1 y - Translate

Scrooge: A Christmas Carol (2022)

ဇာတ်လမ်းအကျဉ်းကတော့
အီဘီနီဆာစခရုဟာ ပတ်ဝန်းကျင်မှာအမြဲတမ်းမှုန်ကုပ်ကုပ်နဲ့ အကျင့်စာရိုက်မကောင်း သူများအပေါ်မညှာတာတတ်တဲ့သူလို လူတွေကသိထားတဲ့သူပါ
မစ္စတာစခရုလိုပြောလိုက်ရင် ကလေးတွေကအစ မျက်နှာရှုမဲ့ပြီး ရှုချကြောက်ရွံတတ်ကြတဲ့လူမျိုးပါ

မစ္စတာစခရုဟာခရစ္စမတ်လိုပြောလိုက်တာနဲ့ စိတ်ညစ်စရာစိတ်ပျက်စရာလိုခံယူထားသူဖြစ်ပြီး ခရစ္စမတ်နေ့မှာပျော်ပါးနေကြတဲ့ လူတွေကိုတောင် အဓိပ္ပာယ်မရှိတာတွေလုပ်နေသလိုပြောတတ်သူပါ
ဒီလိုမျိုးလူတွေကိုအညှာတာကင်းမဲ့ပြီး စိတ်ပုတ်စိတ်ံယုတ်ထားတတ်တဲ့ မစ္စတာစခရုကြီးဟာ ခရစ္စမတ်တစ်ညမှာတော့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးနဲ့ကြုံတွေ့ရပါတော့တယ်

မစ္စတာစခရုကြုံတွေ့လိုက်ရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်က ဘာများဖြစ်မလဲ
ဒီဖြစ်ရပ်က သူ့ရဲ့ဘဝကို ဘယ်လိုမျိုးပြုပြင်သွားမှာ
ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်

image
1 y - Translate

" Make Me Shudder " ( 2013 )

ဇာတ်လမ်းအကျဥ်း...ကျောင်းပိတ်ရက်ရောက်တိုင်း ကျောင်းဆောင်ကနေ အိမ်ကိုပြန်ရမယ်ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိပါတယ်။ ဒါပေမဲ့ သရဲခြောက်တဲ့အိမ်တွေကို သွားလည်ရတာကြိုက်တဲ့ ကျောင်းသားတစ်သိုက်ကတော့ သူတိုရဲ့စိန်ခေါ်မှုတွေပြည့်နေတဲ့လေ့လာရေးခရီးကို အိမ်မပြန်ဘဲ စတင်လိုက်ကြပါတယ်။ သူတိုရဲ့ခရီးစဥ်အတွက် ရွေးချယ်လိုက်တဲ့နေရာကတော့ ကျောင်းသားတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေဖူးတဲ့    အဆောက်အအုံတစ်ခုပါပဲ။ ကျောင်းသားတစ်ယောက် သတ်သေပြီးတဲ့နောက်ပိုင်း အဲ့ဒီအဆောက်အအုံဟာ လူတွေရှောင်ဖယ်စရာနေရာဖြစ်လာရင်းကနေ စွန့်ပစ်ခံဖြစ်သွားခဲ့ရပါတယ်။ ပြီးတော့ အဲ့ဒီအဆောက်အအုံကို ကျောင်းသားတွေ သွားခွင့်မရှိဘူးဆိုပြီး ကန့်သတ်ထားလိုက်ပါတယ်။ ဒါပေမဲ့လည်း သတ္တိခဲ ကျောင်းသားခုနှစ်ယောက်ကတော့ နှစ်ခါမစဥ်းစားဘဲ အဲ့ဒီမှာရှိတဲ့ သဘာဝလွန်အရာတွေကို မကြောက်မရွံ ရန်သွားစခဲ့ပါတယ်။ တကယ်တော့ သရဲမကြောက်လိုမဟုတ်ဘဲ သရဲရှိတယ်ဆိုတာကို မယုံလိုပါပဲ။ ဒါပေမဲ့ သရဲဆိုတာကိုမယုံကြည်တဲ့ သူတိုတွေကို သရဲက အသက်အန္တရာယ်ပေးလာတဲ့အခါမှာတော့ ပြေးဖိုနောက်ကျသွားခဲ့ပါပြီ။ဒီရုပ်ရှင်လေးက ကြောက်စရာကောင်းသင့်သလောက်တော့ကောင်းပေမဲ့ ဟာသလေးတွေနှောထားတာဖြစ်ပါတယ်။
#horror

image

ဘုရားရယ်သူမရယ်ညနေခင်းရယ်
အရာအားလုံးကအေးချမ်းနေတယ်
ဒီလူသားအတွက်

image
1 y - Translate

ပုဂံမှာ ချစ်ရသူလေး ရွှေမဘုံကို ခေါ်သွားပြီး ကြူးပြလိုက်တဲ့ အဆိုတော် G Fatt 🥰🥰🥰

ချစ်သူလေးကို 'သမုဒယနဲ့ချည်တဲ့ နွယ်' လို့ တင်စားလိုက်တာပါ။ ပရိသတ်တွေက တွဲနေကြတယ်ဆိုပြီး မှတ်ချက်အမျိုးမျိုးပေးကြပေမယ့် တရားဝင်အသိပေးထားခြင်း မရှိခဲ့ပါဘူး။ ဒီကနေ့မှာတော့ ချစ်သူလေးဟာ သူမဖြစ်ကြောင်း ပုဂံရောက်ပုံလေးနဲ့ တရားဝင်ချပြလာတာပါ။ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေဟာလည်း အွန်လိုင်းပေါ်မှာ မကြာခဏဆိုသလို တက်လာလေ့ရှိပါတယ်။

#celenews

image

image

တနင်္ဂနွေညပိုင်းနှင့် တနင်္လါမနက်ပိုင်း ဘောလုံးပွဲရလဒ်များ

#ဘောလုံးသတင်းစုံ

image
image
image
image

ဇန်နဝါရီ ၂၀ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဇန်နဝါရီ ၂၀ ရက်နေ့ စက်သုံးဆီ စျေးနှုန်းများ

#သတင်းဟင်း​လေးအိုးကြီး

image
1 y - Translate

Interstellar (2014)

2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…

Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်…
2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…

ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…

ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်းကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား…ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်...
#movie

image