1 y - Translate - Youtube

LA က‌တောမီး
ကမ္ဘာ့ ရုပ်ရှင်မြို့တော် Hollywood လည်း မီးထဲပါသွားပါပြီ။ Pretty Woman ဇာတ်ကားရဲ့ နောက်ခံ Beverly Hill နဲ့ LA မြို့က သန်းကြွယ် ကုဋေကြွယ် သူဌေးတွေရဲ့ အိမ်ယာများစွာ တောမီးလောင်ကျွမ်း ခံနေရတယ်။ L.A သမိုင်းမှာ အဆိုးရွားဆုံးမီးပါပဲ။ ကိုယ့်အပေါ်ကောင်းလှတဲ့ မိတ်ဆွေတွေ အများကြီးရှိလို့ စိတ်မကောင်းဖြစ်ရတယ်။
မီးလောင်တဲ့အချိန် ပူတဲ့နေရာကို ပင်လယ်ကလေအေးတွေ တိုးဝင်လာလို့ တခါတခါ တနာရီ မိုင် ၁၀၀ လောက်တောင် gust wind လေပြင်း က ဝင်တိုက်ပါတယ်တဲ့။
မြန်မာပြည်က သူဌေးတချို့ရဲ့ အိမ်လည်း မီးအန္တရာယ်ကြုံနေကြရရှာတယ်။ မေတ္တာပို့သပါတယ်။

အဲဒီအနီးတဝိုက်မှာနေတဲ့သူတွေက မီးဘေးရှောင်ကြတဲ့အခါ သူတို့ရဲ့ကားတွေကို လမ်းပေါ်မှာ စွန့်ပစ်ခဲ့ကြလို့ လမ်းတွေပိတ်ဆို့ပြီး မီးငြိမ်းသတ်ရာမှာ အနှောင့်အယှက်ဖြစ်ရကြောင်းနဲ့ ဒီတောမီးဟာ ချက်ချင်းကြီးငြိမ်းသွားမယ့်မီးမျိုးမဟုတ်ကြောင်းကိုလည်း မီးသတ်အဖွဲ့က ပြောဆိုထားပါတယ်။

ဘီလ်ဘာအိုကို အနိုင်ယူပြီး ဘာစီလိုနာ စပိန်စူပါဖလား ဗိုလ်လုပွဲတက်

ဇန်နဝါရီ ၉

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘီလ်ဘာအိုအသင်းနဲ့ ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းအတွက် ဂိုးတွေကို လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဂါဗီနဲ့ ယာမဲလ်တို့က သွင်းယူခဲ့တာပါ။

စပိန်စူပါဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၄ ကြိမ်အထိ ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိချန်ပီယံ ရီးရယ်လ်နဲ့ မာယော့ကာအသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ နောက်ဆုံး ၂ ပွဲကို မပါဝင်နိုင်ခဲ့တဲ့ ယာမဲလ်ဟာ ဒီပွဲမှာ ပွဲထွက် လူစာရင်းထဲ ပါဝင်ခဲ့ပြီး ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က စပိန်စူပါဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင် တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဟန်ဆီဖလစ်က “ဒီနိုင်ပွဲဟာ ကျနော်တို့အတွက် အလွန်ကောင်းပြီး ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ကျနော်တို့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီး ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ပါ။ ပေးဂိုးမပေးခဲ့ရတဲ့ အတွက်လည်း ပျော်ရွှင်ဖို့ ကောင်းပါတယ်။ အသင်းဟာ ဒီပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဗိုလ်လုပွဲကို တက်ဖို့ ထိုက်တန်တယ်”လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ စပိန်စူပါဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့သလို အသင်းရဲ့ ကစားသမားစာရင်းထဲ စာရင်းသွင်း နိုင်ဖို့ ခက်ခဲနေတဲ့ အော်လ်မိုနဲ့ ဗစ်တာတို့ကို ယာယီစာရင်း သွင်းခွင့်ရခဲ့လို့ သတင်းကောင်းဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ အော်လ်မိုနဲ့ ဗစ်တာတို့ ၂ ဦးစလုံးကို လာမယ့် စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ အသုံးပြုလို့ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

Source: ESPN

ပုံ - ဘာစီလိုနာနဲ့ ဘီလ်ဘာအိုအသင်း ယှဉ်ပြိုင်နေစဉ်

#ဘောလုံးသတင်းစုံ

image

ညစ်ညမ်းစာများကို ပုံနှိပ်၊ထုတ်ဝေခဲ့သည့်ပုံနှိပ်သူနှင့် ထုတ်ဝေသူ (၆)ဉီးအား လုပ်ငန်းပိတ်သိမ်းထား

