#ဘဲဥသံပုရာ

ဆီမပါတဲ့ဟင်းတစ်ခွက်ပါ။
ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဘဲဥကို တစ်နေ့တစ်လုံးစားသုံးခြင်းဖြင့် ဒူးနာခါးနာရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။
ချဉ်ငံစပ်အရသာလေးနဲ့မို့ ထမင်းမြိန်မှာ သေချာပါတယ်။
ကဲ ဘော်ဒါတွေ ချက်ကြည့်ရအောင်

ဘဲဥသံပုရာအတွက် ပါဝင်ပစ္စည်းများ
ဘဲဥ - ၅ လုံး(ဆားထည့်ပြုတ်ပါ)
သံပုရာသီး - ၃ လုံး(အရည်ညှစ်ထားပါ)
စပါးလင် - ၁ ပင် (ရိတ်ရိတ်လှီး)
ငရုတ်သီးစိမ်းအနီတောင့် - ၁၀ တောင့်(လှီးထားပါ)
ကြက်သွန်ဖြူ - ၁ လုံး(နုတ်နုတ်စင်း)
ဂျင်း - လက် ၂ ဆစ်(နုတ်နုတ်စင်း)
နံနံပင် - အနည်းငယ်
ရှမ်းနံနံ - အနည်းငယ်

ပြုတ်ထားတဲ့ဘဲဥတွေကို ထက်ခြမ်းခြမ်းထားပါ

ဆော့စ်ရည်အတွက်
သံပုရာရည် - စားပွဲတင်ဇွန်း ၄ စွန်း
ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဝက်
သကြား - လက်ဖက်ရည်ဇွန်း ၂ စွန်း
ရေနွေး - ပန်းကန်လုံး ၁ လုံး

ပန်းကန် ၁ ခုထဲသို့ လှီးထားတဲ့အစာတွေထည့် ၊ အပေါ်က ပါဝင်ပစ္စည်းတွေထည့်ပြီး သမအောင်ရောပေးပါ။ အရသာမြည်းပါ။လိုသလိုပြင်ပါ။

ပြီးရင် ဆော့စ်ရည်ကို ဘဲဥပန်းကန်ထဲ လောင်းထည့်ပါ။ သံပုရာသီး ၁ လုံးကို အကွင်းလိုက်လှီးပြီး စီထည့်ပါ။

အခုဆိုရင် ချဉ်ငံစပ်အရသာလေးနဲ့ ဘဲဥသံပုရာကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ 😁😁😁

#credit : Kyaw Min Htwe

image
32 w - Translate

Dragon's breath chili pepper လို့ အမည်ရတဲ့ ငရုတ်သီးဟာ ကမ္ဘာပေါ်မှာ အပူဆုံး နဲ့ အစပ်ဆုံး ငရုတ်သီးဖြစ်ပြီး လူတစ်ယောက်ကိုတောင် အသက်ဆုံးရူံးနိုင်စေပါတယ်
#ts

