Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မြေပဲဆန်ချက်
============
ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ်တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါရှင်။
ပါဝင်ပစ္စည်းများ
မြေပဲဆံ(အစိမ်း) - ၅ ကျပ်သား
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူ - ၁ ဥ
ကိုင်းခရမ်းချဉ်သီး - ၄ လုံး
ဆီ - ၅ ကျပ်သား
ငရုတ်အရောင်တင်မှုန့် - စတီးဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
နနွင်း - အနည်းငယ်
ချက်နည်း
မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။ ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။
ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပါ။
#crd
အရမ်းချစ်ကြတဲ့ သူငယ်ချင်းလေးယောက် နော်ဖောအယ်ထား၊ ပိုးမမှီသာ၊ မေတိုးခိုင် နဲ့ ဖုန်းသီရိကျော် 🥰
#crd
အီတလီစူပါဖလားကို အေစီမီလန် ၈ ကြိမ်မြောက်ရရှိ
ဇန်နဝါရီ ၇
အေစီမီလန်အသင်းဟာ ၂၀၂၄ ခုနှစ် အီတလီစူပါဖလား ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၈ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ဒီပွဲမှာ အင်တာမီလန်အသင်းရဲ့ ၂ ဂိုးသွင်း ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် အနောက်ကနေ လိုက်ကာ ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။
အင်တာမီလန်အသင်းအတွက် ဂိုးတွေကို လောတရို မာတီနက်ဇ်နဲ့ တာရီမီတို့က သွင်းယူခဲ့ပြီး အေစီမီလန်အသင်း အတွက် ဂိုးတွေကို သီယိုဟာနန်ဒက်ဇ်၊ ပူလီဆစ်နဲ့ အေဘရာဟမ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် အေစီမီလန်အသင်းဟာ အီတလီစူပါဖလား ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကမှ အေစီမီလန်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ကွန်ဆီကာအိုဟာ အသင်းကို ၂ ပွဲ ကိုင်တွယ်အပြီးမှာ ဆုဖလားတစ်လုံး ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကွန်ဆီကာအိုက အေစီမီလန်အသင်းဟာ ကြီးမားတဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့ပြီး အသင်းကြီး ၂ သင်းကို အနိုင်ရရှိခဲ့တယ်လို့ ပြောခဲ့တာပါ။
ကွန်ဆီကာအိုက “ဒါက မလွယ်ကူတာကြောင့် ကစားသမားတွေအတွက် ကျနော်ပျော်ရွှင်ပါတယ်။ ကျနော့် အတွက်လည်း အရေးကြီးတဲ့ အသေးစိတ် အချက်အလက်တွေကို လုပ်ဆောင်ဖို့ အချိန်အနည်းပဲ ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးပေမယ့် နှိမ့်ချမှုနဲ့အတူ ချန်ပီယံလိဂ်နဲ့ လိဂ်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။
အီတလီစူပါဖလားကို အေစီမီလန်အသင်း ရယူခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာ နည်းပြ ကွန်ဆီကာအိုဟာ ဆေးပြင်းလိပ်သောက်ပြီး ကခုန်အောင်ပွဲခံခဲ့တာပါ။
အေစီမီလန်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ၁၇ ပွဲ ကစားအပြီး ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ကွန်ဆီကာအိုဟာ အေစီမီလန်အသင်း နည်းပြဘဝ ပထမဆုံး စီးရီးအေပွဲစဉ်အဖြစ် ကာဂလီယာရီအသင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲစဉ်ကို စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။
Source: ESPN
ပုံ- အေစီမီလန်အောင်ပွဲခံနေစဉ်
#centralnewsnaypyitaw
ရွှေပြည်သာမြို့တွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီး (၁) ဦးသေဆုံး
နေပြည်တော်၊ ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးနှင့်အိမ်မွေးခွေးတစ်ကောင်လည်း မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူနေအဆောင်ဖြစ်သည့် လိုင်ခန်း (၃) ခန်း၊ ပရင်းကျောက်ရောင်းသည့်စျေးဆိုင်နှင့် ဂိမ်းဆိုင်တို့ မီးလောင်သွားကြောင်း သိရသည်။
