32 w - Translate

🧡🧡🧡

image
32 w - Translate

🧡🧡🧡

image
32 w - Translate

🧡🧡🧡

imageimage
+5
32 w - Translate

ရှမ်းပြည်နယ်တွင် ငလျင်ငယ်လှုပ်ခတ်မှုများရက်ဆက်နီးပါးဖြစ်ပေါ်နေ

ရှမ်းပြည်နယ်အတွင်း၌ ငလျင်ငယ်လှုပ်ခတ်မှုများ ရပ်ဆက်နီးပါးဖြစ်ပေါ်နေကာ ယနေ့ ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းကလည်း ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့တို့ကိုဗဟိုပြု၍ ငလျင်ငယ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ကျိုင်းတုံမြို့၏ တောင်-အနောက်တောင်ဘက် (၃၁)မိုင်ခန့်အကွာ၊ တာချီလိတ်မြို့၏ အနောက် မြောက်ဘက် မိုင်(၄၀)ခန့်အကွာ၊ မြောက်လတ္တီ တွဒ်(၂၀ ဒသမ ၈၆)ဒီဂရီ၊ အရှေ့လောင်ဂီတွဒ်(၉၉ ဒသမ ၄၅)ဒီဂရီ၊ အနက်(၁၃)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၂ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ငယ်သည် ယနေ့ ဇန်နဝါရီ ၁၀ ရက်နံနက် ၁ နာရီ ၂၃ မိနစ် ၁၃ စက္ကန့်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ မိုးလေဝသမြန်မာ၊ မြန်မာနိုင်ငံကိုယ်စားပြုဌာန၊ မြေငလျင်တိုင်းထွာရေးဌာနခွဲက တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image
32 w - Translate

မြန်မာသံရုံး၊ ဗန်ကောက်မြို့က မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄)မျိုးကို မကြာမီဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄) မျိုးကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဟု ယနေ့ ဇန်နဝါရီ ၁၀ ရက်က အသိပေးခဲ့သည်။

အဆိုပါ လုပ်ငန်း(၄)မျိုးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့်မိသားစုဝင်များအတွက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြန်မာသံရုံး၊ ဗန်ကောက်၌(၆)လ တာတွဲဖက်တာဝန်ထမ်းဆောင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂)တွင် သားသမီးအမည်စာရင်းထည့်သွင်းခြင်း၊ အိမ်ထောင်စုလူဉီးရေစာရင်း(ပုံစံ-၆၆/၆)ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်းအိမ်ထောင်စုဝင်များအား အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များကို ဥပဒေနှင့်အညီထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် အသက်(၁၀)နှစ်ပြည့် မှတ်ပုံတင်မှ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ထုတ်ပေးခြင်း၊ အခွန်ထမ်းနိုင်ငံသားများနှင့် မိသားစုဝင်များကိုင်ဆောင်လက်မှတ် ပျောက်ဆုံး/ပျက်စီး/ ဟောင်းနွမ်းပါက e-ID စနစ်ဖြင့်စစ်ဆေး၍ မိတ္တူထုတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် တစ်မျိုးချင်းစီအတွက်လိုအပ်သော စာရွက်စာတမ်း၌ဖြည့်စွက်ရန် ပြင်ဆင်ရမည့် အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟုလည်း မြန်မာသံရုံး၊ ဗန်ကောက်မြို့က အသိပေးခဲ့သည်။စ

32 w - Translate

Inner peace . . . . . . . . . . . . . . .
dinner please . . . . . . . . . . . . .
pizza with chease . . . . . . . . .

image

မေ့နေမှာစိုးလို့

image
32 w - Translate

အမေယုံပြီမှတ်လား😒

image

၃၀ နှစ်အောက် ဘွဲ့ရများအတွက် မြန်မာ့စီးပွားရေးဘဏ်က ငယ်/ရေး ရာထူး(၁၂၀) နေရာ အလုပ်ခေါ်စာ

အပိုဒ် ၂ (ဂ) အရ Single အမျိုးသားများ ဦးစားပေးမည်ဟု ပါရှိ

#govjob

imageimage

ဂတ်စ်မီးဖိုဖြင့် ကြက်ဥပြုတ်ရာမှ ရဲဝန်ထမ်းလိုင်းခန်းမီးလောင်မှု ဖြစ်ပွား

ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆×၆၈ လမ်းကြား၊ ၂၈×၃၀ လမ်းကြားရှိ တိုင်းရဲအကူတပ်ဖွဲ့ခွဲ (မန္တလေး) အကြပ်စစ်သည်လိုင်းခန်းတွင် ဇန်နဝါရီလ ၁၀ ရက် ၉ နာရီ ၄၅ မိနစ်ခန့်က ဂတ်စ်မီးဖိုဖြင့် ကြက်ဥပြုတ်ရာမှ ရဲဝန်ထမ်းလိုင်းခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဝန်ထမ်းလိုင်းခန်းရှိ အလျား ၁၅ ပေ၊အနံ ၁၅ ပေ၊ သွပ်မိုးထရံကာ ပျဥ်ခင်းနေအိမ်တစ်ခန်းတွင် မိသားစုဝင်တစ်ဦးက ဂတ်စ်မီးဖိုဖြင့် ကြက်ဥပြုတ်ရာမှ ရေခမ်းပြီး ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိနစ်၂၀ ကျော် ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် ဝန်ထမ်းလိုင်းခန်း ၈ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

“အိမ်တွေက ကပ်နေတော့ မီးလောင်မှုလည်းမြန်တာ။ဝန်ထမ်းလိုင်းခန်း ၈ ခန်းလောက်ပါသွားတယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၃ စီး၊ သန္ဓေအရန်မီးသ​တ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ အမျိုးသားကို အမှတ်(၃)နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage