1 နှစ် - ဘာသာပြန်ပါ။

Hair Clips ✨

image
1 နှစ် - ဘာသာပြန်ပါ။

Hair Clips ✨

image
1 နှစ် - ဘာသာပြန်ပါ။

Hair Clips ✨

image
1 နှစ် - ဘာသာပြန်ပါ။

Hair Clips ✨

image
1 နှစ် - ဘာသာပြန်ပါ။

Hair Clips ✨

imageimage
+4
1 နှစ် - ဘာသာပြန်ပါ။

Microsoft က အိန္ဒိယတွင် ဒေါ်လာ ၃ ဘီလျံရင်းနှီးမြှုပ်နှံမည်

နူးဒေလီ၊ ဇန်နဝါရီ ၇

အမေရိကန်နည်းပညာကုမ္ပဏီကြီး Microsoft သည် လာမည့်နှစ်နှစ်အတွင်း cloud computing နှင့် ဉာဏ်ရည်တုအခြေခံအဆောက်အဦအပါအဝင် လေ့ကျင့်ရေးတို့အတွက် အိန္ဒိယတွင် အမေရိ ကန်ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

အဆိုပါကြေငြာချက်ကို လက်ရှိ အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေပြီး Bengaluru ၌ကျင်းပခဲ့သည့်ပွဲသို့‌ရောက်ရှိနေသည့် Microsoft အမှုဆောင်အရာရှိချုပ် Satya Nadella ကကြေငြာခဲ့ခြင်းလည်းဖြစ်သည်။

Microsoft နည်းပညာကုမ္ပဏီကြီးသည် ၂၀၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ AI ကျွမ်းကျင်မှုအတွက် လူပေါင်း ၁၀ သန်းကို လေ့ကျင့်ပေးရန်လျာထားသည်ဟုလည်းသိရသည်။

Microsoft က ၎င်း၏ cloud နှင့် ဉာဏ်ရည်တုဆိုင်ရာအခြေခံအဆောက်အဦများကို နိုင်ငံအတွင်းရှိ ဒေတာစင်တာကျောင်းခွဲများတစ်လျှောက် တိုးချဲ့သွားမည်ဟုလည်းပြောကြားခဲ့သည်။

ယခုရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယနိုင်ငံ၏ လျင်မြန်စွာ တိုးချဲ့နေသော AI start-ups များနှင့် သုတေသနအသိုင်းအဝိုင်း၏ ကြီးမားလာနေသော တောင်းဆိုချက်များကို ဖြည့်ဆည်းရန်အတွက် ဉာဏ်ရည်တုကွန်ပျူတာဂေဟစနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

1 နှစ် - ဘာသာပြန်ပါ။

မြောက်ဘက်မှ ဝင်ရောက်လာမည့် လေအေးများကြောင့် ဇန်နဝါရီလအတွင်း အအေးပိုနေဦးမည်

ဇန်နဝါရီလအတွင်း ဝင်ရောက်လာမည့် မြောက်ဘက်မှ လေ အေးများကြောင့် ဆက်လက်၍ အအေးပိုနေဦးမည်ဟု ပြင်ပ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အကုန် ၂၀၂၄ ခုနှစ် အစပိုင်းတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူဆုံးနွေရာသီကို ခံစားခဲ့ကြရကာ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းနှင့် နှစ်ကုန်ပိုင်းတို့တွင် ရေနှင့် ပတ်သက်သောသဘာဝဘေးများ ကြုံတွေ့ခဲ့ကြရပြီး ထိ ခိုက်ဆုံးရှုံးမှုတွေလဲများခဲ့ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

"လွန်ကဲသော အအေးလှိုင်းဖြစ်ပေါ်မှုများက မြန်မာနိုင်ငံရဲ့ မြောက်ဘက် ဟိမဝန္တာတောင်ကြောနဲ့ တိဗက်ကုန်းမြင့်တွေဘက်နဲ့ အမေရိကတိုက်မြောက်ပိုင်း ကနေဒါနိုငံနဲ့ အမေရိကန်ပြည်ထောင်စုမြောက်ဘက်ခြမ်း ဒေသတွေမှာ ဖြစ်နေတာရှိပြီး မြန်မာနိုင်ငံမှာတော့ အအေးလှိုင်းဖြစ်ပေါ်မဲ့အခြေ အနေ မရှိပါ”ဟု ဦးဝင်းနိုင်က ဆိုသည်။

ဇန်နဝါရီလအတွင်း ညအပူချိန်များ ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး မြန်မာနိုင်ငံတောင်ဘက်ခြမ်း ဧရာဝတီတိုင်း၊ ရန် ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း နံနက်အစောပိုင်း အပူချိန်မှာ ၂၀ °C အောက်ကို ကျဆင်းလာနေကြောင်းနှင့် ကျန်ရှိ တိုင်းနှင့် ပြည်နယ်များတွင်လည်း ဇန်နဝါရီလဆန်းပိုင်း မတိုင်ခင် ဒီဇင်ဘာလ လယ်လောက်ကပင် ၂၀ °C အောက်အထိကျဆင်းနေခဲ့ကြောင်း ၎င်းက ရေးသားထားသည်။

