1 y - Translate

တိဘက်တွင် ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

တိဘက်ဒေသ၏ ဒုတိယအကြီးဆုံးမြို့တွင် ဇန်နဝါရီ ၇ ရက်နံနက်ပိုင်းက ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာက ပြောခဲ့ပြီး Shigatse မြို့ ပတ်ဝန်းကျင်ဧရိယာတွင် နံနက် ၉း၀၅ ခန့်က လှုပ်ခါမှုဖြစ်ခဲ့သည်ဟု ဆိုခဲ့သည်။

ငလျင်ဗဟိုချက် အနက် ၆ ဒဿမ ၂ မိုင်ခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ငလျင်ဗဟိုချက်နှင့် မိုင် ၂၅၀ အကွာရှိ နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူအထိ တုန်ခါမှုကို ခံစားခဲ့ရပြီး ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများသည် နေအိမ်များအတွင်းမှ ထွက်ပြေးခဲ့ကြသည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။

၆ ဒဿမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုမျိုးကို အင်အားပြင်းငလျင်အဖြစ် သတ်မှတ်ပြီး ထိခိုက်ပျက်စီးမှု ကြီးမားနိုင်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသများသည် ငလျင်လှုပ်ခတ်မှုများကို မကြာခဏကြုံရလေ့ရှိပြီး ၂၀၀၈ ခုနှစ်က စီချွမ်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သော အားပြင်းငလျင်ကြီးကြောင့် လူပေါင်း ၇၀၀၀၀ နီးပါး ‌ေ-သဆုံးခဲ့သည်။

တရုတ်နိုင်ငံပိုင် ရုပ်သံဌာန စီစီတီဗီ၏ အဆိုအရ လွန်ခဲ့သည့် ငါးနှစ်အတွင်းက Shigatse ငလျင်၏ ကီလိုမီတာ ၂၀၀ အတွင်းနယ်မြေတွင် ပြင်းအား ၃ နှင့် အထက်ရှိသော ငလျင်ပေါင်း ၂၉ ကြိမ်လှုပ်ခတ်ခဲ့သော်လည်း အဆိုပါငလျင်အားလုံးသည် အင်္ဂါနေ့တွင် လှုပ်ခတ်ခဲ့သော ယခုငလျင်ထက် ပြင်းအားပိုနည်းသည်ဟု ဆိုခဲ့သည်။

၂၀၁၅ ခုနှစ်က အိမ်နီးချင်း နီပေါနိုင်ငံ ခတ္တမန္ဒူအနီးတွင် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ ၉၀၀၀ ခန့်‌ေ-သဆုံးကာ ထောင်နှင့်ချီ၍ ဒဏ်ရာရခဲ့ပြီး နိုင်ငံ၏ အဆိုးဝါးဆုံး ငလျင်ဘေးဖြစ်ခဲ့သည်။

image
1 y - Translate

အင်ဒိုနီးရှားက Brics အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာ

အင်ဒိုနီးရှားနိုင်ငံသည် Brics အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက ဇန်နဝါရီ ၆ ရက်နေ့ကသတင်း ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့ပြီး ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့လည်းပါဝင်သော ထွန်းသစ်စစီးပွားရေးနိုင်ငံများအုပ်စုကို ပိုမိုတိုးချဲ့လိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံသည် ထွန်းသစ်စနိုင်ငံများ အားကောင်းစေရေးနှင့် တောင်ကမ္ဘာခြမ်းဟုခေါ်တွင်သော ဒေသ၏ အကျိုးစီးပွားများ ပိုမိုတိုးတက်ရေးအတွက် အဖွဲ့သို့ ပါဝင်လိုသည်ဟု ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၌ ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေး၌ အဖွဲ့ကို တိုးချဲ့ရေးတွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဖွဲ့ဝင်နိုင်ငံများသည် အင်ဒိုနီးရှားနိုင်ငံကို ဝင်ရောက်ခွင့်ပြုရန် ကနဦးအတည်ပြုခဲ့ကြသည်ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ် ဥက္ကဌနေရာကို ရယူထားသည့် ဘရာဇီးက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ကမ်းလှမ်းမှုကို ၂၀၂၃ ခုနှစ်တွင် အဖွဲ့က မီးစိမ်းပြခဲ့သော်လည်း အာရှနိုင်ငံသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီးမှသာ ပူးပေါင်းရန် တောင်းဆိုခဲ့သည်ဟု ဘရာဇီးအစိုးရက ပြောဆိုသည်။

အောက်တိုဘာလတွင် ပရာဘိုဝို ဆူဘီယန်တို အင်ဒိုနီးရှားသမ္မတအဖြစ် တက်လာခဲ့သည်။

Brics အဖွဲ့တွင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံများလည်း ပါဝင်သည်။

