မျက်လုံးအားနည်းသူများအတွက်ဆေ:မြီးတိုတလက်

မျက်မှန်တပ်ထားရသူများ လက်တွေ့သာ စမ်းသပ်သုံးစွဲကြည့်ကြပါ
ဆေ:နည်း
(၁) ဆီးဖြူးသီးကို ထုထောင်းပြီး အစေ့ဖယ်၊
နေလှန်း၊ အမှုန့်ပြုလုပ်ရန်။
(၂) ကြိတ်မှန်ရွက်ကိုခူး အရိပ်မှာ
အလိုအလျောက် သဘာဝအတိုင်း
အခြောက်ခံ အမှုန့်ပြုရန်။
(၃) ကွမ်းရွက်ကို အခြောက်လှန်း
အမှုန့်ပြုရန်။
(၄) ပျားရည်စစ်စစ်
ထို(၄)မျိုးသာ လိုပါသည်။
"သုံးဆောင်ရန်"
ညအိပ်ပြီဆိုပါလျှင်
ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း
ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း
ကွမ်းရွက်ခြောက်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း
ထိုဆေ:သုံးပါးအား
ပျားရည်လက်ဖက်စားဇွန်း(၃)ဇွန်းနှင့်
ရောမွေ၍ စားပေးရန်သာ ဖြစ်သည်။
သုံးလသာ ပုံမှန်မပျက် ယုံကြည်ချက်ဖြင့် စားပေးပါ။
မျက်စိကြည်လင်လာပြီး မျက်မှန်လွတ်မှာ
ေ. သချာနေပါလိမ့်မည်။
ထိုမျှမက အကျိုးရလဒ်က
အညောင်းအညာပါ ပြေလာပါလိမ့်မည်။
..တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်
#crd

အရပ်အရှည်ဆုံး မြန်မာဘောလီဘောကစားသမား ကိုကောင်းညွန့်ဝေကို ဂျာမန်နာမည်ကျော် ဖိနပ်ချုပ်လုပ်သူက ဂျာမနီသံရုံးကတစ်ဆင့် ဖိနပ်လှူ

ဇန်နဝါရီ ၁၀

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လူသိများလာခဲ့ပြီးနောက်မှာ ဘောလီဘောကစားသမားအဖြစ် ကူးပြောင်းသွားတဲ့ မြန်မာနိုင်ငံရဲ့အရပ်အရှည်ဆုံးဘောလီဘောကစားသမား ကိုကောင်းညွန့်ဝေကို ဂျာမန်နာမည်ကျော် ဖိနပ်ချုပ်လုပ်သူက ဂျာမနီသံရုံးကတစ်ဆင့် ဖိနပ်ချုပ်လုပ် လှူဒါန်းပေးခဲ့ပါတယ်။

ကိုကောင်းညွန့်ဝေဟာ အရပ်အမြင့် ၂ ဒသမ ၁၅ မီတာ (၇ ပေ ၁ လက်မ) မြင့်မားပြီး သူ့ဖိနပ်ဆိုတ်ကလည်း ကြီးမားတာကြောင့် သူ့အတွက် ဖိနပ်အသစ်တစ်ရံ လိုအပ်ပေမယ့် စင်ပေါ်မှာရှိနေတဲ့ ဖိနပ်အသစ်တွေက သူ့အတွက် ရွေးချယ်စရာ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် စင်ပေါ်က ဖိနပ်တွေအစား၊ ကမ္ဘာတဝှမ်းမှ အရပ်ရှည်သူတွေအတွက် ဖိနပ်ဆိုတ်အရွယ်အစား ၄၇ မှ ၇၀ အတွင်း အထူးကျွမ်းကျင်စွာထုတ်လုပ်သူ ဂျာမန်လူမျိုး Georg Wessels ထံမှ အထူးချုပ်ဖိနပ်တွေကို မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးကတစ်ဆင့် ကိုကောင်းညွန့်ဝေက လက်ခံရရှိခဲ့ပါတယ်။

