Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မဖြစ်နိုင်တဲ့ တစ်စုံတစ်ယောက်ကို
ရင်ထဲမှာ ထားပြီးလွှမ်းမယ်။
ဖြစ်နိုင်တဲ့ တစ်စုံတစ်ယောက်ကို
အနားမှာထားပြီး ပါရမီဖြည့်မယ်။
ဘဝဟာဒီလိုဘဲ ရှင်သန်ကြရတာမလား။
#စာရယ်ကဗျာရယ်
မေ့မရမဲ့တူတူ သတိရလိုက်တာပဲပိုကောင်းပါတယ်။
မေ့မယ်ဆိုပြီး မင်းမျက်နှာလေး မြင်ယောင်မိတာလဲ စိတ္တဇပါပဲ။
#စာတို
The Package
ကမ္ဘာကြီးကို ဂရုမစိုက်တဲ့ လူသားတွေကို ကမ္ဘာကြီးက ပြန်လည်ဒုက္ခပေးတဲ့အချိန် ရောက်လာပါပြီ
ကမ္ဘာပေါ်မှာရှိရှိသမျှ သက်ရှိတိုင်းက သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ပိုးမွှားကူးစက်ခံလိုက်ရတဲ့အချိန်မှာ
လူသားတွေကလည်း ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပါတော့တယ်
အသက်ရှင်ကျန်ရစ်နေသေးတဲ့ လူသားတွေရဲ့ ရိက္ခာအတွက် အားကိုးစရာဆိုလို့
ဗီဇပြောင်းလဲထားတဲ့ အပင်တစ်မျိုးပဲ ရှိတော့တဲ့အခြေအနေ ရောက်လာပါပြီ
ကမ္ဘာကြီးကို အရင်ကအတိုင်း ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ သိပ္ပံပညာရှင်တွေဆိုပေမယ့်
ထိုသိပ္ပံပညာရှင်တွေအပါအဝင် လူသားအားလုံးအတွက် တစ်ခုတည်းသော အားကိုးရာ မျှော်လင့်ချက်က
အန္တရာယ်တွေ ရင်ဆိုင်ပြီး သိပ္ပံပညာရှင်တွေဆီ ရိက္ခာတွေ၊ လိုအပ်တဲ့ပါဆယ်တွေ ပို့ဆောင်ပေးနေတဲ့လူတွေပဲ ဖြစ်ပါတယ်
သူတို့ကို လူတွေကတော့ 'RIDER' လို့ ခေါ်ကြပါတယ်
Rider တွေဟာ အခက်အခဲတွေ အန္တရာယ်တွေကြားထဲမှာ ပါဆယ်တွေကို အသက်နဲ့ရင်းပြီး ဘယ်လိုပို့ဆောင်သွားမလဲ၊
နောက်ဆုံးမှာ တကယ်ပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတာကြည့်ရှူ့ရမှာဖြစ်ပါတယ်။
#movie