Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Yaiba: Legendary Samurai " Anime ကို 2025 April လထဲမှာ Remake ပြန်လည်ထွက်ရှိလာမယ်လို့သိရပါတယ် ။
ဒီ Anime က လွန်ခဲ့တဲ့ နှစ် 30 ကျော်လောက်တည်းကထွက်ရှိပြီးသား Anime တစ်ခုဖြစ်ပြီးတော့ တကယ့် Legendary Anime တစ်ခုလည်းဖြစ်ပါတယ် ။
ဒီ Anime ရဲ့ Creator ကတော့ Detective Conan ရဲ့ Creator Gosho Aoyama ဖြစ်ပြီး ဒီ Anime ဒါရိုက်တာ အနေနဲ့ Mob Psycho 100 III Director Takahiro Hasui ကနေရိုက်ကူးပေးသွားမှာဖြစ်ပြီး WIT Studio ကထုတ်လုပ်သွားမယ်လို့သိရပါတယ် ။ ဒါ့အပြင် Song Effect အတွက် Yutaka Yamada ( Vinland Saga ) နှင့် Yoshiaki Dewa ( Hell Parasite ) တို့ ကိုင်တွယ်ခဲ့တဲ့ ဆရာကြီးတွေ ပဲ ကူညီပေးသွားမယ်လို့ သိရပြီး Voice Actor အနေနဲ့ ( Attack On Titan ရဲ့ Reiner နေရာက အသံသရုပ်ဆောင် Takeshi Onimaru တို့လို နာမည်ကြီးတွေပါ ပါဝင်အားဖြည့်သွားမယ်လို့ သိရပါတယ် ။
အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာအနေနဲ့ အိမ်ကွင်းမှာလက်ခံကစားခဲ့တဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းရဲ့ ၂-၂ သရေကျအောင်လိုက်ကစားခံခဲ့ရပြီး အမှတ်ပေးဇယားထိပ်ကလပ်လီဗာပူးလ်အသင်းနဲ့ ၆ မှတ်အကွာအဆင့် ၂နေရာမှာရပ်တည်နေခဲ့ပြီးနောက်မှာတော့ အသင်းသားတွေအနေနဲ့ဒီထက်မကထိုက်တန်မှုရှိသင့်တယ်လို့နားမလည်နိုင်စွာနဲ့ထောက်ပြပြောဆိုလာခဲ့ပါတယ်။
ကစားပုံဟာအရမ်းကိုကောင်းမွန်ခဲ့တယ်လို့ကျနော်ထင်ပါတယ်။ငါတို့အအနေနဲ့ဒီထက်မကအရာတွေနဲ့ထိုက်တန်မှုရှိပါတယ်။ကလေးတွေအနေနဲ့လည်းမယုံနိုင်စရာကောင်းလောက်အောင်ကစားခဲ့ပြီးအထူးသဖြင့် ၆ ရက်မှာ ၃ ပွဲကစားခဲ့တာကိုစဉ်းစားသုံးသပ်ရရင်တော့ ငါတို့ရဲ့ကစားပုံအရည်အသွေးနဲ့ပတ်သက်ပြီးကျနော်ကျေနပ်ပါတယ်။အက်စတွန်ဗီလာလိုအသင်းကို ဘောလုံးထိန်းချုပ်ကစားတာအရမ်းကောင်းမွန်ခဲ့ပါတယ်။
ငါတို့ဒီပွဲစဉ်မှာလုပ်ဆောင်ခဲ့တဲ့အရာတိုင်းနဲ့ပင်္တသက်ပြီးသရေရလဒ်ကတော့ အတော်လေးစိတ်ကသိကအောက်ဖြစ်ရပါတယ်။ဒီဟာက ငါတို့ပေးဆပ်ကစားပြီးကြိုးစားကစားဖို့လိုအပ်ချက်ရှိခဲ့တာမျိုးမဟုတ်ပေမဲ့ ငါတို့အနေနဲ့ငါတို့ပေးခဲ့၇တဲ့ဂိုးတွေအတွက်တာဝန်ယူမှုရှိရပါမယ်။ဒီဟာကငါတို့ကစားတဲ့ပုံစံမျိုးမဟုတ်ဘဲ ငါတို့ပွဲကိုတည်ငြိမ်အောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
