၁=အသီးအရွက်များကိုပုံပါအတိုင်းလှီးထားပါ။
ကြက်သွန်ဖြူဓါးပြားရိုက်ထားပါ။
၂=ကြက်ဥတစ်လုံးခေါက်ထားပြ‌ီးကြော်ထားပါ(ကိုယ့်ကြက်ဥကတော့တစ်လုံးထဲမှာအနှစ် ၂လုံးပါလို့များသွားတာပါ)
၃=ကြာဇံကိုရေနွေးစိမ်ထားပါ၊ရေနွေးအေးသွားရင်ဆယ်ပြီးဇကာဖြင့်စစ်ထားပါ။ ရေစစ်သွားလျှင်ပဲငံပြာရည်၊ဆား၊ငရုပ်ကောင်းမှုန့်၊အရသာမှုန့်၊ကြက်ဥကြော်ထားသောဆီ
ထမင်းစားဇွန်း၁ ဇွန်းခန့်ထည့်၍နယ်ထားပါ။
၄=ဒယ်အိုးထဲဆီထည့်ပြီးဆီပူလာလျှင်ကြက်သွန်ဖြူထည့်ပါ ။အနံ့မွှေးလာလျှင်
ကြက်သား(သို့)ဝက်သားကြိတ်သားထည့်မွှေပါ။
ကြက်သားအရောင်ပြောင်းလာလျှင်မှိုထည့်ပါ၊ဥနီထည့်ပါ။အရသာမှုန့်၊ဆားသကြား၊ပဲငံပြာရည်အကြည်တို့ထည့်ပါ။ကြက်ဥကြော်၊
ငရုပ်ပွနှင့်ကြက်သွန်မိတ်ထည့်ပါ။အသီးအနှံများနူးလျှင်ကြာဇံထည့်ပါ။မကပ်အောင်မွှေပြီး ၊ကပ်လျှင်ရေအနည်းငယ်ထည့်ပေးပါ။
(မကပ်တည့်အိုးကပိုအဆင်ပြေပါတယ်)
ကြာဇံမကြေအောင်အသာမွှေပေးပါ။အရသာမြည်းပြီးအဆင်ပြေရင်ရပါပြီ။

image
38 w - Translate

Hair Clips ✨

image
38 w - Translate

Hair Clips ✨

image
38 w - Translate

Hair Clips ✨

image
38 w - Translate

Hair Clips ✨

image
38 w - Translate

Hair Clips ✨

image
38 w - Translate

Hair Clips ✨

image
38 w - Translate

Hair Clips ✨

imageimage
+4
38 w - Translate

Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလျံရင်းနှီးမြှုပ်နှံမည်

နူးဒေလီ၊ ဇန်နဝါရီ ၇

အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တုအခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိ ကန်ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

အဆိုပါကြေငြာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ကျင်းပခဲ့သည့်ပွဲသို့‌ရောက်ရှိနေသည့် Microsoft အမှုဆောင်အရာရှိချုပ် Satya Nadella ကကြေငြာခဲ့ခြင်းလည်းဖြစ်သည်။

Microsoft နည်းပညာကုမ္ပဏီကြီးသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ AI ကျွမ်းကျင်မှုအတွက် လူပေါင်း ၁၀ သန်းကို လေ့ကျင့်ပေးရန်လျာထားသည်ဟုလည်းသိရသည်။

Microsoft က ၎င်း၏ cloud နှင့် ဉာဏ်ရည်တုဆိုင်ရာအခြေခံအဆောက်အဦများကို နိုင်ငံအတွင်းရှိ ဒေတာစင်တာကျောင်းခွဲများတစ်လျှောက် တိုးချဲ့သွားမည်ဟုလည်းပြောကြားခဲ့သည်။

ယခုရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယနိုင်ငံ၏ လျင်မြန်စွာ တိုးချဲ့နေသော AI start-ups များနှင့် သုတေသနအသိုင်းအဝိုင်း၏ ကြီးမားလာနေသော တောင်းဆိုချက်များကို ဖြည့်ဆည်းရန်အတွက် ဉာဏ်ရည်တုကွန်ပျူတာဂေဟစနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

38 w - Translate

မြောက်ဘက်မှ ဝင်ရောက်လာမည့် လေအေးများကြောင့် ဇန်နဝါရီလအတွင်း အအေးပိုနေဦးမည်

ဇန်နဝါရီလအတွင်း ဝင်ရောက်လာမည့် မြောက်ဘက်မှ လေ အေးများကြောင့် ဆက်လက်၍ အအေးပိုနေဦးမည်ဟု ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အကုန် ၂၀၂၄ ခုနှစ် အစပိုင်းတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူဆုံးနွေရာသီကို ခံစားခဲ့ကြရကာ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းနှင့် နှစ်ကုန်ပိုင်းတို့တွင် ရေနှင့် ပတ်သက်သောသဘာဝဘေးများ ကြုံတွေ့ခဲ့ကြရပြီး ထိ ခိုက်ဆုံးရှုံးမှုတွေလဲများခဲ့ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

"လွန်ကဲသော အအေးလှိုင်းဖြစ်ပေါ်မှုများက မြန်မာနိုင်ငံရဲ့ မြောက်ဘက် ဟိမဝန္တာတောင်ကြောနဲ့ တိဗက်ကုန်းမြင့်တွေဘက်နဲ့ အမေရိကတိုက်မြောက်ပိုင်း ကနေဒါနိုငံနဲ့ အမေရိကန်ပြည်ထောင်စုမြောက်ဘက်ခြမ်း ဒေသတွေမှာ ဖြစ်နေတာရှိပြီး မြန်မာနိုင်ငံမှာတော့ အအေးလှိုင်းဖြစ်ပေါ်မဲ့အခြေ အနေ မရှိပါ”ဟု ဦးဝင်းနိုင်က ဆိုသည်။

ဇန်နဝါရီလအတွင်း ညအပူချိန်များ ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတောင်ဘက်ခြမ်း ဧရာဝတီတိုင်း၊ ရန် ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း နံနက်အစောပိုင်း အပူချိန်မှာ ၂၀ °C အောက်ကို ကျဆင်းလာနေကြောင်းနှင့် ကျန်ရှိ တိုင်းနှင့် ပြည်နယ်များတွင်လည်း ဇန်နဝါရီလဆန်းပိုင်း မတိုင်ခင် ဒီဇင်ဘာလ လယ်လောက်ကပင် ၂၀ °C အောက်အထိကျဆင်းနေခဲ့ကြောင်း ၎င်းက ရေးသားထားသည်။

ဇန်နဝါရီ (၈) ရက်တွင် မြန်မာနိုင်ငံအထက်ပိုင်း၊ ကချင်ပြည်လနယ်မှာ နေရာစိပ်စိပ် မိုးအနည်းငယ်ရွာနိုင်ကြောင်း ရွာရန်ရာခိုင်နှုန်း ရ၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ရှိနေပြီး အချို့နေရာများတွင် မိုးရေချိန် (၁၅) မီလီမီတာအထက် (၀.၆ လက်မ ခန့်)ရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များအရ တွေ့ရပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် မိုးရွာနိုင်ချေမရှိကြောင်း ဦးဝင်းနိုင်က ခန့်မှန်းရေးသားထား သည်။

image