1 နှစ် - ဘာသာပြန်ပါ။

Always (2011)
ဆိုဂျီဆပ်ပရိတ်သတ်တွေဆို လုံးဝလက်လွတ်ခံလိုမဖြစ်တဲ့ဇာတ်ကားပါ…သူ့ရဲ့ရီဝေဝေမျက်ဝန်းတွေက ဒီဇာတ်ကားရဲ့ အုံမှိင်းလွမ်းမောဖွယ် Theme နဲ့ သက်ဝင်လွန်းနေခဲ့တာပါ။

အပြောအဆိုနည်းနည်း အေးတိအေးစက်နဲ့ ပကာသနခုံမင်မှုမရှိတဲ့ ကောင်လေးတွေမှာ အချစ်ကပိုရှင်သန်တတ်တယ်…ဒီလိုအမူအရာနဲ့ မင်းသားဆိုဂျီဆပ် ထပ်တူကျနေတာက စပျစ်ဝိုင်လို ထိရှိနေပါရော..မင်းသမီး Han Hyo‑joo ကလဲ လိုက်ဖက်ညီစွာ ပံ့ပိုးထားတာကြောင့် ပြည့်စုံတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ…ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်… လက်ဝှေ့လောကထဲက အနားယူထားတဲ့ကောင်လေးနဲ့ မျက်မမြင်ကောင်မလေးတိုရဲ့ မေတ္တာတရားအကြောင်းကိုရိုးရိုးလေးရိုက်ပြထားတာပါ…ဒါပေမယ့် အဲ့ဒီရိုးရှင်းမှုကပဲ ကြည့်ရှုသူရဲ့ ရင်ကို ဝုန်းဒိုင်းဝင်ချလာတာပါ….အချစ်ဆိုတာ စောက်ပိုတွေမပါတဲ့ ရိုးသားမှုပဲ မဟုတ်လား။ချစ်တတ်တဲ့သူတိုင်း ဒီဇာတ်ကားကို ရင်ထဲသိမ်းထားတတ်ကြတယ်။ဒါကြောင့်လဲ ကိုရီးယား Drama Romance ကားတွေထဲမှာနိုင်ငံတကာ Rating အမြင့်ကြီးကို ရှားရှားပါးပါး ရရှိထားတာပါ။ဒါဆိုဇာတ်လမ်းလေးကိုကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်နော်
#movie

image
1 နှစ် - ဘာသာပြန်ပါ။

ဆံပင်ဖြောင့်ရင်ကောက်ချင်တယ်
ကောက်ရင်ဖြောင့်မယ်

သေးရင်ကြီးချင်တယ်
ကြီးတာကိုသေးအောင်လုပ်တယ်

မျက်ခုံးမွှေးရှိရင်နှုတ်တယ်
မရှိရင်စိုက်တယ်ဆွဲတယ်

ဖြူရင်ညိုချင်တယ်
မဲရင်ဖြူချင်ပြန်တယ်

သူတို့ဟာဘယ်တော့မှကျေနပ်ရောင့်ရဲတတ်တဲ့
မျိုးစိတ်မဟုတ်ဘူး..

ကဲ..ပရိတ်သတ်ကြီး
ဘာမျိုးစိတ်လဲ သိရင်ဖြေခဲ့..

image
1 နှစ် - ဘာသာပြန်ပါ။

“ မျက်နှာဖုံး"ရုပ်သံဇာတ်လမ်းတွဲမှာ မိုးနှောင်းဆိုတဲ့ ညီမလေးကိုလည်း ချစ်တယ် အလိုလည်းလိုက်တဲ့ ပန်းချီဆရာတစ်ယောက်ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်ဆိုတဲ့ ဟိန်းဝေယံ

ဇန်နဝါရီ ၁၃

Suspense Trailer ဇာတ်လမ်းပုံစံ "မျက်နှာဖုံး" ရုပ်သံဇာတ်လမ်းတွဲမှာ မိုးနှောင်းဆိုတဲ့ ညီမလေးကိုလည်း ချစ်တယ် အလိုလည်းလိုက်တဲ့ ပန်းချီဆရာတစ်ယောက်ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်လို့ သရုပ်ဆောင် ဟိန်းဝေယံက ဆိုပါတယ်။

"ဒီဇာတ်လမ်းတွဲမှာ ကျွန်တော်က မိုးနှောင်းဆိုတဲ့ ညီမလေးကိုလည်း ချစ်တယ် အလိုလိုက်တယ် ပန်းချီဆရာတစ်ယောက်ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီကားရဲ့ ဇာတ်လမ်းပုံစံလေးက Suspense ရယ် Trailer နဲ့ Drama လေးလည်းပါပါတယ်။ ဒီဇာတ်ကို ကျွန်တော်ကိုယ်တိုင်က ကြိုက်နှစ်သက်လို့ကို ရိုက်ဖြစ်တာပါ။ ရိုက်နေရင်း ဆင်းန်တိုင်းမှာလည်း အပြည့်အဝအားစိုက်ထည့်ထားပါတယ်။ ကြိုးစားပြီး ပါဝင်အားဖြည့်ထားပါတယ်" လို့ သရုပ်ဆောင်ဟိန်းဝေယံက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကျော်သားကြီးက ရိုက်ကူးပြီး သရုပ်ဆောင် ဟိန်းဝေယံ၊ ထွန်းကိုကို၊ အကယ်ဒမီစိုးပြည့်သဇင်၊ ဆောင်းယွန်းစံ၊ အယ်လ်လာရွှေစင်၊ ညီနန္ဒ၊ နေမျိုးအောင်၊ အကယ်ဒမီမြတ်ကေသီအောင်၊ သာသာနဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

