက်ပဲသီးနှံ ဆိပ်ကမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများကို မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီလီမိတက် (MAGDPL) နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ကာ ဆူးလေသိုလှောင်ရုံ အမှတ် (၁၊ ၂၊ ၃၊ ၄)တို့နှင့် ဆိပ်ကမ်းတံတားများတွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် MCHEC တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

အပြင်လက်တွေ့ဘ၀က တကယ့် Squid GameNetflix ရဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Squid Game ထဲက အဖြစ်လိုမျိုးတောင်ကိုရီးယားမှာ တကယ် ဖြစ်ပျက်ခဲ့ဖူးပါတယ်။
၁၉၇၀ ၀န်းကျင်တုန်းက တောင်ကိုရီးယားနိုင်ငံအတွင်း စစ်ပွဲများအပြီးမှာ Brother Home လို့ ခေါ်တဲ့ လူမှုကယ်ဆယ်ရေး ဌာနကြီးတစ်ခုကို စတင်တည်ထောင်ခဲ့ကြပါတယ်။ တည်ထောင်သူများဟာ နိုင်ငံအ၀န်းက အိမ်ခြေရာမဲ့တွေ သက်ကြီးရွယ်အိုတွေ မိဘမဲ့ကလေးတွေ ဒုက္ခိတတွေကို လိုက်လံစုဆောင်းပြီး Brother Home လို့ အမည်ပေးထားတဲ့အဆောက်အဦးကြီးမှာ နေထိုင်ခိုင်းခဲ့ပါတယ်။

နောက်တော့ ဌာနက အကြီးအကဲများဟာ သူတို့ကို ကူညီထောက်ပန့်နေတဲ့ လူချမ်းသာတွေနဲ့ နိုင်ငံခြားသားတွေကို ဖျော်ဖြေပေးဖို့ရာအတွက် ကိုရီးယား ရိုးရာဂိမ်းများကို စုဆောင်းခံရသူများအား အတင်းကျပ်ဆော့ခိုင်းစေခဲ့ပါတယ်။
အနိုင်မရသူ စိတ်တိုင်းမကျသူများကို သုံးရက်တာ အစာဖြတ်တာမျိုး လုပ်တဲ့အပြင် ရို$က် နှ**က်ပြီးအပစ်ပေးတာမျိုးတွေပါ လုပ်ဆောင်ခဲ့ကြပါတယ်။ဒါ့အပြင် ဌာနမှ ၀န်ထမ်းများဟာ အမျိုးသမီးငယ်များကို သားမယား ပြု*ကျ$င့်ခြင်း အမျိုးသားများကိုမူ ကြောက်စရာနည်းလမ်းပေါင်းစုံဖြင့် နှိပ်ဆ*က် *Tတ်ဖြတ်ခြင်း ကလေးငယ်များကို စိတ်ပိုင်းဆိုင်ရာထိ‌ခိုက်စေအောင်လုပ်ဆောင်ခြင်းများကျူးလွန်ခဲ့ကြတဲ့အပြင် အမျိူးသမီးများကိုကိုယ်၀န်ဆောင်ခိုင်းစေပြီး မွေးကင်းစ
ကလေးငယ်တွေကို လူချမ်းသာများအားပြန်လည် ရောင်းစားခဲ့ကြပါတယ်။

Brother Home ကြောင့် စုစုပေါင်း လူပေါင်း၆၀၀ ကျော် ထိခိုက် 6သဆုံးခဲ့ကြပါတယ်။
Brother Home ဌာနရဲ့ ဒီလိုမျိုး ဆိုးဝါးလှတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဌာနမှ
ထွက်ပြေး အသက်ရှင်လွတ်မြောက်လာခဲ့တဲ့ လူတစ်ချို့ဟာ အစိုးရကို တိုင်းကြားခဲ့ပြီး ၁၉၈၀မှာ နိုင်ငံတော်အဆင့် အကြမ်းဖက်မှုအဖြစ် သတ်မှတ်လိုက်ကာ တည်ထောင်သူများကို ဖမ်းဆီး ထောင်ချလိုက်ကြပါတယ်။

Squid Game စီးရီး ထွက်လာပြီးနောက်ပိုင်း
Brother Home ရဲ့ အဖြစ်အပျက်တွေကို
လူမှုကွန်ရက် စာမျက်နှာများမှာ ပြန်လည်
ဖော်ပြလာခဲ့ ကြပါသေးတယ်။
#horrormovie

image