1 y - Translate

Ai Vs Falcon

https://www.youtube.com/live/J....ZPYJyj4RoY?si=-YdxPC

1 y - Youtube

1 y - Translate

သက်ဆုံးတိုင်မခွဲအတူရှိခဲ့ကြတဲ့ ကြေးခေတ်ကချစ်သူနှစ်ဦး
----------------------------------------------------------------
ပူးကပ်စွာယှဉ်တွဲမြုပ်နှံထားတဲ့ ဒီအမျိုးသားနဲ့ အမျိုးသမီးအရိုးစု(၂)ခုကို ၂၀၁၈ ခုနှစ်က ယူကရိန်းနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Petrykiv ရွာအနီးမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သက်တမ်းလေ့လာတွက်ချက်မှုအရတော့ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၃,၀၀၀)ခန့် ကြေးခေတ်ကာလအတွင်းမှာ နေထိုင်ခဲ့ကြသူတွေလို့ သိရတယ်။

အရိုးစုတွေရဲ့ ပုံစံအနေအထားအရ ယောကျ်ားနဲ့မိန်းမ ပူးကပ်စွာလဲလျောင်းလျှက်အနေအထားနဲ့ နဖူးချင်းထိကာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေတဲ့ဟန်ရှိတယ်။ အမျိုးသမီးဖြစ်သူက သူမရဲ့ညာလက်မောင်းပေါ်မှာ အမျိုးသားရဲ့ဦးခေါင်းကိုတင်ထားသလို သူမရဲ့ဘယ်ဘက်လက်ကိုတော့ အမျိုးသားရဲ့ဘယ်ပုခုံးပေါ်ကို သိုင်းယှက်တင်ထားပြီး သူမရဲ့ခြေထောက်ကိုလည်း အမျိုးသားရဲ့ခြေထောက်အပေါ် ယှက်တင်ထားတာကို တွေ့ရတယ်။

သူတို့နှစ်ဦးရဲ့ ဦးခေါင်းအထက်ဘက်မှာတော့ အိုးခွက်ပန်းကန်အချို့နဲ့ ယောက်ချိုဇွန်း(၃)ချောင်းကိုလည်း ထည့်သွင်းမြှုပ်နှံထားတာတွေ့ရတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ သူတို့ရဲ့လေ့လာမှုအရ အမျိုးသမီးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်တဲ့ သူမရဲ့ခင်ပွန်း (သို့)ချစ်သူဖြစ်သူနဲ့ မခွဲခွာလိုတဲ့ဆန္ဒကြောင့် အရှင်လတ်လတ်အနေအထားကနေ အသက်အန္တရာယ်ဆုံးရှုံးစေမယ့်အရာတစ်ခုခုကိုပြုလုပ်ပြီး သူမရဲ့ အသက်ကိုစွန့်လွှတ်ကာ သူမချစ်ခင်ရတဲ့သူနဲ့အတူ သေခြင်းတရားထံကို အတူလိုက်ပါရင်ဆိုင်သွားခဲ့ပုံရတယ်လို့ ခန့်မှန်းခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ် သမိုင်းမှတ်တမ်းမရှိခဲ့တဲ့ ကြေးခေတ်က ဆွတ်ပျံ့လွမ်းမောစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ ယူဆရတဲ့ ဒီအရိုးစုစုံတွဲဟာ ကျွန်တော်တို့ မျက်မှောက်ခေတ်လူသားတွေရဲ့ရင်ကို အတိုင်းအတာတစ်ခုအထိ လှုပ်ခတ်စေခဲ့တယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။

image

image
1 y - Translate

Tattoo RICK Y MORTY

image
1 y - Translate

Tattoo RICK Y MORTY

image
1 y - Translate

Tattoo RICK Y MORTY

image
1 y - Translate

Tattoo RICK Y MORTY

image
1 y - Translate

Tattoo RICK Y MORTY

image
1 y - Translate

Tattoo RICK Y MORTY

image