နေပြည်တော်၊ ဇန်နဝါရီ ၉

၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ညစ်ညမ်းစာများကို ပုံနှိပ်၊ ထုတ်ဝေခဲ့သည့် ပုံနှိပ်သူနှင့် ထုတ်ဝေသူ ၆ဉီးအား လုပ်ငန်းပိတ်သိမ်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ ညစ်ညမ်းစာများကို ဖော်ပြခြင်း စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သောအကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော အထက်ဖော်ပြပါပုံနှိပ်သူနှင့် ထုတ်ဝေသူများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ရုပ်သိမ်းခြင်း၊ ၎င်းတို့၏ထုတ်ဝေစာအုပ်များကို တရားမဝင်ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများကိုဆောင်ရွက်လျက်ရှိ‌ေကြာင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေခြင်းများကို ပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
image
image

image
1 y - Translate

500
နောက်တခါရွာကိုလာခဲ့...ဆန်စေ့မပြောနဲ့ ...🤣

မီးစက်ထဲသို့ ဓာတ်ဆီဖြည့်ရာမှ မီးလောင်မှု မန္တလေးတွင်ဖြစ်ပွား၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်နှင့်နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး

ဇန်နဝါရီ ၉

မီးစက်ထဲသို့ ဓာတ်ဆီဖြည့်ရာမှ မီးလောင်မှုတစ်ခု မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၂ (A)လမ်းကြား၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ်(ဖ-၈)၊ အိမ်အမှတ်(၁၇)ရှိ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တွင် ယမန်နေ့ ဇန်နဝါရီလ ၈ ရက် ညနေ ၅ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

ယင်းဆိုင်ရှိ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦး မီးစက်အတွင်း ဓာတ်ဆီဖြည့်ရာမှအနီးရှိ မီးဖိုမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်နှင့် ဆိုင်တွင်းရှိ ဆိုင်ကယ်အပိုပစ္စည်းများအပါအဝင် ဆိုင်နှင့်ကပ်လျက်ရှိသည့် နေအိမ်(၃)လုံးပါ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

“ပေါ့ဆမီးဖြစ်ပါတယ်။ အခု ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှာ (ပ-၅/၂၀၂၅) ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်”ဟု မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

မီးလောင်မှုဖြစ်ပွားသည်ကို Level-1 အဆင့်သတ်မှတ်ကာ မိနစ် ၂၀ ခန့်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအဖွဲ့များက မီးငြှိမ်းသတ်ယာဥ်များ၊ ရေသည်ယာဥ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 y - Translate

9 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,450
USD Sell - MMK 4,520
EUR Buy - MMK 4,585
EUR Sell - MMK 4,605
SGD Buy - MMK 3,245
SGD Sell - MMK 3,305
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 28.01
JPY Sell - MMK 28.56
MYR Buy - MMK 985
MYR Sell - MMK 1004
CNY Buy - MMK 604
CNY Sell - MMK 616

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,020,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,400,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
1 y - Translate

respect ဆိုတာ 🤝
ကြီးတာ ၊ ငယ်တာနဲ့ မဆိုင်ဘူး။
ပညာတတ်တာ ၊ မတတ်တာနဲ့မဆိုင်ဘူး ။
ရာထူးရှိတာ ၊ မရှိတာနဲ့ မဆိုင်ဘူး ။

respect ဆိုတာ အချင်းချင်းကြားမှာ
ထားသင့် ၊ ထားအပ် ၊ ထားထိုက်တဲ့အရာ ။

ကိုယ်က တစ်ခြားသူကို
respect မထားရင်ကိုယ့်ကိုလည်း
သူများက respect ထားလိမ့်မယ်မဟုတ်ပါ ။

respect ထားတယ်ဆိုတာ
လူသားပီသမှု့ ၊ တစ်ဖက်သားကိုငဲ့ညာမှု့ ၊
ကြီးသူကိုရိုသေမှု့ ၊ ရွယ်တူကိုအလေးထားမှု့ ၊
ငယ်သူကို ငဲ့ညှာသနားမှု့ အားလုံးပါ၀င်ပါတယ် ။

image
1 y - Translate

ပြင်ပလူနာကု ဌာနများသို့ လာရောက်ပြသကုသမှု ခံယူခဲ့သူများတွင် HMPV ရောဂါပိုး ကူးစက်ဖြစ်ပွား ခဲ့သည် ကိုတွေ့ရှိရပြီး အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန် မလိုကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

ပြင်ပလူနာကု ဌာနများသို့ လာရောက်ပြသကုသမှု ခံယူခဲ့သူများတွင် HMPV ရောဂါပိုး ကူးစက်ဖြစ်ပွား ခဲ့သည် ကိုတွေ့ရှိရပြီး အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန် မလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း၊ အဆင့်မြင့်အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ရောဂါနှိမ်နင်းရေး တပ်နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခ ဆရာကြီး ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

#updatenews

image
1 y - Translate

Wu Zetian
China server က တကယ့်ဘုရင်မကို အခြေခံထုတ်မဲ့ ဟီးရိုးအသစ်လေး Wu zetian