"မီးကဘယ်ကနေစပြီးလောင်တာလည်းတော့မသိဘူး။ လိုင်းခန်းအဆောင်မှာနေတဲ့ အသက် (၄၀) ခန့်အမျိုးသမီးတစ်ယောက်သေတယ်။ ခွေးတစ်ကောင်လည်းသေတယ်" လို့ မေတ္တာအလင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုမီးလောင်မှုမှာ ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၄ နာရီ ၅၀ အချိန်ခန့်တွင်စတင်ဖြစ်ပွားပြီး နံနက် ၄ နာရီ ၅၆ အချိန်တွင် Level 1 ယာဉ်အုပ်စုများ ထွက်ခွာပြီး ၆ နာရီတွင် မီးထိန်းနိုင်ပြီး ၆ နာရီ ၁၉ အချိန်တွင် မီးငြိမ်းသွားကြောင်း၊ သေဆုံးသည့် ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ We Love Care လူမှုဘဝစောင့်ရှောက်မှုယာဥ်ဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo -Credit
#သတင်းဟင်းလေးအိုးကြီး
ဆော်ဒီလိဂ်တွင် အောင်မြင်မှုမရသေးသော်လည်း ပျော်ရွှင်နေဟု စီရော်နယ်ဒိုပြော
ဆော်ဒီလိဂ်မှာ ဆုဖလားအောင်မြင်မှု မရယူနိုင်သေးပေမဲ့ ပျော်ရွှင်နေကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။
အနာဂတ်ကိစ္စနဲ့ ပတ်သက်လို့ သတင်းအမျိုးမျိုး ထွက်ပေါ်နေချိန်မှာ ဆော်ဒီမှာပျော်ရွှင်နေကြောင်း ရော်နယ်ဒိုက ပြောခဲ့တာပါ။
ရော်နယ်ဒိုနဲ့ အယ်လ်နာဆာတို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာပါ။ ဆော်ဒီနိုင်ငံမှာ ဘဝသစ်တခု စတင်ရသလိုဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မိသားစုနဲ့အတူ ပျော်ရွှင်နေကြောင်း၊ ဆုဖလားအောင်မြင်မှုရယူနိုင်ခြင်းမရှိသေးပေမဲ့ အဲဒီအတွက် တိုးတက်မှုတွေရှိလာဖို့ လုပ်ဆောင်ကြောင်း ရော်နယ်ဒိုက ပြောပါတယ်။
ဆော်ဒီလိဂ်မှာ အယ်လ်ဟီလယ်၊ အယ်လ်အစ်တီဟတ်အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတာက ခက်ခဲပြီး အယ်လ်နာဆာ အနေနဲ့ ဆုဖလားအောင်မြင်မူအတွက် ကြိုးစားနေဆဲဖြစ်ပေမဲ့ ဘောလုံးမှာ ဖြစ်တတ်တဲ့ သဘာ၀ဖြစ်ကြောင်း ရော်နယ်ဒိုက ပြောသွားပါတယ်။
CRD
Uber in India
အိန္ဒိယ Uber လှေတက္ကစီ
အာရှတိုက်မှာ Uber ကုမ္ပဏီရဲ့ ပထမဆုံး ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေကို အိန္ဒိယနိုင်ငံမှာ စတင်လိုက်ပါပြီ။ အိန္ဒိယပိုင်ကတ်ရှ်မီးယားဒေသမှာ Uber က သူတို့ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို လုပ်ဆောင်လိုက်တာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ စမတ်ဖုန်း application ကို အသုံးပြုပြီး လှေတက္ကဆီစီးတာ၊ အစားအသောက်မှာတာနဲ့တခြားဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံလှေပိုင်ရှင်တွေကတော့ အခုလို Uber ရဲ့ ဝန်ဆောင်မှုလုပ်ငန်းအသစ်ကြောင့် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
Crd
သတင်းပေးတွေကို သတင်းပေးဆုကြေးငွေအဖြစ် ငွေကျပ် သန်းပေါင်း ၂၀၀ ကျော် ချီးမြှင့်ပေးတော့မယ်
ဇန်နဝါရီ ၇
တရားမဝင်ကုန်စည်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိအောင် သတင်းပေးခဲ့သည့် တာဝန်သိပြည်သူများအား ဖမ်းဆီးရမိခဲ့သည့် တန်ဖိုးငွေကျပ်၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၂၀၄ ဒသမ ၀၇၈ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
အဆိုပါ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း သတင်းရရှိမှု ၅၄ ကြိမ်ရရှိခဲ့ပြီး၊ သတင်းမှား ၁၇ ကြိမ်၊ နောက်ကျသတင်းတစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု ၃၆ ကြိမ်ဖြစ်သည်ဟုဆိုသည်။
ထိုသို့ သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိအမှုတွဲပေါင်း ၆၅ မှုဖွင့်လှစ်ထားပြီး ယင်းမှ ခန့်မှန်းငွေကျပ် ၁၀၂၀ ဒသမ ၃၉၁ သန်းတန်ဖိုးရှိ သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၄၅ မျိုးအပါအဝင် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ၊ စက်လှေ၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးရမိခဲ့သည်။
သို့ဖြစ်သဖြင့် အဆိုပါ ဖမ်းဆီးရမိမှုတန်ဖိုးငွေ ကျပ် ၁၀၂၀ ဒသမ ၃၉၁ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၂၀၄ ဒသမ ၀၇၈ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန်ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆုကြေးများရယူနိုင်ရန် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း- ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းလည်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
#သတင်းဟင်းလေးအိုးကြီး