image

လူတွေအများကြီးနဲ့ သိကျွမ်းခင်မင်နေဖို့ မလိုပါဘူး။
Social Rules တွေ ရှိနေဖို့သာ လိုပါတယ်။
"Social ကျတယ်" လို့ ခေါင်းစဉ်တပ်ထားပြီး
လူတကာနဲ့ ခင်မင်ရင်းနှီးပြနေတဲ့သူ ဖြစ်နေပေမယ့်
လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုတိုင်းမှာ ထားရှိရမယ့်
Social Rules တွေကို လိုက်နာနေတဲ့သူ မဟုတ်ဘူးဆိုရင်
အဲ့ဒီလူဟာ Social ကျရှုံးတဲ့သူပဲ ဖြစ်ပါတယ်။
Social Rules တွေက အများကြီးရှိပေမယ့်
အရေးအကြီးဆုံး မဖြစ်မနေ လိုက်နာသင့်တဲ့
Social Rules ၁၀ ခုကို ကျွန်တော် ဖော်ပြပေးပါမယ်။
1. တစ်စုံတစ်ဦးကို ဖုန်းခေါ်တဲ့အခါ မကိုင်မချင်း ဆက်တိုက်မခေါ်ရပါဘူး။ သေရေးရှင်ရေးမက အရေးကြီးတာမျိုး မဟုတ်ရင် ဖုန်းကို အများဆုံး ၂ ခါအထိသာ ခေါ်ပါ။ မကိုင်ရင် သူပြန်ဆက်တာကို စောင့်ပါ။ သူ့အနေနဲ့ အိပ်နေမလား၊ ဖျားနေမလား၊ အရေးကြီးတာတွေ လုပ်နေမလား ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ မကိုင်မချင်း ဖုန်းခေါ်တာမျိုးဟာ ရိုင်းပါတယ်။
2. တစ်စုံတစ်ဦးဆီက ပိုက်ဆံချေးတဲ့အခါ priority ထားပြီး ပြန်ဆပ်ရပါမယ်။ အကြွေးမကျေမချင်း အကျိုးအကြောင်း အမြဲဆက်သွယ်ပါ။ ပိုက်ဆံချေးတဲ့သူက ပြန်တောင်းစရာ မလိုခင်မှာ သူ့အကြွေးကို ပြီးအောင် ဆပ်ပါ။ ချေးပြီး ပြန်ဆပ်ဖို့ လက်ခက်တာဟာ ရိုင်းပါတယ်။
3. တစ်စုံတစ်ဦးက ဖုန်းထဲက ဓာတ်ပုံတစ်ခု ပြတဲ့အခါ ဘယ်ညာ ဆွဲမကြည့်ပါနဲ့။ ပြတဲ့ဓာတ်ပုံကိုပဲကြည့်ပြီး ဖုန်းပြန်ပေးပါ။ ကျန်တာက ဘာဖြစ်နေမလဲ မသိနိုင်ပါဘူး။ သူများဖုန်းကို မဆင်မခြင်သုံးတတ်တာမျိုးဟာ ရိုင်းပါတယ်။
4. ကိုယ့်ကို ဝန်ဆောင်မှုပေးရတဲ့ စားပွဲထိုး၊ အရောင်းဝန်ထမ်း၊ ဒရိုင်ဘာ၊ သူနာပြု၊ သန့်ရှင်းရေးဝန်ထမ်း စတဲ့သူတွေကို respect ပေးပြီး ကောင်းမွန်စွာ ဆက်ဆံရပါမယ်။ Manager တွေ၊ CEO တွေကိုပဲ respect ပေးရမှာ မဟုတ်ပါဘူး။ လူတစ်ဦးကို ကိုယ့်ထက် level နိမ့်တယ်လို့ သတ်မှတ်လိုက်ပြီး respect မရှိ ကြမ်းတမ်းတာမျိုးဟာ ရိုင်းပါတယ်။
5. အမြင်တွေကို အစွန်းမရောက်ရပါဘူး။ တစ်ဖက်က 6 လို့မြင်တာကို တစ်ဖက်က 9 လို့ မြင်သလိုမျိုးပါပဲ။ လူတွေဟာ အကြိုက်တွေမတူသလို အမြင်တွေလည်း ကွဲပြားပါတယ်။ ကိုယ်မကြိုက်ဘူးဆိုတိုင်း ဝေဖန်တိုက်ခိုက်တာမျိုးဟာ ရိုင်းပါတယ်။
6. တစ်စုံတစ်ဦးကို စနောက်တဲ့အခါ သူ့ဘက်က မနှစ်သက်တဲ့ အမူအယာမျိုး၊ စိတ်ညစ်တဲ့ အမူအယာမျိုးတွေ ဖြစ်သွားခဲ့ရင် စနောက်ခြင်းကို ရပ်တန့်ရပါမယ်။ အလားတူ ထပ်လည်းမစရပါဘူး။ မကြိုက်တာကိုသိသိနဲ့ စနောက်တာမျိုးဟာ ရိုင်းပါတယ်။
7. တစ်စုံတစ်ဦးက မုန့်လိုက်ကျွေးတဲ့အခါ menu ထဲက ဈေးအကြီးဆုံး dish ကို မမှာရပါဘူး။ ပုံမှန်ဈေးထဲက ကိုယ်စားချင်တာကို ရွေးမှာပါ။ သူများက ကိုယ့်ကို တစ်ခါကျွေးတိုင်းမှာ ကိုယ်လည်း တစ်ခါပြန်ကျွေးဖို့ စီစဉ်ပါ။ သူများကျွေးတာကိုသာ အမြဲကုန်းဆင်းတာမျိုးဟာ ရိုင်းပါတယ်။
8. ကိစ္စသေးသေးမွှားမွှားလေးတွေကအစ "ကျေးဇူးတင်ပါတယ်" ပြောဖို့ မမေ့ပါနဲ့။ လောကကြီးမှာ ပိုက်ဆံရှင်းလိုက်ရုံနဲ့ မပြီးပါဘူး။ ခရီးရောက်အောင် အန္တရာယ်ကင်းကင်း လိုက်ပို့ပေးတဲ့ ကားဆရာဆိုလည်း ကျေးဇူးတင်တတ်ရပါမယ်။ လိုချင်တာဝယ်လို့ရအောင် အဆင်သင့်ရှိနေတဲ့ ဈေးသည်ကိုလည်း ကျေးဇူးတင်တတ်ရပါမယ်။ ငွေပေးပြီး ပြီးရော၊ မောက်မာတတ်တာမျိုးကတော့ ရိုင်းပါတယ်။
9. တစ်စုံတစ်ဦးက စကားပြောနေတဲ့အခါ ခွင့်မတောင်းဘဲ ဖြတ်မပြောရပါဘူး။ ပြီးအောင်စောင့်ပြီးမှ ကိုယ်ပြောချင်တာကို ပြောပြရပါမယ်။ ဆက်စပ်လို့၊ အရေးကြီးလို့ ဖြတ်ပြောမယ်ဆိုရင်လည်း request လုပ်ရပါမယ်။ စကားတွေကို ကိုယ်ပြောချင်တိုင်း ဖြတ်ပြောလိုက်တာမျိုးဟာ ရိုင်းပါတယ်။
10. တစ်စုံတစ်ဦးက ကိုယ့်ကို လျှို့ဝှက်ချက်တစ်ခုခု ပြောပြထားတဲ့အခါ အဲ့ဒီလျှို့ဝှက်ချက်ကို သေသည်အထိ သယ်သွားရပါမယ်။ တစ်ချိန်မှာ သူနဲ့ ရန်သူဖြစ်သွားခဲ့မယ်ဆိုရင်တောင် လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ လုံးဝ မလုပ်ရပါဘူး။ လျှို့ဝှက်ချက်ကို လိုရင်အသုံးချတာမျိုးဟာ လူမဆန်ပါဘူး။
ဒီ Social Rules တွေကတော့
လိုက်နာဖို့ အရေးကြီးသလောက် မေ့နေတတ်တဲ့
လိုက်နာဖို့ လွယ်ကူသလောက် သတိမမူမိတဲ့
Rules ၁၀ ခု ဖြစ်ပါတယ်။
လူတွေနဲ့အတူ နေထိုင်နေရတဲ့
လောကကြီးထဲက လူတစ်ဦးအနေနဲ့
ဒီအချက်တွေဟာ အင်မတန်မှ အရေးပါတာမို့
လိုက်နာကြစေချင်ပါတယ်။
AD
#crd