Georg Wessels ဟာ တူရကီ၊ ဗင်နီဇွဲလားက အရပ်ရှည်သူတွေအပြင် အာရှနဲ့ အာဖရိကနိုင်ငံတွေက အရွယ်အစားကြီးတဲ့ ဖိနပ်ဆိုတ်လိုအပ်နေသူတွေအတွက် ချုပ်လုပ်လှူဒါန်းခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံက ပုံမှန်ထက်အရပ်ရှည်နေသူတွေအတွက်လည်း အထူးချုပ်ဖိနပ်တွေကို လှူဒါန်းခဲ့တာ နှစ်အတော်ကြာနေပြီဖြစ်ပြီး သူလှူဒါန်းခဲ့သူတွေထဲက တစ်ဦးဆို အရပ် ၂ ဒသမ ၃၈ မီတာ (၇ ပေ ၇ လက်မ ဝန်းကျင်) ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
38 ပတ် - ဘာသာပြန်ပါ။

လူနှစ်ယောက် လမ်းခွဲသွားတာဟာ
ပြသာနာမဟုတ်ဘူး။
လမ်းကျဉ်းကျဉ်းလးထဲ လူလေးယောက်ပြန်စုံတာကမှ
ပြသာနာ။
#စာတို

38 ပတ် - ဘာသာပြန်ပါ။

နံနံပင် စိုက်ပျိုးနည်း

နိဒါန်း
မြန်မာ ပြည်တွင် အထင် ရှားဆုံး ဟင်းခတ် အမွှေး အကြိုင်မှာ နံနံပင် ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ် မဆလာ တွင်သုံး နိုင်သည်။
မြန်မာဟင်း များတွင် သာမက မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုတ်စုံ တို့တွင် လည်း တွဲဖက် အသုံး ပြုသည်။ နံနံ ပင်ကို တို့စရာ
အဖြစ်လည်း စားသုံး ကြသည်။ နံနံ ပင်သည် ဆောင်းရာသီ တွင် အထူး ဖြစ်ထွန်း ပြီး ကျန်ရာသီ များတွင် ရှားပါးကာ ဈေးကြီးပေး
ရသည်။
မြေပြုပြင်ခြင်း
ရေမ ဝပ်သော နုံးမြေသည် နံနံပင် စိုက်ပျိုးရန် အသင့် တော်ဆုံး ဖြစ်သည်။ ရွှံ့စေး ဆန်သော မြေနှင့် သဲမြေ များ၌ နွားချေး၊ မြေဆွေး၊
ဖွဲပြာ တို့ကို ထည့်၍ သင့်တော်သည့် မြေအနေ အထား ရအောင် ပြုပြင်၍ စိုက်နိုင်သည်။
စိုက်ပျိုးခြင်း
နံနံ ပင်ကို ဘောင်များ ပြုလုပ် စိုက်ပျိုးပါက အထူး ကောင်းမွန်သည်။ ဘောင်များကို (၄-၅)လက်မ အမြင့် ပြုလုပ်ပြီး (၂-၃)ပေ
အကျယ်ဖြင့် အရှည်ကို အလို ရှိသလောက် ထားကာ ပြင်နိုင်သည်။ နံနံစေ့ မစိုက်ခင် မြန်မြန် အပင် ပေါက်ရန် ရေတွင် (၂၄)နာရီ
ကြာ စိမ်ရသည်။ အစေ့ကို ရေမစိမ်မီ ဂုံနီ အိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပါ။ ထို့နောက်
ရေတွင် ၂၄ နာရီကြာ စိမ်ရာ၌ ရေနှစ်ကြိမ် လဲပေးပါ။ ပြီးလျှင်ဆယ်ယူ၍ စစ်ထားပါ။
