39 w - Translate

ကိုယ်တိုင်သုပ် ပဲကြာဇံ🤩

image
Like

image
Like

image
Like
39 w - Translate

အားတဲ့အချိန် နင်ဘာလုပ်လဲ**
me :

image
Like
39 w - Translate

Yummy 🤤🤤

image
Like

image
Like

image
Like

image
Like

စနေနေ့မနက်ပိုင်း ကျင်းပမည့် ဘောလုံးပွဲစဥ်များ

#ဘောလုံးသတင်းစုံ

imageimage
Like

ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်

ပေကျင်း၊ ဇန်နဝါရီ ၁၇

တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့စေလွှတ်မယ်လို့ တရုတ်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဝါရှင်တန်မှာ ပြုလုပ်မယ့် ဒီအခမ်းအနားကို တက်ရောက်ဖို့ ဒုတိယသမ္မတကို စေလွှတ်မှုဟာ အမေရိကန်ဘက်မှ ဖိတ်ကြားချက်ရ ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနက ဖော်ပြထားပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ဖို့ သမ္မတရှီကျင်းပင်ကို အစောပိုင်းမှာ ဖိတ်ကြားခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်အစိုးရသစ်နဲ့ ဆွေးနွေးမှုတွေ အားကောင်းလာစေဖို့ ၊ မတူကွဲပြားမှုတွေကို စနစ်တကျစီမံခန့်ခွဲဖို့၊ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန် ရေရှည်တည်ငြိမ်တွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံကနေ ဖန်တနိုင်းမူးယစ်ဆေးတွေ အမေရိကန်ကို ဝင်ရောက်လာမှုတွေကို မရပ်တန့်ဘူးဆိုရင် တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားပါတယ်။

လွန်ခဲ့တဲ့ရှစ်နှစ် ဒေါ်နယ်ထရန့်ရဲ့ ပထမသမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ ဝါရှင်တန်ရှိ တရုတ်သံအမတ်ကိုသာ တရုတ်အစိုးရက စေလွှတ်ခဲ့ပြီး တရုတ်ဒုတိယသမ္မတကို စေလွှတ်မှုဟာ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် တရုတ်အစိုးရ ထိပ်တန်းအဆင့်မြင့် သံတမန်လည်းဖြစ်ပါတယ်။

ထိုင်ဝမ်အရေး ၊ တောင်တရုတ်ပင်လယ်အရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကြောင်း အမေရိကန်နဲ့ တင်းမာမှုတွေရှိနေချိန်မှာ ထရန့်အစိုးရသစ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာဖွယ်ရှိပြီး တရုတ်အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတည်ငြိမ်လိုတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image
Like