ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ညစ်ညမ်းစာပါစာအုပ် ပုံနှိပ်ထုတ်ဝေသူ နှစ်ဦးကို အရေးယူ
--------------------
ညစ်ညမ်းစာတွေ ဖော်ပြပါရှိတဲ့ စာအုပ် ၃ အုပ်နဲ့ပတ်သက်လို့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ နှစ်ယောက်ကို ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ကြေညာပါတယ်။
အဲဒီစာအုပ် တွေထဲမှာ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ ညစ်ညမ်းစာတွေကို ဖော်ပြခြင်း စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး ဟီရိဩတ္တပ္ပကင်းတဲ့၊ မြန်မာ့ လူအဖွဲ့အစည်းက လက်မခံတဲ့ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဥပဒေစည်းကမ်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့ “သခင်ကြင်လျှင် ပန်တော်မူ”၊ “အို..ဤ အချစ်များရယ် ဘာကြောင့်ဆုံဖို့ခက်ရတယ်” နဲ့ “ရင်ခွင်ညှာရယ် ချစ်လွန်းပို၏” စတဲ့ စာအုပ် ၃ အုပ် ပုံနှိပ်သူ နဲ့ ထုတ်ဝေသူတွေရဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလအတွင်းက လုပ်ငန်းအသိအမှတ်ပြု လက်မှတ်တွေကို ရုပ်သိမ်းတာ၊ တရားမဝင် ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာတာနဲ့ ဥပဒေနဲ့အညီ တရားစွဲဆိုတာတွေကို ဆောင်ရွက်နေတယ် လို့ ကြေညာချက်အရ သိရပါတယ်။
ဒါကြောင့် ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြဖို့ နဲ့ ဥပဒေပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး ပုံနှိပ်၊ ထုတ်ဝေတာတွေကို ပြုလုပ်ရင် ဥပဒေနဲ့အညီ တရားစွဲဆို အရေးယူသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း ညစ်ညမ်းစာတွေ ဖော်ပြပါရှိတဲ့ စာအုပ် ၇ အုပ်နဲ့ပတ်သက်လို့ ပုံနှိပ်သူနဲ့ထုတ်ဝေသူတွေကို ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်၊၊