image
1 y - Translate

500
နောက်တခါရွာကိုလာခဲ့...ဆန်စေ့မပြောနဲ့ ...🤣

မီးစက်ထဲသို့ ဓာတ်ဆီဖြည့်ရာမှ မီးလောင်မှု မန္တလေးတွင်ဖြစ်ပွား၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်နှင့်နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး

ဇန်နဝါရီ ၉

မီးစက်ထဲသို့ ဓာတ်ဆီဖြည့်ရာမှ မီးလောင်မှုတစ်ခု မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၂ (A)လမ်းကြား၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ်(ဖ-၈)၊ အိမ်အမှတ်(၁၇)ရှိ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တွင် ယမန်နေ့ ဇန်နဝါရီလ ၈ ရက် ညနေ ၅ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

ယင်းဆိုင်ရှိ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦး မီးစက်အတွင်း ဓာတ်ဆီဖြည့်ရာမှအနီးရှိ မီးဖိုမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်နှင့် ဆိုင်တွင်းရှိ ဆိုင်ကယ်အပိုပစ္စည်းများအပါအဝင် ဆိုင်နှင့်ကပ်လျက်ရှိသည့် နေအိမ်(၃)လုံးပါ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။

“ပေါ့ဆမီးဖြစ်ပါတယ်။ အခု ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှာ (ပ-၅/၂၀၂၅) ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်”ဟု မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

မီးလောင်မှုဖြစ်ပွားသည်ကို Level-1 အဆင့်သတ်မှတ်ကာ မိနစ် ၂၀ ခန့်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအဖွဲ့များက မီးငြှိမ်းသတ်ယာဥ်များ၊ ရေသည်ယာဥ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
1 y - Translate

9 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,450
USD Sell - MMK 4,520
EUR Buy - MMK 4,585
EUR Sell - MMK 4,605
SGD Buy - MMK 3,245
SGD Sell - MMK 3,305
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 28.01
JPY Sell - MMK 28.56
MYR Buy - MMK 985
MYR Sell - MMK 1004
CNY Buy - MMK 604
CNY Sell - MMK 616

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,020,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,400,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
1 y - Translate

respect ဆိုတာ 🤝
ကြီးတာ ၊ ငယ်တာနဲ့ မဆိုင်ဘူး။
ပညာတတ်တာ ၊ မတတ်တာနဲ့မဆိုင်ဘူး ။
ရာထူးရှိတာ ၊ မရှိတာနဲ့ မဆိုင်ဘူး ။

respect ဆိုတာ အချင်းချင်းကြားမှာ
ထားသင့် ၊ ထားအပ် ၊ ထားထိုက်တဲ့အရာ ။

ကိုယ်က တစ်ခြားသူကို
respect မထားရင်ကိုယ့်ကိုလည်း
သူများက respect ထားလိမ့်မယ်မဟုတ်ပါ ။

respect ထားတယ်ဆိုတာ
လူသားပီသမှု့ ၊ တစ်ဖက်သားကိုငဲ့ညာမှု့ ၊
ကြီးသူကိုရိုသေမှု့ ၊ ရွယ်တူကိုအလေးထားမှု့ ၊
ငယ်သူကို ငဲ့ညှာသနားမှု့ အားလုံးပါ၀င်ပါတယ် ။

image
1 y - Translate

ပြင်ပလူနာကု ဌာနများသို့ လာရောက်ပြသကုသမှု ခံယူခဲ့သူများတွင် HMPV ရောဂါပိုး ကူးစက်ဖြစ်ပွား ခဲ့သည် ကိုတွေ့ရှိရပြီး အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန် မလိုကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား

ပြင်ပလူနာကု ဌာနများသို့ လာရောက်ပြသကုသမှု ခံယူခဲ့သူများတွင် HMPV ရောဂါပိုး ကူးစက်ဖြစ်ပွား ခဲ့သည် ကိုတွေ့ရှိရပြီး အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန် မလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။

ဇန်နဝါရီ ၇ ရက်က ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း၊ အဆင့်မြင့်အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ရောဂါနှိမ်နင်းရေး တပ်နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခ ဆရာကြီး ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

#updatenews

image
1 y - Translate

Wu Zetian
China server က တကယ့်ဘုရင်မကို အခြေခံထုတ်မဲ့ ဟီးရိုးအသစ်လေး Wu zetian

1 y - Translate

Terrifier(2016)

ဒီကားဟာ ပိုးစိုးပက်စက်သတ်ဖြတ်တဲ့အခန်းတွေပါတဲ့ Slasher Horror အမျိုးအစားမို
အသက်မပြည့်သေးသူတွေနဲ့အသည်းငယ်သူတွေအတွက်မဟုတ်ဘူးလိုပြောချင်ပါတယ်။
ဒါရိုက်တာ၊ဇာတ်လမ်းရေးဆရာ Damien Leone က 2011 တုန်းကသူ့ရဲ့ မိနစ်၂၀စာ ဇာတ်လမ်းတို
Terrifier ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ်။
အဓိကဇာတ်ကောင် Art the clown ဟာ
အရင်က All hallows’ eve ဇာတ်လမ်း နဲ့
The 9th circle ဇာတ်လမ်းတိုတိုမှာလည်း
ပါဝင်ခဲ့ဖူးတဲ့ဇာတ်ကောင်ဖြစ်ပါတယ်။
တယ်ရာနဲ့ ဒေါင်းန် တိုသူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာ
ပီဇာဆိုင်ကိုသွားကြပါတယ်။
ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီး
တယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်။
တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက်
သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖိုအလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်။
တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖိုအကူအညီတောင်းပြီး
အနီးအနားကဂိုထောင်တစ်ခုထဲကို
သန့်စင်ခန်းလိုက်ရှာဖိုဝင်သွားပါတယ်။
ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန်
ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာ
ပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်၊
ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကို
သူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့ စကားပြောနေရင်း
လှည့်ကြည့်လိုက်တဲ့အခါ…
#horror

image
1 y - Youtube

၄.၁.၂၀၂၅ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ...
#တင်ဒါနှင့်လေလံကြော်ငြာများ

image
image
image