မတ်ပဲတတင်းကို တသိန်းအောက်သာ ​ပေါက်​​စျေးရှိလို့ တောင်သူတွေဒုက္ခရောက်

ဇန်နဝါရီ ၁၉

ပြည်ပပို့ကုန် ပဲစျေးကွက်မှာ မတ်ပဲစျေးနူန်းကဆက်တိုက်ကျဆင်းလာပြီး တစ်တန်ကိုသိန်း ၃၀ အောက်အထိပင်ကျဆင်းသွားတာကြောင့် တောင်သူတွေမှာ အကျိုးအမြတ်မရတဲ့အပြင်အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မတ်ပဲ FAQ တစ်တန်ကို ၂၉၉၅၀၀၀ ကျပ်သာ စျေးတန်းရှ်ပြီး နယ်ကုန်စည်ဒိုင်နဲ့ပွဲရုံတွေမှာဆိုရင်လည်း အရည်အသွေးကောင်း မတ်ပဲပိဿာ ၂၀ တတင်းကိုမှ ကျပ်၉၀၀၀၀ ကျော်သာရှိတော့တဲ့အတွက် တောင်သူတွေအရှုံးပေါ်နေရတာဖြစ်တယ်လို့သိရပါတယ်။

အရည်အသွေးညံ့ပြီး ပဲအလုံးသေးတဲ့မတ်ပဲတွေဆိုရင် ပိဿာ၂၀ တတင်းကို၇၀၀၀၀ ၊၈၀၀၀၀ ဝန်းကျင်သာ စျေးပေးဝယ်ယူနေကြတယ်လို့သိရပါတယ်။

" မတ်ပဲစျေးကတော့ ကျွန်တော်တို့ကိုအသေသတ်နေသလိုပဲ။စျေးကဆက်တိုက်ကျတယ်။အခု၉၀၀၀၀ ကျော်ဆိုတာ သူတို့ကြိုက်တယ်ဆိုတဲ့ပဲမျိုးမှပေးတာ။မဟုတ်ရင်မရပါဘူး။အခုကပဲရွေးနေတယ်။မနှစ်ကထက်ကိုအခြေအနေဆိုးပါတယ်။ခုနှစ် စိုက်ပျိုးစရိတ်တွေပိုပြီးသုံးရ ကုန်ကျတဲ့နှစ်မှစျေးကကျနေတော့ ကျွန်တော်တို့ရှုံးတာပေါ့။ ပဲမရောင်းပဲလှောင်ထားနိုင်ရင်တော့ အတိုင်းအတာတခုအထိတော်အုံးမယ်။" လို့ မတ်ပဲစိုက်တောင်သူ ကပြောပါတယ်။

ခုနှစ်မှာ မတ်ပဲစိုက်ခင်းတွေမှာ ရောဂါပိုးကျရောက်မှုတွေများတာကြောင့် စိုက်ပျိုးရေးဆေးသုံးစွဲရမှုက အရင်နှစ်ထက်ကုန်ကျမှုများတဲ့အပြင် လယ်ထွန်စက်ငှားရမ်းခ၊အလုပ်သမားငှားရမ်းခ၊ပဲမျိုးစျေး စတဲ့အထွေထွေကုန်ကျသရိတ်တွေမြင့်လာတာကြောင့် မတ်ပဲတတင်းကို ၁၅၀၀၀၀ ကျပ်နူန်းရောင်းရမှသာ တောင်သူတွေမှာအကျိုးအမြတ်ခံစားခွင့်ရှိမှာဖြစ်တယ်လို့သိရပါတယ်။

" တဧကကို ၁၀ တင်းထွက်မှ ၁၅၀၀၀၀ စျေးရောင်းရမှ ၁၅ သိန်းပဲရမယ်။ကျွန်တော်တို့လယ်တွေက ခုနှစ်မလွယ်ဘူး။ပိုးတွေကမျိုးစုံအောင်ကျလို့ဖြန်းလိုက်ရတဲ့ဆေး။လယ်သုံးဧကကို အခုဆေးဖိုးအပါ ၊အချိန်တန် နူတ်ခအပါ စိုက်ပျိုးစရိတ်အကုန် ၁၀ သိန်းလောက်ကျနေပြီ။ပဲကဘယ်လောက်ထွက်မယ်မှန်းမရဘူး။လုပ်နေတဲ့အရင်းရရင်ခုနှစ်ကကျေနပ်ရမလိုဖြစ်နေချိန် ပဲစျေးက ကျနေတော့ လူတွေလည်းစိတ်ဓာတ်ကျနေပြီ။" လို့ ပဲခူးအနောက်ခြမ်းပဲစိုက်တောင်သူကပြောပါတယ်။

ခုနှစ်ဆောင်းရာသီ မတ်ပဲစိုက်ခင်းအများစုဟာ နှစ်စဥ်စိုက်ပျိုးနေကြပဲရာသီချိန်ထက်နောက်ပျမှ စိုက်ပျိုးရခြင်း၊ ရောဂါပိုးဆိုရင်လည်း အဝါရောင်မှိုရောဂါပိုး၊ဖြုတ်ပိုး၊ယင်ဖြူ၊ငါးမြှောင်တောင်၊လှေးပိုး၊ရွက်စားပိုး၊သံချေးမှို၊ဖားဥမှို ကျရောက်နေသလို ကြွက်သောင်းကျန်းမှုတွေကြောင့် ပဲအထွက်နူန်းလျော့ကျနိုင်တယ်လို့ သိရပါတယ်။