အသင်းအနေနဲ့ဘယ်လောက်ထိပေးဆပ်ကစားခဲ့လဲဆိုတာနဲ့ငါတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အနေအထားတွေကိုမြင်ရတဲ့အခါမှာကျနော်နာကျင်ရပါတယ်။ငါတို့အနေနဲ့ထိုက်တန်မှုရှိတဲ့ဆုလာဒ်တွေမရတဲ့အခါမှာတော့ ဒီဟာကအမှန်တကယ်ကိုနာကျင်ရပါတယ်လို့ အာတီတာကဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ VARကြည့်ပြီး ဂိုးပယ်ဖျက်ခံလိုက်ရတဲ့ဖြစ်စဉ်အတွက်တော့ ကိုင်လ်ဟာဗတ်ဇ်အနေနဲ့ လက်ထိဘောဖြစ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဆုံးဖြတ်ချက်ကဖြစ်ခဲ့ပြီးပါပြီ။ဒီဟာကခံစားမှုတွေမြင့်တက်နေတဲ့အခါမှာတော့ ခက်ခဲပါတယ်။မင်းအနေနဲ့ ဂိုးသွင်းယူခဲ့ပေမဲ့လည်း ပြန်လည်ပယ်ဖျက်ခံရတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်တာအမှန်ပါ။ငါတို့မှာဒီဖြစ်စဉ်မျိုးလောက်နဲ့ဘဲမဟုင်္တဘဲ အနိုင်ရယူနိုင်တဲ့အခွင့်အရေးကြိမ်ဖန်များစွာရှိခဲ့ပါတယ်လို့ အာတီတာကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
ဆားအရသာပါတဲ့ လျှပ်စစ်ဇွန်းကို ဂျပန်တီထွင်၊ ဟင်းထဲမှာ ဆားမပါပဲ ချက်လို့ရပြီ။
ဆားဆိုတာ ဟင်းခတ်အမွေအနှစ်ရဲ့ အခြေခံအုတ်မြစ်ပါ။ ဆိုဒီယမ် ဆိုတဲ့ ဒီဆားဟာ များများစားရင်တော့ မကောင်းလို့ ဆရာဝန်တွေက လျှော့စားခိုင်းကြပါတယ်။ ဒီလိုနဲ့ ပေါ့ရှပ်ရှပ်ကြီး ဖြစ်နေလို့ စားမကောင်းရင် အစားအရသာကို လေးပင်စေမယ့် လျှပ်စစ်ဆားဇွန်း ပေါ်လာပါပြီ။
ဆိုဒီယမ် (ဆား) အစား တခြားသတ္တု ဒါမှမဟုတ် ဟင်းခတ်အမွှေးအကြိုင် တခုခုအစားထိုးမယ့်အစား ကီရင် အမည်ရှိ ဂျပန်ကုမ္ပဏီက သင့်လျှာကို ဆားထိတဲ့ ခံစားချက်ရဖို့ လျှပ်စစ်ဓာတ်ကို အသုံးပြုတဲ့ ဇွန်းကို တီထွင်ခဲ့ပါတယ်။ အားသွင်းရတဲ့ ဘက်ထရီနဲ့ လျှပ်စစ်ဆားဇွန်း ဖြစ်ပါတယ်။
အငန်အဆင့်လေးဆင့်ထဲက တခုကို ရွေးပြီး ဇွန်းကိုကိုင် ကြိုက်တာ ခပ်စားရုံပါပဲ။ ဒီဇွန်းနဲ့ ခပ်စားတဲ့ အစားအစာဟာ အမှန်တကယ်ထက် ဆားပိုငန်တယ်လို့ ထင်မြင်စေမှာ ဖြစ်ပါတယ်။
ထူးခြားတဲ့ဇာတ်လမ်းပုံစံ "လမ်းသရဲ" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး
ဇန်နဝါရီ ၂၀
အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးမယ့် ထူးခြားတဲ့ ဇာတ်လမ်းပုံစံ "လမ်းသရဲ" ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။
“လမ်းသရဲ ရုပ်ရှင်ဇာတ်ကားက ၇ နှစ်အတွင်းမှာ ပြင်ပမိတ်ဆွေထုတ်လုပ်ရေးနဲ့ ပထမဆုံးပြန်ရိုက်ဖြစ်တဲ့ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်က ကျွန်တော်ရိုက်ချင်တဲ့ ဇာတ်လမ်းပုံစံထဲမှာ ပါပါတယ်။ အဲဒါကြောင့်လည်း ဒီဇာတ်လမ်းလေးကို လက်ခံရိုက်ကူးဖြစ်တာပါ။ ပါဝင်မယ့် သရုပ်ဆောင်တွေကိုတော့ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးကပဲ ရွေးချယ်ထားတာပါ။ ဒီကားလေးက လမ်းသရဲ ဆိုတဲ့အတိုင်း ဘယ်လိုဇာတ်လမ်းပုံစံလေး ဖြစ်မလဲဆိုတာ ပရိသတ်စောင့်ကြည့်အားပေးရမှာပါ။ ဇာတ်လမ်းထွက်လာရင်လည်း စောင့်ကြည့်အားပေးကြပါဦး”လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်လမ်းညီရဲမင်း၊ ဇာတ် ညွှန်း ဒေါင်းဒင်္ဂါးက ရေးသားပြီးတော့ DOP အကယ်ဒမီ တင်ဆန်း၊ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်က လာမယ့် ရက်အနည်းငယ်အတွင်းမှာ စတင်ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။
