တရားမဝင် လောင်းကစားဂိမ်းများ လုပ်ကိုင်နေသည့်တရုတ်နိုင်ငံသား ၂၃ ဦးနှင့်အတူ မြန်မာနိုင်ငံသား ၆ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဇန်နဝါရီ ၁၆

ဖိလစ်ပိုင်ရဲတပ်ဖွဲ့နှင့် အစိုးရအာဏာပိုင်များသည် ဇန်နဝါရီ ၁၅ ရက်နေ့က ဆီလန်ပြည်နယ်ကမ်းခြေတွင် တရားမဝင် ဂိမ်းလုပ်ငန်းများလုပ်ကိုင်နေသည့်နေရာတစ်ခုကို စီးနင်းခဲ့ပြီး နိုင်ငံခြားသား ၂၆ ဦးကိုဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားများ ပါဝင်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် Elijosh Resort ပိုင်ရှင်၏ တိုင်တန်းချက်ကို လက်ခံရရှိခဲ့ပြီးနောက် စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင် ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေးအဖွဲ့၊ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ နှင့် ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေး ဗျူရိုတို့ ပူးပေါင်းပြီး စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံသား ၂၃ ဦးနှင့် မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၂၃ ဦးတို့သည် မြေအောက်တွင် တရားမဝင်ဂိမ်းလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောသည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့် ဂျူနီယာက နိုင်ငံအတွင်း လောင်းကစားဂိမ်းများအပါအဝင် ဂိမ်းလုပ်ငန်းများကို တားမြစ်ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီးနောက် ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းတရားမဝင် ဂိမ်းလုပ်ငန်းများ လုပ်ကိုင်နေသူများကို ရှာဖွေဖမ်းဆီးမှုအရှိန်မြှင့်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် တရုတ်နိုင်ငံသား ၂၃ ဦးနှင့် မြန်မာနိုင်ငံသား ၆ ဦးကို ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင် ဝင်ရောက်လာခြင်း ဟုတ် မဟုတ် ဆိုသောအချက်ကိုစစ်ဆေးနေကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဂိမ်းလုပ်ငန်းများနှင့်ဆက်နွယ်ပြီး ရာဇဝတ်မှုဖြစ်ပွားခြင်းမြင့်တက်လာခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက ဂိမ်းလုပ်ငန်းများကို တားမြစ်ပိတ်ပင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Ref, gmanetwork

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
Jo changed her profile cover
1 y

image
Jo changed her profile picture
1 y

image
Jo changed her profile cover
1 y

image
Jo changed her profile picture
1 y

image
1 y - Translate

🤣

image
1 y - Translate

🙏🙏🙏

image
Jo changed her profile picture
1 y

image
1 y - Translate

Camera Shooting Skill...😂🤣

image
1 y - Translate

Universal Aluminum Alloy Portable Tablet Holder
စျေးနုန်း ၂၅၀၀၀
Compatible with:
● Universal
Package included:
● 1 x Desktop Stand
● Other items not included
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း ၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
www.shop.com.mm/shop/zaycho

image