ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လေငန်း ၊ လေဖြတ် ၊ လေဖြန်း ရောဂါ သိမှတ်စရာများ
ချမ်းငြိမ်း
လေငန်း ၊ လေဖြတ် ၊ လေဖြန်း ရောဂါဟာ ကျား/မ လူငယ်၊လူကြီးမရွေးဖြစ်တတ်ပြီး ၊ အသက်ကြီးပြီး ၀,သည့်သူများတွင် ဖြစ်နိုင်သလို ၊ အသက်ငယ်ပြီး ပိန်သောသူများတွင်လည်း လေငန်း ၊ လေဖြတ် ၊ လေဖြန်း ရောဂါဖြစ်နိုင်ပါတယ်။ ရောဂါတစ်ခုမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းဟာ ရောဂါဖြစ်သည့်အချိန်မှ ကုသခြင်းထက် ပို၍ ထိရောက်ပြီး ခရီးရောက်နိုင်သည့်အတွက် ရောဂါမဖြစ်ရလေအောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ သိရှိထားရန် လိုအပ်မည်ဟုထင်ရှိပါသောကြောင့် ယခု ဆောင်းပါးလေးအား ရေးသားဒါနပြုလိုက်ပါသည်။
လေငန်း ၊ လေဖြတ် ဖြစ်ရသည့် အခြေခံအကြောင်းရင်းမှာ - ( Ischemic stroke )ဟု ခေါ်သော ဦးနှောက်သွေးကြောပိတ်ခြင်းနှင့်
( Hemorragic stroke )ဟု ခေါ်သော ဦးနှောက်သွေးကြောပေါက်ခြင်း ဟူ၍ နှစ်မျိုးရှိပြီး လေငန်း ၊ လေဖြတ် ရောဂါ၏ (၈၀)ရာခိုင်နှုန်းသည် သွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပါသည်။ လေငန်း ၊ လေဖြတ် ရောဂါသည် သွေးတိုးရောဂါ ၊ နှလုံးရောဂါ ၊ ဆီးချိုရောဂါအခံရှိသူများနှင့် ခါးကြောရိုးနာ့ဗ်ကြော ထိခိုက် ဒဏ်ရာရခြင်း စသည့် အခြေခံ အကြောင်းများကြောင့်လည်း ဖြစ်တတ်ပါတယ်။ လေဖြတ်သူများ၏ (၈၀)ရာခိုင်နှုန်းသည် သွေးတိုးရောဂါ အခံရှိသူများဖြစ်ပြီး သွေးတိုးရောဂါ ရှိသူသည် အဆီနှင့်အငန်ကို လွန်ကဲစွာ စားမိလျှင် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိသော သွေးကြောများကို ကျဉ်းမြောင်းလာစေပြီး သွေးကိုတစ်ဟုန်ထိုး တက်လာစေ၍ သွေးတိုးတက်နေသော အချိန်များတွင် ရေအေးချိုးခြင်း ၊ ပန်ကာလေ ၊ လေအေးစက်ခံခြင်းများ ပြုလုပ်မိလျှင် လေဖြတ်နိုင်ပါသည်။ ဆီးချို ၊ သွေးချို တက်နေသော အချိန်များတွင်လည်း အထက်ပါနည်းများ အတိုင်း နေထိုင်မိလျှင်လည်း လေဖြတ်တတ်ပါသည်။ လေဖြတ်သော လူနာ၏ (၃၀)% မှ(၄၀)% လောက်သည် သွေးတိုးရောဂါအပြင် ဆီးချိုရောဂါပါ ရှိနေတတ်ပါတယ်။ ဆီးချို ၊ သွေးချို သမားများသည် ဆီးချို ၊ သွေးချို အလွန်တက်နေသော အချိန်များတွင် သွေးပေါင်ချိန် သိပ်မတက်သော်လည်း လေဖြတ်တတ်ပါတယ်။ ဆီးချို ၊ သွေးချို ရှိသောသူများ လေဖြတ်လျှင်တော့ ပျောက်ကင်းရန် နှေးကွေးပြီး နာလန်ထူရန် ပိုကြာတတ်ပါတယ်။ သွေးတိုးရောဂါအခံ ရှိသောသူသည် လေဖြတ်ရန် သာမန်လူထက်(၅)ဆခန့် ပို၍ နီးစပ်ပြီး ဆီးချို ၊ သွေးချို ရောဂါ အခံရှိသောသူများသည် လေဖြတ်ရန် သာမန်သူထက် နှစ်ဆမှ သုံးဆအထိ ပိုများတတ်ပါတယ်။ အချို ၊ အဆိမ့် ၊ အငန် ၊အဆီ စသော အရသာများကို လွန်ကဲစွာ စားသုံးခြင်း ၊ ဆေးလိပ် ၊ အရက် အလွန်အကျွံ သောက်သုံးခြင်း ၊ အထိုင်အအိပ်များပြီး လှုပ်ရှားမှု့နည်းခြင်း ၊ အချိန်အခါမဲ့ ခေါင်းလျှော် ရေချိုးခြင်း ၊ အအေးခံလွန်းခြင်း ၊ လေအေးစက် ၊ ပန်ကာလေနှင့် နေထိုင်အိပ်ခြင်း စသော အကြောင်းများသည် လေငန်း ၊ လေဖြတ် ရောဂါကို ဖြစ်စေနိုင်သော အခြေခံအကြောင်းများ ဖြစ်ပါတယ်။ လေဖြတ် ၊ လေငန်းရောဂါသည် ၀,သော သူများတွင် အဖြစ်များသော်လည်း ပိန်၍ ငယ်ရွယ်သောသူများမှာလည်း ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင် စားသောက်မှု့မရှိလျှင် ယခုရောဂါ ဖြစ်နိုင်ပါတယ်။ (လေဖြတ် ၊ လေငန်းရောဂါ၏ လက္ခဏာများမှာ) သွေးပေါင်ချိန် မြင့်တက်ခြင်း ၊ စကားမပြောနိုင် စကားမပီသခြင်း ၊ လျှာတို၀င်သွားခြင်း ၊ ပါးတစ်ဖက်ရွဲ့ ၊ မျက်စိတစ်ဖက်ပိတ်မရခြင်း ၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း ၊ သတိလစ်မေ့မျောခြင်း ၊ သမ်းဝြေခင်း ၊ နားအူခြင်း ၊ ခန္ဒာကိုယ် လေးလံထိုင်းမှိုင်းခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု့ မမှန်ခြင်း ၊ ကိုယ်သား ကိုယ်ရေ ပူလိုက်အေးလိုက် ဖြစ်ခြင်း ၊ လျှာဖြူ၍ပြုပ်ထနေခြင်း ၊ ပါးစပ်မှ သွားရည်များ ကျဆင်းခြင်း ၊ ချွေးမထွက်ခြင်း ၊ အကြောတက်ခြင်း၊ ခြေလက်များ တဆတ်ဆတ်တုန်ခြင်း ၊ မောပန်းလွယ်ခြင်း ၊ နှလုံးခုန်နှေး၍ အသက်ရှုမြန်ခြင်း ၊ စိတ်အားငယ်ခြင်း ၊ စသောလက္ခဏာများမှာ လေဖြတ် ၊ လေငန်းရောဂါ၏ ဖြစ်ဆဲလက္ခဏာများ ဖြစ်ပါတယ်။ ( လေဖြတ် ၊ လေငန်း ရောဂါရှင်များ ရှောင်ကြဉ်ရမည့် အစားအစာများမှာ ) ၀က်သား ၊ ဘဲသား ၊ ငါးသလောက် ၊ ၀မ်းတွင်းကလီစာများ ၊ ငါးပိ ၊ ငါးခြောက် ၊ ငံပြာရည် ၊ ငါးချဉ် ၊ ပုဇွန်ချဉ် ၊ မှို ၊ မျှစ် ၊ အုန်းနို့ခေါက်ဆွဲ ၊ ဒံပေါက် ၊ အုန်းနို့နှင့်ပြုလုပ်ထားသော အစားအစာများ ၊ အသားဆီ ၊ စားအုန်းဆီ ၊ ထောပတ် ၊ မလိုင် ၊ ဆီကြော်မုန့်များ ၊ အချိုမှုန့် ၊ ဖာလူဒါနှင့် ရေခဲရည်များကို အထူး ရှောင်ကြဉ်ပေးရပါမယ်။ (စားသုံးရန် သင့်သော အစားအစာများမှာ ) ကြက်သား ၊ ဆိတ်သား ၊ ချိုးသား ၊ ခါသား ၊ ငါးရံ့ ၊ ငါးခူ ၊ ငါးပနော် ၊ ငါးကျည်း ၊ စသောအသားများနှင့် ဒန့်ဒလွန်သီး ၊ ဒန့်ဒလွန်ရွက် ၊ ကြာဟင်း ၊ ဂုံခါး ၊ ခွေးတောက်ရွက် ၊ ကင်းပုံရွက် ၊ ကင်ပွန်းချဉ်ရွက် ၊ မြင်းခွာရွက် ၊ ရှောက်ရွက် ၊ ဥသျှစ်ရွက် ၊ ရဲယိုရွက် ၊ ပတဲကော ၊ ဂုံမင်း ၊ ဆိပ်ဖူး ၊ ပင်စိမ်းရွက် ၊ ဟင်းနုနယ်ရွက် ၊ ကြက်သွန်ဖြူ / နီ ၊ ချင်း(ဂျင်း) ၊ ငရုတ်ကောင်းနှင့် အရည်ရွှမ်းသော အသီးများဖြစ်သည့် ရှောက်သီး ၊ သံပုရာသီး ၊ ကျွဲကောသီး ၊ စသော အသီးအနှံများကိုလည်း စားသုံးပေးသင့်ပါတယ်။ လေဖြတ် လေငန်းရောဂါ မဖြစ်ရလေအောင် အဆီဓါတ် ၊ အငံဓါတ် လွန်ကဲသော အစားအစာများကို ရှောင်ကြင်ပြီး သွေးတိုးရောဂါရှိလျှင် သွေးပေါင်မှန်မှန်ချိန်ပါ။ဆီးချို ၊ သွေးချို ရောဂါရှိလျှင် သကြားဓါတ်ကို ပုံမှန်ဖြစ်အောင် ထိမ်းသိမ်းပါ။ ဆီးကို ပုံမှန်စစ်ဆေးပါ။ သင့်လျော်သင့် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ လမ်းလျောက်ပါ။ကိုယ်အလေးချိန်ကိုထိမ်းပါ။အစာအဟာရကို မျှတစွာစားသောက်ပါ။ အသီးအရွက်ကို များများစားပါ။ဆေးလိပ် ၊ အရက်နှင့် မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ပါ။စိတ်ဖိစီးမှု့ မဖြစ်အောင် စိတ်ကို အေးချမ်းစွာထားပါ။(Meditation) တရားထိုင်ပါ။ အထက်ပါနည်းများအတိုင်း စားသောက် ၊ နေထိုင် ၊ ကျင့်ကြံမည်ဆိုလျှင် လေငန်းလေဖြတ် ရောဂါကို ကာကွယ်ပြီးသား ဖြစ်သည့်အကြောင်း ရေးသားတင်ပြအပ်ပါသည်။
#ကျန်းမာရေးဗဟုသုတများ
#crdphoto
ကြက်ဥမုန့်သိုင်းခြုံ
ကြက်ဥမုန့်သိုင်းခြုံဆိုတာလေးကလေ မြင်ရင်လည်း စားချင်စဖွယ် ချစ်ဖို့အလွန် ကောင်းပါတယ်။ ပါဆယ်ထုပ်လေး ထုပ်ထားသလိုပဲ နောက်တစ်ခုက မြန်မာ့ရိုးရာ စစ်စစ် မုန့်ကလေးပေါ့။ ကဲမုန့်သိုင်းခြုံလုပ်ရအောင် . . . ။
ပါဝင်ပစ္စည်းများ (တစ်နည်း) (၁)
.............................................