Credit - MT News Agency
#centralnewsnaypyitaw


+4
မြောင်းမြမြို့ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်းအားလုံးနီးပါး ဆုံးရှုံး
ဇန်နဝါရီ ၂၀
ဇန်နဝါရီလ ၁၉ ရက်၊နံနက်အစောပိုင်းအချိန်မှာ ထလောင်တဲ့ မြောင်းမြမြို့က ညောင်ပင်လေးဈေး မီးလောင်မှုမှာ ဆိုင်ခန်းအားလုံးနီးပါးဆုံးရှုံးသွားခဲ့တယ်လို့ မြောင်းမြမြို့ဒေသခံတွေရဲ့ပြောပြမှုတွေအရ စုံစမ်းသိရှိရပါတယ်။
မြောင်းမြမြို့၊ညောင်ပင်လေးဈေးမီးလောင်မှုဟာ ဇန်နဝါရီလ ၁၉ ရက်၊အစောပိုင်းအချိန်ဖြစ်တဲ့ နံနက် ၁ နာရီခွဲ အချိန်ခန့်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကိုအချိန်တနာရီကျော်ကြာအောင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အတူ ဒေသခံတွေကညတွင်းချင်းကြိုးစားပမ်းစားငြှိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသတွင်းသတင်းတွေအရ မြောင်းမြမြို့၊ ညောင်ပင်လေးစျေးမီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်း ၁၀၀ နီးပါးဆုံးရှုံးသွားခဲ့တယ်လို့ သိရပြီး ဈေးအတွင်းမှာရှိတဲ့ ဆိုင်ခန်းအများစုကတော့ ဆန်ဆိုင်တွေအများဆုံးဖြစ်တယ်လို့ မြောင်းမြမြို့ဒေသခံတွေက ပြောပါတယ်။
"မနက် ၁ နာရီ ၁ဝ မိနစ်မှာစလောင်တာပါ။စံပြမုန့်တိုက်ရှေ့ကနေ စလောင်တာပါ။မနက် ၂ နာရီခန့်မှာမှ မီးညွန့်ကျသွားတယ်။ညောင်ပင်လေးစျေးတော့ကုန်သွားပေမဲ့တခြားနေရာတွေကိုတော့ကူးစက်လောင် ကျွမ်းခဲ့ခြင်းမရှိပါဘူး"လို့ မြောင်းမြမြို့ ဒေသခံတယောက်က ပြောပါတယ်။
မြောင်းမြမြို့၊ညောင်ပင်လေးဈေးမီးလောင်မှုဟာ ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်နိုင်တယ်လို့ ယူဆကြပေမယ့် မီးလောင်မှုအကြောင်းအရင်းအသေးစိတ်ကိုတော့ သိရှိရခြင်းမရှိသေးသလို တချို့မြို့ခံတွေကတော့ ရှို့မီးဖြစ်နိုင်တယ်လို့ မှတ်ချက်ပြု သုံးသပ်ယူဆမှုတွေလည်း ရှိနေတာကိုလည်း တွေ့ရပါတယ်။
"သူက မနက်အစောကြီးထလောင်တာပေါ့။ဆိုင်ခန်းတွေလည်းအများကြီးပါသွားတယ်။ဈေးထဲမှာတော့ ဆန်ဆိုင်တွေများတယ်။နောက်အထည်အလိပ်ဆိုင်တွေရှိတယ်၊ဆေးဆိုင်တွေရှိတယ်။ဈေးက မြောင်းမြမြို့အတွင်းမှာရှိတာပါ။ကမ်းနားဘက်နဲ့ နီးတယ်။မြောင်းမြမှာဆိုရင် အခု မီးလောင်သွားတဲ့ ညောင်ပင်လေးဈေးရှိတယ်။မြို့မဈေးရှိတယ်၊အောင်ဆန်းဈေးရှိတယ်၊အခုဈေးက မြို့လယ်ကောင်မှာရှိတဲ့ဈေးပါ။ဈေးအတွင်းရော အပြင်ရော မီးလောင်လို့ ကုန်သွားတယ်" လို့ ညောင်ပင်လေးဈေးအနီးမှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ကတော့ ညောင်ပင်လေးဈေး မီးလောင်မှုကို မြောင်းမြခရိုင်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်၊မီးသတ်ရေသယ်ယာဉ်