ဇန်နဝါရီ (၈) ရက်တွင် မြန်မာနိုင်ငံအထက်ပိုင်း၊ ကချင်ပြည်လနယ်မှာ နေရာစိပ်စိပ် မိုးအနည်းငယ်ရွာနိုင်ကြောင်း ရွာရန်ရာခိုင်နှုန်း ရ၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ရှိနေပြီး အချို့နေရာများတွင် မိုးရေချိန် (၁၅) မီလီမီတာအထက် (၀.၆ လက်မ ခန့်)ရွာသွန်းနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များအရ တွေ့ရပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် မိုးရွာနိုင်ချေမရှိကြောင်း ဦးဝင်းနိုင်က ခန့်မှန်းရေးသားထား သည်။

image
1 နှစ် - ဘာသာပြန်ပါ။

Meta ကုမ္ပဏီရဲ့Facebook အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ ဘက်လိုက်တဲ့ အချက်အလက်စစ်ဆေးသူတွေအစား Community Notes လို့ခေါ်တဲ့ ရပ်ရွာလူထုမောင်းနှင်တဲ့စနစ်နှင့်အစားထိုးမည်ဟု ဇတ်ကာဘာ့ဂျ် ပြောကြား

ဇန်နဝါရီ ၉

ကမ္ဘာပေါ်မှာ ကြည့်ရှုသူဦးရေ သန်း ၃၀၀၀ ကျော်နဲ့ လူကြိုက်အများဆုံး လူမှုကွန်ရက်အဖြစ် ရပ်တည်နေတဲ့ Facebook ကို စတင်တည်ထောင်သူ မာ့က် ဇတ်ကာဘာ့ဂျ်(Mark Zuckerberg) က Facebook လို Meta ကုမ္ပဏီရဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ အဓိကကျတဲ့ပြောင်းလဲချက်တချို့ကို ပြုလုပ်သွားတော့မယ်လို့ ဇန်နဝါရီလ ၇ ရက်မှာ ပြောကြားသွားခဲ့ပါတယ်။

Meta အမှုဆောင်အရာရှိချုပ် ဇတ်ကာဘာ့ဂျ်ရဲ့ Georgetown University မှာပြောခဲ့တဲ့ အဲဒီမိန့်ခွန်းမှာ အထူးခြားဆုံးနဲ့ လူစိတ်အဝင်စားဆုံးဖြစ်ခဲ့တဲ့ အကြောင်း အရာကတော့ Meta လူမှုကွန်ရက်ကုမ္ပဏီအနေနဲ့ Facebook မှာ ဖော်ပြလာမယ့် ပို့စ်အကြောင်းအရာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတို့ကို အချက်အလက် စစ်ဆေးခြင်းအစီအစဉ်နဲ့ စစ်ဆေးနေမှုကို အဆုံးသတ်ပြီး အီလွန်မတ်စ် ရဲ့ X လူမှုကွန်ရက်မှာလို Community Notes လို့ခေါ်တဲ့ ရပ်ရွာလူထုက လူမှုကွန်ရက်သို့တင်လာတဲ့ ပို့စ်အကြောင်းအရာ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတို့အောက်မှာ အချက်အလက်စစ်ဆေးသလို ထည့်သွင်းရေးသားနိုင်တဲ့ ရပ်ရွာမှမောင်းနှင်တဲ့ အကြောင်းအရာစိစစ်ရေးပရိုဂရမ်ကို အသုံးပြုမယ်လို့ ပြောခဲ့တာပါပဲ။

ဒီမှာ ဇတ်ကာဘာ့ဂျ်က ဒီအပြောင်းအလဲက ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ကို အရင်းခံဆုံးဖြတ်ချက်အဖြစ်ကိုးကားဆောင်ရွက်ခဲ့တာလို့လည်း ဆိုပါတယ်။Meta လူမှုကွန်ရက်ကုမ္ပဏီအနေနဲ့ Community Notes ခေါ် ရပ်ရွာလူထုမောင်းနှင်တဲ့စနစ်လို့လည်းဆိုကြတဲ့ စနစ်သစ်နဲ့ အစားထိုးမှုကို အမေရိကန်ပြည်ထောင်စုက စတင်ပြုလုပ်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