• ကြက်ဥ (သို့) ဘဲဥ - ၃ လုံး
• ဆား - နည်းနည်း
• ဂျုံမှုန့် - ၁၃ဝ ဂရမ်
• ရေ - ၆ဝ ဂရမ်
• ဆိုဒါ - နည်းနည်း
• အုန်းသီးခြစ်ပြီးသား
• သကြား
နောက်တစ်နည်း (၂)
..............................
• ကောက်ညှင်းမှုန့် - ၁၂ဝ ဂရမ်
• ဆန်မှုန့် - ၃ဝ ဂရမ်
• ဘဲဥ - ၃ လုံး
• ရေ - ၆ဝ ဂရမ်
• ဆား - နည်းနည်း
• ဆိုဒါ
• အုန်းသီးခြစ်ပြီးသား
• သကြား
ပြုလုပ်နည်း
..............
၁။ ပထမ (၁)နည်းက အသုံးပြုမယ်ဆိုရင် ကြက်ဥ၊ ဆား၊ ဂျုံမှုန့်၊ ရေ၊ ဆိုဒါ တို့ကို
ရောမွှေပေးပါ။ အရမ်းပျစ်နေရင် ရေနည်းနည်းထပ်ထည့်ထားပြီး မိနစ်အနည်းငယ် ကြာရင်
ဒယ်အပြားကို ဆီသုတ်ခါ မုန့်ပါးပါးထည့်ပြီး အလယ်မှာ အိုးယိုထည့်ပြီး ခေါက်ပြီး ရင် ရပါပြီ။
၂။ ဒုတိယ (၂)နည်းက ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ ဘဲဥ၊ ရေ၊ ဆိုဒါထည့်
ရေကိုလည်း မပျစ်မကြဲ လိုသလို ထပ်ချိန်ထည့်ပေးပါ။ ဒယ်ပေါ်ဆီသုတ်ကြော်က အုန်းယို ထည့်ပြီး
ခေါက်က စားလို့ရပါပြီ။
မှတ်ချက် မုန့်သိုင်းခြုံဟာ ဆဋ္ဌဂံလိုပုံမျိုး ခေါက်မှ လှပါတယ်။ အိမ်မှာလုပ်စား ရင်တော့
ကြိုက်နှစ်သက်သလို ခေါက်ပါ။
အုန်းယိုလုပ်တာကတော့ . . .