မျက်နှာဖုံး ဇာတ်လမ်းတွဲကို‌ ဇန်နဝါရီ ၁၁ ရက် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီမှာ Channel K နဲ့ Mahar application က ထုတ်လွှင့်ပြသမှာဖြစ်သလို ပြန်လည်ပြသချိန် အနေနဲ့ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ နံနက် ၉နာရီနဲ့ ည ၁၁ နာရီမှာ ပြသမှာလည်းဖြစ်ပါတယ်။

Credit - MT News Agency

#centralnewsnaypyitaw

image
image
image
image
image

စံချိန်တင် မီးပြတ်နေတဲ့ရန်ကုန်မြို့မှာ မီးစက်နဲ့ဆိုလာစွမ်းအင်သုံး ကုန်စည်အရောင်းပြပွဲကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အင်းယားလိတ်ဟိုတယ်အနီးက Yangon Convention Centerမှာ ဇန္နဝါလ ၁၂ရက်နေ့က ကျင်းပနေတဲ့မြင်ကွင်းဖြစ်ပါတယ်။

ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

#သတင်းဟင်းလေးအိုးကြီး

imageimage
+12

- ဖဲကြိုး ချည်နည်း ?

1 နှစ် - ဘာသာပြန်ပါ။

Hee" 😛

image
Sweet Angel Bo မျှဝေသည်။ ပို့စ်  
1 နှစ် - ဘာသာပြန်ပါ။

😋☺️

1 နှစ်

#ယိုးဒယားငပိထမင်း
ဝက်သား သို့ ကြက် ၁လက်မခန့်တုံးပြီး ဒယ်အိုးထဲဆီအနည်းငယ်ထည့်ပြီး အသားထည်ျကြာ် ကြာညို့အပျစ် ခရုဆီ ပဲငံပြာရည် သကြား ဟင်းခတ်မူန့်ထည့်ကျက်လျှင်အောက်ချထားပါ
ဝက်အူချောင်း သို့ ကြက် ကြော်ပြီးပါးပါးလှီးထားပါ
ပုဇွန်ခြောက် ကြက်ဥမွေကြော်
သရက်သီးစိမ်းအချဉ်သီး နှင့် ဥနီ ခြစ်ထားပါ သံပုရာသီးခြမ်းထားပါ
ငြုပ်သီးစိမ်း ကြက်သွန်နီ
ပဲတောင့်ရှည် ပါးပါးလှီး
ခရမ်းချဉ်သီး အကွင်းလိုက်လှီးထားပါ
( ငပိထမင်းပြုလုပ်ပုံ )
ဒယ်အိုးကိုဆီမကပ်ရုံဆီအနည်းငယ်ထည့်ပြီး ပုဇွန်ငပိအနည်းငယ်ထည့်၍မီးသေးသေးဖြင့် ငပိကျေအောင်ချေပေးပါ ကျေပြီးမွှေးနံ့ရလာလျှင်ဟင်းခတ်မူန့် သို့ အချိုမူန့်အနည်းငယ်ထည့်မွေပြီး မီးပိတ်ပါထမင်းထည့်ပြီး သမအောင်နယ်ပေးပြီးရပါပြီ အပေါ်ကပြင်ဆင်ထားတဲ့အစာတွေနဲ့ အလှဆင်ပြီး တွဲစားလို့ရပါပြီရှင့်

image
1 နှစ် - ဘာသာပြန်ပါ။

☕️🤎

image

image
1 နှစ် - ဘာသာပြန်ပါ။

မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်မည်

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်း မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် ငွေကျပ် (၄၂၀၀၀) နှုန်းထောက်ပံ့ပေးအပ်သွားမည်ဟု Unicef Myanmar က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထောက်ပံ့ကြေးအား နှစ်လတစ်ကြိမ် Wave Money မှတဆင့်အကျိုးခံစားခွင့်ရရှိသူထံ တိုက်ရိုက်ထောက်ပံ့ပေးမည်ဖြစ်ပြီး အတူနေမိသားစု၌ အများဆုံး (၃)ဦးအထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့မှု အစီစဉ်တွင် ပါဝင်သည့်သူများမှာ မသန်စွမ်းမှုပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက်ရရှိထားပြီးသော အသက် (၂) နှစ်မှ (၁၈) နှစ်အရွယ်ရှိ မသန်စွမ်းကလေ-းငယ်များသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေကို မသန်စွမ်းကလေ-းငယ်များအတွက် အစားအစာများဝယ်ယူခြင်း၊ နေထိုင်မကောင်းဖြစ်ပါက ဆေးခန်းပြခြင်း၊ တကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုခြင်း၊ မသန်စွမ်းအထောက်အကူပြုနည်းပညာ ပစ္စည်းများ ဝယ်ယူခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပညာရေးအစရှိသည့်နေရာများတွင် အသုံးပြုရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထောက်ပံ့ကြေးလျှောက်ထားလိုသူများအနေဖြင့် ထောက်ပံ့ကြေးအရေးပေါ်ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၈၈၀၉၁၉၂ ၁၁၊ ၀၉-၈၈၀၉၁၉၂၁၂၊ ၀၉-၈၈၀၉၁၉၂၁၃ တို့ကို တနင်္လာမှ သောကြာနေ့အထိ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီနှင့်နေ့လည် (၁) နာရီမှ ညနေ (၄) နာရီအတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

image