ကမ္ဘာ့အသက်အကြီးဆုံး လူသား ၁၁၆ နှစ်မှာ ကွယ်လွန်
တိုကျို၊ ဇန်နဝါရီ ၅
ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျပန်အဘွားအို တိုမီကိုအီတိုကာဟာ အသက် ၁၁၆ နှစ်မှာ ကွယ်လွန်သွားပြီလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ သူမဟာ ဟိုင်ဂိုစီရင်စု အာရှီယာမြို့ရှိ သူနေထိုင်တဲ့ ဘိုးဘွားရိပ်သာမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
စပိန်နိုင်ငံမှ ကမ္ဘာ့အက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မာရီယာဘရန်ရက်စ်မိုရီရာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကွယ်လွန်ပြီးနောက် တိုမီကိုအီတိုကာဟာ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။
မစ္စ အီတိုကာဟာ မိမိတို့ကို သတ္တိနဲ့ မျှော်လင့်ချက်တွေ ပေးခဲ့တယ်လို့ အိုင်ရှီယာမြို့တော်ဝန်က ပြောပါတယ်။ သူမဟာ ကမ္ဘာစစ်မဖြစ်ခင် ခြောက်နှစ်အလို ၁၉၀၈ ခုနှစ် မေလမှာ မွေးဖွားခဲ့ပြီး ရှေးအကျဆုံး Ford Model T ကားကို အမေရိကန်မှာ စတင်ရောင်းချချိန်ဖြစ်ပါတယ်။
မွေးချင်းသုံးယောက်ရှိတဲ့ထဲက တယောက်ဖြစ်တဲ့ မစ္စမီတိုကာဟာ ကမ္ဘာစစ်တွေ၊ ကပ်ရောဂါတွေအပြင် နည်းပညာဆိုင်ရ အထင်ကရအောင်မြင်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။ သူမဟာ ငှက်ပျောသီနဲ့ နို့အချိုရည်ကို နှစ်သက်သူလို့ ဆိုပါတယ်။
အသက် ၂၀ မှာအိမ်ထောင်ကျခဲ့တဲ့ သူမဟာ ကွယ်လွန်ချိန်မှာတော့ သမီးနှစ်ယောက်နဲ့ သားနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ၁၉၇၉ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့တာပါ။
ဂျပန်နိုင်ငံရဲ့ လူဦးရေး ၁၂၄ သန်းမှာ သုံးပုံတပုံနီးပါးဟာ အသက် ၆၅ နှစ်အထက်တွေဖြစ်ပြီး စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ စာရင်းအရ အသက် ၁၀၀ နှစ်အထက် လူပေါင်း ၉၅၀၀၀ ရှိပြီး ဒီထဲက ၈၈ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။
Ref:BBC
Photo:AFP
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