တွေနဲ့အတူ ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုထားပြီး မီးကို နံနက် ၂ နာရီ ၁၃ မိနစ်အချိန်မှာ ငြိမ်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။သို့သော်လည်းကာလတန်ဖိုးအားဖြင့် ဘယ်လောက်ဆုံးရှုံးသွားခဲ့တယ်ဆိုတာကိုတော့ မသိရှိရပါဘူး။
ယခုမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ညောင်ပင်လေးဈေးဟာ မြောင်းမြမြို့၊အမှတ်(၂)ရပ်ကွက်၊ (၅)လမ်းမှာတည်ရှိတဲ့ ဈေးကြီးတခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါအပြင် မီးလောင်ပြီးချိန်မှာတော့ အရိုးပြိုင်းပြိုင်းနဲ့ ကျန်ရစ်ခဲ့တဲ့ ညောင်ပင်လေးဈေးရဲ့အခြေအနေကိုလည်းမြောင်းမြမြို့ဒေသခံတွေ ရဲ့ လူမှုကွန်ရက်မှာ လွှင့်တင်ထားတဲ့ ဗီဒီဖိုင်တွေ ဓါတ်ပုံမှတ်တမ်းတွေအရ ယခုလိုတွေ့မြင်ရပါတယ်။
အဲဒါအပြင် ယခုဈေးမီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆက်လက် ပြောပြခဲ့ပါတယ်။
Photo - MFSD/CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ပြောင်းလဲလာတဲ့ နည်းပညာခေတ်မှာ
ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူတိုင်း
တက်ရောက်ထားသင့်တဲ့ သင်တန်းပါ။
နောင်တစ်ချိန်မှာ EV ခေတ်ရောက်တော့မယ်။
#govjob

Som Pla Noi ( 2021 ) အညွှန်း
အရင်တစ်ခါ တင်ထားတုန်းက ဘာသာပြန်လိုအပ်ချက်လေးတွေ ရှိနေလို့ ပြန်လည်ပြင်ဆင်ပြီး တစ်ဖန် တင်ဆက်ပေးခြင်းဖြစ်ပါတယ် ခင်ဗျာ

အခုတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2021 တုန်းက ထွက်ရှိခဲ့တဲ့ ” Som Pla Noi ” ဆိုတဲ့ အချစ် ဟာသ ရုပ်ရှင် ဇာတ်ကားကောင်းလေး တစ်ကားဘဲ ဖြစ်ပါတယ်။
Main Cast တွေ အနေနဲ့ကတော့ ဆုမ် အဖြစ် Oom Eisaya Hosuwon, နွိုင် အဖြစ် Tono Phakin Khamwilaisak, ပလား အဖြစ် Toey Apiwat Boonanak တို့က ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များစွာလည်း အားဖြည့်ပါဝင်ထားကြပါတယ်။
စုမ်ဆိုတဲ့ကောင်မလေးက သူ့ကိုမြင်မြင်ချင်းစွဲလမ်းသွားတဲ့ ပလား ဆိုတဲ့ မြို့သားလေးကို ရွေးရမလား၊ အရင်ကတည်းက သူ့ကိုချစ်နေတဲ့ နွိုင်ဆိုတဲ့ ရွာမွေးခြံပေါက် သူငယ်ချင်းကိုပဲရွေးရမလားဆိုပြီး Lဆိုင်းဇီဆန်နေတဲ့ ကားလေးပါရှင့်။
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ်အခြေခံထားပြီး Romance, Comedy အမျိုးအစားလေးဖြစ်တဲ့ ဒီ “Som Pla Noi” ဆိုတဲ့ ထိုင်းဇာတ်ကားလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြရအောင်နော်။
#moviereview