၃။ အုန်းသီးအဖတ်လေးတွေကို သကြားအချိုကို လိုသလောက်ထည့်ပြီး
အပူပေး ပြီး သကြားပွင့်ပျောက် သည်အထိ လှော်ထားတာကို ပြောတာပါ။
အိမ်မှာဘဲအလွယ်တစ်ကူလုပ်စားကြည့်လို့ရအောင်မျှဝေလိုက်ပါတယ်ဗျ။
#မြိန်မြိန်
#crd
မခံမရပ်နိုင်လို့ တစ်ခါတစ်လေ
ပေါက်ကွဲတဲ့အခါတဲ့အခါကျ မခံစားဖူးတဲ့
လူတစ်ချို့ကပြောတယ် "ဘာမဟုတ်တာလေးနဲ့"တဲ့။
#စာတို
အဂ်လန်ပရီးမီးယားလိဂ်ထိပ်တန်းကလပ် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂျုဗင်တပ်အသင်းရဲ့ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်ကစားသမားဒေါက်ကလပ်လူးဝစ်ကိုဒီဇန်နဝါရီလအပြောင်းရွှေ့စျေးကွက်ကာလမှာအသင်းဆီခေါ်ယူအားဖြည့်နိုင်ဖို့ရှိနေတယ်လို့ အီတလီနာမည်ကြီးသတင်း ကယ်လ်ဆိုမက်ကာတိုသတင်းကဖော်ပြခဲ့ပါတယ်။
ဒေါက်ကလပ်စ်လူးဝစ်ရဲ့အေးဂျင့်ဖြစ်သူကီယာချူရပ်ဆီယန်ဟာ သူ့ရဲ့ကစားသမားဖြစ်တဲ့မန်ယူအသင်းတိုက်စစ်မှူး ဂျိုချူဝါဇာလ်ခီကိုဂျုဗင်တပ်အသင်းဆီ ပြောင်းရွှေ့လာဖို့အတွက်အလဲအထပ်ပြုလုပ်တာကိုရှေ့ဆက်လုပ်ဆောင်ဖို့အဆင်သင့်ဖြစ်နေတယ်လို့ အဆိုပါသတင်းအရင်းအမြစ်ကဖွင့်ဟပါတယ်။
ဂျုဗင်တပ်အသင်းကိုယ်တိုင်အနေနဲ့လည်း ဂျိုချူဝါဇာလ်ခီကိုအသင်းဆီခေါ်ယူအားဖြည့်ချင်နေပြီး နည်းပြသီယာဂိုမော်တာအနေနဲ့လည်း ဘိုလော့နာအသင်းမှာတုန်းက လက်တွဲခဲ့ဖူးတာကြောင့်အကြောင်းကောင်းကောင်းသိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကာလတုန်းကလည်းဘိုလော့နာအသင်းကိုစီးရီးအေအမှတ်ပေးဇယားအဆင့် ၅ နေရာအထိရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲဝင်ခွင့်လက်မှတ်ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့လည်း အက်စတွန်ဗီလာအသင်းကိုပရီးမီးယားလိဂ်ပြိုင်ပွဲမှာအဆင့် ၄ နေရာရအောင်ကူညီပေးနိုင်ခဲ့တဲ့ ဒေါက်ကလပ်စ်လူးဝစ်ကို စိတ်ဝင်စားခဲ့တယ်လို့သတင်းထွက်ပေါ်ခဲ့ဖူးပြီး ဒီအပြောင်းအရွှေ့ဟာ ကစားသမားတွေအနေနဲ့လည်းဒီရာသီကာလအသင်းဆီပြောင်းရွှေ့လာပြီးနောက်ခြေစွမ်းမပြနိုင်တာကြောင့် ၂ဖက်စလုံးအတွက်အကျိုးရှိလာနိုင်ပါတယ်။
ဂျိုချူဝါဇာလ်ခီအနေနဲ့ကတော့ ဘိုလော့နာအသင်းကနေမန်ယူအသင်းဆီပြောင်းရွှေ့ကြေးပေါင် ၃၆.၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့ ပြိုင်ပွဲစုံ ၂၈ ပွဲကစားထားရာမှာ ၄ ဂိုးသွင်း ၂ ဂိုးသာဖန်တီးထားနိုင်ခဲ့ကာ နည်းပြရူဘင်အာမိုရင်လက်အောက်မှာအဓိကကစားသမားမဖြစ်သေးပါဘူး။