Meta ကုမ္ပဏီရဲ့ ဒီအပြောင်းအလဲက သုံးစွဲသူ ဘီလျံနဲ့ချီတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေဖြစ်တဲ့ Facebook နဲ့ Instagram တို့ကို သက်ရောက်မှုရှိမှာပါ။ ဒီပလက်ဖောင်းတွေမှာ လက်ရှိကျင့်သုံးနေတဲ့ အချက်အလက်စစ်ဆေးသူတွေနဲ့ အကဲဖြတ်စစ်ဆေးတဲ့စနစ်က အမှားအယွင်းတွေရှိလွန်းတယ်လို့ ယူဆရတယ်ဆိုတာလည်း ဇတ်ကာဘာ့ဂျ်က အပြောင်းအလဲဖြစ်ရခြင်းရဲ့ အကြောင်းတစ်ရပ်အနေနဲ့ ပြောခဲ့ပါတယ်။

Meta က သူ့ရဲ့လူမှုကွန်ရက်တွေမှာ Community Notes ပုံစံနဲ့ဆောင်ရွက်မှုကို လာမယ့်နှစ်လအတွင်း ထုတ်ပေးကာ ဆောင်ရွက်သွားမှာဖြစ်ပြီး နောက်နှစ်တွေမှာလည်းဆက်လက်အစားထိုး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒီလို Community Notes နဲ့ အစားထိုးဆောင်ရွက်တဲ့အခါ ဘက်လိုက်မှုတွေကို တားဆီးဖို့အတွက် လူတွေရဲ့သဘောတူညီချက်တွေ၊ သုံးသပ်ချက်တွေကလည်း လူမှုကွန်ရက် X မှာလိုပဲ လိုအပ်မှာဖြစ်တယ်လို့ ဇတ်ကာဘာ့ဂျ် က ဆိုခဲ့ပါတယ်။

Meta အနေနဲ့ ဒီလိုအစားထိုးပြောင်းလဲမှုတွေကနေ သုံးစွဲသူတွေအတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရရှိအောင် ပြန်လည်ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Ref- Facebook

#centralnewsnaypyitaw

image

ဆေးသောက်တဲ့အခါ ဒီလိုအမှားတွေ မလုပ်မိစေနဲ့နော် 💊
#ကျန်းမာရေးဗဟုသုတ
#crd

image

ကားနှင့်ဆိုင်ကယ် တိုက်မိမှုဖြစ်ပွားရာမှ မြန်မာအမျိုးသမီး သေဆုံးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ပြော

ဇန်နဝါရီ ၉

ထိုင်းနိုင်ငံ၊ ဆက်တဟစ်ပြည်နယ်၊ ဆူခွမ်ဗစ်လမ်းတွင် ဇန်နဝါရီ ၇ ရက်နေ့က ပစ်ကပ်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ မြန်မာအမျိုးသမီးတစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

နချွမ်သီဟန် ရဲစခန်းမှ ရဲမှူး သာနာကွန်ဆူတရောင်းဦးဆောင်သော ရဲတပ်ဖွဲ့သည် ကားတိုက်မှုဖြစ်ပွားသည်ဆိုသောသတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ရာ အမျိုးသမီးတစ်ဦးကို သွေးအိုင်ထဲ လဲကျနေခြင်းကို တွေ့မြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါကားနှင့်ဆိုင်ကယ်တိုက်မိမှုကြောင့် လူတစ်ဦး စိုးရိမ်ရသောဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ပို့ချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူသည် အသက် ၃၉ နှစ်အရွယ် မသီသီဦးအမည်ရှိ မြန်မာအမျိုးသမီးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကယ်ဆယ်ရေးသမားများသည် ကားတိုက်မှုဖြစ်ပွားခဲ့ပြီးနောက် မသီသီဦးကို ကယ်တင်ပေးနိုင်ရန် ကြိုးပမ်းခဲ့ပြီး Wat Yansangwararam Worawihan ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြောင်း၊ ဆရာဝန်များက မသီသီဦးကို အသက်ရှင်စေရန်အစွမ်းကုန်ကြိုးပမ်းခဲ့သော်လည်း ရရှိခဲ့သော၊ ပြင်းထန်သောဒဏ်ရာများကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

မသီသီဦးသည် အနက်နှင့်အပြာရောင်စပ်ထားသော Honda Wave 110i အမျိုးအစား ဆိုင်ကယ်ကိုစီးနင်းခဲ့ပြီး Mitsubishi Triton အမျိုးအစား ပစ်ကပ်ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားကားသမားက မသီသီဦးသည် ဆိုင်ကယ်ကို ၎င်းကားနှင့်မျက်နှာခြင်းဆိုင်လမ်းဘက်မှ စီးနင်းလာခဲ့ခြင်းဖြစ်ပြီး ကားအနားရောက်ချိန်တွင် ရုတ်တရက် ကွေ့ခဲ့ရာ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် ကားနှင့် ဆိုင်ကယ်တိုက်မိမှုနှင့်ပတ်သက်ပြီး ကားသမားများအပြင် မျက်မြင်သက်သေများကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

REf banmuang

#သတင်းဟင်းလေးအိုးကြီး

image