ထို့နောက် ဘောင်ပေါ်တွင် သုည ဒသမ ၅ လက်မ အနက်မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့ များကိုချပါ။ နွားချေးအမှုန့်၊ သို့မဟုတ် မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး ကောက်ရိုးမြက်ခြောက်တို့ဖြင့် အုပ်ပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင် အစို ဓာတ်ထိန်း
ပေးခြင်း၊ ပေါင်းပင်ပေါက်ရောက်မှု သက်သာခြင်းတို့သာမက အပင်ငယ်များကိုလည်း သန့်ရှင်း စေသည်။ ကောက်ရိုး၊ မြက်ခြောက်
ဆွေးသောအခါ မြေဆွေး ဓာတ်ကိုလည်း ရရှိစေ နိုင်သည်။ စိုက်ပျိုးပြီး ပါက ရေကို တစ်နေ့နှစ်ကြိမ်လောင်း ရမည်။
အပင်ငယ်များ ပေါက်လာ ပြီးနောက် ရေကို လျော့လောင်းပေးနိုင် ပါသည်။ အပင်များပေါက်ချိန်တွင် ရေများပါက ခါးရိရောဂါကျ
ရောက်နိုင်သည်။
မြေသြဇာထည့်သွင်းခြင်း
နံနံ ပင်သည် ရွက်စား သီးနှံ ဖြစ်ခြင်းကြောင့် နွားချေး မြေဆွေးနှင့် ယူရီးယား ဓာတ်မြေသြဇာများ အဓိက ကျွေးရန် လိုအပ်သည်။ သို့သော် မြေတွင် အခြား ဓာတ်မြေသြဇာများ ချို့တဲ့နိုင် သဖြင့် ဖော့စဖိတ်နှင့် ပိုတက်ရှ် မြေသြဇာ အနည်းငယ် တို့ကို မြေပြုပြင်ချိန်
၌ မြေခံအဖြစ် ထည့်ပေး ရမည်။ အပင်ငယ် များပေါက် လာပြီး နှစ်ပတ်ခန့်ကြာလျှင် ယူရီးယား မြေသြဇာ ထမင်းစားဇွန်း နှစ်ဇွန်း
စာကို ရေလေးဂါလံတွင် ဖျော်၍ လောင်းပေးခြင်းဖြင့် သန်မာသော အပင်များကိုရရှိနိုင်သည်။ အစေ့များကို ကျဲကျဲစိုက်လျှင် ကိုင်း
ဖြာသော နံနံပင်များကို ရရှိနိုင် သည်။ခူးယူခြင်း
အပင်များ ပေါက်ပြီး ၄၅ ရက်သားမှ စတင်၍ နုတ်ယူ စားသုံးခြင်း၊ ရောင်းချခြင်း ပြုလုပ်နိုင်သည်။ မျိုးစေ့ ထုတ်ယူခြင်း နံနံပင်ကို မျိုးစေ့ထုတ်ယူမည်ဆိုပါက ဆောင်းရာသီ၊ နိုဝင်ဘာလတွင် အပင်များကို ဘောင်ဖြင့် သီးသန့်ရွှေ့ပြောင်းစိုက်ထားရမည်။ ပင်ကြား၊
တန်းကြား (၆x၈)လက်မခန့်ခွာ၍ စိုက်ထားလျှင် ပန်းများပွင့် လာပြီး အသီးများသီးလာသည်။ အသီးများရင့်မှည့်လျှင် အပင်များကို
ရိတ်သိမ်းပြီး အစေ့များကို ချွေလှေ့ယူ နိုင်သည်။
#crd