image

ဝယ်စားမို့ ဟာကို
ဘာလို့ ထွက်ပြေးသွားတာလဲ သိဝူး 🥲

image

တဖန်ပြန်ချစ်ရသော
အပိုင်း(၄)

Hair Style

cute

33 w - Translate

ယနေ့ ရန်ကုန်အပါအဝင် မြန်မာနှင့်ထိုင်း နိုင်ငံများတွင် အအေးပိုလာရသည့် အကြောင်းအရင်း

လေထုသည် ဖိအားများရာမှ ဖိအားနည်းရာသို့ ရွေ့လျား တိုက်ခတ်တတ်သော သဘောသဘာဝရှိပါသည်။ ပုံမှန် ဆောင်းရာသီဥုတုအားဖြင့် ဆောင်းရာသီအခါတွင် တရုတ်ပြည်မကြီး‌ပေါ်တွင် လေထုဖိအားများ ရပ်ဝန်းများ ဖြစ်ပေါ်‌လေ့ ရှိတတ်ပါသည်။‌ ရံဖန်ရံခါတွင် ထိုလေဖိအားများရပ်ဝန်း (သို့) လေဖိအားများဘောင်တန်းသည် အနောက်တောင်အရပ် (မြန်မာနှင့် ထိုင်း နိုင်ငံများ) သို့တိုင် ဆောင်းလေအေးများနှင့်အတူ တိုးဝင်ဆင်းလာတတ်ကာ မြန်မာနှင့်ထိုင်း နိုင်ငံများ အပါအဝင် ပါတ်ဝန်းကျင်နိုင်ငံများတွင် အအေးပိုတတ်ပါသည်။
မြန်မာပြည်တွင်လည်း မြောက်ဖက်အရပ်ရှိ ဟိမဝန္တာ တောင်တန်းအရပ်မှ လေအေးများ တိုးဝင်လာလျက်ရှိကာ ယခုရက်ပိုင်းတွင် တပြည်လုံးနီးပါး ညအပူချိန်များ ကျဆင်းနေပြီး အအေးပိုနေပါဦးမည်။ ရန်ကုန်မှာ နေတဲ့သူတွေဆို ယခုရက်ပိုင်း သိသိသာသာ အအေးပိုလာတာကို သတိထားမိပါလိမ့်မည်။

ဦးစိုးအောင်
#အအေးပို
#ဆောင်းရာသီ
#realnews

image

နေ့သစ်တိုင်းကို Positive Attitude နဲ့စတင်ပါတဲ့
Me at 80 AM

image
33 w - Translate

ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခ ကျပ်ရှစ်သိန်းအထိဈေးတက်

အခုနှစ်ဆန်းပိုင်းမှာ ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်ဈေးနှုန်း ကျပ်ရှစ်သိန်းအထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ်အရောင်းဌာနတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်အထိ ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခ ၇၉၀,၀၀၀ ကျပ်မှာ ရှိခဲ့တာြဖစ်ပြီး ၂၀၂၅ ၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ၈၀၀,၀၀၀ ကျပ်အထိ ဈေးတက်သွားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတော့ ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခက ၄၅၀,၀၀၀ ကျပ် ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလမှာ ၅၀၀,၀၀၀ ကျပ်အထက်ကို ဈေးတက်သွားခဲ့ပြီး မေလမှာ ၆၀၀,၀၀၀ ကျပ်နဲ့အထက်၊ ဩဂုတ်လမှာ ၇၀၀,၀၀၀ ကျပ်နဲ့အထက်ကို ဈေးဆက်တိုက်မြင့်တက်ခဲ့တာဖြစ်ပြီး ၂၀၂၅ နှစ်စမှာတော့ ကျပ်ရှစ်သိန်းအထိထပ်မံမြင့်တက်ခဲ့တာပါ။

#realnews

image