ရီးရယ်လ်ကနေ ထွက်ခွာခဲ့တဲ့အပေါ် နောင်တရတယ်လို့ မော်ရင်ဟိုပြော

ဇန်နဝါရီ ၃

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ၂၀၁၃ ခုနှစ်က ရီးရယ်လ်အသင်းကနေ ထွက်ခွာခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက် အပေါ် နောင်တရတယ်လို့ CorSport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မော်ရင်ဟိုက “ပီရက်ဇ်ကို နိုးလို့ပြောပြီး ငြင်းခဲ့တာက အကြီးမားဆုံး နောင်တတွေထဲက တစ်ခုအဖြစ်ရှိနေပါ တယ်။ သူက ကျနော့်ကို ထွက်ခွာမသွားဖို့နဲ့ ခက်ခဲတဲ့ အပိုင်းတွေ ပြီးသွားပြီဖြစ်လို့ ကောင်းမွန်တဲ့ အပိုင်းတွေလာဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ သူက ကျနော့်ကို ရီးရယ်လ်မှာ ဆက်ပြီးရှိစေချင်ခဲ့ပေမယ့် ကျနော်ကတော့ ချယ်လ်ဆီး အသင်းထံ ပြန်လာချင်ခဲ့တာပါ”လို့ ပြောခဲ့တာပါ။

အသက် ၆၁ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ အင်တာမီလန်အသင်းနဲ့ အောင်မြင်မှုတွေ ရယူပြီးနောက် ၂၀၁၀ ခုနှစ်မှာ ရီးရယ်လ်အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ၃ နှစ်ကြာ ကိုင်တွယ်အပြီးမှာတော့ အသင်း ဟောင်း ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်ဖို့ ပြန်ရောက်ရှိလာခဲ့တာပါ။

မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးနိုင်ခဲ့ပေမယ့် အဓိက ဆုဖလားတွေ မရယူနိုင်ခဲ့တဲ့ ရာသီအပြီးမှာ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်း အကြီးအကဲ ပီရက်ဇ်ဟာ မော်ရင်ဟိုကို အသင်းမှာဆက်ရှိစေဖို့ ကြိုးပမ်းခဲ့ပေမယ့် သူကတော့ ချယ်လ်ဆီးအသင်းထံ ပြန်သွားခဲ့တာပါ။

မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်ကိုင်တွယ်ချိန်မှာ ပရီးမီးယားလိဂ် ဖလား ရယူပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။

မော်ရင်ဟိုဟာ ဒီနောက်ပိုင်းမှာ ယူနိုက်တက်၊ စပါးနဲ့ ရိုးမားအသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး အခုလက်ရှိအချိန်မှာ တော့ ဖီနာဘာချီအသင်းကို ကိုင်တွယ်နေတာပါ။

ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာက ဂါလာတာစာရေး အသင်းနဲ့ ၈ မှတ် အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၂၁ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: besoccer

ပုံ - မော်ရင်ဟိုကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

#minimalism tattoo

image
1 y - Translate

#minimalism tattoo

image
1 y - Translate

#minimalism tattoo

image
1 y - Translate

#minimalism tattoo

image
1 y - Translate

#minimalism tattoo

image
1 y - Translate

#minimalism tattoo

image
image
image
image
image

Me: ဒီနှစ်တော့ ဘာအမှားမှ မရှိစေရဘူး
Also me: ...
#crd_to_owner_with_respect

image
1 y - Translate

ဖန်တွေစောင့်မျှော်နေကြတဲ့ Chainsaw Man နောက်ဆက်တွဲဖြစ်တဲ့ Chainsaw Man - The Movie: Reze Arc Anime ကတော့ 2025 ထဲမှာစတင်ရုံတင်ပြသမယ်ဆိုပြီးကြေညာသွားခဲ့ပြီဖြစ်ပါတယ်။
#anime

image

Fashion