မတ်ပဲကို ပြည်ပတင်ပို့မှုအနေနဲ့အိန္ဒိယနိုင်ငံကိုသာအဓိကတင်ပို့ရောင်းချရတာဖြစ်ပြီး လက်ရှိမှာက အိန္ဒိယနိုင်ငံမှာမတ်ပဲအသစ်တွေပေါ်ပြီးစျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့်စျေးကျနေတဲ့အတွက် မြန်မာမှာလည်း စျေးကျနေတာဖြစ်တယ်လို့သိရပါတယ်။

" တောင်သူတွေအနေနဲ့ပဲတွေကိုထိန်းရောင်းဖို့သတိခဏခဏပေးနေရတယ်။ရောင်းအားများနေရင်စျေးကလည်းထိန်းမရသလို အရည်အသွေးကိုပါစကားပြောလာရတယ်။အခုကစျေးထပ်ကျမှာစိုးပြီး ရောင်းနေကြတာတွေများနေတယ်။ရောင်းအားကိုထိန်းနိုင်ရင် စျေးတန်းတခုပြန်ရောက်လာမှာပါ။အရောင်းအရင်မလိုကြပါနဲ့။အိန္ဒိယက အဝယ်လိုက်လာမှာပါ။"လို့ ပွဲရုံပိုင်ရှင်ကပြောပါတယ်။

မတ်ပဲကို ဧရာဝတီတိုင်း ၊ပဲခူးတိုင်း မှာအဓိကစိုက်ပျိုးပြီးကျန်တဲ့ရန်ကုန်၊မကွေး နဲ့ဒေသအချို့မှာစိုက်ပျိုးကြပါတယ်။

မနှစ်ကဆောင်း မတ်ပဲအသစ်ပေါ်ချိန်တုန်းကမတ်ပဲပိဿာ၂၀ တတင်းကို ၁ သိန်းဝန်းကျင် ရှိခဲ့ပြီး အဲဒီနောက် ၁၁၀၀၀၀ ကျပ်အထိမြင့်တက်ခဲ့ပါတယ်။စက်တင်ဘာလမှာတော့ မတ်ပဲပိဿာ၂၀ တတင်းကို ၁၃၅၀၀၀ ကျပ်အထိအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

မတ်ပဲနည်းတူ အိန္ဒိယကိုအများဆုံးတင်ပို့ရတဲ့ပဲစဥ်းငုံကလည်း စျေးဆက်တိုက်ကျဆင်းလာနေပြီး တတန်ကို ၂၉၄၀၀၀၀ ကျပ်သာရှိကြောင်း၊ပိဿာ၂၀ တတင်းကို ဆိုရင်ကျပ်၉၀၀၀၀ ကျော်သာရှိတော့တယ်လို့သိရပါတယ်။

Photo - CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

တမူးမြို့နှင့် ဖောင်းပြင်မြို့တို့ကိုဗဟိုပြု၍ အင်အား ၄ ဒသမကျော်ရှိ ငလျင်လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နှင့်ဖောင်းပြင်မြို့တို့ကိုဗဟိုပြု၍ အင်အား ၄ ဒသမကျော်ရှိ ငလျင်တစ်ခု ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

တမူးမြို့၏ အရှေ့-အရှေ့ မြောက်ဘက် ၃၇ မိုင်ခန့်အကွာ၊ ဖောင်းပြင်မြို့၏ မြောက်-အရှေ့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ၊ မြောက်လတ္တီ တွဒ်(၂၄ ဒသမ ၄၁)ဒီဂရီ၊ အရှေ့လောင်ဂီတွဒ်(၉၄ ဒသမ ၈၇)ဒီဂရီ၊ အနက်(၄၀)ကီလိုမီ တာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက် ၂ နာရီ ၃၁ မိနစ် ၄၆ စက္ကန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းကို မိုးလေဝသမြန်မာ၊ မြန်မာနိုင်ငံကိုယ်စားပြုဌာန၊ မြေငလျင်ဌာနခွဲမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

image
1 နှစ် - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၁၉-၁-၂၀၂၅)

#fuel
#ဆီစျေး

image

စိတ်ကူးလေးပါပဲ အိမ်မက်လေးပါပဲ

image

ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက
အလုပ်လျှောက်လွှာခေါ်စာ

#govjob

imageimage
1 နှစ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်မှ တရုတ်ယွမ်တစ်သန်းကျော်နှင့် ထိုင်းဘတ်တစ်သန်း ထပ်မံထုတ်ရောင်း