image
1 y - Translate

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 y - Translate

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 y - Translate

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 y - Translate

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 y - Translate

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
1 y - Translate

အင်္ဂလိပ်စာဖတ်တတ်ဖို့ ဒီလို လွယ်လွယ်လေးတွေက စ ဖတ်ပါ

#englisheverywhere

image
image
image
image
image
1 y - Translate

မော်လမြိုင်
၁၉၆၃ ခုနှစ်
#crdnheurfarrpunyadee
#oldburma
#ရှေးရှေးတုန်းကဗမာပြည်

image
1 y - Translate

♉️TAURUS♉️

💫This is a general reading

အချစ်ရေး/လူမှုရေး/အိမ်ထောင်ရေးမှာ အချစ်ကံ/စန်းတွေ ကောင်းနေမယ့် နှစ်တနှစ်ပါ၊ ကိုယ့်ဘဝထဲ လူအသစ်တွေ ဝင်လာတတ်တယ်၊ ဝင်လာတဲ့ သူကလဲ ဆွဲဆောင်မှု ရှိတဲ့သူမို့လို့ စိတ်ကျေနပ်မှုရတတ်ပါတယ်၊ အချစ်ရေးမှာ အရင်က တွေးခဲ့ လုပ်ခဲ့ဖူးတဲ့ အမှားတွေ အဆင်မပြေမှုတွေကို လုံးဝ အပြီးသတ်နိုင်မယ့် နှစ်တနှစ် ဖြစ်ပါလိမ့်မယ်၊ တချို့တွေ 2025 ခုနှစ်ထဲ အိမ်ထောင်ပါ ကျသွားနိုင်ပါတယ်၊ အိမ်ထောင်ကျတဲ့ထိ မဟုတ်ရင်တောင် အလေးအနက် ဆက်ဆံရေးတွေ အိမ်ထောင်ပြုဖို့လောက်ထိ စီစဉ်ရတာမျိုးတွေ ရှိတတ်တယ်၊ လက်ရှိ RS လေးတွေ ကိုယ်နဲ့သူနဲ့ကြား အဆင်မပြေမှုတွေကို 2024 မှာ ထားခဲ့ပြီး 2025 မှာ အချစ်ပုံစံအသစ်နဲ့ အသစ်ပြန်စနိုင်မယ်၊ လုံးဝ အဆင်မပြေနိုင်ရင်လဲ စိတ်မပူပါနဲ့၊ ကိုယ့်ဘဝထဲ ရေရှည်သွားလို့ရမယ့် လူအသစ် ဝင်လာတတ်ပါတယ်၊ မူမပြောင်းရင် လူပြောင်းလို့ရမယ့် နှစ်ပါ

အလုပ်အကိုင်နဲ့ ငွေကြေးမှာလုပ်ငန်းခွင် အတိုက်အခိုက်လေးတွေ သတိထားရမယ့် နှစ်ပါ၊ မနာလိုသူ ပေါတတ်တယ်၊ ကိုယ် အောင်မြင်လေ မနာလ်ိုခံရလေပါပဲ၊ ကိုယ်ကလဲ 2025 မှာ ဆက်အောင်မြင်နေဦးမှာပါ၊ ကိုယ့်ကို မနာလိုသူတွေ တိုက်ခိုက်ချင်သူတွေက အမှုအခင်း ဖန်တီးလာတဲ့ အထိ မနာလိုစိတ်ကြီးထွားလာတတ်တာကြောင့် ဘာလေးပဲ လုပ်လုပ် တတ်နိုင်သလောက် ကိုယ့်ဘက်က အမှားမပါအောင် ဂရုစိုက်ပါ၊ စာချုပ်စာတမ်း လက်မှတ်ထိုးရရင် သေချာဖတ်ပြီးမှ လက်မှတ်ထိုးသင့်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ဘက်ကသာ အမှားကင်းရင် အနိုင်ရပါလိမ့်မယ်

ပညာရေးမှာ အခြားသော သူများ (ဥပမာ မိဘ/မောင်နှမ/သူငယ်ချင်း/ချစ်သူ)ရဲ့ လွှမ်းမိူးမှု ခံရတတ်တယ်၊ ကိုယ် ဖြစ်ချင်တာနဲ့ တခြားသူတွေ ဖြစ်စေချင်တာက တထပ်ထဲ မကျသလိုမျိုးလေး ဖြစ်နေတတ်တယ်၊ ကိုယ်ကလဲ ပတ်ဝန်းကျင်ရဲ့ အတွေးအမြင်ကို အလေးထားတတ်သူမို့ ကိုယ့်စိတ်ကြိုက်ရွေးရင် အမှားပါမှာ ကြောက်နေတတ်တာကြောင့် ပညာရေး ခရီးကို စိတ်မပါတပါ ဆက်လျှောက်နေရတာမျိုး ရှိတတ်တယ်၊ ကိုယ် ဖြစ်ချင်တဲ့အရာကို သေချာပြောပြပြီး ညှိကြည့်ရင်တော့ အဆင်ပြေပါလိမ့်မယ်

ကျန်းမာရေးမှာ ဝေဒနာဟောင်း ရောဂါဟောင်းလေးတွေ ပြန်ထပြီး ဘာရောဂါမှန်း မသိတာ/ အနာနဲ့ ဆေး လွဲတာလေးတွေ ရှိတတ်တယ်၊ နှလုံး ဝေဒနာ ဂရုစိုက်ပါ၊ သက်သာပျောက်ကင်းနိုင်ခြင်းတော့ ရှိပါလိမ့်မယ်

Guidance from Universe

1. တပါးသူတွေကို ကြင်နာပေးခြင်း/ စေတနာထားခြင်း/ ကူညီပေးခြင်းဖြင့် မိမိအတွက်လဲ တန်ပြန်အကျိုးခံစားရတတ်ပါတယ်
2. တချို့သော အောင်မြင်မှုများဟာ အောက်ခြေ အရင်ခိုင်အောင် ကြိုးစားရတတ်တာကြောင့် ကိုယ့် အရည်အချင်း အတွေ့အကြုံတွေကို စုဆောင်းပါ
3. တချို့အရာတွေမှာ အတင်းဖမ်းဆုတ်ထားရင် ပိုပင်ပန်းရပြီး လုံးဝ လွှတ်ချလိုက်တော့မှ အောင်မြင်လာ ရလာတတ်ပါတယ်

Lucky numbers: 2,22,49

#2025newyear
#tarot
#taurus

image