တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ်မြင့်မားနေရမည်ဟု လေချုပ်ပြော

ဇန်နဝါရီ ၁၇

လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရမည်ဟု ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲ အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

သင်တန်းဆင်းပြီးနောက် သက်ဆိုင်ရာပျံသန်းရေးအုပ်များကို ရောက်ရှိသွားချိန်တွင် တစ်ဦးချင်းအနေဖြင့် ပျံသန်း ရေးနှင့် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး အရာရှိများဖြစ်သည့်အတွက် ခေါင်းဆောင်မှု တာဝန်များ ကိုပါ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးထွန်းအောင်က ပြောသည်။

၎င်းက “ စစ်ဆင်ရေး တာဝန်များ ထမ်းဆောင်တိုက်ပွဲဝင်ရာတွင်ဖြစ်စေ၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် အခြား တာဝန်များကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စိတ်ဓာတ်မြင့်မားခိုင်မာနေမှသာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်/ရဟတ်ယာဉ်များကို မောင်းနှင်ပျံသန်း တိုက်ပွဲဝင်ကြရမည့် သူများအနေဖြင့် တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် အမြဲမြင့်မားနေရ မည်ဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်အောင်၊ ခံယူချက် ယုံကြည်ချက် မြင့်မားခိုင်မာနေအောင် ကြိုးစားလေ့ ကျင့် တည်ဆောက်သွားကြရန်”ပြောသည်။

မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင် ပဋိပက္ခများကို လေ့လာဆန်းစစ် ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိက အရေးပါသည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က တပ်မတော်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက် ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာဏာသစွမ်းအားဟာ စစ်ပွဲအောင်နိုင်ရေး အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရမည်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြားက တိုက်ပွဲ များတွင် မြန်မာ့တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများကို အားကိုးလျက်ရှိနေသည်။

ပုံ -တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
Like
39 w - Translate

image
Like
39 w - Translate

Someone i love was born today.🤎

Like
39 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဇန်နဝါရီ - ၁၇ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၁၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၂၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၅၁၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၅၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၁၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၆၂၀ ကျပ်
ဝယ်ဈေး - ၄၅၂၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၂၀ ကျပ်
ဝယ်ဈေး - ၄၅၂၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၉ ကျပ်
ဝယ်ဈေး - ၉၉၂ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၇ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၃၃ ကျပ်
ဝယ်ဈေး - ၂၈.၇၉ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၃၃ ကျပ်
ဝယ်ဈေး - ၅၁.၉၅ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၆ ကျပ်
ဝယ်ဈေး - ၃.၀၇ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၁၅ ကျပ်
ဝယ်ဈေး - ၅၄၇၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၅၅ ကျပ်
ဝယ်ဈေး - ၂၇၈၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၉၀ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၉ ကျပ်
ဝယ်ဈေး - ၅၇၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၅၀ ကျပ်
ဝယ်ဈေး - ၁၂၁၈ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Like
39 w - Translate

အားသာချက် : သင်လွယ်တတ်လွယ်
အားနည်းချက် :မေ့လွယ်

image
Like
39 w - Translate

အသင်း ၄ သင်းနှင့် ဒေးဗီးစ်အေးဂျင့် ဆွေးနွေးနေ
----------------------------
ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာကျန်တော့တဲ့ ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်ရဲ့ အေးဂျင့်ဟာ အခုဇန်နဝါရီကာလအတွင်း ဥရောပထိပ်တန်းကလပ်အသင်း ၄ သင်းနဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေ ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒေးဗီးစ်တို့ရဲ့ စာချုပ်သစ်ဆွေးနွေးမှုက သဘောတူညီမှုမရခဲ့တာကြောင့် ရာသီကုန်မှာ ဒေးဗီးစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

စပိန်ကလပ် ရီးရဲလ်အသင်းက ဒေးဗီးစ်ကို ကာလရှည်ပစ်မှတ်ထားစောင့်ကြည့်နေခဲ့တာဖြစ်သလို လက်ရှိမှာလည်း ဒေးဗီးစ်ကို ခေါ်ယူနိုင်ဖို့ အတွက် အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတွေ ဖြစ်ကြတဲ့ မန်ယူ၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ကလည်း ဒေးဗီးစ်ကို ခေါ်ယူဖို့အတွက် ဒေးဗီးစ်ရဲ့အေးဂျင့်ဖြစ်သူ ဆီကို ချိတ်ဆက် မှုတွေ ပြုလုပ်လာခဲ့တယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

အသက် ၂၄ နှစ်အရွယ် ဒေးဗီးစ်ဟာ ၂၀၁၉ မှာ ဘိုင်ယန်မြူးနစ်အသင်းကြီးအတွက် စတင်ကစားပေးခဲ့ပြီး လက် ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁၈ ပွဲကစားပေးထားပြီး ၁၂ ဂိုးသွင်းယူပေးထားပါတယ်။ ဘယ် နောက်ခံလူနေရာအပြင် ဘယ်တောင်ပံတိုက်စစ် မှာပါ ကစားနိုင်တဲ့ ဒေးဗီးစ်ကို ခေါ်ယူမယ့် အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးမကုန်ကျနိုင်ပေမဲ့ တစ်နှစ်လုပ်လစာ ယူရို သန် ၂၀ အထိ အသုံးပြုရဖွယ်ရှိနေတယ်လို့ သိရပါ တယ်။

image
Like
39 w - Translate

ဆောင်းဟေဂို တို့ ကင်မ်ထဲရီ တို့ အတိုညှပ်တယ်ဆိုပြီး လိုက်မညှပ်ကြနဲ့နော် ကိုယ့်မျက်နှာ ကိုယ် မှန်ထဲပြန်ကြည့်ကြအုန်း 🤌😌

image
Like
39 w - Translate

Ribbon Tattoo 🎀

image
Like
39 w - Translate

Ribbon Tattoo 🎀

image
Like
39 w - Translate

Ribbon Tattoo 🎀

image
Like