ဇန််နဝါရီ ၁၉

ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၇ ရက်(ယမန်နေ့)တွင် တရုတ်ယွမ် ၁ ဒသမ ၁၄၇ သန်း၊ ဒေါ်လာတစ်သိန်းခွဲနှင့် ဇန်နဝါရီ ၁၆ ရက်တွင် ထိုင်းဘတ်တစ်သန်း ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဒေါ်လာဈေးနှုန်း တက်ရိပ်ပြလာသည့် ယခုဇန်နဝါရီလ ၂ ရက်မှ ၁၇ ရက်အထိ နှစ်ပတ်ကျော်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ ၁၀၈ ဒသမ ၉၁၁ သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် ၇ ဒသမ ၀၃၂ သန်းနှင့် တရုတ်ယွမ် ၄ ဒသမ ၄၈၃ သန်း ထုတ်ရောင်းပေးသည်။

ထို့အတူ နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် သွင်းကုန်လိုအပ်ချက်များကြောင့် ဒေါ်လာလိုအပ်ချက် မြင့်မားလေ့ရှိသည့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၁၄၃ ဒသမ ၂၅၀ သန်း၊ ထိုင်းဘတ် ၃၂၁ ဒသမ ၈၇၁ သန်းနှင့် တရုတ်ယွမ် ၁၀ ဒသမ ၉၇၈ သန်းအထိ ထုတ်ရောင်းပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။

Credit - MT News Agency

#centralnewsnaypyitaw

imageimage

Morning Vibe အဖြစ်နဲ့ အလှပုံလေးတွေ ပရိသတ်အလွမ်းပြေ ချပြလာတဲ့ သင်ဇာဝင့်ကျော်

ဇန်နဝါရီ ၁၉

ပရိသတ်ချစ်ခင်မှုများစွာကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ဇန်နဝါရီ ၁၈ နံနက်ခင်းမှာ Morning vibe အနေနဲ့ အလှပုံလေးတွေ ပရိသတ်အလွမ်းပြေချပြလာပါတယ်။

Morning Vibe . Account လေးပြန်ရတဲ့အတွက် တင်မယ်နော်။ အားလုံးကိုလည်း အရမ်းလွမ်းနေလို့ပါ” လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က အခုရက်ပိုင်းထဲမှာ ပရိသတ်ကို အသိပေးလာတာပါ။

သူမက ရန်ကုန်မြို့ အင်းစိန်ထောင်မှာ လွတ်လပ်ရေးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်မြောက်လာပြီးနောက်မှာ အဓိဌာန်တရားစခန်းတွေလည်း ဝင်ခဲ့ပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ Facebook Acc လေးပြန်လည် အသက်ဝင်လာသလိုTiktok account အသစ်ဖွင့်ထားကာ ကျန်းမာရေး ယောဂလေ့ကျင့်ခန်းတွေလုပ်ပြီး Video တွေ တင်ပေးလာပါသေးတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

ဝုလ်ဗ်စ်နဲ့ပွဲကို ကိုးပါလ်မာ လွဲချော်ဖွယ်ရှိ

ဇန်နဝါရီ ၁၉

ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာ အပါအဝင် ကစားသမား ၄ ဦးဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ နည်းပြမာရက်စ်ကာက ပြောခဲ့ပါတယ်။

မာရက်စ်ကာက “ကိုးလ်ပါလ်မာ၊ ကိုဝဲလ်၊ လာဗီးယားနဲ့ အန်ဇိုတို့ဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့အတွက် ဝုလ်ဗ်စ်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။ သူတို့တွေဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ကိုးလ်ပါလ်မာဟာ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ပြိုင်ဘက်ရဲ့ကန်ခြင်းကို ခံခဲ့ရတာပါ။ နောက်နေ့ တွေမှာ သူ လေ့ကျင့်ခန်း ဆင်းနိုင်မလားဆိုတာ ကျနော်မသိပါဘူး။ အန်ဇို၊ လာဗီးယားနဲ့ ကိုဝဲလ်တို့လည်း အလားအတူ အခြေအနေပါပဲ”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ မိုကမ်ဘီအသင်းနဲ့ FA ဖလားပွဲစဉ်မှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲပြန်လည် ရယူနိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အဓိက ကစားသမား ၄ ဦးဒဏ်ရာ ရရှိနေတာကို ကြုံတွေ့နေရတာပါ။

ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ် ထားပေမယ့် နည်းပြ မာရက်စ်ကာက သူမပါဝင်နိုင်လည်း အသင်းဟာ နိုင်ပွဲရယူနိုင်ဖို့ အဖြေရှာရမယ်လို့ ပြောထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းဒဏ်ရာ အခက်အခဲကြောင့် ပြီးခဲ့တဲ့နွေရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းထံ အငှားချခဲ့တဲ့ နောက်ခံလူ ချာလိုဘာကို ပြန်ပြီးခေါ်ယူခဲ့တာပါ။

ချာလိုဘာဟာ ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ချာလိုဘာကို ပြန်ခေါ်ခဲ့တာဟာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပြီး သူဒီမှာရှိနေရတာကို အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးခဲ့လို့ အဆင့် ၄ အပြင်ဘက်ကို ရောက်ရှိသွားခဲ့တဲ့အတွက် ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူပြီး ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: Metro

#ဘောလုံးသတင်းစုံ

image

image