image
38 ပတ် - ဘာသာပြန်ပါ။

မီးလုံးဝ မလာတော့တဲ့ ရန်ကုန်မှာ တိုက်ခန်းတွေ လျှပ်စစ်မီး ရစေနိုင်တဲ့ နည်းလမ်းကောင်းတခု

တိုက်ခန်းတွေမှာ နေရောင်ကာ ဆန်းရှိတ် (sunshade) အစား ဒီလိုဆိုလာဆန်းရှိတ်တွေ ပြောင်းတပ်လိုက်ရင် ဆိုလာတပြား ဝပ် ၆၀၀ ဆို ၅ ပြားတပ်စရာနေရာရှိရင် ဒီစီ ဝပ်သုံးထောင်ရရင် အေစီ ဝပ်နှစ်ထောင်ကျော် လောက် နေသာချိန်တိုက်ရိုက်သုံးနိုင်မယ်။ ဘက်ထရီနဲ့ အင်ဗာတာ ထပ်တွဲတပ်နိုင်ရင်တော့ ညဘက်တွေပါ အရေးပေါ် အရန်သုံးလာနိုင်မယ်ပေါ့ လိုလျှင်ကြံဆ နည်းလမ်းရကြပါစေ။ (Zaw Min Oo)

#တိုက်ခန်း
#ဆိုလာ
#crd

image

short video

38 ပတ် - ဘာသာပြန်ပါ။

စတွေ့တဲ့နေ့ကနေ ဒီ‌နေ့ချိန်အထိ
ဘုရားဟောတိုင်းသာ မနေခဲ့တာ
မင်းသဘောတိုင်းတော့ ငါနေခဲ့တယ်။
ဆေးလိပ်မသောက်နဲ့ ဆိုတာလေးကအစ
ပန်းကလေးတွေကို မခူးနဲ့ဆိုတာကအဆုံးပေါ့....
#စာရယ်

38 ပတ် - ဘာသာပြန်ပါ။

Daeng Phra Khanong (2022)

ဇာတ်လမ်းအကျဉ်းကတော့ လူတွေက နာမည်ကြီးသရဲဇာတ်လမ်းတစ်ခုဖြစ်တဲ့ မက်နဲ့နတ်ရဲ့အကြောင်းကိုသာမှတ်မိကြပြီး နတ်ရဲ့ သေဆုံးသွားခဲ့တဲ့ သားလေး ဒန်ကိုတော့ သိပ်မသိခဲ့ကြပါဘူး။ဒီဇာတ်လမ်းမှာတော့ မိဘတွေမရှိဘဲ ကျန်ရစ်ခဲ့တဲ့ ဒန်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။လူတွေကို ရန်ပြုလိုစိတ်မရှိဘဲ ခင်မင်ချင်ပြီး မိဘတွေကိုပဲ အမြဲလိုက်ရှာချင်ခဲ့တဲ့ ဒန်၊ တစ်နေ့ ရွာမှာ ညတိုင်းခြောက်လှန့်နေပြီး လူပါသတ်တယ်လို စွပ်စွဲခံလာရတဲ့အခါ ဒန့်ကို နှိမ်နင်းဖို ပယောဂဆရာတစ်ယောက်ပါ ရောက်လာတဲ့အခါ လူသားတွေနဲ့ ခင်မင်မှုမပျက်ချင်တဲ့ ဒန်တစ်ယောက် ဘာတွေဆက်ဖြစ်လာမလဲ။မျှော်လင့်နေခဲ့တဲ့ မိဘတွေနဲ့ရော ပြန်ဆုံနိုင်မလားဆိုတာ ဟာသနှောရိုက်ကူးထားတာဖြစ်ပါတယ်။
#movie

image
38 ပတ် - ဘာသာပြန်ပါ။

ဝေးလံခေါင်သီတဲ့သဘာဝပန်းခြံကြီးတစ်ခုဆီကို တောင်တက်စွန့်စားခန်းဖွင့်ဖိုလာကြတဲ့လူငယ်လေး၅ယောက်အကြောင်းကို ဖြစ်ရပ်မှန်ဆန်ဆန်ကြည့်ရှုခံစားရမယ့် Thriller ဇာတ်ကားလေးဖြစ်ပါတယ်။

လူဆိုတဲ့အမျိုးက မလုပ်နဲ့ဆို ပိုလုပ်ချင်၊ မသွားနဲ့ဆို
ပိုသွားချင်တဲ့အမျိုးဗျ။ ဒီဇာတ်ကားမှာလည်း
အဲဒီလိုပဲ ပိတ်ထားတယ်ဆိုတဲ့တောလမ်းကို
ကြံကြံဖန်ဖန် တက်ကြတဲ့အခါမှာ သူတိုအုပ်စု
အန္တရာယ်ပေါင်းစုံနဲ့တွေ့ရပါတော့တယ်။

ဒီခရီးမှာပါလာတဲ့အထဲက ကလိုဝီရဲ့လက်ရှိရည်းစား
လူဝီနဲ့ ရည်းစားဟောင်း ဂီယွမ်းတိုနှစ်ယောက်
ကတောက်ကဆတွေကြားထဲကနေ အန္တရာယ်
ကြုံလာတဲ့အခါမှာရော စည်းလုံးနိုင်ကြမလား။

ဒီတောင်တက်လမ်းကိုပိတ်ထားရတဲ့
အကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။
#horror

image
38 ပတ် - ဘာသာပြန်ပါ။

''မော်တင်စွန်းဘုရားပွဲ လိုက်ခဲ့ပါဆိုသူ''
ဦးသန်းထွန်းလေးရဲ့ ''မမပုသိမ်သူ'' သီချင်းထဲက🎼

ဆံတော်ရှင် မော်တင်စွန်းဘုရား🙏

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း

image