ဒေါက်ကလပ်စ်လူးဝစ်အနေနဲ့ကတော့ အက်စတွန်ဗီလာအသင်းကနေဂျုဗင်တပ်အသင်းဆီပြောင်းရွှေ့ကြေးပေါင် ၄၂.၃၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲသာပါဝင်ကစားခဲ့ရကာ စီးရီးအေလိဂ်မှာပွဲထွက်ကစားသမားအဖြစ် ၂ ပွဲသာပွဲထွက်ကစားခဲ့ရတာနဲ့အတူ ဂိုးဖန်တီးမှုရောသွင်းဂိုးပါရယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
The Carmichael Manor (2023)
သရဲခြောက်တယ်ဆိုတဲ့နေရာတွေကို သွားစုံစမ်းစပ်စုအဖြေရှာတတ်ကြတဲ့ အင်တာနက်စုံထောက် ချစ်သူစုံတွဲတစ်တွဲက လူသူဝေးခေါင်တဲ့ အရင်မိသားစုဝင် တစ်ဝက် အသတ်ခံလိုက်ရပြီး တစ်ဝက် ပျောက်ဆုံးနေတဲ့ ကာမိုက်ကယ် အိမ်ကြီးဆီကို ရောက်လာခဲ့ကြပါတယ်။ နောက်တော့ မာဂေါ့က သူ့ရဲ့မောင် ချေ့စ်ကိုပါ အဖော်ခေါ်ခဲ့ပြီး အိမ်ကြီးမှာ ငါးညတိတိနေပြီး ကင်မရာ သုံးလုံးနဲ့ သူတိုရဲ့ နေ့စဉ် ဘဝမှတ်တမ်းတွေကို ရိုက်ကူးဖိုဆုံးဖြတ်ခဲ့ကြပါတယ်။
ပထမညမှာ အစမ်းပြတာလေးတွေကို ဘာမှမဖြစ်ခဲ့ကြပေမယ့် မီးလောင်သွားတဲ့ ဟိုတယ်ရဲ့ လက်ကျန်ရှေးဟောင်းပစ္စည်းတွေ ပြန်ရောင်းတဲ့ဆိုင်မှာ နာရီကြီးတစ်လုံးရဲ့ လျှိဝှက်အံဆွဲထဲက အဖြေရှာမရခဲ့တဲ့ သဲလွန်စတွေကို ရှာတွေ့ပြီးနောက်မှာတော့... ရုပ်ရှင်တစ်ခုလုံးကို ကင်မရာမှတ်တမ်းအနေနဲ့ပဲ ကြည့်ရမှာဖြစ်ပြီး အဲ့ဒီအိမ်ကြီးကနေ သူတိုတွေ လွှတ်မြောက်နိုင်ပါ့မလား အဖြေရှာနိုင်မလားဆိုတာကို ရင်တမမ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။
#horror
Online က တက်ရောက်လိုသူများအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်က PGDB သင်တန်း ခေါ်စာ
#govjob
တကယ်ကို နားလည်ရခက်ပြီး
သီဖို့မလွယ်တဲ့ပန်းတစ်ပွင့်ဟာ ကိုယ်ပါပဲ ။
မြတ်နိုးရပါတယ် ဆိုတဲ့အရာတွေကို
လွှတ်ချခဲ့ပြီး နာကျင်ရပါတယ် ဆိုတဲ့
အရာတွေကိုမှ တွယ်ကပ်တယ် ။
ချစ်နေရင်းလဲ မုန်းနိုင်သလို
မုန်းနေရင်းနဲ့လဲ နမ်းနိုင်တယ် ။
ဘယ်သူ့ ဘယ်သူကိုမှ အချိန်အကြာကြီး မချစ်
ချင်သလို ဘယ်သူ့ ဘယ်သူနဲ့မှလဲ အချိန်ကြာကြာ
မပျော်မွေ့ တတ်ခဲ့ဘူး ။
အနားကနေ မထွက်သွားစေချင်ပေမဲ့
အတူတူလဲ ရှိမနေချင်ဘူး ။
ချစ်ခြင်းမေတ္တာကို လိုအပ်ပေမဲ့လဲ
ချစ်ခြင်းမေတ္တာနဲ့ အတူတူမနေနိုင်ပြန်ဘူး ။
နောက်ပြီး
ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေတဲ့
မိန်းမတစ်ယောက်ဟာ သူ “ ပြုသမျှမနု “
နိုင်တဲ့လူတွေကိုလဲ မချစ်ချင်ပြန်ဘူး ။
#စာရယ်ကဗျာရယ်
#crd